" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

Programmable Logic Controller (PLC) အကြောင်း အခြေခံ လေ့လာသင်ယူချက် - ၃

Programmable Logic Controllers Chapter 2 - Number System and Codes

Programmable Logic Controllers
Chapter 2 - Number System and Codes
PLC များကို ကျွမ်းကျင်စွာအသုံးချနိုင်ရန် number system များနှင့် Digital codes များအကြောင်းကို အခြေခံမှစ၍ စနစ်တကျ နားလည်ရန်လိုအပ်သည်။ Input/Output တို့၏ address များ သတ်မှတ်ပေးရန်နှင့် programming လုပ်ရန်အတွက် Number system ၄ မျိုးကို ပထမဦးစွာရှင်းလင်း ဖော်ပြထားသည်။
(က)Binary System
(ခ) Octal System
(ဂ) Decimal System နှင့်
(ဃ) Hexadecimal System တို့ဖြစ်သည်။
Binary Coded Decimal (BCD) နှင့် Gray codes များနှင့်အတူ ASCII character set နှင့် PLC register format များအကြောင်းကို ရှင်းလင်းရေးသားထားသည်။ Number System များသည် PLC logic များ၏ အခြေခံ အုတ်မြစ်များဖြစ်သည်။ ဤ code များကိုနားလည်နှံစပ်ခြင်းဖြင့် PLC များအ အလုပ်လုပ်ပုံကို ကောင်းစွာသိမြင်နားလည်နိုင်သည်။

၂.၁ Number System
Number System များကို ကျွမ်းကျင် ပိုင်နိုင်လျှင် PLC များကိုမိမိလိုသလို ကောင်းစွာအသုံးချနိုင်သည်။ အခြေခံကျသော (Basic) function များမှာ Number များဖြင့် ဖော်ပြခြင်း (representation) , Number များကို သိမ်းဆည်းခြင်း (Store) နှင့် Number များကို ပေါင်းနှုတ်မြှောက်စား စသည့် Operation များပြုလုပ်ခြင်းတို့ဖြစ်သည်။ PLC များသည် Binary Number များကိုအသုံးပြု၍တန်ဘိုးများကိုဖော်ပြခြင်း၊ သိမ်းဆည်းခြင်း တို့ပြုလုပ်သည်။

မည်သည့် Number System ပင်ဖြစ်ပါစေအောက်ပါအချက်များအားလုံးအကျုံးဝင်သည်။သက်ဆိုင် သည်။
(က) Number System အားလုံးတွင် Base တန်ဘိုး တစ်မျိုးမျိုးကို အခြေခံ၍တည်ဆောက်ထားသည်။
(ခ) Number System အားလုံးကို ရေတွက်ရာတွင် (Counting လုပ်ခြင်း) အသုံးပြုနိုင်သည်။
(ဂ) Number System အားလုံးကို တန်ဘိုးများ ၊ ပမာဏများ(quantities)နှင့် code များကို ဖော်ပြရန် အသုံးပြုသည်။
(ဃ) Number System အားလုံးတွင် သင်္ကေတများ (set of symbol) ရှိကြသည်။
Number System တစ်ခု၏ Base သည် ထို System က အသုံးပြုသည့် unique symbol ဖြစ်သည်။ အမြင့်ဆုံး (အများဆုံး) တန်ဘိုးသည် Base ထက် ၁ လျော့သည်။ ၂ ကို အခြေခံ၍ တည်ဆောက်ထားသော Number System ကို Base 2 ဟုခေါ်ဆိုသည်။ မည်သည့် တန်ဘိုးကိုမဆို Base အဖြစ်တည်ဆောက်နိုင်သော်လည်း ၊ PLC များတွင်အသုံးများသော Number System များမှာ Base 2 ၊ Base 8 ၊ Base 10 နှင့် Base 16 တို့ဖြစ် သည်။
Base 2 System ကို Binary System ဟုလည်းကောင်း၊
Base 8 System ကို Octal System ဟု လည်းကောင်း၊
Base 10 System ကို Decimal System ဟု၍ လည်းကောင်း၊
Base 16 number System ကို Hexadecimal number System ဟူ၍၎င်း ခေါ်ဆိုသည်။
ထို System များအားလုံးကို နားလည်ရန် ပထမဦးဆုံး ရင်းနှီးနားလည်ပြီးသားဖြစ်သည့် Decimal System မှစတင်ရအောင်…

၂.၂ Decimal System
Decimal System ကို ကျွန်ုပ်တို့အားလုံး နားလည်ပြီးဖြစ်သည်။ လူများတွင်လက်ချောင်းက လေးများ ၁၀ ချောင်း၊ ခြေချောင်းကလေးများ ၁၀ ချောင်းစီရှိကြသောကြောင့် Decimal Number System နှင့်အလွန်ရင်းနှီး ကျွမ်းဝင်ခြင်း ဖြစ်သည်။ Decimal Number System သည် ၁၀ ကိုအခြေခံထားသည့် Base 10 System ဖြစ်သည်။ 0,1,2,3,4,5,6,7,8 နှင့် 9 တို့ကို Symbol များ သို့ မဟုတ် Digits များဟုခေါ်ဆိုသည်။

ထို့ကြောင့် System symbol အားလုံးစုစုပေါင်း 10 ခုရှိသည်။ ( ဝ မှ ၉ အထိ) အ မြင့်ဆုံးတန်ဘိုး 9 သည် Base ဖြစ်သည့် 10 ထက် ၁ လျော့နေသည်။ Decimal System များသည် အလွန် ရင်းနှီးလွန်းသောကြောင့် အမြင့်ဆုံးတန်ဘိုးဖြစ်သည် 9 ထက်များပါ မည်ကဲ့သို့ဖော်ပြရမည်ကို စဉ်းစားမိရန်ခဲယဉ်းသည်။ အမြင့်ဆုံးဂဏန်း (Largest Symbol) ထက်ပိုများသည့်တန်ဘိုးကိုဖော်ပြသည့်နည်းများသည် Number System အားလုံးတွင်တူညီကြသည်။
Decimal System တွင် ပါဝင်သည့်ဂဏန်းများတန်ဘိုးသည် နေရာကိုလိုက်၍ ပြောင်းလဲသည်။ Place Value သို့မဟုတ် weight ဟုခေါ်သည်။ ညာဘက်မှ ဘယ်ဘက်သို့ (from right to Left ) သို့ ရောက်သွားလေလေ တန်ဘိုးများလေလေဖြစ်သည်။
ပုံ2-1 တွင်ဖော်ပြထားသည်။ ညာဘက်အစွန်ဆုံး (right most) နေရာ၏ position တန်ဘိုး သည် ၀ (သုည) ဖြစ်သည်။ အကယ်၍ Base 10 (သို့) Decimal ဖြစ်ခဲ့လျှင် ပုံ ၂-၂ တွင် position (နေရာ) များအားလုံး ၏ weight value ကို 10 ကို အခြေခံ၍ဖော်ပြထားသည်။ Decimal System အတွက် ညာဘက်မှ ဘယ်ဘက် သို့ (from right to left) position weight များမှာ ၁ ၊ ၁၀ ၊ ၁၀၀ ၊ ၁၀၀၀ စသည်တို့ဖြစ်သည်။ ထိုကဲ့သို့ တန် ဘိုးများကို ရေတွက်သည်နည်းကို “Sum of the Weight Method” ဟုခေါ်သည်။

Decimal number များ၏တန်ဘိုးကိုရရန် Digit နှင့်နေရာ၏တန်ဘိုး (Weight value) တို့ကို မြှောက်ပြီး တန်ဘိုးများအားလုံးကိုပေါင်းယူခြင်းဖြစ်သည်။ ဥပမာ-အနေဖြင့် 9876 ကို “Sum of the Weight Method” method ဖြင့် အောက်ပါအတိုင်းတွက်ယူနိုင်သည်။

ဂဏန်းတိုင်း (Digit တိုင်း) ကို Base ကိုမူတည်၍ နေရာ၏ ထပ်ကိန်းတန်ဘိုးရှာယူခြင်းဖြစ် သည်။ထို့ကြောင့် No မှ Nn အထိပေါင်းလျှင် Base “b” ဖြစ်သော Decimal equipment တန်ဘိုးကိုရသည်။

၂-၃ Binary Number System
Binary number System သည် ၂ ကိုအခြေခံ၍ တည်ဆောက်ထားသော (Base 2) စနစ်ဖြစ်သည်။ ထို့ ကြောင့် Binary Number System တွင်ရှိ 0 နှင့် 1 သာရှိနိုင်သည်။ ၂ ၊ ၃ ၊ ၄ စသည့် ဂဏန်းများမပါဝင်နိုင်ပေ၊ PLC နှင့် Digital Computer များကဲ့သို့သော Device များအတွက် Binary Number System သည်အသုံးအဝင်ဆုံးဖြစ်သည်။ Binary Number System ကိုသာသုံး၍ Operation လုပ်နိုင်သည်။ 0 နှင့် 1 နှစ်မျိုးကိုသာ အခြေခံ၍ ဒီဇိုင်းလုပ်ထားသောကြောင့် Device များအတွက် Operate လုပ်ရန် လွယ်ကူသည်။ မီး လုံး ၊ ဘား (value) နှင့် ခလုပ် (switch) စသည့် physical element များတွင် ON/OFF , Close/Open နှင့် Start/Stop စသည် အခြေအနေ (state) ၂ မျိုးသာရှိနိုင်သည်။
Computer ကိုအသုံးပြုသည့်အခါတိုင်း Binary Number System ကို တွေ့မြင်နိုင်သည်။ Computer ကိုသုံးလိုလျှင် ခလုပ်ကိုဖွင့် (ON) လိုက်သည့်နှင်တစ်ပြိုင်နက် ခလုပ်သည် Position “0” မှ Position “1” အဖြစ်သို့ပြောင်းသွားသည်။ Computer ကို အသုံးမပြုတော့လျှင် Position “0” သို့ပြန်ရောက်စေပြီး ပိတ် (OFF) ပစ်လိုက်သည်။ Digital circuit များတွင် Voltage ၂ မျိုးဖြင့်ခွဲခြားထားသည် +5 V နှင့် 0 V ဖြစ်သည်။ ထို့ကြောင့် Digital application များအတွက် Binary number System သည်အလွန်အသုံးဝင်သည်။ Binary Number System တွင် 1 သည် အကြီးဆုံးတန်ဘိုး( largest valued System) ဖြစ်သည်။

Decimal System များမှာကဲ့သို့ပင် Binary Number System တွင် Largest valued System ထက်ကြီးသည့်တန်ဘိုးကို ဖော်ပြလိုလျှင် ညာဘက်မှ ဘယ် ဘက်သို့ (From Right To Left) နေရာတစ်နေရာရွေ့၍ weighted value ကို assign လုပ်ခြင်းဖြစ်သည်။ Weight Value (Decimal equipment) များ တွက်ပုံမှာ Decimal Number System နှင့် Binary Number System တို့တွင်တူညီသည်။ ကွဲပြားသည့်အချက်မှာ Decimal Number System တွင် Base ဖြစ်သည့် ၁၀ ၏ အပေါ်၌ ထပ်ကိန်းတင်ခြင်းဖြစ်ပြီး၊ Binary Number System ၌ Base ဖြစ်သည့် ၂ အပေါ်တွင်ထပ်ကိန်းတင် ခြင်းဖြစ်သည်။ ထပ်ကိန်းသည် position ၏ နေရာပင်ဖြစ်သည်။ Binary Number System တွင် ညာမှဘယ်သို့ (From Right To Left) ရွှေ့သွားသည် weight value မှာ 1,2, 4, 16, 32, 64 စသည်တို့ဖြစ်ပြီး နေရာ 0,1,2,3,4,5,6 တို့ဖြစ်သည်။

ဥပမာ-အနေဖြင့် Binary Number 10110110 နှင့် တန်ဘိုးတူညီသည့် Decimal value ကို တွက်ကြရအောင်၊

Binary number 10110110 သည် Decimal Number System မှ 182 နှင့် တန်ဘိုးတူညီသည်။ Binary number ၈ လုံး (8 digit) ကို bit တစ်ခုအဖြစ်သတ်မှတ်သည်။ Binary Number 10110110 (182 decimal ) သည် 8bit ရှိသည်။ bit ၈ ခုရှိသည်။ bit ၄ ခုရှိလျှင် Nibble ဟုသတ်မှတ်သည်။ bit ၈ ခုရှိလျှင် byte တစ်ခုအဖြစ်သတ်မှတ်သည်။ ၁ ခု ထက်ပိုများသည့် byte များကို “word” အဖြစ်သတ်မှတ်သည်။ ပုံ၂-၄ တွင် bit ၁၆ ခုရှိသည့် Binary Number ကိုဖော်ပြထား သည်။
ဘယ်ဘက်အစွန်ဆုံး၌ရှိသည့် ဂဏန်း (Digit) မှာ Least Significant bit (Lowest valued bit) ဖြစ်သည်။ ညာဘက်အစွန်ဆုံး၌ရှိသည့် ဂဏန်း (Digit) မှ Most Significant bit (MSB) ဖြစ်ပြီး အများဆုံး တန်ဘိုးရှိသည့် bit (Most significant bit) ဖြစ်သည်။

Binary Number များကိုရေတွက်ရန် အလွန်ခွတိခွကျနိုင်ခြင်းမှာ Binary Number များကို Decimal Number များကဲ့သို့မရင်းနှီးသော ကြောင့် ဖြစ်သည်။ Binary Number System နှင့် 0 နှင့် 1, ၁ ပြီးနောက်နေရာတစ်နေရာရွှေ့ပြီးပြန်ဖြစ်သည်။ Decimal Number တွင် ၁ မှ ၉ ၊ ၉ပြီး နောက်နေရာရွှေ့ပြီး ၁ ပြန်ဖြစ်သည်။

Table 2-1 တွင် Binary Number နှင့် Decimal Number တို့ကို ယှဉ်၍ဖော်ပြထားသည်။
၂.၄ Octal Number System
Binary Number System တွင် Digit များစွာပါရှိရန်လိုသည်။ Decimal Number ထက်ပို၍များသည်။ ဥပမာ- Decimal Number မှ 9110 သည် Binary Number 10110112 နှင့်ညီသည်။ Digit များကိုရေးရန်၊ ဖတ်ရန် အလွန်ခက်ခဲသည်။ အထူးသဖြင့် လူများဖတ်ယူရန် အတွက်ပို၍ အဆင်မပြေပေ။
ထို့ကြောင့် အလွန် Digit များသည့် Binary Number များကို ဖော်ပြရန်အတွက် Octal Number System ကိုအသုံးပြုလေ့ရှိ သည်။ Octal Number System သည် ၈ ကိုအခြေခံထားသည့် Base 8 စနစ်ဖြစ်သည်။ Digit ၈ လုံးသာပါဝင်သည်။ 0,1,2,3,4,5,6 နှင့် 7 တို့ဖြစ်သည်။ Table 2-2 တွင် ၁ မှ ၁၅ အထိကို Decimal ၊ Binary နှင့် Octal တို့ဖြင့် ယှဉ် တွဲဖော်ပြထားသည်။

ခြားသော Number System များကဲ့သို့ပင် Octal Number တွင်နေရာ (position ) တန်ဘိုးကို weighted ဖြင့်ဖော်ပြ သည် ။ ဥပမာ- Octal Number 1767 နှင့် တန်ဘိုးတူညီသည့် Decimal Number မှာ 1015 ဖြစ်သည်။

အောက်တွင် 16-bit ရှိသည့် binary number ကို six digits သာ octal number ဖြင့်ဖော်ပြထားသည်။

Octal Number သည် Binary Number များကိုပို၍ အဆင်ပြေစွာ ဖော်ပြနိုင်ရန်အတွက် သုံးခြင်းဖြစ်သည်။ Binary Number ရှိ Digit ၃ ခု( binary bit 3) ကို တစ်ခုခုလိုက်ပြီး Octal Number တစ်လုံး (Digit 1 ခု) အဖြစ်ဖော်ပြနိုင်သည်။ ထို့ကြောင့် အလွန် များပြားသည့် (ရှည်လျားသည့်) Binary Number များကို ON ကိုသုံး၍ Digit အနည်းငယ်ဖြင့် ဖော်ပြနိုင်သည်။ ဥပမာ- 16bit Binary Number ကို Octal Number ဖြင့်ဖော်ပြလျှင် ဂဏန်း ၆လုံး ( 6 Digits) သာလိုသည်။ PLC များတွင် input/output address များ နှင့် memory address များကိုဖော်ပြရန်အတွက် Octal Number ကိုအသုံးပြုကြသည်။

ကောင်းထက်ညွန့်

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...