" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

Programmable Logic Controller (PLC) အကြောင်း အခြေခံ လေ့လာသင်ယူချက် - ၂

Chapter 1 Introduction to Programmable Logic Controllers
၁.၁ Definition
Programmable Logic Controller (PLC) ကို Computer နည်းပညာကို အခြေခံ၍ microprocessor များဖြင့် တည်ဆောက်ထားပြီး Control function များဆောင်ရွက်ရန်အတွက် integrated Circuit များကို အသုံးပြုထားသည်။ စက်မှုလုပ်ငန်းများတွင် သုံးသည့် Automated machine များနှင့် process များကို Control လုပ်ရန်အတွက် လိုအပ်သော ညွှန်ကြားချက်များ (instructions)တို့ သိမ်းဆည်းထားနိုင်ပြီး ထို instruction များအတိုင်း PLC များက လုပ်ကိုင် ဆောင်ရွက်ပေးနိုင်သည်။ ညွှန်ကြားချက်များ (instructions)မှာ Sequencing ၊ timing ၊ counting ၊ arithmetic ၊ Data manipulation နှင့် Communication တို့ဖြစ်ကြသည်။

PLC များကို အမျိုးမျိုးသောနည်းများဖြင့် အဓိပ္ပါယ်ဖွင့် ဆိုကြသည်။ အရိုးရှင်းဆုံးသော PLC ၏ အဓိပ္ပါယ်မှာ “PLC သည် industrial Computer တစ်မျိုးဖြစ်ပြီး Central Processing Unit (CPU ကိုဆိုလိုသည်။) နှင့် တခြားသော field device များကို interfacing circuitry ဖြင့် ချိတ်ဆက်ထားသည်။

၁.၂ ယနေ့ Programmable Logic Controllers
ယနေ့ ခေတ်တွင် Automation industry ၌ နည်းပညာအသစ်အဆန်းများ နေ့စဉ်လိုလို ပေါ်ထွက် လျှက်ရှိသည်။ထိုနည်းပညာများကြောင့် PLC များ၏ ဒီဇိုင်းများ တိုးတက်လာသလို Control System တစ်ခုလုံး၏ architecture အပေါ်ရှုမြင်သည့် ယူဆချက်များ (Philosophical approach ) လည်းပြောင်းလဲလာသည်။ Hardware နှင့် သက်ဆိုင်သော နည်းပညာများသာမက Software နှင့် သက်ဆိုင်နည်းပညာများလည်း အတူတကွတစ်ပြိုင်နက်တိုးတက်လာသည်။
(က) အဆင့်မြင့်သည့် Microprocessor နည်းပညာအသစ်များနှင့် electronic နည်းပညာများကြောင့် PLC ၏ scan time ပို၍မြန်ဆန်လာသည်။ တနည်း PLC များ၏ လုပ်ဆောင်ချက်များ ပိုမိုလျှင်မြန်လာသည်။
(ခ) PLC များ၏အရွယ်အစားပို၍ သေးငယ်လာပြီး ဈေးနှုန်းလည်းပို၍ နည်းလာသည်။ ဈေးနှုန်းနည်းလာသောကြောင့် အချို့သောနေရာများတွင် Relay များ၏ နေရာတွင် PLC များကို အစားထိုးအသုံးပြုလာကြသည်။
(ဂ) PLC တစ်ခုတွင်ရှိနိုင်သည့် input/output (I/O) များပို၍ များများလာသည်။ ထို့ကြောင့် ဈေး နှုန်းကျဆင်းလာသည်။
(ဃ) PLC များ တစထက်တစ ပို၍ ဥာဏ်ရည်မြင့်မားလာသည်။ intelligent ဖြစ်လာသည်။ interface များတွင် PID loop များ ပါရှိလာခြင်း၊ protocol များစွာဖြင့် Communicate လုပ်နိုင်ခြင်း၊ High level language ဖြစ်သော BASIC ၊ C ၊ Pascal တို့ဖြင့် ရေးသားနိုင်ခြင်း တို့ဖြစ်သည်။
(င) Mechanical ဒီဇိုင်းများပို၍ ကောင်းမွန်တိုးတက်လာသည်။
(စ) Special interface များကို အသုံးပြု၍ အချို့သော device များကို PLC နှင့် တိုက်ရိုက် ချိတ်ဆက်(Connect) နိုင်သည်။ အသုံးများသည့် Special Interface များမှာ thermocouple များ၊ strain gauge များနှင့် fast response input များဖြစ်သည်။
အသေးငယ်ဆုံးသော PLC များတွင် I/O point ၃၂ခုပါဝင်၍ အကြီးဆုံး PLC များတွင် I/O point ၈၀၀၀ ခန့်ပါဝင် စာလုံး (word) ၁၂၈၀၀၀ ခန့်ကိုသိမ်းဆည်းနိုင်သည့် memory ပါဝင်သည်။ PLC များအားလုံးလိုလိုတွင် industrial တွင် အများဆုံးအသုံးပြုလေ့ရှိသော I/O system များပါဝင်သည်။ Programming လုပ်နိုင်သည့် feature များနှင့် Local communication Network နှင့် ဆက်သွယ်နိုင်သည့် interface များပါဝင်သည်။PLC များတွင် object oriented programming tool များနှင့် IEC 1131-3 standard ကို အခြေခံထားသည့် language များပါဝင်သည်။

BASIC နှင့် C တို့ကဲ့သို့သော High-level language များကိုလက်ခံနိုင်သည့် PLC များသည် peripheral device များနှင့် ပိုမိုလွယ်ကူစွာ program ရေးနိုင်သည်။ PLC များသည် Data များကို ပိုမိုလွယ်ကူစွာ ကိုင်တွယ်နိုင်သည်။ manipulating လုပ်နိုင်သည်။
Ladder diagram instruction များတွင် Advanced functional block instruction များပါဝင်လာသောကြောင့် software များ၏စွမ်းရည်ပိုမိုမြင့်မားလာသည်။
ချို့ယွင်းချက်များရှာဖွေခြင်း (Diagnostics) နှင့် အမှားရှာဖွေခြင်း (fault detection) စွမ်းရည်များ တိုးတက်လာခြင်းကြောင့် PLC များ၌ ဖြစ်နေသော fault များကို သိနိုင်ခြင်း၊ machine နှင့် Field device များ၌ ဖြစ်ပေါ်နေသော fault များကို သိနိုင်ခြင်းတို့အပြင် Process အတွင်း၌ ဖြစ်ပေါ်နေသောfault များကိုသိရှိနိုင်သည်။
Control application များအတွက် လိုအပ်သည့် ခက်ခဲသောတွက်ချက်မှု (Complex calculation) များဖြစ်သော gauging ၊ balancing နှင့် statistical computation များကိုလည်း PLC က တွက်ချက်ပေး နိုင်သည်။
Data handling နှင့် manipulation instruction များလည်းပို၌ တိုးတက်ကောင်းမွန်လာသည်။ Data များသိမ်းဆည်းခြင်း (storage) ၊ tracking လုပ်ခြင်း၊ အလွန်များသည့် Data များကို retrieve လုပ်ခြင်း စသည့် data acquisition လုပ်ငန်းများကိုလည်း ပို၍ ကောင်းမွန်စွာလုပ်နိုင်လာပြီဖြစ်သည်။
PLC များသည် လုံးဝပြည့်စုံဖွံ့ဖြိုးပြီးသော Control System များအဖြစ် ရပ်တည်နေနိုင်ပြီဖြစ်သည်။ ထင်ထားသည်ထက်ပိုများသည့် စွမ်းဆောင်ရည်များကို ပေးနိုင်သည်။ PLC များသည် တခြားသော Control System (PLC မဟုတ်သည့်) နှင့်ဆက်သွယ်နိုင်သည်။ (Communicate လုပ်နိုင်သည်။) ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် Schedule ရေးဆွဲနိုင်ခြင်း (scheduling production) ၊ PLC များ failure ဖြစ်နေခြင်းကိုပြန်သိနိုင်ခြင်း၊ စက်များပျက်နေခြင်း (သို့) Process များပုံမမှန်ဖြစ်နေခြင်းကို သိနိုင်ခြင်းတို့ဖြစ်သည်။ ထို့ကြောင့် PLC များသည် ယနေ့စက်မှုလုပ်ငန်းများ၏ တောင်းဆိုချက်ဖြစ်သော အရည်အသွေးမြင့်မား(High quality) အောင် နှင့် ကုန်ထုတ်စွမ်းအားမြင့်မား (High productivity) အောင်ဆောင်ရွက်ပေးနိုင်သည်။

၁-၃ Principle of Operation
ပုံ 1-5 တွင်ပြထားသည့်အတိုင်း PLC တစ်ခု၌ အပိုင်း ၂ ပိုင်း ပါဝင်သည်။
    (က) Central processing unit နှင့်
    (ခ) Input/output interface system တို့ဖြစ်သည်။

 Central Processing Unit (CPU) သည် PLC ၏လုပ်ဆောင်မှုမှန်သမျှ အားလုံးကို ထိန်းချုပ် ထားသည်။ ပုံ 1-6 တွင် CPU တစ်ခု၌ ပါရှိသော Component (၃) ခုကိုဖော်ပြထားသည်။

    (၁) Processor
    (၂) Memory နှင့်
    (၃) Power supply တို့ဖြစ်သည်။

PLC တစ်ခု၏ အလုပ်လုပ်ပုံ (operation) မှာ အလွန်ရှင်းလင်းသည်။
Field device များနှင့် PLC ရှိ Input/output (I/O) System ကို ဝိုင်ယာကြိုးများ ဖြင့် ချိတ်ဆက် (Connect) ထားသည်။ Field device များသည် စက်အစိတ်အပိုင်းများ သို့မဟုတ် process တစ်ခု၌ ရှိသော sensor နှင့် actuator များဖြစ်ကြသည်။
Field device များသည် limit switch များ၊ pressure traduce များ၊ push button များ၊ motor starter များ၊ Solenoid စသည့် discrete device များ သို့မဟုတ် Analog input/output device များဖြစ်ကြသည်။

I/O interface သည် CPU နှင့် Input (information provider) information ပို့ပေးသည့် input နှင့် Controllable Device များဖြစ်သည့် Output တို့အကြားတွင် အပြန်အလှန်ဆက်သွယ်နိုင်အောင် ကြားခံအဖြစ် ဆောင်ရွက်ပေးသည်။

Operation လုပ်နေစဉ် CPU သည် အောက်ပါလုပ်ငန်း ၃ မျိုးကို ဆောင်ရွက်ပေးသည်။
(၁) Field device မှ input data ကိုလက်ခံသည်။ သို့မဟုတ် data ကို input interface မှတဆင့် လှမ်းဖတ်သည်။
(၂) Memory ထဲ၌ ထည့်ပြီး သိမ်းဆည်းထားသည့် instruction များ ( Control program) အတိုင်း လိုအပ်သည့် control action များကို ဆောင်ရွက်သည်။ execute လုပ်သည်။ perform လုပ်သည်။
(၃) Output interface မှတဆင့် output device ဆီသို့ output signal ထုတ်ပေးသည်။ write လုပ်သည်။ update လုပ်သည်။ ထိုကဲ့သို့ စနစ်တကျ အစီအစဉ်အတိုင်း input ဖတ်ခြင်း (reading) ၊ memory ထဲသို့ program အတိုင်း execute လုပ်ခြင်းနှင့် output update လုပ်ခြင်းကို “Scanning ” လုပ်သည်ဟုခေါ်ဆိုသည်။
ပုံ 1-7 တွင် Scan တစ်ခု ဖြစ်ပုံကို ဂရပ်ပုံဖြင့် ဖော်ပြထားသည်။

ပုံ 1-8 တွင် field device များကို controller နှင့် ချိတ်ဆက်ကာ input/output system တစ်ခု ဖြစ်ပေါ်လာပုံကို ဖော်ပြထားသည်။
Interface အလုပ်မှာ external device များထံမှ ရရှိသော အမျိုးမျိုးသော signal များနှင့် external device သို့ပေးပို့သော အမျိုးမျိုးသော Signal များကို ပြုပြင်စီမံခြင်း (Conditioning လုပ်ခြင်း ) ဖြစ်သည်။ Push button ၊ limit switch ၊ Analog sensor ၊ Selector switch နှင့် thumb wheel switche များသည် input interface ရှိ terminal ၌ ဝါယာကြိုးများဖြင့် ချိတ်ဆက် ကြသည်။ ထို device များ လက်ခံရရှိသည့် data များကို incoming Signal ဟုခေါ်ဆိုသည်။ control လုပ်ခြင်းခံရမည့် motor starterများ၊ solenoid valve များ၊ Pilot light များနှင့် Position Valve များ၊ စသည်တို့သည် output interface ရှိ terminal များ၌ ဝါယာကြိုးများဖြင့်ချိတ်ဆက်ထားသည်။ System power supply သည် လိုအပ်သော power ကို လုံလောက်အောင် ပံ့ပိုးပေးသည်။

Programming device များဖြစ်သည့် Personal computer (သို့) miniprogramming unit တို့ကို PLC ၏အစိတ်အပိုင်းတစ်ခုအဖြစ် မသတ်မှတ်ပေ။ သို့သော်ထို Programming device များသည် PLC memory အတွင်းသို့ program များထည့်သွင်းရန်အတွက်လိုအပ်သည်။ PLC အတွင်းသို့ control program များ ထည့်သွင်းရန်၊ Monitor လုပ်ရန်အတွက် PLC နှင့် Programming device တို့ကို ချိတ်ဆက် (connect) ထားရန်လိုသည်။
အခန်း ၄ နှင့် ၅ တွင် CPU နှင့် input/output interface တို့အပြန်အလှန် လုပ်ကိုင်ဆောင်ရွက်ပုံကို ဖော်ပြထားသည်။ အခန်း၆၊ ရ နှင့် ၈ တို့တွင် Input/output system များအကြောင်းကိုဖော်ပြထားသည်။

၁.၄ PLCs များနှင့် Other Types of Controls
၁.၄.၁ PLC နှင့် Relay control
လွန်ခဲ့သည့်နှစ်များစွာက အင်ဂျင်နီယာများ၊ မန်နေဂျာများနှင့် ထုတ်လုပ်သူများ မေးလေ့ရှိသည့် မေးခွန်းတစ်ခုမှာ PLC ကို အသုံးပြုရန်သင့်မသင့် ဖြစ်သည်။ PLC နှင့် Relay Control တို့၏ ဈေးနှုန်းနိုင်းယှဉ်ခြင်း နှင့် အကျိုးရှိမရှိ ကိုလေ့လာဆန်းစစ်ကာ အချိန်ကုန်ခဲ့ကြသည်။ ယနေ့ထက်တိုင် အချို့သော Control System ဒီဇိုင်နာများက စဉ်းစားနေကြဆဲဖြစ်သည်။
ယနေ့လိုအပ်ချက်ဖြစ်သည့် High quality နှင့် High Productivity ရရှိအောင် PLCများ က ဆောင်ရွက် ပေးနိုင်သည်။ ယနေ့အချိန်တွင် PLC များ၏ ဈေးနှုန်းသည် အလွန်ကျဆင်းလာသောကြောင့် PLC နှင့် relayတို့၏ ဈေးနှုန်းကို နှိုင်းယှဉ်ရန် မလိုအပ်တော့ပေ။ PLC များ၌ အားသာချက် များစွာရှိသည်။ PLC based System နှင့် hardwired relay system ကိုရွေးချယ်ရန်အတွက် Designer များသည် အောက်ပါ မေးခွန်းများစွာကို မေးမြန်းရန်လိုအပ်သည်။

    (က) အသုံးပြုသည့် Control logic သည် မကြခဏပြုပြင်ပြောင်းလဲရန် လိုအပ်မှုရှိ မရှိ ၊
    (ခ) High reliability လိုအပ်ခြင်းရှိ မရှိ ၊
    (ဂ) ရသည့်နေရာ အကျယ်အဝန်းသည် အဓိကကျမကျ ၊
    (ဃ) နောင်တချိန်တွင် ပိုမြင့်မားသည့် စွမ်းဆောာင်ရည် လိုအပ်နိုင်မှု ရှိမရှိ ၊
    (င) အချိန်ခဏအတွင်း control logic တစ်ခုလုံးကို ပြုပြင်ရန်လိုအပ်မှု ရှိမရှိ ၊
    (စ) တူညီသည့် control logic တစ်မျိုးကို အခြားသော စက်များတွင် အသုံးပြုရန် လိုအပ်မှု ရှိမရှိ ၊
    (ဆ) နောက်တချိန်တွင် ထပ်မံတိုးချဲ့ရန်လိုအပ်မှု ရှိမရှိ နှင့်
    (ဇ) စုစုပေါင်း ကုန်ကျစရိတ် တို့ဖြစ်သည်။

ပုံ 1-10 တွင်ပြထားသည့်အတိုင်း PLC ကိုအသုံးပြု ခြင်းဖြင့် နေရာကျဉ်းကျဉ်း၌ သပ်ရပ်သန့်ရှင်းသည့်
control panel တစ်ခုသာလိုသည်။ Relay များကို အသုံးပြုပါက အလွန်ကြီးမားပြီး ဝါယာကြိုးများ
ရှုပ်ထွေးနေသည့် အလွန်ကြီးမားသည့် Control panel တစ်ခုပြုလုပ်ရမည်။

Contol System တစ်ခုသည် ခဏအတွင်းလိုအပ်သလိုပြောင်းလဲရန် (flexibility) (သို့) future growth (နောင်တချိန်တွင် တိုးချဲ့ရန်လိုအပ်လျှင်) PLC ကိုအသုံးပြုသင့်သည်။ မကြာခဏ Control logic ပြုပြင်ပြောင်းလဲရန်လိုပါက PLC ကိုအသုံးပြုသင့်သည်။
အလွန်တိုတောင်းသည့် cycle time (သို့) အလွန်မြန်သည့် scan time ရှိရန်လိုအပ်လျှင် relay ကိုအသုံးပြုသင့်သည်။Relay Control၏အစပိုင်း ကုန်ကျစရိတ်မှ နည်းနိုင်သည်။ သို့သော် ပျက်နှုန်းအလွန်များပြီး၊ ပျက်လျှင် Down time အလွန်ကြာ သောကြောင့် ဝင်ငွေဆုံးရှုံးနိုင်သည်။
ကောင်းထက်ညွန့်

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...