" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

သမိုင်လေးတစ်ခု (ဝေဖန်ပိုင်းခြားရန်)

ဗိုလ်အောင်ဆန်းရဲ့ မျိုးချစ်ဗမာ့ကြည်းသေနတ်ကိုင်တပ်မတော် ဘီအန်အေ ဟာ ဂျပန်အားကိုးနဲ့ ဖွဲ့ စည်းထားတဲ့ကြည်းတပ်ပါ ဗြိတိသျှလက်အောက်မှာ စစ်မှုထမ်းနေတဲ့ ဗမာ့တပ်မတော်သားတွေနဲ့ ဖွဲ့ ထားတဲ့ ဗမာ့လက်နက်ကိုင်တပ် အပျော်တမ်းေ၇တပ် လေတပ်သားတွေဆိုတာလဲ ရှိပါတယ် ဒါပေမဲ့ ဘီအန်အေ လောက် အင်အားမများပါဘူး ဗိုလ်အောင်ဆန်းတို့  မျိုးချစ်တပ် ဟာ ဂျပန်မှာ ကတည်းက ၃ဖွဲ့ ကွဲနေပါပြီ တဖွဲ့ ကို သခင်ထွန်းအုပ် သခင်ဗစိန်တို့ ရဲ့ တပည့်တွေ ဖြစ်တဲ့ ဗကပသခင်ကျော်စိန် ( ပြည်သူ့ အေ၇းတော်ပုံပါတီရဲ့  ယူနစ်အဖွဲ့ တွေနဲ့ ) ဖွဲ့ စည်းထားခဲ့ပြီး ကျန်တဖွဲ့ ကို ဗမာပြည်ကွန်မြူနစ်ပါတီမဟုတ်တဲ့ သခင်စိုး နဲ့ ဗိုလ်ချူုပ်အောင်ဆန်း တို့ ရဲ့ ကွန်မြူနစ် ဆဲလ်တွေနဲ့  ဖွဲ့ စည်းထားခဲ့ပါတယ် ကျန်၁ ဖွဲ့ ကို သခင်ကိုယ်တော်မှိုင်း သခင်ဘသောင်း အစရှိတဲ့ ပဒေသရာဇ်အနွယ်တော်များရဲ့ တပည့်တွေနဲ့ ဖွဲ့ စည်းထားခဲ့ပါတယ် အကုန်လုံးဟာ သခင်ကိုယ်တော်မှိုင်း တပည့်တွေကြီး ဖြစ်ခဲ့သော်လဲ သခင်ကိုယ်တော်မှိုင်းရဲ့ သာကီသွေးမပါတဲ့ သီပေါမင်း အမျိုး တော်ဘုရားတို့ အုပ်စုကို အားပေးအားမြှောက်ပြုမှုတွေကြောင့် ဂိုဏ်းကွဲသွားရခြင်း ဖြစ်ပါတယ် ဗိုလ်ချုပ်အောင်ဆန်းနဲ့ သခင်စိုးတို့ က
မကာအိုမှာ ရှိတဲ့ ဂျာမန်ရေတပ်ရဲ့ အကူအညီနဲ့ အင်္ဂလိပ်ကို တိုက်ဖို့  နိုင်ငံခြားအကူအညီအဖြစ် ရွေးချယ်ထားခဲ့တယ် ပြည်သူ့ အေ၇းတော်ပုံ နဲ့ သခင်ကိုယ်တော်မှိုင်းအုပ်စုတွေက ရုရှားကို ရွေးချယ်ထားတယ် နောက် ရုရှားကို ဂျပန်က စစ်အောင်နိုင်လိုက်တဲ့အခါမှာ ရုရှားအစား ဂျပန်ဖြစ်သွားခဲ့တယ်
ဒါကြောင့် ဂျပန်နဲ့ ဂျာမန် အုပ်စု ဆိုပြီး ဖြစ်လာတယ်
သခင်ကိုယ်တော်မှိုင်းတို့ ကတရုတ်ပြည်မှာရောက်နေခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ဂျပန်ကို သွားရန်ဗိုလ်မှူးကြီး ဆူဇူကီးတို့ နဲ့ တွေ့ ပေးခဲ့တဲ့ အချိန်ထိတိုင်အောင် ဗိုလ်ချုပ် အောင်ဆန်းက မကာအို က ဂျာမန်ရေတပ်နဲ့  အဆက်အသွယ် ရအောင် လုပ်ချင်နေဆဲပဲ ဖြစ်ပါတယ် နောက်တော့ အားမတန်မာန်လျော့ပြီး ဂျပန်ကို စိတ်မပါဘဲ သွားခဲ့ရပါတယ် ဗိုလ်ချုပ်က ဂျာမန်မဟုတ်ဘဲ ဂျပန် ဖြစ်သွားခဲ့ခြင်းများကို ပြည်တွင်းမှာ ကျန်နေတဲ့ ဂျာမန်အုပ်စုတွေက နားမလည်ဖြစ်ခဲ့ကြရပါတယ်
ဒါကြောင့် ဂျာမန်အုပ်စုတွေကအိန္ဒိယကို ထွက်သွားပြီး ဂျာမန်အမေရိကန်အကူအညီရယူဖို့ ကြိုးစားခဲ့ကြပြန်ပါတယ်
ဒါကြောင့်မို့ လို့  ဂျပန်ကပြန်ပြီး မြန်မာပြည်သိမ်းပြီးသောအခါမှာ မျိုးချစ်တပ်မတော်ထဲက ဗိုလ်ချုပ်အောင်ဆန်းဟာ ဗြိတိသျှဦးဆောင်မှုအောက်မှာရှိတဲ့ မြန်မာ့တပ်မတော် အဖြစ် ပြန်လည်ဖွဲ့ စည်းခဲ့တဲ့ အချိန်တွင် သခင်စိုး ဦးသိန်းဖေမြင့်စသူတို့ နဲ့ သဘောထားမကွဲစေရန် စစ်ယူနီဖောင်း ချွတ်ပြီး စစ်ရာထူးမှ နှုတ်ထွက်သွားခဲ့ပါတယ် သို့သော် သူ့ တပည့်ဗိုလ်လက်ျာကို သူ့ ရဲ့ နေရာကို လွှဲပေးခဲ့ပါတယ် ဗိုလ်ချုပ်အောင်ဆန်းဟာ စစ်ဝတ်စုံချွတ်ထားခဲ့သော်လဲ နိုင်ငံခြားရေးနဲ့ စစ်ရေးခေါင်းဆောင်အဖြစ် ဘုရင်ခံအမှုဆောင်ကောင်စီမှာ ၀င်ေ၇ာက်လုပ်ကိုင်ခဲ့ပါတယ် သခင်စိုးနဲ့  ဦးအောင်ဆန်း တို့ က အမေရိကန် ကွန်မြူနစ်ဘေ၇ာင်ဒါဝါဒဆန်ဆန် ၀ါဒမျိုးနဲ့  လွတ်လပ်ေ၇း၇သောအခါတိုင်းပြည်ကို အုပ်ချုပ်ဖို့  ဖဆပလ ကို ဦးဆောင်ဖွဲ့ စည်းခဲ့ကြပါတယ် သခင်သန်းထွန်းနဲ့  သခင်စိုးကို ကွန်မြူနစ်ပါတီအကြီးအကဲများအဖြစ်ရွေးထားခဲ့ပြီး မြန်မာ့တပ်မတော် အကြီးအကဲနေရာကို ဗိုလ်လက်ျာကို ရွေးချယ်ထားခဲ့တယ် ဒုတိယအကြီးအကဲကို ဗမာမဟုတ်သောတိုင်းရင်းသားထဲမှ အထူးသဖြင့်ကရင်လူမျိုးကို ဦးစားပေးရွေးချယ်ခဲ့ပါတယ် ပြည်သူ့ အေ၇းတော်ပုံဆိုရှယ်လစ်ဝါဒီတွေက ဦးကျော်ငြိမ်း ဦးဘဆွေ ဦးနု သခင်တင် သခင်မြ တို့ ထဲမှ ကွန်မြူနစ်တွေနဲ့ ကရင်လူမျိုးတွေနဲ့ သဘောထားသိပ်မကွဲပြားသော သခင်မြကို ပြည်သူ့ အေ၇းတော်ပုံပါတီခေါင်းဆောင်အဖြစ် သခင်နုကို ဖဆပလမှာေ၇ွးထားစေခဲ့ပါတယ် အရင်းရှင်တွေထဲက ဦးတင်ထွဋ် ဆာပေါ်ထွန်း ဦးစော ကရင်နီလူမျိုးတို့ ဖြစ်ကြပြီး ပဒေသရာဇ်တွေထဲက သခင်ကိုယ်တော်မှိုင်းသြဇာခံ သီပေါမင်းအနွယ်တော် တော်ဘု၇ားတို့ ရှမ်းအုပ်စု ဗြိတိသျှလက်အောက်ခံရှမ်းအုပ်စုနဲ့ ကနောင်မင်းအနွယ်တော်တို့ ဦးဆောင်သောသာကီအုပ်စုတွေဆိုပြီး ဂိုဏ်းတွေကွဲနေကြပါတယ် ဒေါက်တာဘမော်သည် တော်ဘုရားတို့ ရှမ်းအုပ်စုဝင်ထဲမှ ဖြစ်ကြောင်း ဂျပန်ခေတ်တွင် အစိုးရအကြီးအကဲ အဖြစ် တော်ဘုရားတို့ က နေရာပေးထားပြီး နိုင်ငံတော်အကြီးအကဲအဖြစ် တော်ဘုရားတို့ က ဂျပန်ဘုရင်ရဲ့ ခွင့်ပြုချက်နဲ့ လျှို့ ဝှက် ယူထားခဲ့ကြောင်း သိရပါတယ် တော်ဘုရားတို့ က ဗိုလ်ချုပ်အောင်ဆန်းကို ဘုရင့်ကာကွယ်ရေးစစ်သေနာပတိ လို့ သာ သတ်မှတ်ထားခဲ့ကြပါတယ်  ပြည်သူ့ အေ၇းတော်ပုံဆိုရှယ်လစ်ပါတီသည် ကွန်မြူနစ်တွေကိုလဲ အာမခံရဲသလို ပဒေသရာဇ်တွေကိုလဲ မလွန်ဆန်ရဲသော ရောင်ဝါး ပါတီမျှသာဖြစ်ပြီး အာဏာရဖို့ ရန် အလစ်ချောင်းနေသော ပါတီမျှသာဖြစ်ပါတယ်
ထိုပါတီထဲမှ ဦးကျော်ငြိမ်းဆိုသူသည် သခင်စိုးနဲ့ လုံးဝ အလွမ်းမသင့်သောသူဖြစ်ပါတယ် သခင်စိုးကို ဖဆပလနဲ့ ကွန်မြူနစ်ပါတီမှ ထုတ်ပစ်ရန်အောက်လမ်းနည်းများ သုံးခဲ့တဲ့သူဖြစ်ပါတယ် သခင်စိုးကို ဦးအောင်ဆန်းနဲ့ ရန်တိုက်ပေးခဲ့ပြီး သခင်စိုးကို ဖဆပလမှ ထုတ်သောအခါ သခင်စိုးနဲ့ ဦးအောင်ဆန်းနဲ့ အကွဲအပြဲဇာတ်လမ်းတွေဖြစ်လာခဲ့ပါတယ် သခင်စိုးက ဘရောင်ဒါဝါဒ မှားတယ် ဆိုပြီး သူကိုယ်တိုင်
မှန်ခဲ့ပါတယ်လို့ ပြောခဲ့တဲ့ လမ်းစဉ်ကို ဦးအောင်ဆန်းနဲ့ မတည့်သောအခါမှာ မှားပါတယ်လို့ ပြောပြီး
ဦးအောင်ဆန်းကို နယ်ချဲ့ ဝါဒီ ပါလို့ စွပ်စွဲခဲ့ပါတယ် အဲဒီလို တွေဖြစ်အောင် ဦးကျော်ငြိမ်းတို့  ဆိုရှယ်လစ်
အဖွဲ့ တွေက ကြိုတင်အကွက်ချထားခဲ့ခြင်းဖြစ်ပါတယ် သခင်စိုးက အလံနီ ဖြစ်လာခဲ့ပြီး အရင်းရှင်များနဲ့ လက်ဆွဲနှုတ်ဆက်ခဲ့တဲ့ ဦးအောင်ဆန်းနဲ့ သူ့ အစ်ကို သခင်သန်းထွန်းတို့ ဟာ အလံဖြူဖြစ်လာခဲ့ပါတယ်
သခင်စိုးက သူ့ ကိုနေရာမပေးဘဲ ဦးအောင်ဆန်းအမျိုးလယ်စိုက်သခင်သန်းထွန်းကို နေရာပေးခဲ့ခြင်းများကိုလဲမကျေနပ်ဖြစ်နေခဲ့တဲ့သူဖြစ်ပါတယ် နောက်ပိုင်း ဦးအောင်ဆန်းနဲ့ ဦးစောတို့ ကို မတည့်အောင် ဦးကျော်ငြိမ်းတို့ ပျဉ်းမနားအဖွဲ့ ( ဦးနေ၀င်း အန်အယ်လ်ဒီဦးအောင်ကြီး ဗကပဦးကျော်ဇော )က အကွက်ဆင်ခဲ့ကြပြီး ထိုဆင်သောအကွက်အောင်မြင်ခဲ့သောအခါ ဦးကျော်ငြိမ်းဟာ ဥရောပ ကို ထွက်ခွာသွားခဲ့ပါတယ် သိပ်မကြာခင် တပ်မတော်နဲ့ ကွန်မြူနစ်ပါတီခေါင်းဆောင်ဦးအောင်ဆန်းအပါအ၀င် ဆိုရှယ်လစ်ပါတီအကြီးအကဲနဲ့ ဘရောင်ဒါဝါဒကို ထောက်ခံခဲ့တဲ့ သခင်မြ တို့ ကို ဦးကျော်ငြိမ်းတို့ မဟာဗမာဝါဒီဆိုရှယ်လစ်တွေက လုပ်ကြံခဲ့ကြပါတယ် ထိုလုပ်ကြံမှုကို သူတို့ လုပ်မှန်းမသိအောင် အရင်းရှင်ဖြစ်သော ဦးစော တို့ ကို လက်ညှိုးထိုးခဲ့ပါတယ် ဦးစောတို့ အဖွဲ့ လက်နက်တွေ ၀ှက်ထားကြောင်းကိုလဲ ဦးကျော်ငြိမ်းတို့ သြဇာခံ ယူနစ်တပ်မတော်သားတွေကပဲ မဟုတ်မမှန် လုပ်ကြံစွပ်စွဲအပြစ်ရှာခဲ့ပြီး အရင်း၇ှင်တွေကို အပြတ်ရှင်းခဲ့ပါတယ် အဲဒီကိစ္စကို ဗကပ ထံတွင် ခိုလှုံနေတဲ့ ဗိုလ်မှူးချုပ်ကျော်ဇော အသိဆုံးဖြစ်ပါလိမ့်မယ် နောက်တော့ အရင်းရှင် အိုင်စီအက်စ်ဦးတင်ထွဋ်ကို လုပ်ကြံခဲ့ပါတယ် သို့ မှသာ လွတ်လပ်ပြီးမြန်မာ့နိုင်ငံရေးမှာ ဦးကျော်ငြိမ်းတို့ အဖွဲ့ ဟာ လွှမ်းမိုးနိုင်မှာဖြစ်ပါတယ် ဦးကျော်ငြိမ်းတို့ အဖွဲ့ ဟာ မဟာဗမာဝါဒီများဖြစ်ပြီး မြန်မာ့တပ်မတော်နဲ့ မြန်မာ့နိုင်ငံရေးလောကတွင် ဗမာများကိုသာ နေရာပေးစေချင်သောသူများဖြစ်ပြီး မြန်မာကို ဗမာလုပ်ချင်ခဲ့ကြပါတယ် သမ္မတအခြေခံဥပဒေရေးခြင်းမှာလဲ တော်ဘုရားတို့ ပဒေသရာဇ်တွေအာဏာမရအောင် ရေးခဲ့ပြီး နောက် သခင်ကိုယ်တော်မှိုင်း တော်ဘုရား ဒေါက်တာဘမော်တို့  ပဒေသရာဇ်အုပ်စုတွေ နှိပ်ကွပ်ခံခဲ့ရပါတယ် ပဒေသရာဇ်တွေက မင်းလောင်းပေါ်ပြီဆိုပြီး ဖဆပလကို ဆန့်ကျင်သောစိတ်ဓာတ်တွေ သွင်းပေးခဲ့ပါတယ် ဆိုရှယ်လစ်တွေက ပြည်သူ့ အရေးတော်ပုံသခင်မြကို လုပ်ကြံခဲ့ပြီး ဦးကျော်ဆွေနဲ့ ဦးဗဆွေတို့ က ဆိုရှယ်လစ်ပါတီကို အပိုင်စီးလာခဲ့ကြသည် ဦးနုသည် ဆိုရှယ်လစ် ဖြစ်သော်လဲ ဗိုလ်ချုပ်အောင်ဆန်းမရှိတော့တဲ့နောက် ဗိုလ်ချုပ်အောင်ဆန်းရဲ့ နေရာ ဖဆပလကို ယူလာခဲ့ပြီး အရင်းရှင်တွေနဲ့ သင့်မြတ်ရေးလမ်းစဉ်ကိုလိုက်ရသဖြင့် ဆိုရှယ်လစ် ပါတီတွင် သြဇာ သိပ်မညောင်းတော့ပါ ဆိုရှယ်လစ် များတွင် ပညာရှိနဲ့ ပညာမဲ့ ၂ အုပ်စုကွဲသွားပြီး ပညာရှိများသည် ဆွေငြိမ်း တို့ နောက်ကိုလိုက်ကာ ဆွေငြိမ်းအဖွဲ့ အင်အား အကောင်းဆုံးဖြစ်လာခဲ့ပြီး ဆိုရှယ်လစ်ဆိုတာ ဆွေငြိမ်းအုပ်စုဖြစ်လာတယ် ဆွေငြိမ်း အုပ်စုတောင့်ပေမဲ့ အာဏာဘာလို့ မရတာလဲ ဆိုတော့ ဦးနု နောက်တွင် တပ်မတော် ရှိတယ် တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေတော်တော်များများက ဗိုလ်ချုပ်အောင်ဆန်းတပည့်တွေကြီးပဲ ဒုတိယခေါင်းဆောင်တနည်းအားဖြင့်HQ  ရန်ကုန်ဌာနချုပ်က ဆိုရှယ်လစ်ယူနစ်ဗိုလ်နေ၀င်းလဲ ဖြစ်တာမို့ လို့  ဦးနုကို ဆွေငြိမ်းတို့ ဆိုရှယ်လစ်ပညာတတ်အုပ်စုတွေက
လန့် ပါတယ် ဗိုလ်နေ၀င်းကို ပညာမဲ့လို့ ပြောခဲ့တာကြောင့်မို့ လို့  ဗိုလ်နေ၀င်းဟာ ဦးနုဘက်ကို ယိုင်သွားခဲ့ပါတယ် ယူနစ်တပ်မတော်သားများဖြစ်သော ဗိုလ်မောင်မောင် ဗိုလ်အောင်ကြီး ဗကပဗိုလ်ကျော်ဇော တို့ ဟာ တပ်မတော်မှာ အာဏာသိမ်းနိုင်ဖို့ ရန် အကွက်ချနေခဲ့ပါတယ် ဒါပေမဲ့ သူတို့ ဆရာ ဗိုလ်နေ၀င်းက ဦးနုနဲ့ ပေါင်းနေတာကြောင့် အချိန်ပေးကာ အောင့်အည်းစောင့်စိုင်းနေခဲ့ရပါတော့တယ်
ရန်သူတွေ ၀ိုင်းဝိုင်းလည် အကျဉ်းအကျပ်ထဲ ရောက်နေချိန်တုန်းက ဗိုလ်ချုပ် နေ၀င်းက “ကိုကျော်ငြိမ်း ကျုပ် ကွန်မြူနစ်တွေနဲ့ ပေါင်းတော့မယ်” လို့ ပြောဖူးပါတယ်။ ကွန်မြူနစ်တွေ အာဏာ ရလာရင် အရင်ဆုံး သတ်ခံရမှာက ဦးကျော်ငြိမ်းပဲ ဆိုတာ ဦးကျော်ငြိမ်း သိပါတယ်။ဒါကြောင့် ကွန်မြူနစ်တွေဖြစ်တဲ့ ဗိုလ်လက်ျာ
ဗိုလ်ဇေယျ စတဲ့သူများနဲ့  က၇င်များကို ဘီအိုင်အေ မြန်မာပြည်သိမ်းခါစ မြစ်ဝကျွန်းပေါ်ကိစ္စကြောင့် ဦးကျော်ငြိမ်းက မကျေမနပ်ဖြစ်နေခဲ့တဲ့သူဖြစ်ပါတယ်။ ဒါကြောင့် သူ ဖဆပလ မှာ နေရာရလာသောအခါ ဦးနေ၀င်းကို မြှောက်ပေးပြီး တပ်မတော်မှာ ကရင်နဲ့ ကွန်မြူနစ် သန့် ရှင်းရေးလုပ်လာခဲ့ပါတယ် ဒါပေမဲ့
ဦးနေ၀င်းသည် ဦးနုနဲ့  ဗိုလ်ချုပ်အောင်ဆန်း တပည့် အလံဖြူကွန်မြူနစ်တပ်မတော်သားများကို မလွန်ဆန်နိုင်ပါနောက်တော့ ဦးဗဆွေ ဦးကျော်ငြိမ်းတို့ က ကရင် ဗမာ အဓိကရုဏ်းများဖန်တီးပေးပြီး တပ်မတော်ထဲမှကရင်တွေ ထွက်သွားအောင် လုပ်ခဲ့ပါတယ် ကရင်တွေကို တပ်မတော်ထဲမှ သန့် ရှင်းရေးလုပ်ပြီးနောက်ဦးနုနဲ့ အလွမ်းသင့်သော အလံဖြူတပ်မတော်သားတွေသာ ကျန်ခဲ့ပါတော့တယ်
အဲဒီနောက်ပိုင်းမှာ ဦးဗဆွေ ဦးကျော်ငြိမ်းတို့  ဆိုရှယ်လစ်တွေ လွှတ်ထားသော သူလျှိုများ(ဗကပဗိုလ်ကျော်ဇောနဲ့  ကြုံတိတ် (ခ) လုံတိတ်(ခ) မောင်မြ)သည် ကွန်မြူနစ်ပါတီများအတွင်း ထိုးဖောက်ဝင်ေ၇ာက်ခဲ့ပြီး ဦးနုအစိုးရကို လက်နက်ကိုင်ပုန်ကန်ရန် မြှောက်ပေးခဲ့ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းများ ပျက်ပြားအောင် လုပ်ဆောင်ခဲ့ပါတယ်
ဒါကြောင့် ဦးနုက တပ်မတော်ကို အိမ်စောင့်အစိုးရအဖြစ် အာဏာလွှဲပြောင်းပေးရန် ကြိုးစားခဲ့ရပါတော့တယ်
ဒါပေမဲ့ ဗိုလ်ဇေယျ နဲ့ ဗိုလ်နေ၀င်းတို့ သည် ထိုအာဏာကို လွှဲပြောင်းယူရန် ကိစ္စတွင် စကားများကြရာမှ
ဦးကျော်ငြိမ်းက ဗိုလ်ဇေယျကို တောခိုရန် တွန်းလွှတ်လိုက်သဖြင့် ဦးနေ၀င်းသည် အလိုလို စစ်ဦးစီးချူပ်ဖြစ်လာခဲ့ပြီး အိမ်စောင့်အစိုး၇၀န်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ဖြစ်လာခဲ့ပါတော့တယ်
ထိုသို့ ဦးနုနဲ့ ဦးကျော်ငြိမ်းက ဦးနေ၀င်းကို အာဏာရူးဖြစ်လာအောင် လုပ်ပေးလိုက်ခြင်းသည် ဦးနုနဲ့ ဦးကျော်ငြိမ်းအတွက် မဟာအမှားကြီးဖြစ်လာခဲ့ပေတော့သည် ဗိုလ်ချုပ်အောင်ဆန်း အုတ်မြစ်ချသွားပေးခဲ့တဲ့
ဗမာနဲ့ ဗမာမဟုတ်သောအခြားတိုင်းရင်းသားများနဲ့  ဗမာပြည်တွင် နေထိုင်ခဲ့သော ဗမာပြည်သားနိုင်ငံခြားလူမျိုးများပါဝင်သောမြန်မာ့တပ်မတော်သည် လဲ ဦးနေ၀င်း စစ်ဦးစီးချုပ်ဖြစ်လာသောအချိန်မှ စပြီး မဟာဗမာဆိုရှယ်လစ်ဝါဒီများကြီးစိုးသော နာဇီဗမာ့တပ်မတော်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရပါတော့တယ် ထိုအချိန်မှစပြီး ဦးနေ၀င်းသည် စာတတ်သွားပြီး ဦးနုကို ခေတ္တမျှအာဏာပြန်လွှဲပေးခဲ့သော်လဲ ၁၉၆၂ မှာ အာဏာပြန်သိမ်းခဲ့ပါတယ်
အာဏာသိမ်းပြီးသွားတဲ့နောက် ဦးကျော်ငြိမ်းကို သူ့ ဆီမှာ နိုင်ငံရေးခေါင်းဆောင်အဖြစ်လုပ်၇န်
ကမ်းလှမ်းခဲ့ပါတယ် ဦးကျော်ငြိမ်းသည် သူမွေးသောမျောက်ကို သူမနိုင်တော့ပြီ ဟေ့ အသက်ကြီးမှတော့
သူများ တပည့်မလုပ်တော့ဘူးကွ လို့ ပြောလိုက် တာကြောင့် ဦးနေ၀င်းရဲ့ အဖမ်းခံရပြီး နှိပ်ကွပ်ခံရပါလေတော့တယ် ကွန်မြူနစ်များသည်လဲ ဆိုရှယ်လစ်သူလျှိုများရဲ့ လက်ချက်ဖြင့်
လမ်းမှားသို့ေ၇ာက်သွားကာ ကျဆုံးသွားခဲ့ရပါလေတော့သတည်း

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...