" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

နဂါးနီ သီချင်း ရှင်းတမ်း

နဂါးနီ သီချင်း အား မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ၏ တောင်းဆိုမှု အရ ၀န်ကြီးချုပ် ဦးနု က စာသား များ ရေးသား ကာ ဆရာရွှေတိုင်ညွှန့် က သံစဉ် သီကုံး စပ်ဆိုမှု ပြုခဲ့ခြင်း ဖြစ်ပါသည်...တဲ့ ဆင်းရဲသား ပျံကျအလုပ်သမားကြီးတဦး ညနေရီတရောမှာ အသက်ဆက်ရှင်ချင်စရာမရှိတဲ့ လူမှုစီးပွားမွန်းကျပ်မှုတွေအတွက် မျက်ရည်တွေဝေပြီး နဂါးနီသီချင်းကို ငြီးနေတဲ့အခိုက်ဟာ ကျုပ်တို့တမျိုးသားလုံးအတွက် ကဗျာတပုဒ်ဖြစ်သွားခဲ့ပါတယ်။ တကယ်တမ်းက
လူငယ်ထု အတွင်း စည်းရုံးနိုင်ရန် ဗိုလ်ချုပ်အောင်ဆန်းက သီချင်း တပုဒ် ရေးစပ်စေခဲ့ရာ ဆရာ ရွှေတိုင်ညွန့်၏ 'တပ်မတော် အင်အား' သီချင်း ပေါ်ထွက် လာခဲ့သည်။(Weekly Eleven News Journal - Vol. 4, No. 24, March 25 Wednesday 2009 စာမျက်နှာ (၂၃) မှာ ဖော်ပြ ပါရှိတဲ့ တင်နိုင်တိုးရဲ့ "ရွှေတိုင်ညွန့် သို့မဟုတ် သခင်အုန်းဆိုင်" ရုပ်ပုံလွှာ ဆောင်းပါး)တကယ်တမ်းက နဂါးနီ မဟုတ်ဘူး ဗေဒင် အကြားအမြင်တွေ က ဇာမဏီ ကသာ လွတ်လပ်ေ၇းရအောင်လုပ်ပေးနိုင်တယ် လူငယ်ထဲက ဖြစ်တယ် လို့ ပြောတာ ကို ဗိုလ်ချုပ်အောင်ဆန်း ကိုရည်ညွှန်းတာပဲ ဖြစ်ရမယ် ဆိုပြီး တထစ်ချကောက်ချက်ဆွဲကာ စနေသား မို့ လို့  နဂါး ..ကွန်မြူနစ် လဲ ဖြစ်တာကြောင့် နဂါးနီ ဆိုပြီး ဗိုလ်ချုပ်အောင်ဆန်းကို တင်စားပြီး စပ်ဆိုကုန်ကြပါတယ် နဂါးနီစာအုပ်တိုက်ဆိုပြီး တပြည်လုံးနီးပါးထောင်လိုက်ပါတော့တယ် သခင်ကိုယ်တော်မှိုင်းတို့ က ဇာမဏီ ဆိုပြီး ပြောတာလဲ မရတာကြောင့် တခြားရည်ညွှန်းစရာလူလဲမရှိတာကြောင့် နောက်ဆုံးမှာ နဂါးနီ ဖြစ်သွား၇ခြင်းဖြစ်ပါတယ်
ဗုဒ္ဓ အလိုတော်ကျ မြန်မာပြည်ကို ထူထောင်ခြင်းသာလျှင် အချမ်းသာဆုံး လူမျိုး၊ အချမ်းသာဆုံး နိုင်ငံတော် ဖြစ်နိုင်မည်။ ဗုဒ္ဓ အလိုတော်ကျ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာတော်ကို စနစ်ကျကျ နားလည်ကျင့်သုံးလျှင် မုချ တကမ္ဘာလုံးတွင် ချမ်းသာစွာ ရှိလိမ့်မည်ဟု ခိုင်မြဲစွာ ယုံကြည်ပါသည်

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...