၈လေးလုံးတွင်ကျဆုံးသွားသော သူရဲကောင်းများ၊ ဆက်လက်လုပ်ကိုင်နေဆဲဖြစ်သော လူစွမ်းကောင်းများကို ဤကဗျာဖြင့် ဂုဏ်ပြုလိုက်ပါသည်။

မိုက်ပါရစေ
လိမ္မာသည်ဆိုခြင်းမှာ... သူရဲဘောနည်းခြင်း၊ ကြောက်ခြင်း၊ သွေးမရှိခြင်း၊ သတ္တိမွဲခြင်း၊ ဒူးတုန်ခြင်း၊ တကိုယ်ကောင်းကြံခြင်း၊ အမေနှင့်ငါ မာလျှင်ပြီးရောဆိုသော စိတ်ရှိခြင်း၊ ကိုယ့်အိမ်မှ ကိုယ့်အိမ်မှတ်ခြင်း၊ ကိုယ့်အကျိုးစီးပွားတခုတည်းကိုသာကြည့်ခြင်း၊ ရှေ့ လာမည့်ဘေးကို စည်းလုံး၍ ခုခံရမှန်း မသိခြင်း ဖြစ်ပါမူ...
အို...အချင်းတို့  ငါတို့ သည် မလိမ္မာလိုပါပြီ၊ မိုက်သာ မိုက်လိုပါ၏၊ ငါတို့ အား မိုက်ခွင့်ကို ပြုကြပါကုန်၊ ငါတို့ မိုက်ပါရစေ။ ။
No comments:
Post a Comment
အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com