" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

ဓာတ်ပုံပညာ (HDR)


ဓာတ်ပုံရိုက်ကူးလိုက်တဲ့အချိန်တွေထဲက တစ်ချိန်ချိန်မှာတော့ ပုံတွေဟာ highlight (bright) အလင်း ဒါမှမဟုတ် shadow (dark) အမှောင်အပိုင်းတွေပိုင်းမှာ အသေးစိတ်အချက်တွေပါမလာဘဲ ထွက်လာတာကို တွေ့ကြရပါလိမ့်မယ်။ ဒါဟာ ဘာကြောင့်ပါလဲ။ ရိုးရှင်းပြီးသေချာတဲ့ အဖြေကတော့ရှိပါတယ်။

ကင်မရာရဲ့ imaging sensor လို့ခေါ် ပုံရိပ်ဖမ်းအာရုံခံကိရိယာက မြင်ကွင်းတစ်ခုလုံးကို ဖမ်းယူဖော်ပြနိုင်ဖို့ စွမ်းဆောင်နိုင်ရန်မရှိတာဘဲ ဖြစ်ပါတယ်။ ကင်မရာရဲ့ပုံရိပ်ဖမ်း အာရုံခံကိရိယာဟာ ဓာတ်ပုံရိုက်ကူးတဲ့မြင်ကွင်းရဲ့ အလင်းဘက်အခြမ်း (highlight) ဒါမှမဟုတ် အရိပ်ကျနေတဲ့ အမှောင်ခြမ်း (shadow) အပိုင်းတခြားထဲက တစ်ခုမဟုတ်တစ်ခုကိုသာ ဖော်ပြပေးနိုင်ပါတယ်။ အဲဒီနှစ်ခုလုံးကို တစ်ပြိုင်တည်း ဖော်ပြမပေးနိုင်ကြပါဘူး။ ဒါကြောင့်ပဲ တချို့သောဓာတ်ပုံပညာရှင်တွေက HDR (high-dynamic rang) လို့ခေါ်တဲ့ နည်းပညာကိုအသုံးပြုပြီး ဒီအကန့်အသတ်ကို ကျော်လွှားနိုင်သမျှ ကျော်လွှားနိုင်အောင် လုပ်ကိုင်ဆောင်ရွက်ကြပါတယ်။ HDR နည်းပညာသုံးတဲ့ ဓာတ်ပုံဟာဆိုရင်ဖြင့် ရိုက်ကူးထားတဲ့အချက်အလက်တွေထဲက လိုချင်သမျှ အချက်အလက်တွေကို ပုံမှာဖော်ပြထားအောင် ပြုလုပ်ဆောင်ရွက်နိုင်ကြပါတယ်။ တချို့သော အိပ်ဆောင်ကင်မရာလေးတွေနဲ့ Sony dSLR တွေမှာတော့ HDR function ကိုကင်မရာမှာ ထည့်သွင်းပေးထားတာ တွေ့ကြရပါတယ်။ ဒါပေမဲ့ ဒီကင်မရာတွေနဲ့ HDR နည်းပညာပိုင်းနဲ့ ပေါင်းစပ်လုပ်ကိုင်တဲ့အပေါ်မှာ အကန့်အသတ်အထိန်းအချုပ်ကတော့ အတိုင်းအတာတစ်ခုအထိရှိကြပါတယ်။ ယခုသင်ခန်စာကို လေ့လာဖို့အတွက် HDR function ကိုအသုံးပြုနိုင်တဲ့ ကင်မရာလိုအပ်မှာဖြစ်ပြီး ယခုသင်ခန်းစာမှာ HDR ပုံရိပ်တွေကို ဘယ်လိုရိုက်ကူးရမယ်ဆိုတာကို လေ့လာရမှာဖြစ်ပါတယ်။

Bracket
သင်သုံးစွဲတဲ့ ILC သို့မဟုတ် dSLR မှာသင်ရိုက်ချက်တွေကို bracket လုပ်ပေးထားမယ့် option ပါရှိသင့်ပါတယ်။ Bracket ပြုလုပ်တယ်ဆိုတာကတော့ ရုပ်ပုံတစ်ခုသို့မဟုတ် ရိုက်ကူးမယ့်မြင်ကွင်းတစ်ခုကို ကွဲပြားတဲ့ exposure တန်ဖိုးတွေနဲ့ရိုက်ပြီး အဲဒါတွေကို ပုံတစ်ခုတည်းမှာပေါင်းပြီး ဖော်ပြတာဖြစ်ပါတယ်။ Bracketing function ဟာ ပုံကို သုံးပုံကနေခုနှစ်ပုံအထိ မတူညီတဲ့ exposure တွေနဲ့ ရိုက်ကူးပေးနိုင်ပါတယ်။ အဲဒီလိုရိုက်ကူးတဲ့ပုံတွေထဲက တစ်ပုံဟာ exposure အမှန်နဲ့ရရှိမှာဖြစ်ပြီး ကျန်တာတွေကတော့ expsoure ပိုင်းမှာပိုနေတာနဲ့ လျော့နေတာတွေ ဖြစ်ပါတယ်။ Bracketing function ဟာ သင့်ကင်မရာပါလာသလား၊ မပါလာသေးဘူးလားဆိုတာ မသေချာရင်တော့ ကင်မရာမှာပါလာတဲ့ သုံးစွဲသူလမ်းညွှန်စာအုပ်ကို ဖတ်ကြည့်ဖို့လိုအပ်ပါလိမ့်မယ်။ ဓာတ်ပုံရိုက်ကူးဖို့အတွက် ပြင်ဆင်တဲ့အခါမှာ ကင်မရာကို tripod ပေါ်မှာတင်ပြီး ရိုက်ကူးသင့်ပါတယ်။ ဒီလိုရိုက်ကူးမှ HDR ပုံကောင်းကောင်းရမှာဖြစ်ပါတယ်။ ရိုက်ကူးတဲ့ပုံစံနဲ့ အနေအထားကို တစ်မျိုးတည်းဖြစ်အောင် ဒီလိုပြုလုပ်ခြင်းက အထောက်အကူပေးပါလိမ့်မယ်။ ရိုက်ကူးမယ့်အရာဝတ္ထုတွေကို ဖြောင့်တန်းအောင်မရိုက်ကူးနိုင်တာဟာ ပုံထွက်လာတဲ့အခါမှာ ၀ါးတားတားဖြစ်နေတာလိုမျိုး ဖြစ်တတ်ပါတယ်။ အကောင်းဆုံးရလဒ်အတွက် အလင်းအားအကောင်းဆုံး မြင်ကွင်းကိုရွေးချယ်ဖို့ လိုအပ်ပါတယ်။ ဒီနည်းလမ်းက သင်လေ့လာမှုအလင်းနဲ့ အမှောင်ပိုင်းမှာ သေချာတဲ့အချက်အလက်တွေရရှိဖို့အတွက် အထောက်အကူပေးမှာဖြစ်ပြီး ဓာတ်ပုံတစ်ပုံတည်းအဖြစ် ပုံတွေကိုပေါင်းပြီး ဖော်ပြပေးမှာဖြစ်ပါတယ်။

HDR ပုံရိပ်များကို ကိုင်တွယ်ခြင်း
HDR function ကိုသုံးစွဲပြီး ရိုက်ကူးထားတဲ့ဓာတ်ပုံတွေကို ကွန်ပျူတာဆီကိုပြောင်းလဲပြီး လိုအပ်သလိုပြုပြင်ဖို့အတွက် ထည့်ပေးရမှာဖြစ်ပါတယ်။ HDR merging function ရတဲ့ဆော့ဖ်ဝဲကိုသုံးစွဲပြီး ဒီဓာတ်ပုံ တွေကို ကိုင်တွယ်ပေးရပါလိမ့်မယ်။ ဒီဆော့ဖ်ဝဲကနေပြီး HDR function သုံးစွဲပြီး ရိုက်ကူးထားတဲ့ပုံတွေကို ပေါင်းစပ်ဖို့အတွက် အကူအညီပေးပါလိမ့်မယ်။ Adobe Photoshop CS5 နဲ့ Photoshop Elements 8 တို့လိုပရိုဂရမ်တွေမှာ ဒီ option တွေပါရှိပါတယ်။ ဒီလိုပရိုဂရမ်တွေကို မသုံးစွဲချင်တဲ့သူတွေအတွက်တော့ အခမဲ့ရယူနိုင်တဲ့ third-party application တွေကိုသုံးစွဲနိုင်ပါတယ်။ Picturenaut လို application တွေသုံးနိုင်ပါတယ်။ အထက်ပါဆော့ဖ်ဝဲများကတော့ ရိုက်ကူးထားတဲ့ပုံတွေကို ပေါင်းပေးမှာဖြစ်ပြီး ရွေးချယ်ပေးလိုက်တာနဲ့ တစ်ပြိုင်နက်တည်းမှာပဲ ရွေးချယ်လိုက်တဲ့ပုံကို preview အနေနဲ့ ပြသပေးပါလိမ့်မယ်။ ဒီပုံတွေရဲ့ အလင်း/ အမှောင် (contrast) နဲ့ အခြေအနေ (saturation) တို့လိုအရာတွေကို လိုအပ်သလို ချိန်ညှိယူလို့ရနိုင်ပါတယ်။ တကယ်လို့များ သင်ရိုက်ကူးထားတဲ့ပုံတွေကို သဘာဝအတိုင်း ဖြစ်ချင်တယ် ဒါမှမဟုတ် သဘာဝကိုလွန်ပြီး အိမ်မက်ဆန်ပုံရိပ်တွေ ရချင်တယ်ဆိုရင် လိုအပ်သလိုချိန်ညှိပြင်ဆင်နိုင်ပါတယ်။ ကိုယ်စိတ်ကျေနပ်တဲ့အထိ ကျွမ်းကျင်လျှင်ကျွမ်းကျင်သလို ကိုင်တွယ်စီမံနိုင်ပါတယ်။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...