" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

သူတို့ လည်း အခွင့်အရေးတွေ တန်းတူရသင်ပါတယ်ဗျား ... (လူ့ အခွင့်အရေး နှင့် ကျန်သောအခွင့်အရေး) Them Should Be Get Same Change ( Human Rights )


ဘယ် ဘစ်ကားလာလာ မလိုက်သွားပဲ ကျီးကန်းတောင်းမှောက်မျက်လုံးတွေနဲ့ မှတ်တိုင်မှာ ကျောက်ချ နေကြတယ်။
အဲ့အထဲမှာ နှစ်ယောက်ကတော့ ဘောင်းဘီရှည်နဲ့တီရှပ်နဲ့ တစ်ယောက်ကတော့ အ၀ါရောင်ပေါ်မှာ ပန်းပွင်တွေ ပုံဖော်ထားတဲ့ လုံချည်၊ အဖြူရောင်တီရှပ်နဲ့ပါ၊ သူတို့ရပ်နေတာ နေ့လည် ၁နာရီကတည်း ရပ်နေတာ အခုဆို (၃)နာရီကျော်လောက် ကြာပြီ။

ထမီအ၀ါဝတ်ထားတဲ့ အသက်(၄၀)အရွယ်ရှိ အမျိုးသမီးသည် ဖခင်မဲ့ကလေးငယ် (၆)ဦးကို တာဝန်ယူ ကျွေးမွေးနေသည့် မိခင်တစ်ဦးဖြစ်သလို လူကြီး၊ လူငယ်၊လူလတ်နှင့် မရွေးဆက်ဆံနေရသည့် လိင်အလုပ် သမားတစ်ဦးလည်း ဖြစ်သည်။

“နောက်နေ့ ဘာစားကြမလဲ။ နောက်နေ့နောက်နေ့ တွေအတွက် ဈေးဖိုးကို အလျင်မှီအောင်ရှာနိုင်ဖို့ ကျွန်မဒီအလုပ်ကို နေ့တိုင်းလုပ်ဖြစ်တယ်။”ဟု အထက်ပါ လိင်အလုပ်သမား မသန္တာက ပြောပါတယ်။

မသန္တာမှာ မိသားစု စားဝတ်နေရေးအတွက် နေ့တိုင်း အလုပ်ကို ရင်တထိတ်ထိတ်ဖြင့် ဘုရားတကာလုပ်နေရသည်ဟူ၍လည်း ဆိုသည်။

သူတို့ရဲ့နေ့စဉ်လုပ်ငန်းခွင်ဖြစ်သော အင်းလျားကန်ဘောင်နားက ပြည်လမ်းမကြီးအပေါ်တွင် ၀မ်းရေးအတွက် နေ့စဉ်လုပ်ငန်းခွင် ဆင်းနေရခြင်းဖြစ်သည်။ လိင်လုပ်သားတွေကို ဖမ်းဆီးဖို့ ရဲများကလည်း ၄င်းတို့နှင့် ခပ်လှမ်း လှမ်းတွင် အရန်သင့် စောင့်နေကြသည်။

အလုပ်လုပ်၍ ရသောပိုက်ဆံများကို အလကားလိုချင်သည့် ဖမ်းဆီးရဲများက လိင်လုပ်သားဆီက အကြပ်ကိုင် ငွေညစ်တောင်းနေတာကိုလည်း ကျွန်တော်တို့ မကြာခဏတွေ့ဖူးကြသည်။ တစ်ခါတစ်ရံ ပိုက်ဆံတစ်ခုတည်း ပင်မဟုတ် လိင်ပိုင်းဆိုင်ရာဖျော်ဖြေမှုကိုလည်း အနိုင်ကျင့်တောင်းယူလေ့ရှိကြောင်း လိင်လုပ်သားများထံက သိရသည်။

ထို့အပြင် သူတို့၏ ဧည့်သည်များကလည်း မကြာခဏဆိုသလိုပင် အမျိုးသား ၄၊ ၅ ဦးဖြင့် တပြိုင်တည်း လိင်ဆက်ဆံခံရသည့်အဖြစ်မျိုးလည်း ကြုံတွေ့နေရတက်သည်ဟု သိရသည်။

ယင်းသို့ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုမျိုးနှင့် တွေ့ကြုံလာသည့် အချိန်မျိုးတွေ အားကိုးရာမယ့် တိုင်ကြားမည့် ဌာနမည်ကာ မရှိသဖြင့် သူတို့အတွက် ကာကွယ်ပေးနိုင်မည့် အခွင့်အရေးလေးတွေလိုချင်သည်ဟု မသန္တာက ပြောသည်။

မိန်းမလိင်လုပ်သားတွေဟာ ရန်ကုန်မြို့ရဲ့အင်းလျားကန် ပြည်လမ်းမပေါ်မှာတင် အယောက်(၃၀)(၄၀) ခန့် ရှိနေပြီး၊ ပန်းဆိုးတန်း၊ လမ်းလေး လမ်းများနှင့် မင်္ဂလာဈေးနားတွေ သာမက တခြား KTV ၊ အနှိပ်ခန်းများတွင် အလုပ်လုပ်ကိုင်နေသည့် ပြည့်တန်ဆာလိင်လုပ်သားများသည် ရန်ကုန်မြို့တွင်းတွင် အယောက် (၃၀၀၀)ကျော် ရှိသည်ဟူ၍လည်း သိရသည်။

ယင်းသို့ ရန်ကုန်မြို့တွင်းတွင် ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် လွတ်လပ်စွာ လုပ်ကိုင်ခွင့်ကို လိုလား လာကြသည်ကို မင်္ဂလာဈေးနီးရှိ မိန်းမလိင်လုပ်သား (၃၀)ကျော်၏ ခေါင်းဆောင်က ပြောသည်။

“တခြားနိုင်ငံတွေမှာ တရားဝင်လုပ်နေကြပေမဲ့ ဒီမှာတော့ တရားမ၀င်လုပ်ကိုင်နေရပါတယ်၊ ဒါပေမဲ့ သူတို့တွေလည်း သိကြပါတယ်၊ ရဲတွေကို ကျွန်မတို့ အလုပ်အတွက် တစ်နေ့ ပိုက်ဆံတစ်သိန်းလောက် ပေးနေရတယ်။” ဟု ၎င်း ခေါင်းဆောင်ဖြစ်သူ သက်လက်ပိုင်း အရွယ်အမျိုးသားတစ်ယောက်က ပြောသည်။

နိုင်ငံတော်မှလည်း လိင်လုပ်သားများ ပပျောက်စေရန်အတွက် လွန်ခဲ့သော ၁၉၄၉ ခုနှစ်က ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေကို ပြဌာန်းခဲ့ပါသည်။

ယခင်က လိင်လုပ်သားများကို တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ်ချမှတ်နိုင်ခဲ့ပြီး ယခုအချိန်တွင်မူ (၃) နှစ်ထက်မပိုသည့် ထောင်ဒဏ်ချမှတ်ကြောင်း သိရသည်။

အချို့လိင်လုပ်သားများသည် ယင်းလုပ်ငန်းများ၌ မပျော်မွေ့သော်လည်း အိမ်ထောင်ဦးစီးကဲ့သို့ တာဝန်ယူ ထားရသဖြင့် မိသားစု စားဝတ်နေရေးလောက်ငှနိုင်ရန် လုပ်နေရခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့ တစ်ညကို အနည်းဆုံး နှစ်ယောက်လောက်နဲ့ အိပ်ရတယ်။ တစ်ယောက်နဲ့ဝင်ရင် ခေါင်းက၆၀၀၀ ပေးတယ် ၊ နှစ်ယောက်ဆိုတော့ တစ်သောင်းကျော်တော့ ရတယ်။” ဟု မင်္ဂလာဈေးအနီးရှိ လိင်လုပ် သားလုပ်ကိုင်နေသူ မငယ်က ညည်းညူစွာ ပြောဆိုနေသည်။ သူမမှာ လေဖြတ်နေသည့် မိခင်နှင့် ကလေးတစ် ယောက်အား ရှာဖွေကျွေးမွေးနေရသူ ဖြစ်သည်။

မြန်မာပြည်အနေဖြင့် မိန်းမလိင်လုပ်သားများအတွက် ပြဌာန်းထားသောအက်ဥပဒေအား ပြောင်းလဲရန်အတွက်လွှတ်တော်တွင်း၌ မိန်းမအရေအတွက် အားနည်းနေသေးတာကြောင့် ဆွေးနွေးနိုင်ရန်မဖြစ်နိုင်သေးကြောင်းကို အင်ဂျန်းယန်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူကပြောသည်။

“ အဲ့ဥပဒေပြောင်းလဲဖို့ဆိုတာကတော့ မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ အားလုံးအေးဆေးဖြစ်သွားရင်တော့ ဆွေးနွေးနိုင်ပါလိမ့်မယ်” ဟု ဒေါ်ဒွဲဘူက ဆက်ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် မိန်းမလိင်လုပ်သားများအခွင့်အရေးအတွက်မူ ဘာသာရေးနှင့် ယဉ်ကျေးမှုများကြောင့်ဖြစ်နိုင်ရန် ခက်ခဲနိုင်ကြောင်းကိုလည်းကိုလည်း သိရသည်။

အိမ်နီးနားချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံမူ မိန်းမ၊ ယောက်ျား လိင်လုပ်သားများအတွက် အခွင့်အရေးများ ပေးထားပြီး ထိုအလုပ်ကိုလုပ်ကိုင်ကျသူများမှာလည်း မွန်မြတ်သောအလုပ်အဖြစ် ဂုဏ်ယူလျက်ရှိကြကြောင်း ကိုလည်း သိရသည်။

ပြည်သူ့လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်းမှလည်းလိင်လုပ်သားများအားကျန်းမာရေးစောင့်ရှောက်မှုအပြည့်အ၀ ပေးသင့်ကြောင်းထောက်ပြ ပြောဆိုသည်။

``သူတို့ကိုလိုင်စင်တွေချပေးလိုက်မယ်ဆိုရင် မြန်မာ့ယဉ်ကျေးမှုနဲ့ကိုက်ညီပါ့မလားဆိုတော့ လူတွေကမြန်မာ့ယဉ်ကျေးမှု မြန်မာ့ ယဉ်ကျေး မှုနဲ့သာ ပြောနေကြတာလေ၊ အခုဆိုရင် ယဉ်ကျေးမှုက ပေါင်းစုံဝင်လာနေကြတာအဘက်ဘက်ကစဉ်းစားပြီးတော့ အကျိုးရှိမယ်ဆိုရင် လိုင်စင်တွေချပေးသင့်တယ်´´ဟု ဒေါ်ဖြူဖြူသင်းကဆက်လက်ပြောသည်။

မြန်မာလိင်လုပ်သားများကွန်ရက်က ဥက္ကဌ ဒေါ်နှင်းနှင်းယု လည်း မြန်မာနိုင်ငံရှိ လိင်လုပ်သားများအားလူ့အခွင့်အရေးများကိုတန်းတူ ရစေချင်ကြောင်းကိုလည်း ပြောခဲ့သည်။

“Human Right တဲ့ သူတို့လည်းရသင့်တာပေါ့လေ ပိုပြီးတော့ ထူးခြားပြီးတော့တော့ မလိုချင်ပါဘူးအခုလက်ရှိရှိနေတဲ့ လူအခွင့်အရေးပါလို့ ပြောတဲ့ လူအခွင့်အရေးတွေနဲ့ တန်းတူရစေချင်တယ်။”ဟု သူမက ဆိုသည်။

လိင်လုပ်သားများအားဖမ်းဆီးနိုင်သော ပုဒ်မ ၃(ခ) မှာ ဧည့်သည့်နှင့်တွဲလျက်တွေ့မှ ဖမ်းဆီးနိုင်သော်လည်း ၎င်းတို့ ဧည့်သည်ရှာနေ ချိန် လမ်းသွားချိန်များတွင်လည်း ဖမ်းဆီးမှုများရှိနေသောကြောင့် အဆိုပါ ဥပဒေများကို ပြင်ဆင်လိုကြောင်း သိရသည်။

အင်းလျားကန်တ၀ိုက်မှ လိင်လုပ်သား ဒေါ်သန္တာကတော့ သူမသည် အသက်အရွယ်ရလာပြီး အခြားအလုပ်များ မလုပ်နိုင်တော့သဖြင့် လိင်လုပ်သားအဖြစ်သာ ဆက်လုပ်မည်ဖြစ်ကြောင်း ပြောသည်။

“ကျွန်မကတော့ ဒီလောကထဲမှာ ဒီတိုင်းပဲ ရပ်တည်သွားရမှာပဲ၊ ကျွန်မတို့အတွက် အခွင့်အရေးလေးတွေ ရလာရင်တော့ ၀မ်းသာမိမှာပါ။”ဟု သူမက ဆိုသည်။

ဆက်လက်၍ ပြည်လမ်းကြီးရှိနေသမျှ အနွမ်းပန်းဟု လူအများသတ်မှတ်ခံ အမျိုးသမီးလိင်လုပ်သားများအနေဖြင့်လည်း ရှာဖွေစားသောက်နေကြဦးမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...