" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

ယွန်းယွန်း မြန်မာ မင်းသမီး-၂ Yoon Yoon Myanmar Attress

အကယ်ဒမီများရှင် ဖြစ်ဖို့ပါ...ယွန်းယွန်း၂၀၁၀ အကယ်ဒမီ ပွဲတက် ဖက်ရှင်ကို ကြည့်လိုက် ရင်လည်း သူ့ရဲ့ ဖက်ရှင် ဟာ ရိုးရှင်းမှုကို ဖော်ကျူး ထားသလို ငယ်ဂုဏ်ကိုလည်း တင့်စေပါတယ်။ ဖက်ရှင်ဟာ လူကြီးတွေ ကြားက လူငယ် မိန်းကလေး တစ်ယောက် အဖြစ် ထူးခြားစွာ လှပနေပြီး အကယ်ဒမီ အထူးကဏ္ဍ ဂျာနယ် စာမျက်နှာများထက် မှာပလူပျံအောင် ရေပန်းစား ခဲ့ပါတယ်။ "ယွန်းယွန်း"တဲ့။ လူကိုတော့ အထူး မိတ်ဆက်ပေးစရာ မလိုဘူး ထင်ပါရဲ့။ အဓိက မိတ်ဆက် ပေးစရာတော့ ကျန်ဦး မယ်ထင်တယ်။ ဘာဖြစ်မယ် ထင်သလဲ။ သရုပ်ဆောင် ယွန်းယွန်း ဆိုတာ ဘယ်က စတင် မြစ်ဖျားခံခဲ့ပြီး ... ဘယ်ကို ဆက်လက်စီးဆင်းသွားမလဲ ဆိုတာပေါ့။ ဖတ်ကြည့်ရအောင် ...
အနုပညာလောကထဲကို အရင်ဆုံးရောက်ဖြစ်ခဲ့ပုံက..
အနုပညာလောကထဲကို ရောက်တာက သမီးရဲ့ အဘွား ကြောင့်ပါ။ သမီးရဲ့ အဘွားက သရုပ်ဆောင် ဒေါ်သဲနုခိုင်ပါ။ သူ့ ရဲ့ ရှုတင်ကို မေမေနဲ့ အတူလိုက် သွားရင်း၊ အဖွားတို့ ရိုက်နေတဲ့ ရှုတင်က ထုတ်လုပ်သူက သမီးကို ရုပ်ရှင် ရိုက်မလား မေးတော့ ရိုက်မယ်လို့ ပြောလိုက်တာ။ တစ်ပတ်လောက် လည်းကျရော သမီးကို ဇာတ် ကားရိုက်ဖို့ လာခေါ် တော့တာပဲ။ အဲ ဒီတုန်းကသမီးရဲ့ အသက်က ၃ နှစ် နဲ့ လေးလပဲရှိသေးတယ်။ အဲဒီတုန်း က ဦးကျော်ဟိန်းနဲ့အတူတူ ဗီဒီယို ဇာတ်ကားတွေ ဆက်တိုက်ရိုက်ဖြစ် ပြီး ခဏနားလိုက်တာ။ အသက် ၆ နှစ်လောက်ကနေစပြီး ပြန်ရိုက်တာ အခုချိန်ထိပါပဲ။
ယွန်းယွန်းရဲ့ အဘွားက ဘာတွေသင်ပေးဖြစ်လဲ။
သမီးရိုက်ပြီးသား ဇာတ် ကားတွေကြည့်ပြီးတော့ ဝေဖန် တယ်။ တစ်ခါတလေပြောပြတာရှိ ပေမယ့် အိုက်တင်ပိုင်းကိုတော့ သင် ပေးတာမရှိပါဘူး။ သမီး အိုက်တင် ပိုင်းကိုတော့ ဇာတ်ကားရိုက်ရင်းနဲ့ ပဲ သင်ဖြစ်သွားတာပါ။ သမီးထက် ကြီးတဲ့ သရုပ်ဆောင်တွေ၊ ဒါရိုက် တာတွေက တစ်ဆင့် သင်ယူဖြစ် တာပါ။ သက်သက်ကြီးသင်ယူဖြစ် တာတော့ မရှိပါဘူး။ ဒရာမာကား ရိုက်တဲ့အခါကျရင် မျက်ရည်ကျရ မယ့် ဇာတ်ဝင်ခန်းတွေအတွက်ဆို ရင် ဇာတ်ကောင်သရုပ်ကို အပြင် မှာ တကယ်ဖြစ်ခဲ့ရင်ဆိုတဲ့ စိတ်နဲ့ သရုပ်ဆောင်ခဲ့သလို တချို့ ဒိုင်ယာ လော့ခ်တွေကျတော့လည်း ပြော ရင်းပြောရင်းနဲ့ ဝမ်းနည်းမိပြီး မျက်ရည် ကျမိခဲ့တာမျိုးလည်း ရှိခဲ့ပါတယ်။
ကလေးသရုပ်ဆောင်က နေ အောင်မြင်တဲ့ ခေါင်းဆောင် မင်းသမီးတစ်ယောက်အနေနဲ့ ရပ် တည်သွား တာနည်းတာကိုတွေ့ရ ပါတယ်။ ယွန်းယွန်းကရော ကလေး သရုပ် ဆောင်အနေနဲ့ပဲလုပ်ဖြစ် တော့မှာလား..။
ခေါင်းဆောင်မင်းသမီး အဖြစ်လုပ်ချင်ပါတယ်။ အခုချိန်ထိ ပရိသတ်တွေကလည်း အားပေးနေ သလို သမီးနဲ့လိုက်မယ့် ကာရိုက် တာတွေကလည်းလာခေါ်နေတော့ အခုချိန်ထိတော့ ကလေးသရုပ် ဆောင်အဖြစ်တော့ ရိုက်ဖြစ်နေ တုန်းပါ။ ကြီးလာရင်တော့ မင်းသမီး ပြန်လုပ်ချင်တဲ့စိတ်ရှိပါတယ်။ ပရိ သတ်ကလည်းအားပေးမယ်၊ ဒီ အနုပညာ လောကထဲကို ပြန်ဝင်ဖို့ အဆင်ပြေ မယ်ဆိုရင်တော့ မင်း သမီးလုပ်ဖြစ်မယ်ထင်ပါတယ်။
ကလေးသရုပ်ဆောင်က နေ ခေါင်းဆောင်မင်းသမီးအဖြစ် မရိုက်မီစပ်ကြား ခဏရပ်သွားဖို့ရှိ လား။
အဲဒါကတော့ သမီးပြော လို့မရသေးဘူး။ အရင်တုန်းက လိုဇာတ်ကားတွေအများကြီး ရိုက်ဖြစ်တော့မှာမဟုတ်တော့ဘူး။ ဒါပေမဲ့ ကိုယ်နဲ့လိုက်မယ့် ကြော်ငြာ လေးတွေ၊ ဇာတ်ကားလေးတွေရှိ ရင်တော့ ရိုက်ဖြစ်ဦးမယ်ထင်ပါ တယ်။ အဲဒီလိုမျိုး မရှိတော့ဘူးထင် ရင်တော့ နားပြီးမှ မင်းသမီးပြန်လုပ် ဖြစ်မယ်ထင်ပါတယ်။ ဒါပေမဲ့ ဆယ် တန်းရောက်ရင်တော့ နားဖြစ်မယ် ထင်ပါတယ်။
ပညာရေးနဲ့ အနုပညာကို ဘယ်လိုအချိန်ယူပြီးလုပ်ဆောင်ခဲ့ ပါသလဲ။
ပညာရေးကတော့ ကျောင်းမှာ စာကိုသေချာလုပ် တယ်။ သမီးအတွက်အချိန်ဆိုတာ နည်းတယ်လေ။ အချိန်နည်းနည်း လေးမှာ ဖိဖိစီးစီးလုပ်တယ်။ ရုပ်ရှင် ရိုက်တော့လည်း တကယ်စိတ်နှစ်ပြီး လုပ်ဖြစ်တယ်။ ဘယ်အရာရာပဲလုပ် လုပ် လုပ်နေတဲ့အချိန်အတွင်းမှာ သေသေချာချာစိတ်နှစ်ပြီးလုပ်ဖြစ် ပါတယ်။
ကလေးသရုပ်ဆောင်က နေ ခေါင်းဆောင်မင်းသမီးလုပ် တော့မယ်ဆိုတော့ ဘာတွေပြင်ဆင် ထားပြီးပြီလဲ။
အခုလောလောဆယ် တော့ ပြင်ဆင်ထားတာမျိုးမရှိသေး ပါဘူး။ ဒါပေမဲ့ တကယ်လုပ်ဖြစ် တော့မယ်ဆိုရင်တော့ ကားမောင်း တာတို့၊ ရေကူးသင်တာတို့၊ Speaking သင်တာတို့ ကိုယ်မသိတာတွေ ကို သင်ယူရဦးမယ်။ မင်းသမီးလုပ် တဲ့အခါ အထောက်အကူဖြစ် အောင်လို့ပါ။
အခုကော ခေါင်းဆောင် မင်းသမီးအဖြစ်ကမ်းလှမ်းထားတာ မျိုးရှိလား။
မင်းသမီးအဖြစ်တင်ရိုက် မယ်ဆိုပြီးထုတ်လုပ်ရေးတွေပြော ထားတာမျိုးတွေရှိပါတယ်။ မင်းသ မီးအဖြစ်တင်မယ်၊ သူတို့ထုတ်လုပ် ရေးနဲ့ စရိုက်ဖို့ပြောထားတာမျိုး တော့ရှိပါတယ်။ ဒါပေမဲ့ လက်ခံ ထားပြီး အတည်တကျပြောထား တာမျိုးတော့ မရှိပါဘူး။
ခေါင်းဆောင်မင်းသမီး အဖြစ်ကမ်းလှမ်းထားတဲ့ ထုတ်လုပ် ရေးက..
ထားဝယ်ထုတ်လုပ်ရေး၊ ဒါရိုက်တာမကြည်ဖြူသျှင်တို့ ပြော ထားတာမျိုးရှိပါတယ်။
ထုတ်လုပ်ရေးတွေက လည်း ကမ်းလှမ်းလာပြီဆိုတော့ ဘယ်အချိန်ကျရင် မင်းသမီးလုပ် ဖြစ်မှာပါလဲ။
ပရိသတ်ကလည်းလက်ခံ လို့ အဆင်ပြေမယ်။ သမီးဘက်က လည်း အဆင်ပြေမယ်လို့ထင်ရင် လုပ်ဖြစ်မယ်ထင်တယ်။ သမီးက ဒီ လောကထဲမှာနေရတာပျော်တယ်။ သရုပ်ဆောင်အလုပ်မှမဟုတ်ပါဘူး။ ဇာတ်လမ်း၊ ဇာတ်ညွှန်းရေးတာတို့၊ ဒါရိုက်တာလုပ်တာ၊ ထုတ်လုပ်သူ လုပ်တာတို့ အကုန်လုံးစိတ်ဝင်စား တဲ့အတွက် အနုပညာလောထဲမှာ အကြာကြီးရပ်တည်နေဦးမှာပါ။
အခုခေတ် လူငယ်တစ် ယောက်အနေနဲ့ ဘယ်လို အတတ် ပညာပိုင်းတွေကို စိတ်ဝင်စားပါသ လဲ။
သီချင်းနားထောင်တယ်။ စာဖတ်တယ်။ တီဗွီဇာတ်လမ်းကြည့် ရတာလည်း ဝါသနာပါတယ်။ ဒါပေမဲ့ သမီးက စာဖတ်ရတာပိုပြီး ဝါသနာပါတဲ့အတွက် အိမ်မှာ စာ အုပ်တွေဝယ်ပြီးစုထားတာရှိတယ်။ အားလပ်ချိန်တွေကျရင် စာတွေ ထိုင်ဖတ်ဖြစ်တယ်။
ယွန်းယွန်းရဲ့ လက်ဦးဆ ရာက ဘယ်သူဖြစ်မှာလဲ။
ဦးကျော်ဟိန်းပါ။ သူနဲ့ စရိုက်တော့ သမီးက ကလေး အရွယ်ပဲရှိသေးတော့ အများကြီး သင်ပေးတာမျိုးတော့မရှိခဲ့ပါဘူး။ အိုက်တင်ပိုင်းလောက်ပဲ မျက်နှာ ဘယ်လိုထားရမယ်၊ ဦးပြောရင် ခေါင်းညိတ်ရမယ်။ ဒါလေးကျွေး ရင်စားရင်မယ်၊ အဲဒါမျိုးလေး လောက်ပဲသင်ပေးခဲ့တယ်။ အသေး စိတ်တော့ သင်ပေးခဲ့တာမျိုးမရှိခဲ့ပါ ဘူး။
မင်းသမီးဖြစ်ရင်ရော ဆံ ပင်ရှည်ဆက်ထားဦးမှာလား။
အဲဒီအခါကျရင်တော့ ပုံစံ ပြောင်းဖြစ်မယ်ထင်ပါတယ်။ ဆံပင် အရှည်ကြီးတော့ အမြဲထားဖြစ်မှာ မဟုတ်ပါဘူး။
ယွန်းယွန်းရိုက်ကူးထားတဲ့ ဇာတ်ကားတွေထဲက ဘယ်ကား ကို ပိုအကြိုက်ဆုံးလဲ။
တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ ဇာတ်ကားကိုအကြိုက်ဆုံးပဲ။ ဒါရိုက် တာဦးနေပိုင် ရိုက်တာပါ။ မနဝရတ် ငယ်ဘဝ နှစ်ကိုယ်ခွဲသရုပ်ဆောင် ထားတယ်။ တစ်ခါမှ သရုပ် မ ဆောင်ဖူးတဲ့ပုံစံလေးပါ။ နောက် တစ်ကားက ဦးဝိုင်းနဲ့ ရိုက်ထားတဲ့ စေတန်ရဲ့ကချေသည် ဇာတ်ကား မှာ အရမ်းအနိုင်ကျင့်ခံရတဲ့ ကောင် မလေးနေရာကနေ သရုပ်ဆောင် ထားတာ။ ဇာတ်ကားနှစ်ကားစလုံး ကြိုက်တယ်။ ကလေးသရုပ်ဆောင် ဆိုတော့ကာရိုက်တာတော့ အရမ်းမစုံသေးပါဘူး။ ဒါပေမဲ့ တော်တော်များများတော့ ရိုက်ဖူးပါ တယ်။ မင်းသမီးအငယ်ခန်းတို့၊ ညီ မခန်းတို့ကို ရိုက်ဖူးပါတယ်။
ရိုက်ဖူးသမျှဇာတ်ကားတွေ ထဲက အခက်ဆုံး ကာရိုက်တာဆိုရင် ရော..။
ရိုက်ခဲ့ဖူးသမျှကားတွေထဲ က ကာရိုက်တာဆိုရင် ပိုလီယို ကာ ရိုက်တာ အခက်ဆုံးပဲ။ တစ်ခါမှ လည်းမလုပ်ဖူးဘူး။ စကားပြောရ တာကအစခက်တာ။ အဲဒီတုန်းက ကာရိုက်တာကိုတော့ အပြင်မှာ တော့ မကြည့်ဖူးဘူး။ ဒါပေမဲ့ သံ ချောင်းဆိုတဲ့ ဇာတ်ကားကိုကြည့် ဖူးတယ်။ သူ့ပုံစံအတိုင်းလိုက်လုပ် တာတော့ မဟုတ်ပါဘူး။ ဦးကုသိုလ် ကလည်း သင်ပေးသလို မခိုင်သင်း ကြည်ကလည်း နမူနာလုပ်ပြတာကို ကြည့်ပြီး ကြိုးစားလုပ်ခဲ့ရပါတယ်။
ယွန်းယွန်းအားအကျဆုံး ပုဂ္ဂိုလ်က..။
သမီးအားအကျဆုံး ပုဂ္ဂိုလ် က ဆယ်လီနာဂိုးမက်စ်ပါ။ သူ့လို လည်းဖြစ်ချင်တယ်။
ပညာရေးဘက်က ရည် မှန်းချက်က...
ဆယ်တန်းမှာ အမှတ် ကောင်းကောင်းနဲ့ အောင်ပြီး ဘွဲ့ရ ပညာတတ်တစ်ယောက်ဖြစ်ရမယ်။ အင်္ဂလိပ်စာလည်းကျွမ်းကျင်ရမှာ ပေါ့။ ဒါပေမဲ့ သမီးရဲ့ ပန်းတိုင်က ရုပ်ရှင် မင်းသမီး ဖြစ်ဖို့ပါ။ အနုပညာ ဘက်မှာ အမြင့်ဆုံး မှန်းထားတာက တော့ အကယ်ဒမီများရှင်အဖြစ် မှန်းထားပါတယ်။
ယွန်းယွန်းကိုချစ်တဲ့ 8 DAYSပရိသတ်အတွက် နှုတ် ဆက်စကားလေးပြောပေးပါဦး။
သမီးရဲ့ အင်တာဗျူးလေး ကို ဖတ်ပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ သမီးကို ယ နေ့ထိ ကလေးသရုပ်ဆောင်ပေမယ့် လျစ်လျူမရှုဘဲနဲ့ သတိထားပြီး အား ပေးတဲ့အတွက် ကျေးဇူးတင်ပါ တယ်။ ပရိသတ်အားပေးမှုကြောင့် သရုပ်ဆောင်လောကမှာ ဒီလောက် ထိ အောင်မြင်ခဲ့တာပါ။ ပရိသတ် အားလုံးစိတ်ချမ်းသာ ကိုယ်ချမ်းသာ ပါစေ။ သမီးဆက်လုပ်သွားမယ့် အနုပညာတွေကို ဆက်လက်ဝေ ဖန်ပါဦးလို့ပြောချင်ပါတယ်။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...