
သမီးကို ကလေးလိုရော၊ လူကြီးလိုပါ Character နှစ်မျိုးတွဲမြင်တဲ့ အပေါ် ဘယ်လိုသုံးသပ်မိလဲ။
သမီးကတော့ သမီးရဲ့အိုက်တင်တွေကို သေသေချာချာကြီးမကြည့်ဖြစ်ဘူး။ ဒါပေမဲ့ အဲလိုဖြစ်နေတယ်ဆိုတော့လည်း ကောင်းမယ် လို့တော့ထင်ပါတယ်။ သမီးကတော့ လူကြီးအိုက်တင်သရုပ်ဆောင်တာ ဝါသနာမပါဘူး။ ကိုယ်က ကလေးဆိုတော့ ပင်ကိုယ်ကလေး ပုံစံနဲ့ပဲသရုပ်ဆောင်ချင်တယ်။ အတင်းကာရောကြီးမလုပ်ဘဲ ပေါ့ပေါ့လေးပါပဲ။ တချို့ တွေက heavy ကြီးလုပ်လို့ရှိရင် မကြိုက်ချင်ကြဘူးလေ။
သမီး အခု အသက်ဘယ်လောက် ရှိပြီလဲ။ တက်နေတဲ့ကျောင်းမှာ ဘယ်နှတန်းရောက်ပြီလဲ။
အခု (၉)နှစ်နဲ့ (၉)လ ရှိပါပြီ။ အတန်းက (၄)တန်း။ ကျောင်းကတော့ အထက(၃)၊ ဗိုလ်တထောင်၊ ရေကျော်နားမှာပါ။
ကျောင်းလည်းတက်ရ၊ ကားရိုက်လည်း ရှိလာပြီဆို ဘယ်လို အချိန်ပေးလုပ်လဲ၊
ကျောင်းဆင်းမှ တစ်ခါတလေ ကားရိုက်တာရှိတယ်။ တကယ်လို့ အရမ်း အရေးကြီးရင် တစ်ခါတလေ ခွင့်ယူရတယ်။ ဆရာမတွေကလည်း နားလည်ပေးကြတယ်။ သမီးကို ဆရာမကြီးက သိတော့ ဆရာတွေက ဘာမှတော့ မပြောကြဘူးပေါ့နော်။ အတတ်နိုင်ဆုံးတော့ ကျောင်းခေါ်ချိန် ပြည့်အောင်တော့ တက်တယ်။ တစ်ခါတလေ စနေ၊ တနင်္ဂနွေမှာ ရွေးရိုက်ပေးတဲ့လူလည်း ရှိပါတယ်။
ဘွားဘွား သဲနုခိုင်ကရော သမီးကို ဘာတွေလုပ်ပေးလဲ။
ဘွားဘွားကြီးက သင်တော့ သင်ပေးပါတယ်။ ဘယ်အခန်းလေးမှာ ဘယ်လိုလုပ်လိုက်ပေါ့ဆိုပြီး ပြောပေးပါတယ်။ ဒါပေမဲ့ ဘွားဘွားကြီးက ရှုတင် သိပ်မလိုက်လာဘူးလေ။ သူက အိမ်ကနေပဲ သင်ပေးတယ်။ သမီးကားတွေ ထွက်လာရင် အဲ့ဒီနေရာမှာ ဟိုဟာလေး လုပ်လိုက်ရင် ကောင်းမယ်၊ ဒီလိုလေး လုပ်လိုက်ရင်ကောင်းမယ် ဆိုပြီး အကြံဥာဏ်တွေပေးတယ်။
သူငယ်ချင်းတွေက သမီးသရုပ်ဆောင်တဲ့ ဟာတွေကို သိလား။
သိကြတယ်။ တစ်ကားထွက်တိုင်း တစ်ကား အမြဲတမ်း ပြောပြကြတယ်။ အဲ့ဒီအခန်းလေးမှာ ကောင်းတယ်။ ဆရာမတွေကအစ အကုန်လုံး စိတ်ဝင်စားကြပါတယ်။ သမီးကို ကျောင်းမှာ မင်းသမီးလေးလို့ ခေါ်ကြတယ်။
သူငယ်ချင်းတွေက ကောင်းတာပြောတာ များလား။ ဆိုးတာပြောတာ များလား။
ကောင်းတာပြောတာများပါတယ်။ ချစ်ကြတဲ့လူတွေက များတော့လေ။
ဆံပင်အရှည်ကို ဘယ်အချိန်က စထားတာလဲ။
သမီး(၃)နှစ်တုန်းက သီလရှင်တစ်ခါဝတ်ပြီးတည်းကထားတာ။ ထားမယ်ဆို ခြေသလုံးလောက် ရောက်နေပြီ။ (၅)နှစ်ကို ဒီလောက်လောက်တော့ ရှိနေပြီ။ အမေက ခါးကျော်ရင် ဖြတ်ဖြတ်ပစ်တာ။
သမီးအခု ဘာတွေရိုက်နေလဲ။
ကြယ်စင်မော်ကွန်း ရုပ်ရှင်ဇာတ်ကား ရိုက်နေတယ်။ ချမ်းမြေ့ပါစေကားလည်း ချိတ်ထားတယ်။
နာမည်အပြည့်အစုံကဘာလဲ။
ယွန်းသဒ္ဒါအောင်။ ယွန်းယွန်းလိုပဲ အတိုခေါ်ကြတယ်။ သမီးရဲ့ ဖုန်းနံပါတ်က (ဝ၉- SKB
No comments:
Post a Comment
အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com