ဖွေးဖွေးက  ဒါရိုက်တာညွန့်မြန်မာညီညီအောင် ရိုက်ကူးတဲ့ “မလည်ရှုပ်” ဇာတ်ကားကို  ရဲအောင်၊မင်းဦး၊ရန်ကျော်၊အောင်ရဲလင်းနဲ့ တခြားဇာတ်ပို့ဇာတ်ရန် များစွာနဲ့  ရိုက်ကူးနေပါတယ်။ ဒီဇာတ်ကားက ဖန်စီ ဇာတ်ကားဖြစ်ပြီး  ခေတ်ဆန်တဲ့ကောင်မလေးအဖြစ် သရုပ် ဆောင်ရမှာဖြစ်ကြောင်း၊ ဖက်ရှင်အနေနဲ့  အမွေးဖွားဖွား လေးတွေ ပါတာမျိုး ဝတ်ဆင်ထားကြောင်း ဖွေးဖွေးက ပြောပါတယ်။  လတ်တလောမှာထွက်နေတဲ့ ဒါရိုက်တာ ဝိုင်းရိုက်ကူးတဲ့  “ဆိုက်ကိုဆော့ဖ်ဝဲ”ဇာတ်ကားလေးကို ပရိသတ်တွေ ကြိုက်နှစ်သက်ကြပါတယ်။  ဒီဇာတ်ကား လေးကို ဖွေးဖွေးကိုယ်တိုင်လည်း ကြိုက်ပြီး ရိုက်ကူး တုန်းက  အမှတ်တရတွေနဲ့ ပတ်သက်လို့ ဖွေးဖွေး က…”အဲဒီဇာတ်ကားကို ကြိုက်တဲ့လူတွေလည်း  ကြိုက်ကြတယ်။ တချို့ကျတော့လည်း နောက်တစ် ခေါက်လောက်ပြန်ကြည့်မှ  နားလည်တယ်လို့ ပြောကြ တယ်။ အဲဒီဇာတ်ကားမှာတုန်းက ဆံပင်အတိုလေးနဲ့ပဲ။  အမှတ်တရကတော့ သတို့သမီးဝတ်စုံကြီးကို မင်္ဂလာမဆောင်ဘဲနဲ့ ဝတ်လိုက်ရတယ်။  ကန်ပေါင်ပေါ်မှာပြေးတဲ့အခန်းတွေ လည်းပါတယ်။ မိုးရာသီ လည်း ဖြစ် နေတော့  ပေမှာစိုးလို့ တစ်ခါ တည်း ဝယ်လိုက်ရတယ်” လို့ ပြောပါတယ်။ ဗီဒီယိုဇာတ်  ကားတွေကို ပုံမှန်ရိုက်ကူးနေ မှာ ဖြစ်ပြီး ၈လပိုင်းမှာတော့ ဒါရိုက်တာဝိုင်း  နဲ့ ဝိညာဉ် ဇာတ်လမ်းရုပ်ရှင်ဇာတ်ကား ကြီးတစ်ကား ရိုက်ကူးမှာဖြစ်ပြီး  စိုင်းစိုင်းခမ်းလှိုင်နဲ့ သရုပ် ဆောင်မှာဖြစ်ကြောင်း သိရပါတယ်။ ရုပ်ရှင်  ဇာတ်ကား ကြီးလည်းဖြစ်၊ ဝိညာဉ်ဇာတ်ကားလည်းဖြစ်တဲ့အတွက် အခုကတည်းက ပိုပြီး  စိတ်လှုပ်ရှားနေမိကြောင်း ဖွေးဖွေးက ပြောပါတယ်။ ဖေဖော်ဝါရီလ ၁၄ရက်နေ့   ချစ်သူ များနေ့မှာ ဖွေးဖွေးက တစ်နေကုန် ရိုက်ကွင်းပေါ်မှာပဲ ရှိနေခဲ့ပြီး  ပရိသတ်တွေပို့ ပေးတဲ့ ချောကလက်တွေပဲ စားခဲ့ရကြောင်း ဖွေးဖွေးက ပြောပါတယ်။  ဖေဖော်ဝါရီ ၁၄ရက် နေ့မှာ အပြင်ကိုထွက်ပြီး လျှောက်သွားချင်တယ်လို့ပြောတဲ့  ဖွေးဖွေးက…”အမှန်အတိုင်းပြောရရင် အဲဒီနေ့မှာ အပြင်တွေ လိုက်  လျှောက်ကြည့်ချင်တယ်။ အိမ်က အဲဒီနေ့မှာ အပြင်ပေး မထွက်ဘူး။ တခြားနေ့တွေတော့  ထွက်လို့ရပါတယ်။ ဖွေးဖွေး က အဲဒီနေ့မှာ အတွဲတွေဘယ်လိုပျော်ကြသလဲ၊  ဘယ်နားတွေ သွားကြသလဲ၊ စတိတ်ရှိုးတွေဆို လည်း သွားကြည့်ချင်တယ်။ အဲဒီနေ့ကို  တအားထွက်ချင်တယ်။ အခုထိ မထွက်ရသေးဘူး။ ပရိသတ်တွေ လွတ်လွတ်လပ်လပ်နဲ့  ပျော်ရွှင်စရာဘဝတွေ ရနိုင်ကြပါစေ” လို့ ဖေဖော်ဝါရီ၁၄ရက်မှာ သူ့ရဲ့စိတ်ကူး  အတိုင်း မပျော်ခဲ့ရတဲ့ ဖွေးဖွေးက ပရိသတ်ကို ဆုတောင်း စကားပြောခဲ့ပါတယ်။ခိုင်ဝေလွင်
No comments:
Post a Comment
အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com