" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

သုမောင် ကွယ်လွန် ရုပ်ရှင် မင်းသား Myanmar Actor Thu Maung


သရုပ်ဆောင်၊ အဆိုတော်၊ စာရေးဆရာ အကယ်ဒမီ သုမောင်သည် (၉၊၅၊၂ဝ၁ဝ)ရက်၊ ည(၉)နာရီတွင် ရန်ကုန်မြို့၊ သုခကမ္ဘာ ဆေးခန်းတွင် အသက်(၆ဝ) အရွယ်၌ ကွယ်လွန် သွားခဲ့သည်။ အကယ်ဒမီသုမောင်သည် သရုပ်ဆောင်၊ စာရေးဆရာ၊ ဒါရိုက်တာ သာဓုနှင့် ဒေါ်ခင်ညိုတို့၏ ဒုတိယမြောက် သားဖြစ်ပြီး စာရေးဆရာ၊ ဒါရိုက်တာ မောင်ဝဏ္ဏ၏ညီ၊ စာရေးဆရာမင်းလူ၊ သရုပ်ဆောင်ရူပ၊ ဒါရိုက်တာ အာယုတို့၏ အစ်ကိုဖြစ်သည်။ အကယ်ဒမီ သုမောင်သည် (၁၉၉ဝ)ပြည့်နှစ်က အစ်ကိုဖြစ်သူ ဒါရိုက်တာမောင်ဝဏ္ဏ ရိုက်ကူးသည့် ခုနှစ်စဉ်အလွမ်း ဇာတ်ကားဖြင့် အကယ်ဒမီ ရရှိခဲ့သူဖြစ်သည်။ အကယ်ဒမီ သုမောင်၏ ထင်ရှားသော ဇာတ်ကားများမှာ နှောင်းတမြေ့မြေ့သည် ပရိသတ်ရင်ထဲ သုမောင်ဟူ၍ စွဲထင်စေခဲ့သည့် ဇာတ်ကားဖြစ်သည်။ သည့်အပြင် ချစ်စံနမူနှင့် အကြင်တို့ လင်မယား ဇာတ်ကားသည် ပရိသတ်များကြားတွင် ပိုမိုငြိတွယ်ခဲ့သည့် သဘာဝသရုပ်ဆောင် မင်းသားတစ်ယောက် ဖြစ်ခဲ့သည်။ ကွယ်လွန်သည့် အချိန်အထိ ရုပ်ရှင်ဇာတ်ကားပေါင်း (၄ဝ)ကျော်ကို ရိုက်ကူးခဲ့သည့် အကယ်ဒမီသုမောင်၏ ပထမဆုံးရေးခဲ့သည့် ဝတ္ထုမှာ အချစ်ဟူသည့် လုံးချင်းဝတ္ထု ဖြစ်သည်။ ဍ ဝတ္ထုတိုများ၊ အချစ်နှင့် သူ၏ကိုကို၊ ကွမ်းစကား စသည့် ဝတ္ထုများသည် စာရေးဆရာ သုမောင်ဟူ၍ ပရိသတ်ကြားတွင် ထင်ရှားခဲ့လေသည်။ သည့်အပြင် ဝတ္ထုတိုများ၊ ဆောင်းပါးများ မြောက်မြားစွာကို ဂျာနယ်၊ မဂ္ဂဇင်းပေါင်း မြောက်မြားစွာတွင် ရေးသားခဲ့သူ ဖြစ်သည်။ သီချင်းဆိုရာ၌လည်း သီချင်း အပုဒ်ပေါင်း (၂ဝဝဝ)ကျော်ကို သီဆိုခဲ့သူဖြစ်သည်။ လက်ရှိတွင် အသံလွှင့်ဆောင်းပါး ဖြစ်သည့် သြော် ဒါနဲ့စကားမစပ် အသံလွှင့် ဆောင်းပါးများကို မန္တလေး FM တွင် အပတ်စဉ် ထုတ်လွှင့်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်အေးအေးမေနှင့် သားသမီးများဖြစ်ကြသည့် မစိုးအိမ်သူ၊ သရုပ်ဆောင် အဆိုတော် ဖိုးသောကြာ၊ ထိန်ထိန်သာ၊ ထိပ်ထားခင်တို့ ကျန်ရစ်ခဲ့သည်။ အကယ်ဒမီသုမောင်၏ ဈာပနကို (၂ဝ၊၅၊၂ဝ၁ဝ)ရက်၊ နံနက် (၁ဝ)နာရီတွင် ရန်ကုန်မြို့၊ ရေဝေးသုသာန်၌ ပို့ဆောင် မီးသင်္ဂြိုလ်ခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...