" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

ဒေါ်စု နှင့် မွန်ပြည်နယ် လူထု Daw Aung San Su Kyi and Mon State



ဒေါ်အောင်ဆန်းစုကြည်၏ မော်လမြိုင် လူထုဟောပြောပွဲ
By Yangon Press International (Albums) · Updated 20 minutes ago

မတ်လ ၁၁ ရက်နေ့ နံနက် ဒေါ်အောင်ဆန်းစုကြည် လူထုဟောပြောပွဲကျင်းပမည့် မော်လမြိုင်မြို့နယ် ၆ မိုင်ကျေးရွာ အနီးရှိ ဘောလုံးကွင်းတွင် ရောက်ရှိနေကြသည့် လူထုပရိသတ်အား ယခုကဲ့သို့ တွေ့မြင်ရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ လူထုဟောပြောပွဲ လာရောက်နားထောင်ရန် မွန်ပြည်နယ် နယ်မြို့များမှ တက်ရောက်လာကြရာ ထိုင်းမြန်မာ နယ်စပ် ဘုရားသုံးဆူမှ လာရောက်ကြသူများလည်းအများ အပြားပါဝင်သည်ဟု ၀ိုင်ပီအိုင် သတင်းထောက်က သတင်းပေးပို့သည်။

 မော်လမြိုင်ပရိတ်သတ် ဟောပြောပွဲကျင်းပရာ ကွင်းအတွင်းသို့ရောက်ရှိနေပြီဖြစ်သည်။ မနက် ၈နာရီ၅၅မိနစ်









အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွန်ပြည်နယ်ခရီးစဉ်အတွင်း ညနေ ၄နာရီ အချိန်က သထုံ ရွှေစာရံဘုရားရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို စောင့်မျှော်နေကြသော ပြည်သူလူထုများ၊ လမ်းတစ်လျှောက် ကြိုဆိုနေကြသော မြို့ခံလူထုများ၊ ဒေါ်အောင်ဆန်းစုကြည် တည်းခိုမည့် ကမ်းနားလမ်းရှိ Strand ဟိုတယ်တွင် စောင့်ကြိုနေကြသော တိုင်းရင်းသား လူမျိုးစုများနှင့် ဟိုတယ်ရှေ့တွင် စောင့်ဆိုင်းနေကြသော မြို့ခံလူထုပုံများ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မော်လမြိုင်မြို့ကို ည ၇း၄၅ မိနစ်မှာ ရောက်ရှိပါတယ်။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...