" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

About Computer Hardware ကွန်ပျူတာ ဟာဒ်ဝဲ အကြောင်း မြန်မာ့ နည်းပညာ

ဟုတ်ကဲ့ခင်ဗျာ။ ကျနော်ကတော့ မြတ်ကိုပါ။ ဆရာဇူးလူးက အလုပ်ခန့်လိုက်လို့ ဒီနေရာမှာ အလုပ်လုပ်ဖို့ ရောက်လာတာပါ။ ကျနော် ရေးသား ဆွေးနွေးမယ့် အကြောင်းအရာကတော့ ကွန်ပြူတာ ဟာ့ဒ်ဝဲနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို အဓိကထားပြီး ဆွေနွေးသွားမှာပါ။
ဒါကြောင့် ဒီခေါင်းစဉ်လေးနဲ့ စတင်ပါ့မယ်။ ကျနော့်ထက် တော်တဲ့လူများ ရှိရင်လည်း နားလည်ပေးပါ။
ကျနော်ကတော့ ကွန်ပြူတာအကြောင်း နားမလည်သေးတဲ့ … နောက် ယခုမှ စတင်ကာ ကွန်ပြူတာ ပညာကို လေ့လာနေတဲ့ ပညာသင်တွေအတွက် ရည်ရွယ်တာပါ။ နောက် ကျနော့်ကို ဟာ့ဒ်ဝဲကိစ္စတွေနဲ့ပတ်သက်လို့လည်း အောက်မှာ ကွန်မန့် ရေးပြီး မေးမြန်းနိုင်ပါတယ်။ ကျနော် သိသလောက် အစွမ်းကုန် ဖြေပါ့မယ်။ ကဲ ပြောကြည့်မယ်နော်။ ကျနော် ရေးသားမယ့် အကြောင်းတွေက
  • ကွန်ပျူတာ ဘယ်ကနေ စတင်ပေါ်ပေါက် ဆင်းသက် လာသလဲ
  • ဟာ့ဒ်ဝဲလ် ဆိုတာ ဘာလဲ
  • ဆော့ဝဲလ် ဆိုတာ ဘာလဲ
  • ဆော့ဝဲလ်နဲ့ ဟာ့ဒ်ဝဲတို့ ဘယ်လို ချိတ်ဆက်ကာ အလုပ်လုပ်ကြလဲ
  • Case လို့ ခေါ်တဲ့ ကွန်ပြူတာ ပုံးခွံတွေကို ဘယ်လို တည်ဆောက်ထားသလဲ
  • psu လို့ ခေါ်တဲ powersupply တွေကရော ဘယ်လို အရေးပါသလဲ
  • Motherboard လို့ ခေါ်တဲ့ အဓိကဆားကစ်ပြားတွေ အကြောင်း
  • Processor လို့ ခေါ်တဲ့ cpu ဆိုတာက ဘာလဲ
  • Memory လို့ ခေါ်တဲ့ မှတ်ညဏ်တွေ ဖွဲ့ စည်းတည်ဆောက် အလုပ်လုပ်ပုံ
  • chipset လို့ ခေါ်တဲ့ cpu နဲ့ အတူအလုပ်လုပ်တဲ့ တောင်ဘက် မြောက်ဘက် ကွန်ထရိုလာတွေက ဘယ်လို အလုပ်လုပ်ကြသလဲ
  • HardDisk (ဟာ့ဒ်ဒစ်) လို့ ခေါ်တဲ့ ကွန်ပြူတာ သိုလှောင်သိမ်းဆည်းရေး ပစ္စည်းဆိုတာ ဘာလဲ
  • Optical Drive ဥပမာ (CD.VCD.DVD) များဟာ ဘယ်လို တည်ဆောက်ပြီး ဘယ်လို အလုပ်လုပ်လဲ
  • Video Card (VGA) ဆိုတာ ဘာလဲ။ ဘယ်လို အလုပ်လုပ်သလဲ
  • Monitor လို့ ခေါ်တဲ့ ရုပ်ပုံဖေါ်မှု ယူနစ်က ဘာလဲ
  • SoundCard
  • Mouse အကြောင်း
  • KeyBoard အကြောင်း
  • IOPORTS တွေ အကြောင်း
  • BIOS တွေ အကြောင်း
  • ကွန်ပြူတာ တလုံးကို ကိုယ်တိုင် အစအဆုံး တပ်ဆင်ခြင်း အကြောင်း
  • ကျနော် ကြုံတွေ့ ခဲ့ရသော မျိုးစုံသော ဟာ့ဒ်ဝဲပြဿနာတွေ
ကို ရေးသား ဆွေးနွေး သွားပါ့မယ်။ တခုချင်းစီရဲ့ အကြောင်းများကိုလည်း အပိုင်းလိုက် ရေးသားသွားမှာ ဖြစ်ပါတယ်။ ကဲ စကြရအောင် … ဆက်လက်ဖေါ်ပြပါမည် …
မြတ်ကို

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...