" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

ဖွေးဖွေး မြန်မာ မင်းသမီး Phay Phay Myanmar Attress

ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ရိုက်ကူးတဲ့ အငြိ တစ်ချက်ကြောင့် အသက် ပါနိုင်တယ် ဆိုတဲ့ ဗီဒီယို ဇာတ်ကားမှာ စိတ္တဇ ဖြစ်နေတဲ့ ကောင်မလေး အဖြစ် ဖွေးဖွေးက သရုပ်ဆောင် ထားပါတယ်။
အချစ်အတွက် ဗီလိန်ဆန်တဲ့ ဇာတ်ကောင် စရိုက်မျိုး ဖွေးဖွေးက သရုပ်ဆောင် ထားတာပါ။

ဗီလိန် ဇာတ်ရုပ်မျိုး ဘာကြောင့် သရုပ်ဆောင်တာလဲ။

အခုနောက်ပိုင်းမှာ ချစ်စရာ ကောင်းတာတို့၊ လူချစ်မယ့် ပုံစံတွေ သရုပ်ဆောင်တာ များတယ်လေ။ ဟိုဗီလိန် လုပ်တဲ့ သူက သရုပ်ဆောင် အသစ်ထဲမှာ သိပ်မရှိဘူးလေ။ ဦးမျိုးမင်းကလည်း လုပ်ကြည့်လို့ ပြောတယ်။ ဦးမျိုးမင်း ကလည်း သင်ပေးပါတယ်။ ပြောရရင် သမီးအတွက် ခက်ခဲပါတယ်။

လက်ပံ ရုပ်ရှင် ဇာတ်ကားမှာ ဖွေးဖွေး သရုပ်ဆောင် ထားတဲ့ ပုံစံက ပရိသတ်တွေ အမြင် စောင်းနိုင်တဲ့ ပုံစံမျိုး၊ အဲဒီတော့ အဲဒီလို ဂျစ်ကန်ကန် ပုံစံမျိုး ထပ်ပြီး သရုပ်ဆောင် ဦးမလား။

လက်ပံမှာ သရုပ်ဆောင်တဲ့ ဇာတ်ကောင် စရိုက်က ခဏ၊ ခဏ လုပ်လို့ ကောင်းတဲ့ ပုံစံမျိုး မဟုတ်ဘူးလေ။ ဒီတစ်ကားတည်းနဲ့တင် လုံလောက်သွားပြီ။

လက်ပံ ရုပ်ရှင် ဇာတ်ကားက ဖွေးဖွေးရဲ့ပထမဆုံး ခေါင်းဆောင် ရုပ်ရှင်ကား၊ အခက်အခဲ ဘာတွေ ကြုံရသေးလဲ။

ပြောရရင် ဒီဇာတ်ကားကို ရိုက်ရင်း နားရသေးတော့ ပြန်ရိုက်တဲ့ အခါ Mood သွင်းရတဲ့ အပိုင်း အခက်အခဲ ရှိတယ်။ ဇာတ်ကား ထွက်လာလို့ ဘယ်နေရာမှာ လိုသွားတယ်လို့ မပြောခံရရင် ရှက်စရာ ကောင်းတယ်လို့ ကိုဝိုင်းက အမြဲပြောတယ်။ အရမ်း ကြောက်သွားတော့ လက်ပံမှာ ပါတဲ့ ဇာတ်ကောင်ပုံစံ အတိုင်းပဲ နေတယ်။ စကားလည်း မပြောရဘူး။ အဲဒါကို တချို့တွေက အမြင် စောင်းတာတွေ၊ ဘာတွေရှိတယ်။ ဆက်ဆံရေး မကောင်းဘူးတို့ ဘာတို့ပေါ့။ ကားရိုက်ပြီးတဲ့ အချိန်မှာ နားလည် ပေးပါလို့ ပြောရတယ်။ လက်ပံ ပြီးသွားတဲ့ အချိန်မှာတော့ ဖွေးဖွေးပုံစံ ပြန်ဖြစ်သွားတော့ တဖြည်းဖြည်း နားလည် ကြပါတယ်။

ရိုက်ကွင်းပေါ် ရောက်ရင် ဇာတ်ကားထဲက ဇာတ်ကောင်ပုံစံ၊ အပြင်ရောက်ရင် နဂိုပုံစံ ဆိုပြီး ခွဲခြားနေလို့ မရလို့လား။

ခွဲခြားလို့တော့ ရပါတယ်။ ၀ါရင့်သွားတဲ့ သရုပ်ဆောင်တွေ ဆိုရင်ပေါ့။ ဖွေးဖွေးတို့က ကျွမ်းလည်း မကျွမ်းကျင်ဘူး ဆိုတော့ အရမ်း သိသာတယ်။ သရုပ် ဆောင်နေတဲ့ အချိန် Action နဲ့ ပြီးသွားတဲ့ အချိန် ကတ်ဆိုတဲ့ ကြားထဲမှာ တစ်မျိုး၊ အပြင် ရောက်လို့ ဟီးဟီးဟားဟား လုပ်လိုက်ရင် သရုပ်ဆောင်တဲ့ အခါပေါ့ကို ပေါ့သွားတယ်။ ဖွေးဖွေးတို့ ကျတော့ မကျွမ်း ကျင်တော့လေ။ အဲဒါကြောင့် လက်ပံက Character ဖြစ်ဖို့ အဲဒီ အတိုင်းပဲ နေလိုက်တော့တယ်။

ဖွေးဖွေး အနေနဲ့ ဇာတ်ကားတွေ ရိုက်တဲ့အခါ ကိုယ်သရုပ်ဆောင်တဲ့ ဇာတ်ကားက ဘယ်လို ပုံစံမျိုး ဖြစ်ရမယ်။ ဘယ်လို ထင်ကျန်မှု ရှိရမယ် ဆိုပြီး ရွေးရိုက်တာ လား။

ဖွေးဖွေးက ဇာတ်လမ်း၊ ဇာတ်အိမ်ခိုင်ခိုင်နဲ့ ကြည့်ရင် ဇာတ်လမ်း တစ်ဝက်လောက်မှာ ပိတ်မပစ်ချင်တဲ့ ကားမျိုးကို ရိုက်ချင်တယ်။ ဖွေးဖွေးက ၀ါရင့် သရုပ်ဆောင်လည်း မဟုတ်သေးဘူး။ ကျွမ်းလည်း မကျွမ်းကျင်သေးတဲ့ အတွက် သူများတွေထက် ပိုပြီး ဂရုစိုက် ရမယ်လို့ ထင်တယ်။ အဲဒီအတွက် ပရိသတ်က ဖွေးဖွေး ကားတွေ ကြည့်မိရင် ကောင်းတယ်လို့ မပြောရင်တောင်မှ မကောင်းဘူးလို့ မပြောစေချင်ဘူး။

ဖွေးဖွေးရဲ့မျက်နှာကြောက တင်းတယ်လို့ ပြောကြတယ်။ အဲဒီလို ပုံစံမျိုး ဇာတ်ကား ဘယ်နှကား ရိုက်ထားတာလဲ။

“တုတ်နဲ့ရိုက်လိုက်၊ ဓားနဲ့ ထိုးလိုက်နဲ့ တော်တော် များနေပြီ။ အဲဒါအခု ဟာသတွေ ပိုပြီး ရိုက်ချင်နေတယ်။ ဖွေးဖွေးကို ဒရာမာတွေမှာ သရုပ်ဆောင်ဖို့ လာ ခေါ်တာများတယ်။ မျက်နှာကြော တင်းတာက နဂိုက တည်းက မဟုတ်ဘူး။ ပြောရရင် မျက်နှာနဲ့ အလုပ် လုပ်ရတဲ့ လူမို့လို့ ဖြစ်လိမ့်မယ် ထင်တယ်။ ပြောရရင် လက်လုပ် လက်စား အလုပ် သမားတွေဆို တစ်နေကုန် အလုပ် လုပ်ပြီးရင် ခြေပစ်လက်ပစ် နားလိုက်တယ်။ ဖွေးဖွေးတို့ ကျတော့ ရယ်လိုက်၊ ငိုလိုက်နဲ့ တစ်နေကုန် လုပ်ထားတော့ ညနေကျ ရင်မောသွားရော၊ မျက်နှာက ဘာမှ မလှုပ်တော့ဘူး။ အကြော သေသွားရော၊ နားတဲ့ အချိန်မှာ မျက်နှာကို အကြော သေထားတာ (ရယ်လျက်)” လို့ ဖွေးဖွေးက ဖြေပေးပါတယ်။

ဖွေးဖွေးက လောလောဆယ်မှာ ဗီဒီယို ဇာတ်ကားတွေ ရိုက်ဖို့ ရှိသလို ဒါရိုက်တာ ၀ိုင်းနဲ့ ဒီဗီဒီ တစ်ကား ရိုက်ဖို့လည်း ရှိပါတယ်။ ဖွေးဖွေးက ဗီဒီယို ဇာတ်ကား ၇ ကားမှာ ခေါင်းဆောင် အနေနဲ့ ပါဝင် သရုပ်ဆောင် ထားပါတယ်။ ဒါရိုက်တာ မီးပွား ရိုက်ကူးတဲ့ တစ်ခါက ဆိုတဲ့ ဗီဒီယို ဇာတ်ကားမှာတော့ အေသင်ချိုဆွေနဲ့ အပြိုင် သရုပ်ဆောင် ထားပါတယ်။
ခင်လေးမြင့်
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇန်န၀ါရီလ ၂၀၁၁)

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...