မန္တလေး NLD တိုင်းရုံးကို လာရောက်ပြီး ပါတီဝင်အဖြစ် လျှောက်ထားခဲ့တဲ့ လူငယ်ရှေ့နေ ၁၉ ဦး ကို မန္တလေးတိုင်း NLD က လက်ခံခဲ့ပြီး ဒီကနေ့ သီးသန့်အခမ်းအနားတရပ်ပြုလုပ်ပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တာဝန်တွေပေးအပ်ခဲ့တယ်လို့ မန္တလေးတိုင်း NLD ပါတီ တိုင်းအောင်နိုင်ရေးကော်မီတီဝင် ရှေ့နေဦးမျိုးဆွေက အာအက်ဖ်အေကို ပြောပါတယ်။
www.nldburma.org
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံရေးသိပ္ပံ သင်တန်း။ (www.nldburma.org)
ခုလိုလျှောက်လွာ လာတင်သူတွေဟာ ဥပဒေရေးရာ သိရှိသူတွေဖြစ်တာကြောင့် လာမယ့် ဧပြီ လ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူလူထုကို ရှင်းလင်းနိုင်မယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲဥပဒေပါ မဲရုံစောင့်၊ မဲရုံမှူးတို့ရဲ့ တာဝန်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆောင်ရန် ရှောင်ရန်ကိစ္စတွေစတဲ့ ဥပဒေအချက်အလက်တွေကို အများသိရှိနားလည်လာအောင် ရှင်းလင်းဟောပြောကြဖို့ကိုလည်း တာဝန်ပေးလိုက်အပ်တယ်လို့ ဦးမျိုးဆွေက ပြောပါတယ်။
No comments:
Post a Comment
အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com