မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba တို့ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် တွေ့ဆုံဆွေးနွေးအပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။
နည်းပညာတက္ကသိုလ် ဘားအံကနေ ကြိုဆိုပါတယ်ဗျား..။ ဒီwebsite လေးထောင်ကိုရတဲ့ ရည်ရွယ်ချက်ကတော့ ကျောင်းသူ-ကျောင်းသားတိုင်း အတွက် Engineer ပညာရပ်ကို အတိုင်းအတာတစ်ခုအထိ လေ့လာနိုင်စေဖို့ အတွက်ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်းနဲ့  ထောင်ရခြင်း ဖြစ်ပါတယ်။ညီလေး-ညီမလေးတို့  ပညာတတ်တွေဖြစ်ပြီး လူတော်-လူကောင်းလေးတွေ ဖြစ်ရင် ထောင်ရကျိုးနပ်ပါပြီ။(ကျော်ထက်ဝင်း-နည်းပညာ တက္ကသိုလ် ဘားအံ နှင့် ဇွဲကပင်မြေ) email: sawya.xx@gmail.com မှတ်ချက်။ ။ ဒီ website သည် ကျော်ထက်ဝင်း၏ တစ်ဦးတည်း မူပိုင် Website ဖြစ်သည်။
မြန်မာ့ နိုင်ငံရေး မှာ ဂျပန် ကူညီမယ် Myanmar Policy Japan Help to Myanmar ဒေါ်အောင်ဆန်းစုကြည် Daw Aung San Su Kyi
အန်အယ်လ်ဒီပါတီနဲ့ ဒီကနေ့ တွေ့ဆုံတဲ့ ဂျပန်နိုင်ငံ သုံးပါတီ လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့က မြန်မာနိုင်ငံ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို စာနာထောက်ထားပြီး လိုအပ်တဲ့ အကူအညီများကို ပေးမှာဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။
ဒီကနေ့ မွန်းလွဲပိုင်းက ဂျပန်နိုင်ငံက ဒီမိုကရက်ပါတီ၊ လစ်ဘရယ် ဒီမိုကရက်ပါတီနဲ့ ဂျပန် ကွန်မြူနစ်ပါတီ သုံးပါတီက ကိုယ်စားလှယ် အဖွဲ့ဝင်များနဲ့ အန်အယ်လ်ဒီ ပါတီ ဗဟို အလုပ်အမှုဆောင်များ ဖြစ်တဲ့ ဦးဥာဏ်ဝင်း၊ ဦးအုံးကြိုင်တို့ တွေ့ဆုံပါတယ်။ ဂျပန် ကိုယ်စားလှယ် အဖွဲ့ကို လွှတ်တော် ကိုယ်စားလှယ် မစ္စတာ အိုအီရှီ (Mr. Oishii) က ဦးဆောင်ပါတယ်။ လက်ရှိ မြန်မာ့ နိုင်ငံရေး အခြေအနေတွေကို ဆွေးနွေးခဲ့ကြပြီး ဂျပန်အဖွဲ့က မြန်မာကို အကူအညီပေးဖို့ ကမ်းလှမ်းတယ်လို့ ဦးဥာဏ်ဝင်းက ပြောပြပါတယ်။ အလားတူ ဂျပန် စီးပွားရေး ဝန်ကြီး မစ္စတာ ယုကိအို အယ်ဒါ့နို (Yukio Edano) ဟာ မနက်ဖြန် မြန်မာနိုင်ငံကို ရောက်လာပါမယ်။ နေပြည်တော်ကို ပထမ သွားရောက်ပြီး အစိုးရ တာဝန်ရှိသူတွေနဲ့ စီးပွားရေး ဆိုင်ရာ အကူအညီပေးရေး ကိစ္စတွေ ဆွေးနွေးမှာပါ။ Edano ဟာ ကြာသပတေးနေ့ ညနေ ငါးနာရီမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ဒီအဖွဲ့မှာ ဂျပန် စီးပွားရေး ဝန်ကြီးနဲ့ အတူ ဟီတာချီ၊ တိုရှီဘာ၊ မစ်စုအိ၊ နစ်ပွန်း ရေနံနဲ့စွမ်းအင် ကော်ပိုရေးရှင်း၊ မာရုဘန်နီ စတဲ့ ဂျပန် ကုမ္ပဏီကြီးတွေက အကြီးအကဲတွေ လိုက်ပါလာမယ်လို့ သိရပါတယ်၊
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com