" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

မြန်မာ့ နိုင်ငံရေး စီပွါးရေး ကန့်သတ်ဆီများ တင်သွင်းခွင့် ပြုခဲ့ Myanmar Policy Economic

နှစ်ပေါင်းများစွာ လူအများစုအား တင်သွင်းခွင့် ကန့်သတ်ထားပြီး လူနည်းစုသာ တင်သွင်းခွင့်ရနေသည့် စားသုံးဆီနှင့် စက်သုံးဆီများ အား ပြန်လည်တင်သွင်းခွင့်ပြုခဲ့ခြင်း ကို ၂၀၁၁ ခုနှစ်အတွင်းထင်ရှားသည့် ဖြစ်ရပ်များအတွင်း ထည့်သွင်းဖော်ပြအပ်ပါသည်။
    စားအုန်းဆီအား လူနည်းစုမှသာ ချုပ်ကိုင်တင်သွင်းနေရာမှ ၂၀၁၁ ခုနှစ် ဧပြီလအတွင်း (အစိုးရသစ် တက်ပြီးနောက်)မှစကာ ပြည်ပ ပို့ကုန်မှရငွေ earning ရှိသူတိုင်း သတ်မှတ်ချက်အတိုင်း တင်သွင်းရန် ပြန်လည်ခွင့်ပြုပေးခဲ့သည်။
    တစ်ကြိမ်တည်း တန်ချိန် ၃၀၀၀ နှင့် အထက်တင်သွင်းနိုင်သူများကို ဧပြီလအတွင်း၌ပင် ချက်ချင်း ခွင့်ပြုပေးခဲ့ပြီး တစ်ကြိမ်တည်း တန်ချိန် ၃၀၀၀ မတင်သွင်းနိုင်သူများကို လုပ်ငန်းရှင် ၅၀ လျှင် တစ် စုဖွဲ့ကာ တင်သွင်းခွင့်ပြုခဲ့ကာ လိုင်စင်အား နေ့ချင်းပြီးချထားပေးသည့် ပုံစံဖြင့် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
    ထို့အတွက် စားသုံးသူများအ နေဖြင့် ယခင်ကကဲ့သို့ အဆမတန် မြင့်မားသည့်ဈေး၊ မြှင့်တင်ထားဈေး၊ လက်ဝါးကြီးအုပ်ချုပ်ကိုင် ထားသည့် ဈေးများဖြင့် ၀ယ်ယူသုံးစွဲခြင်း မပြုရတော့ဘဲ အတန်အသင့် မှန်ကန်သည့် ဈေးဖြင့်ဝယ်ယူ အသုံးပြုခွင့်ရခဲ့သည်။
    စားသုံးဆီနည်းတူပင် လူနည်းစုသာ တင်သွင်းခွင့်ရသည့် စက်သုံးဆီများအားလည်း earning ရှိသူ မည်သူမဆို လွတ်လပ်စွာတင်သွင်း ရောင်းချဖြန့်ဖြူးခွင့် ပေးခဲ့သည်။
    ချုပ်ကိုင်တင်သွင်းမှုစနစ်မှ လူ အများစုတင်သွင်းသည့်စနစ်သို့ ပြောင်းလဲလိုက်သည့်အတွက် အောက်တိန်း၊ ဒီဇယ်ဈေးများမှာ ယခင်ကဲ့ သို့ ပြည်ပဈေးတက်လျှင် ချက်ချင်းတက် ပြည်ပဈေးကျလျှင် ဈေးပြန် မချပေးသော ညှိရောင်းသည့်ဈေး ကွက်ပုံစံမှ တက်ဈေးကျဈေး အလိုက်သင့်ဖြင့် ရောင်းချပေးသည့်ပုံစံ သို့ပြောင်းလဲလာခဲ့သည်။
    ထို့နည်းတူပင် ယန္တရားတင်သွင်းခွင့်များ ကန့်သတ်လုပ်ကိုင်သည့် အတွက် စက်ရုံအလုပ်ရုံ တည်ဆောက်ခြင်းမှစကာ အခြေခံတည်ဆောက်မှုများတွင် ကုန်ကျစရိတ်မြင့်မားနေခြင်းကိုလည်း ယခုနှစ်တွင် ယန္တရားများစိတ်ကြိုက် တင်သွင်းခွင့် ပြုခဲ့သည့်အတွက်လည်း ယန္တရား ငှားရမ်းသုံးစွဲမှုဈေးကွက်မှာလည်း ဈေးနှုန်းတည်ငြိမ်မှု အချို့ရခဲ့သည်။
    ချုပ်ကိုင်မှု စနစ်အောက်မှ မတန်တဆဈေးဖြင့် ၀ယ်ယူ အသုံးပြုခဲ့ရသည့် အများပြည်သူ အနေဖြင့် ယှဉ်ပြိုင်ရောင်းချမှုအကျိုးကို စတင် ခံစားခဲ့ရသည့်အတွက် လက်ဝါးကြီး အုပ်စနစ်မှ အများစနစ်သို့ ပြောင်းလဲ ခဲ့သည့်အပေါ် ၂၀၁၁ ခုနှစ်အတွင်း ထင်ရှားသည့် စီးပွားရေးဖြစ်ရပ်များထဲ၌ ထည့်သွင်း ဖော်ပြအပ်ပါသည်။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...