" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

ကျန်းမာရေး တားဆေး တားနည်း ဖြတ်ပြီးသည့်နော်ပိုင်း Myanmar Healthy

ကျွန်မက ဧပြီလ သင်္ကြန်ပြီးမှာ လက်ထပ်ဖို့စီစဉ်ထားသူပါရှင့်။ လက်ထပ်ပြီး ၆ လလောက် အနည်းဆုံး အချိန်ယူပြီးမှ ကလေးယူချင်ပါတယ်။ ကျွန်မအသက်က ၃ဝ ထဲမှာဖြစ်ပြီး ကျွန်မချစ်သူက ၄ဝ ထဲမှာပါ။ အဲဒါ လက်မထပ်ခင်မှာ ကလေး ချက်ချင်းမရအောင် ဘယ်လိုနည်းလမ်းတွေနဲ့အဆင်ပြေမလဲ အကြံတောင်းချင်လို့ပါ။ ရက်ရှောင်တဲ့နည်းကလည်း ကျွန်မက ရာသီရက် မမှန်တတ်လို့ပါ။ လတိုင်း တလနှင့် တလ ရက်လုံးဝ မတူပါ။ နောက်သို့ ၂ ရက် ၃ ရက်မှ တပတ်အထိ နောက်ဆုတ်တတ်ပါတယ်။ ရာသီရက်ကတော့ ရက် ၂ဝ ကျော် ပတ်ဝန်းကျင်မှာ ဖြစ်ပါတယ်။ ရာသီကြာချိန်က ၂ ရက် ဖြစ်ပါတယ်။ ၃ လခံဆေးထိုးရင် ရပ်လိုက် တာနဲ့ ကလေးမရဖြစ်မှာလဲ စိုးပါတယ်။ တချို့က ဆေးရပ်ပြီး နှစ်အပိုင်းအခြား ကြာတဲ့အထိ ကလေးမရတတ်ဘူးပြောလို့ စိတ်ပူတာလဲပါပါတယ်ရှင့်။ ဆေးထိုး ဆေးသောက်ခြင်းကို ကျွန်မချစ်သူက မလုပ်စေလိုပါ။ ဘယ်နည်းလမ်းကို ရွေးချယ်ရမှာပါလဲရှင့်။ ဆေးတွေရဲ့ Side effect ကြောင့် ရောဂါတွေဖြစ်မှာကိုလည်း ကြောက်လို့ပါ။ အမေကလည်း ရင်သားကင်ဆာ ဖြစ်ဖူးတာကြောင့်ပါ။ IUD ကလည်း လိင်အတွေ့အကြုံ မရှိဘူးသူနဲ့အဆင် မပြေဘူးသိမှတ်သားရပါတယ်ရှင့်။ Condon ကို သုံးဖို့ရာလည်း ချစ်သူကို ပြောမရမှာ စိုးမိပါတယ်။ လက်မောင်းအောက် ထည့်ပစ္စည်းကလည်း နှစ်အကြာကြီး သားဆက်ခြားချင်သူတွေမှ လုပ်တာ ပိုကောင်းမယ်ဆိုတာ ဟုတ်ပါသလားရှင့်။ Side effect အနဲဆုံးနဲ့ ကိုယ်လိုချင်တဲ့အချိန်မှာ ကလေးပြန်ရဖို့အလွယ်ဆုံးကို အကြံပေးစေလိုပါတယ်ရှင့်။ ကျွန်မကိုယ်တိုင် ဘယ်နည်းလမ်းကို ရွေးချယ်ရမလဲ တကယ်ကို အခက်တွေ့နေလို့ပါ။

(၁) ကိုယ်ဝန်တား ၃ လခံ Depo-Provera ဆေးထိုးခဲ့သူတွေကို လေ့လာတဲ့အခါ ပုံမှန်ပြန်ရောက်အောင် ၃ လကနေ ၆ လအထိ ကြာနိုင်တယ်။ ပုံမှန်ဆိုတာ မ-မျိုးဥ ထွက်တာကို ဆိုလိုတယ်။ တချို့မှာ ၁၂ လကနေ ၁၈ လအထိလဲ အချိန် ယူနိုင်တယ်။

(၂) ကိုယ်ဝန်တား အရေပြားအောက်ထည့်ထားရတဲ့ Contraceptive implant ဆေးချောင်း ထည့်ထားသူတွေ ဆေးကို ပြန်ထုတ်ပြီးနောက် ၁ လ စောင့်ရတယ်လို့ ဆိုပါတယ်။

(၃) ကိုယ်ဝန်တား သားအိမ်ထဲထည့်ထားရတဲ့ IUCD ပစ္စည်းပြန်ထုတ်ရင် ချက်ချင်း ကိုယ်ဝန်ရနိုင်တယ်။ သူက မ-မျိုးဥ ထွက်တာကို တားမပေးခဲ့ဘူး။ ဒီလို IUCD/IUD ထည့်တာက မေးတဲ့သူထင်တာနဲ့ နည်းနည်း ဆင်ပါတယ်။ ထည့်မယ် ဆိုရင် (ဗဂျိုင်းနား) ထဲကို Sims Speculum (Vaginal Retractor) ကရိယာတခု သုံးရတယ်။ တကယ်လို့ Cervix သားအိမ်ဝကလည်း ကျဉ်းနေရင် သားအိမ်ဝကို ကိုယ်တွယ်ဘို့ရာ Vulsellum Forceps ဆိုတာနဲ့ ညှပ်ထားဘို့ လိုနိုင်တယ်။ ဒါကြောင့် မွေးလမ်းကြောင်းကနေ ကလေး မမွေးဘူးသူတွေ အတွက် ရုပ်ပိုင်းရော စိတ်ပိုင်းပါ အဆင်သင့်မဖြစ်သေးသလို နေတတ်တယ်။ လူတိုင်းတော့ မဟုတ်ပါ။ အခြေအနေကို သိထားပြီး၊ ဆရာဝန်ကနေ အသေအခြာ လုပ်ပေးရင် ဖြစ်ပါတယ်။ ကရိယာ အရွယ်အစား အငယ်စားတွေ ရှိတယ်။ လိုမယ်ထင်ရင် ထုံဆေး-အိပ်ဆေး ပေးနိုင်ပါတယ်။အပျိုစစ်တွေ အတွက်တော့ ခက်ခဲတာ မှန်ပါတယ်။

(၄) ကိုယ်ဝန်တား ဟော်မုန်း ၂ မျိုးတွဲပါ Oral Contraceptives စားဆေး သုံးစွဲထားတဲ့ အမျိုးသမီးတွေကို ဆေးဖြတ်ပြီးနောက် ကလေးရနိုင်ခြေနဲ့ ပတ်သက်တဲ့ လေ့လာမှုတွေ အများကြီးလုပ်ထားတယ်။ University of Dusseldorf ဂျာမန် တက္ကသိုလ်က အဖြေထုတ်တာကတော့ ဆေးဖြတ်ပြီးပြီးချင်း ပဌမလတွေမှာ မ-မျိုးဥပြန်ထွက်လာနိုင်သူ ၅၇.၉% ရှိတယ်။ ၁ဝ.၂၄% မှာ အဲလိုမထွက်ဘူး။ အတူတူ စမ်းသပ်ခဲ့တဲ့ ဆေး မသောက်သူထဲက ၃.၄၄% မှာလဲ မထွက်ဘူး။ တားဆေးသောက်ပြီး ဖြတ်လိုက်သူတွေမှာ နောက်ပိုင်း ရာသီစက်ဝန်း ပိုရှည်တတ်တယ်။ အရင်လိုပြန်ဖြစ်ဘို့ ၉ လအထိ ကြာနိုင်တယ်။

တားဆေး သောက်သူတွေထဲမှာ တခါမှ ကလေးမယူသေးသူနဲ့ အရင်ကလေးရှိဘူးသူ၊ နောက်ပြီး အသက်တွေက မတူကြဘူး။ ကလေးရဘူးသူတွေ နဂိုအနေပြန်ရောက်ဘို့ သူများထက် စောနိုင်တယ်။ ကလေးလည်း မယူဘူးသေး၊ အသက်လဲ ၃ဝ-၃၅ နှစ်ဆိုသူတွေက ရင်းစားပြန်ရဘို့ သူများတွေထက် ကြာနိုင်တယ်။

WebMD Health News ၂၇-၉-၂ဝဝ၂ သတင်းတပုဒ်မှာ တားဆေး ကြာကြာသောက်ခဲ့တဲ့ အမျိုးသမီးတွေမှာ ဆေး ဖြတ်လိုက်ရင် သူများတွေထက် ကလေးပြန်ရတာ ပိုတောင်မှ လွယ်ကြသေးတယ်လို့ ပါခဲ့တယ်။ သုတေသန လုပ်သူတွေက အင်္ဂလန်မှာ ၁၉၉ဝ ကျော်ကာလတွေတုံးက ကလေးရချင်နေသူပေါင်း ၈၅ဝဝ ကို လေ့လာခဲ့တာဖြစ်တယ်။ တားဆေး ၅ နှစ်ကြာသောက်ခဲ့သူတွေထဲက ၇၅့၎% ဟာ နောက် ၆ လအတွင်း ကိုယ်ဝန် ပြန်ဆောင်ကြတယ်။ တားဆေးမသောက်သူတွေထဲက ၇ဝ့၅% ကသာ အဲလိုဖြစ်တယ်။ နောက် တနှစ်အထိ စောင့်ရတဲ့ ကိန်းဂဏန်းမှာလဲ အတူတူဖြစ်နေပြန်တယ်။ ဆေးသောက်ခဲ့သူ ၈၉့၅% က ကလေးရပြီး၊ တားဆေးမသောက်ခဲ့သူတွေထဲက ၈၅့၎% သာ ကလေးရလာကြတယ်။

• Birth control pills cause infertility တားဆေးက ကလေးမရစေနိုင်တော့ဘူးဆိုတာ Myth ယုံတမ်းစကားသာ ဖြစ်တယ်။
• တကယ်တန်းပြောရရင် ကလေးမရသေးသူတွေကို ဆေးကုပေးရာမှာပါ သုံးရတဲ့ဆေးလည်း ဖြစ်ပါတယ်။ အပြင်မှာ သန္ဓေတည်ပေးနည်း IVF ကို ရွေးရတော့တဲ့ အမျိုးသမီးတွေကို ဒီနည်းမလုပ်ခင်မှာ ရာသီ မှန်အောင် ကိုယ်ဝန်တား စားဆေး အရင်ပေးရတတ်တယ်။
• မျိုးဥထွက်ဆေး Clomid (Clomiphene citrate) နဲ့ မတိုးချင်တဲ့ အမျိုးသမီးတွေကိုလဲ တားဆေးတလပေးမှ ပိုအဆင်ပြောတာတွေ့ရတယ်။
• တားဆေးကို ငယ်ငယ်ရွယ်ရွယ်နဲ့ သောက်သူတွေလဲရှိတယ်။ သူတို့က တားဆေးဖြတ်လိုက်တဲ့အခါ ရာသီ မမှန်တာဖြစ်ရင် တားဆေးကိုအပြစ်တင်တာ မမှန်ပါ။ တားဆေးမသောက်ခင်ကတည်းက ဒီမိန်းကလေးက ငယ်သေးတော့ ရာသီမမှန်ခဲ့သေးတာမို့ ဖြစ်ရတာပါ။
• အတူတူဘဲ အသက်အတော်ကြီးလာမှ တားဆေးသောက်ရင်လဲ အသက်ကြီးခြင်းဟာ ရာသီမမှန်တာကို ပိုဖြစ်စေနိုင်တာသတိထားရမယ်။
• တားဆေးကို ဘယ်လောက်ကြာကြာသောက်ခဲ့တာနဲ့ ကလေးရနိုင်ခြေပြန်ရှိလာတာ အချိန်ပိုင်းအရ ဆက်စပ်မှု မရှိပါ။ တချို့ဆိုရင် တားဆေးအကြာကြီးသောက်ပြီး ဖြတ်လိုက်တာနဲ့ ကိုယ်ဝန်တန်းရလို့ အံ့သြကြတယ်။

သေခြာတာကတော့ ကိုယ်ဝန်တားဆေး၊ တားနည်းတွေကြောင့် Permanent sterility ကလေးမရတော့တာ မဖြစ်နိုင်ပါ။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...