" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

ကျန်းမာရေး သားအိမ်ကင်ဆာ ကာကွယ်ဆေးများ Myanmar Healthy

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးက လုံးဝ လိင်မဆက်ဖူးသူဆိုရင် ပိုပြီးစိတ်ချရတယ်လို့ ပြောပါတယ်။ ဆေးက ပထမနဲ့ ဒုတိယအကြိမ်က တစ်လကြာပြီး။ ဒုတိယအကြိမ် နဲ့ တတိယအကြိမ်က ခြောက်လ အကြာမှာ ထိုးရတာလို့သိရပါတယ်။ ကျွန်မက အခုသွားထိုးရင် ပထမ အကြိမ်နဲ့ ဒုတိယအကြိမ် ဆေးထိုးတာမှာ ကြားကာလမှာ မင်္ဂလာ မဆောင်ခင်အချိန်ဖြစ်ပေမဲ့။ ဒုတိယ အကြိမ်နဲ့ တတိယအကြိမ် က ခြောက်လခြားတယ်ဆိုတော့ မဂ်လာဆောင်ပြီးသွားလို့ အဲဒီဆေးပတ် မလည်သေးတဲ့သဘော ဖြစ်တော့ ကျွန်မ အခုမှ သားအိမ်ခေါင်း ကာကွယ်ဆေးတာ ကျွန်မကို ကာကွယ်မှုဖြစ် စေနိုင်ပါ့မလားဆိုတာ သိချင်ပါတယ်။

Gardasil နဲ့ Cervarix ဆေး ၂ မျိုးလုံးကနေ သားအိမ်-ကင်ဆာကိုဖြစ်စေနိုင်တဲ့ HPV infection ကူးစက်မှာကို ကာကွယ်ပေးပါမယ်။ မိန်းကလေးတယောက်ကို လိင်နဲ့ပတ်သက်တာမျိုး မထိတွေ-မဆက် ဆံနိုင်လောက်တဲ့ အချိန်-အသက်အရွယ်မှာ ထိုးပေးသင့်တယ်လို့ သတ်မှတ်ထားတယ်။ FDA ရဲ့သတ်မှတ်ချက်ကတော့ Gardasil ဆေးကို ယောက်ျားလေး-မိန်းကလေး အသက် ၉ နှစ်ကနေ ၂၆ နှစ် နဲ့ Cervarix ဆေးကို မိန်းကလေး အသက် ၉ နှစ်ကနေ ၂၅ နှစ်ဖြစ်တယ်။

နောက်ပိုင်းမှာ ပြင်ဆင်လာတာတွေ ရှိတယ်။ Gardasil နဲ့ Cervarix ဆေးတွေကို မိန်းကလေး အသက် ၁၁-၁၂ နှစ်မှာ ထိုးစေတယ်။ ၉ နှစ်အထိ ငယ်တာကိုလည်း တားတော့မတားပါ။ တကယ်လို့ ငယ်တုံးက မထိုးရသေးရင် ၁၃ နှစ်ကနေ ၂၆ နှစ်ကြား ဘယ်အမျိုးသမီးမဆို တခါမှ မထိုးဘူးသူဖြစ်ဖြစ်၊ ၃ ခါ မပြည့်သူတွေဖြစ်ဖြစ် ထိုးသင့်တယ်။ ၂၆ နှစ်တော့ကျော်ပြီ အရင်က ၃ ခါ မပြည့်သူတွေလဲ ကျန်နေတဲ့ဆေးပါတ်ကို ထိုးနိုင်ပါတယ်။

ယောက်ျားလေးတွေကိုလည်း ၁၁-၁၂ နှစ်မှာ ထိုးရပြီး၊ အဲဒီအရွယ်တုံးက မထိုးရသေးရင်၊ ၃ ခါ မပြည့်သေးရင်လည်း ၁၃-၂၁ နှစ်အတွင်းမှာ ထိုးပါ။ ၂၂-၂၆ နှစ်အထိ ၃ ခါမပြည့်သေးရင် ပြည့်သွားအောင်ထိုးပါ။

ဆိုလိုတာက HPV ပိုးနဲ့မတွေ့ခင်ဆိုတာ အရေးကြီးဆုံးအချက်ဖြစ်တယ်။ ဆေးပညာအရကြည့်ရင် မင်္ဂလာဆောင်တာ-မဆောင်တာထက် အရေးပါတယ်။ ဆရာဝန်တွေက ဒီနေရာမှာ သူများပြောတာကို မယုံတဲ့ ဘက်ကနေကြရတယ်။ ရောဂါ ရာဇဝင်သိအောင် မေးချင်တော့ မေးမယ်။ လူပျို-အပျို စစ်သလား၊ မစစ်ဘူးလား ဆိုတာထက် ကူးစက်နိုင်ခြေ ရှိ-မရှိသာ ကြည့်ပါတယ်။

အများသုံးဘို့ရာ အဖြစ်နိုင်ဆုံးကိုသာ ရွေးရလို့ ၉ နှစ်သမီး၊ ၁၁ နှစ်သားတွေ ပါသွားတယ်။ ငါ့သမီးငယ်ငယ်လေး လိင်အရေး နဲ့ ဘာဆိုင်လဲ စိတ်ဆိုးပြီးမေးသူ မမှားပါ။ Child pornography, Child sex tourism, Child-prostitutes, Child Sexual Abuse တွေမှာ ကလေးငယ်လေးတွေ အရွယ်မရွေးရှိနေလို့ FDA သတ်မှတ်ချက်က နည်းတောင် နည်းသေးတယ် ပြောရင်လဲ မှန်တာဘဲ။

မေးတဲ့သူ ပူစရာမလိုပါ။ ဆေးကိုသာ ၃ ခါပြည့်အောင် ထိုးနိုင်ပါတယ်။ မင်္ဂလာရက် နောက်ဆုတ်စရာမလိုပါ။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...