" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

ကျန်းမာရေး အမျိုးသမီးအင်္ဂါတွင် ၀င်နေသော ဗတိတီးရီးယား Myanmar Healthy

ဗက်တီးရီးယား ပိုးဝင်ရောဂါဆိုတာ ဘာလဲ ?

အမျိုးသမီးမျိုးပွားအဂါင်္တွင် ဗက်တီးရီးယား ကူးစက်ဝင်ရောက်ခံရသည့်ရောဂါဖြစ်သည် ။ သာမန်အားဖြင့် အမျိုးသမီး မျိုးပွားအဂါင်္အတွင်းတွင် ဗက်တီးရီးယားပိုး အမျိုးအစား များစွာ တွေ့ရလေ့ရှိသည် ။ ၄င်းဗက်တီး ရီးယားပိုး များ၏ အချိုး အစားမညီမျှသောအခါ တစ်မျိုး သို့မဟုတ် တစ်မျိုးထက်ပိုသော အခြားဗက်တီး ရီးယားပိုးများ အလွန် လျှင်မြန်စွာ ပေါက်ပွားလာသည် ။ ဤကဲ့သို့ ဖြစ်ပွားသောအခါ အမျိုးသမီး မျိုးပွားအဂါင်္ အတွင်း ဗက်တီးရီးယားပိုးဝင်ရောဂါ ခံစားရပါသည် ။

မည်သူတွေဖြစ်လေ့ရှိသလဲ ?

မည်သည့် အမျိုးသမီးမဆိုဖြစ်နိုင်သည်။ အဖြစ်အများဆုံးသော အမျိုးသမီး မျိုးပွားအဂါင်္ကူး စက်ဝင်ရောဂါဖြစ်သည်။သင်သည်လည်း အောက်ပါအခြေအနေများတွင် ဖြစ်ပွားနိုင်သည် ။

- သင်သည် အသက် ၁၄ နှစ်မှ ၄၅ နှစ်အတွင်းဖြစ်လျှင်
- သင့်တွင် လိင်ဆက်ဆံဖော်များပြားပြီး မကြာခဏ လိင်ဆက်ဆံတတ်သူ ၊ ဆက်ဆံဖော် အသစ်နှင့်ဆက်ဆံသူ
- သင့်တွင် သားဆက်ခြားရန်အတွက် သားအိမ်အတွင်းထည့်ရသည့် ပစ္စည်းကို ထည့်ထားသူဖြစ်လျှင်

သင့်ကို မည်ကဲ့သို့ ထိခိုက်စေသလဲ ?

ဗက်တီးရီးယား ပိုးဝင်ရောဂါကို မကုသခဲ့ပါက ဆိုးရွားသော ပြဿနာများ ခံစားရနိုင်သည်။

- ဆီးလမ်းကြောင်းပိုးဝင်ရောဂါခံစားရခြင်း
- တင်ပါးဆုံရိုးကွင်း အတွင်းနာကျင်ခြင်း
- ကိုယ်ဝန်ရရန်ခက်ခဲခြင်း
- သားအိမ်ပြင်ပ သန္ဓေတည်ခြင်း
- သန္ဓေသား၏ ပတ်လည်တွင်ရှိသော ရေမွှာအိတ်ရောင်ရမ်းခြင်း
- ၄၂ ပတ်မပြည့်မီ စော၍ ကလေးမွေးခြင်း (လမစေ့ပဲ မွေးလျှင် ထိုကလေးသည် ကိုယ်အလေးချိန် လျော့နည်းပြီး အသက်ရှုလမ်းကြောင်းပြဿနာများ ခံစားရ တတ်သည် ။ ကြီးထွားဖွံ့ဖြိုးမှု နှေးသည် )
- ကလေးမွေးဖွားပြီးနောက် သားအိမ်နံရံများ ရောင်ရမ်းတတ်သည် ။

သင်သည် သားသမီး ယူရန် စိတ်ကူးရှိလျှင်သင့်မှာ ဗက်တီးရီးယားပိုးဝင်ရောဂါ ရှိ ၊ မရှိ ပထမဦးစွာ စမ်းသပ်ဖို့ ဆရာဝန်အားပြောပါ ။ သို့မှသာ သင်နှင့်သင့်ကလေးအား ကာကွယ်နိုင်မှာ ဖြစ်ပါသည် ။

အမျိုးသမီးမျိုးပွားအဂါင်္၏ ကောင်းသော ကျန်းမာရေး

အမျိုးသမီး မျိုးပွားအဂါင်္အတွင်းကူးစက်ပိုးဝင်ရောက်မှုကို ကာကွယ်ရန် သင်လုပ်နိုင်သော အချက်များမှာ

- ကြမ်းတမ်းသော ဆပ်ပြာများ၊ အမျိုးသမီးမျိုးပွားအဂါင်္အတွင်း ဖျန်းသည့်ဆေးများ ( Douches ) သုံးစွဲခြင်းများကို ရှောင်ပါ။ ၄င်းတို့ကိုသုံးလျှင် ပုံမှန်အတိုင်း ရှိနေသော အချိုးအစားကို ပျက်ဆီးစေသည်။
- သင် ၏ အစာဟောင်းအိမ် (စအို) အတွင်းမှ ဗက်တီးရီးယားပိုးများကို အမျိုးသမီး မျိုးပွားအဂါင်္အတွင်းသို့ ကူးစက်ပျံ့နှံ့မှု မဖြစ်ပါစေနှင့်။ ဆေးကြောသန့်စင်ပါက ရှေ့မှနောက်သို့ သန့်စင်ပါ။ အမျိုးသမီးမျိုးပွားအဂါင်္မှ ဝေးရာသို့ သန့်စင်ပါ။
- တင်း ကျပ် လွန်းသော အ၀တ်အစား သို့မဟုတ် ဂျင်းဘောင်းဘီ၊ အ၀တ်အစားများကို ချည်ထည်မခံပဲ မ၀တ်ပါနှင့်။ ဂျင်းအသားက ရေငွေ့ဓါတ်ကို စုပ်ယူပြီး ကူးစက်ပိုးများ ပွားများစေပါသည်။

အဖြစ်များသော အမျိုးသမီးမျိုးပွားအဂါင်္ ပိုးဝင်ရောဂါများ

အောက်ဖက်မှာ အမျိုးသမီးမျိုးပွားအဂါင်္ဗက်တီးရီးယားပိုးဝင်ရောဂါ ( Bacterial Vaginosis) နှင့် ထရိုင်ကိုမိုးနပ်စ် ပိုးဝင်ရော ဂါ ( Trichomoniasis ) များဖြစ်ရခြင်းအကြောင်းအရင်း ၊ ခံစားရသော ဝေဒနာများနှင့် လက္ခဏာ များကို ဖော်ပြထားပါသည် ။

ဗက်တီးရီးယားပိုးဝင်ရောဂါ

ဖြစ်ရသောအကြောင်းအရင်း - အမျိုးသမီး မျိုးပွားအဂါင်္အတွင်း ဗက်တီးရီးယားပိုးများ အလွန်အကျွံ ပေါက်ဖွားမှုကြောင့် ခံစားရသောဝေဒနာများ (အကယ်၍ ဤဝေဒနာများ အနက်မှ တစ်ခုခုခံစားရလျှင် သင်၏ ဆရာဝန်ကိုပြောပြပါ ။ ဆရာဝန်က မည်သည့်ရောဂါပိုးအမျိုးအစားဖြစ်ကြောင်း သေချာစွာ သိရန် ၊ ဓါတ်ခွဲစမ်းသပ်မှုများ လုပ်ရန် လိုကောင်း လိုပါလိမ့်မည် ။ )

- တစ်ခါတစ်ရံ မည်သည့်ဝေဒနာမျှ မခံစားရပါ။
- ခပ်ကျဲကျဲ နွားနို့အရောင် သို့မဟုတ် အရောင်မွဲမွဲ အရည်များ မိန်းမကိုယ်မှ ဆင်းမှုများလာသည်။
- လိင်ဆက်ဆံပြီးနောက် ပို၍ အနံ့ပြင်းလာသော ငါးညှီနံ့ ရတတ်သည်။

ထရိုင်ကိုမိုးနပ်စ် ပိုးဝင်ရောဂါ

ဖြစ်ရသောအကြောင်းအရင်း - ကပ်ပါးပိုးတစ်မျိုး အမျိုးသမီး မျိုးပွားအဂါင်္အတွင်းတွေ့ရှိရညခင်း (လိင်ဆက် ဆံခြင်း မှ တဆင့်ကူးစက်လေ့ရှိသည်။)

ခံစားရသောဝေဒနာများ (အကယ်၍ ဤဝေဒနာများအနက်မှ တစ်ခုခုခံစားရလျှင် သင်၏ ဆရာဝန်ကိုပြောပြပါ ။ ဆရာဝန်က မည်သည့်ရောဂါပိုးအမျိုးအစား ဖြစ်ကြောင်း သေချာစွာသိရန် ၊ ဓါတ်ခွဲစမ်းသပ်မှုများလုပ်ရန် လိုကောင်း လိုပါလိမ့်မည်။)

- စေးကပ်၍ ၀ါသလိုလို ၊ စိမ်းသလိုလို ခပ်မွဲမွဲ အရောင်ရှိသော အရည်များ ဆင်းတတ်သည်။
- ဆိုးသော အနံ့ သို့မဟုတ် ငါးညှီနံ့ ရတတ်သည်။
- ဆီးသွားစဉ် နာကျင်တတ်သည်။
- မိန်းမကိုယ် ယားယံတတ်သည်။

ဗက်တီးရီးယားပိုးဝင် ရောဂါ ကုသမှုအတွက် သင်၏ ဆရာဝန်အားပြောပြပါ။ မည်သည့်ဆေးဝါးများက သင့်အတွက် သင့်တော်သလဲဆိုတာ မေးပါ။

(အမျိုးသမီးမျိုးပွားအဂါင်္ ဗက်တီးရီးယားပိုးဝင်ခြင်းရောဂါသည်။ လိင်ဆက်ဆံမှု များပြားသော အမျိုးသမီးများတွင် ဖြစ်တတ်သည်။)

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...