" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

ကျန်းမာရေး အမေး အဖြေးများ Myanmar Healthy Question and Answer

၁။ မိန်းမကိုယ်က အဖြူဆင်းနေတာ ၂ ရက်လောက်ရှိပါပြီ။
၂။ အိမ်ထောင်မကျခင်က အဖြူဆင်းဖူးပါတယ်။
၃။ ရိုင်းသွားရင် ကန်တော့နော်ဆရာ
၎။ လင်မယား နှစ်ယောက်လုံး သတ်သတ်လွတ်စားပါတယ်။
၅။ ကိုယ်လုံးတည်း ချွတ်နေခြင်တဲ့ရောဂါကို ဘယ်လိုကုသနိုင်မလဲ။
၆။ LEVONORGESTREL-RICHTER 0.75 mg ဆေးရဲ့အကြောင်း၊
၇။ Emergency တားဆေးတွေကို ရေရှည်မသုံးသင့်ဘူးလို့ ဖတ်ရပါတယ်။
၈။ သုတ်လွတ်တာအရမ်းမြန်ပါတယ်

2012/1/21
မရိုမသေ ဖြစ်ရင် ခွင့်လွှတ်ပါ။ မိန်းမကိုယ်က အဖြူဆင်းနေတာ ၂ ရက်လောက်ရှိပါပြီ။ အခု ဆင်းတာတွေက အဖြူချည်း သက်သက် မဟုတ်ပဲ ပြည်နဲ့ ဒိန်ချဉ်လိုမျိုး အဖြူဖတ်လေးတွေပါ ဆင်းပါတယ်။ နည်းနည်းလည်း နံပါတယ်။ ပြီးတော့ အဲဒီ အဖြူက ကြာလာရင် မိန်းမကိုယ် ဘေးသားတွေကိုထိပြီး ပွန်းပြီး အသားလောင် သလိုလဲ ဖြစ်ပါတယ်။ အဲဒါ သားအိမ်နဲ့ပတ်သက်ပြီး ရောဂါ ကြီးကြီးမားမား ဖြစ်နိုင်လားဆိုတာ သိချင်လို့ပါ။

ဘာဆေးတွေ သောက်ရ/လိမ်းရမယ်ဆိုတာ ကျေးဇူးပြုပြီး ညွှန်ကြားပေးပါရှင့်။ အိမ်ထောင်ရှိပါတယ်။ အိမ်ထောင်ကျတာတော့ ၁ နှစ်လောက်ပဲ ရှိပါ သေးတယ်။ ဘာတားဆေးမှ မသုံးပါဘူး။ တကယ်လို့ လိုအပ်ရင်တော့ ဆရာဝန်နဲ့တိုင်ပင်မှုကို ဒီ မေးလ်ကို ကြည့်ပြီးမှ ဆက်ပြချင်လို့ပါ။ သားအိမ်ခေါင်း-ကင်ဆာ ဖြစ်မှာကြောက်လို့ပါ။ အရင်တုန်းကတော့ အဲဒီလိုမဆင်းဘူးပါဘူး။ အခု တစ်ရက်နှစ်ရက်မှ ဆင်းပြီး နေရထိုင်ရတာ နည်းနည်း စနိုးစနောင့်ဖြစ်ပါတယ်။ ပြီးတော့ ရုံးလုပ်ငန်းဆိုတော့ အတွင်းခံကလဲ အမြဲဝတ်နေရတော့ အဲဒီလို အဖြူတွေဆင်းတာနဲ့ဆိုရင် နေရတာ စိတ်အိုက်ပြီး စိတ်ထဲမှာလဲ စိုးရိမ်စိတ်ဖြစ်နေပါတယ်။

•Vaginal infections မွေးလမ်းကြောင်း ပိုးဝင်ခြင်း အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁၁၉) ကိုပို့လိုက်ပါတယ်။

Wed, Nov 30, 2011 at 3:18 PM
သမီး အိမ်ထောင်ကျတာ ၄ လပဲ ရှိပါသေးတယ်။ အိမ်ထောင်မကျခင်က အဖြူဆင်းဖူးပါတယ်။ အရောင်က အစိမ်းဘက်တမ်းနေသော အရောင်ပါ။ ယားပါတယ်။ အဲ့တုန်းက တခါမှ ယောက်ျားလေးတွေနဲ့ မနေဖူးပါ။ ဆရာဝန်က ဆေးထိုးပေးပြီးတော့ သောက်ဆေးပေးလိုက်ပါတယ်။ ပျောက်သွားပါတယ်။ အခုတခါ သမီး အိမ်ထောင်ကျပြီး နောက် ပိုင်းလည်း ထပ်ဆင်းပါတယ်။ ရှင်းရှင်းပြောရရင် အမျိုးသားနဲ့ သမီး သိပ်မနေရပါဘူး။ သူက ခရီးထွက်နေတာများတော့ တစ်လမှာဆို လေးခေါက်လောက်ပဲ နေဖြစ်ပါတယ်။ အဲ့လို နေပြီး ၄ ရက်နောက်ပိုင်းဆို အဲ့လိုအဖြူဆင်းတာ တခါတလေ အဖြူအဖတ်အဖတ်လေးတွေပါ။ မှိုကြောင့်ဖြစ်တဲ့ အဖြူဆင်းလို့တော့ မှတ်ဖူးပါတယ် ဆရာ။ ယားပါတယ် အနံ့ကတော့ မနံပါ။ အရမ်း နေရခက်ပါတယ်။ စိတ်လဲ ညစ်ပါတယ်ဆရာ။

ဘာကြောင့် အဲ့လို ဖြစ်တာလဲ သေချာမသိပေမယ့် ဘယ်သူ့ကို တိုင်ပင်လို့ တိုင်ပင် ရမှန်းမသိဘူး ဆရာ။ ဆေးထိုး ဆေးသောက်လဲ ပျောက်လိုက် ဖြစ်လိုက်ဆိုတော့ စိတ်ညစ်တယ်။ ရှက်လဲ ရှက်တယ်။ တခါတလေ သမီးသိချင်တာက အမျိုးသားနဲ့ နေလို့ ဖြစ်ပါသလား။ အဲ့လိုဖြစ်ကြေးဆို အရင် သမီး အိမ်ထောင်မကျခင်တုန်းက တစ်ခါဖြစ်ဖူးတယ်။ ဒါမှမဟုတ် သမီးရဲ့ သားအိမ် မကောင်းလို့လား။ ဒါမှမဟုတ် သမီးရဲ့ အင်္ဂါများရောဂါ တခုခု ဖြစ်နေသလား။ အဲ့ဒါနဲ့ ပတ်သက်ပြီး ဘာစစ်ဆေးမှုတွေ ဘာဆေးတွေ သုံးသင့်သလဲဆိုတာ ဖြေပေးပါနော်။ ပြီးတော့ ဘာလို့များ ကိုယ်ဝန်မရသေးလဲ မသိပါ။ ဘာသောက်ဆေး ဘာတားဆေးကို တခါမှ မသုံးဖူးပါ။ အသက်ကြီးလို့ ကိုယ်ဝန်မရလွယ်တာလား။ အတူတူ ခဏခဏ မနေရတာနဲ့ရော ဆိုင်သလား။ အဲ့လို မနေရပေမယ့် သမီးလဲ စမ်းဖူးပါတယ်၊ ဥပမာ ရာသီလာပြီး တစ်ပတ် နောက်ပိုင်း ကို နေတာလဲ မကပ်ပါ။ ဒါလဲ ဖြစ်တတ်တော့ သမီးကတော့ မပူသေးပါဘူး။ လက်ထပ်ထားတာလဲ မကြာသေးလို့လဲ ဆိုင်မှာပေါ့နော်။ သူများက တခါတည်းနဲ့လည်း ကိုယ်ဝန်ကပ်တယ်လို့ ပြောလို့ပါ။ သမီးက အသက် ၂၆ နှစ် ၊ အိမ်ထောင်သက် ၄ လ၊ အလုပ်က ကွန်ပျူတာရှေ့မှာ ထိုင်ပြီး အလုပ်လုပ်ရတယ်။

•Vaginal infections မွေးလမ်းကြောင်း ပိုးဝင်ခြင်း အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁၁၉) ကိုပို့လိုက်ပါတယ်။

2012/1/22
ကျနော့်အသိ အကိုတစ်ယောက်က ကိုရင်ဝတ်ထားတာ ၂ဝ ရက်ရှိပါပြီ။ အိမ်သာတက်လိုက်ရင် ရိုင်းသွားရင် ကန်တော့နော်ဆရာ အီးညစ်လိုက်ရင် သုတ်ပဲထွက်တယ်တဲ့ ဆရာ အဲ့ဒါ ရောဂါလားဆရာ။ အသက်က ၃ဝ နီးပါးပါ။ သူအိမ်သာတက်ရင် ငယ်ပါကို မဆော့ပါဘူးတဲ့။ ဒါပေမယ့် အီးညစ်လိုက်ရင် သုတ်ကထွက်နေလို့ပါတဲ့။ အာသာမဖြေရဲဘူးတဲ့ ကိုရင်ဘဝမှာ လုပ်ရင်ဘယ်တော့မှ ကိုရင်မဖြစ်တော့ဘူးတဲ့ဆရာ။ အဲ့ဒါရောဂါလား။ ဘယ်လိုကုသရမလဲဆရာ။ နေတာက (့) မှာပါ။

.ရောဂါ မဟုတ်လောက်ပါ။ ပြန်ကောင်းမယ် ထင်ပါတယ်။ စောင်ကြည့်ပါအုံး။

2012/1/22
ကျွန်တော့် အသက် (၂၈) နှစ်ပါ။ အမျိုးသမီးက (၂၂) နှစ်ပါ။ ကျွန်တော်က (့) ကပါ။ အမျိုးသမီးက (့) ကပါ။ အိမ်ထောင်ကျတာ တစ်နှစ်ခွဲကျော်ပါပြီ။ လင်မယားနှစ်ယောက်လုံး သတ်သတ်လွတ်စားပါတယ်။ ကျွန်တော်တို့ ခုထိကလေးမရသေးပါဘူး။ ကိုယ်ဝန်တားဆေးလဲမသုံးပါ။ ကျွန်တော့် အမျိုးသမီးကတော့ အပျိုစဖြစ်ကတည်းက ရာသီလာတာ မမှန်ပါဘူး။ OG နဲ့ ပြကြည့်တော့ သားအိမ်ထဲမှာ အရည်ကြည်အိတ်ရှိနေတယ်လို့ ပြောပါတယ်။ OG နဲ့ (၆) လလောက်ပြကြည့် ပြီးပါပြီ။ ထူးခြားမှုမရှိပါ။ သားဥကြွေတဲ့ဆေး ပေးပါတယ်။ အဲ့ဒီဆေးကို ရာသီလာပြီး ဒုတိယနေ့မှာ သောက်ခိုင်းပါတယ်။ ကျွန်တော့်ကိုလည်း BECOZINC အားဆေး သောက်ခိုင်းပါတယ်။ အမျိုးသမီးက အခုနောက်ပိုင်း ရာသီလာတာ တစ်လတစ်ကြိမ်တော့လာပါတယ်။ ဒါပေမဲ့ အချိန်မမှန်ပါ။ အမြဲတမ်းလိုလို နောက်ကျတက်ပါတယ်။ ကျွန်တော်လဲ သုတ်ရည် ထွက်နှုန်းနည်းပါတယ်။ အခုကျွန်တော်တို့ OG နဲ့လဲ မပြတော့ပါ။ ဘာများလုပ်သင့်သလဲဆိုတာ အကြံညဏ်များ ပေးနိုင်ပါ။ သတ်သတ်လွတ် စားတာနဲ့ရော ဆိုင်ပါသလား။ သတ်သတ်လွတ်စားစရာဆိုတာလဲ ဘာအစားအစာတွေကို ဦးစားပေးစားသင့်ပါသလဲ။

•Infertility (1) ကလေးမရနိုင်သေးခြင်း (၁) အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၇၈)
•Infertility (2) ကလေးမရနိုင်သေးခြင်း (၂) အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၃၈) တွေကိုဖတ်ပြီးပြီလား။ သက်သတ်လွတ်စားလို့ ကလေးမရတာ မဖြစ်စေပါ။ အမျိုးသမီးရဲ့ သားအိမ်ရောဂါကို စာလုံးပေါင်းသိရင်ပြောပါ။ ကျန်းမာ-ချမ်းသာပြီး သားသမီးရတနာတွေ ထွန်းကားကြပါစေ။

2012/1/23
ကိုယ်လုံးတည်း ချွတ်နေခြင်တဲ့ ကျနော်ရောဂါကို ဘယ်လိုကုသနိုင်မလဲဆရာ။

•Nudity ကိုယ်လုံးတည်း ကိုပို့လိုက်ပါတယ်။ ကိုယ့်ဖါသာကိုယ် ဆင်ခြင်တာနဲ့ ရပါမယ်။ ဆရာဝန်မလိုပါ။

2012/1/24
LEVONORGESTREL-RICHTER 0.75 mg ဆေးရဲ့အကြောင်း၊ အသုံးဝင်ပုံ၊ အသုံးပြုပုံကို သိချင်လို့ပါ။ နောက်ပြီး ဆိုးကျိုးတွေ ဘာတွေရှိလည်း။ Zydus cadila ဆေးရဲ့အကြောင်းကိုလည်း သိချင်ပါတယ်။

.Emergency contraceptive ဖြစ်တယ်။ အရေးပေါ်တားဆေး-တားနည်းများထဲ မှာ ရေးထားပါတယ်။

Tue, Jan 24, 2012 at 5:06 PM
Pills 72 လို Emergency တားဆေးတွေကို ရေရှည်မသုံးသင့်ဘူးလို့ဖတ်ရပါတယ်။ အဲ့ဒီဆေးတွေဟာ ၁ လမှာ ဘယ်နှခါလောက်သုံးလို့ရပါသလဲ။ လစဉ်သုံးလို့မရဘူးဆိုရင် ဘယ်နှစ်လနေမှ တစ်ခါ ပြန်သုံးခွင့်ရှိပါသလဲဆိုတာ သိချင်လို့ပါ။

•Emergency တားဆေး-တားနည်း အရေးကြီးမှ သုံးရတယ် ကိုပို့လိုက်ပါတယ်။

Jan 23, 2012 08:25 PM
ဆရာ ကျွန်တော် သုတ်လွတ်တာအရမ်းမြန်ပါတယ် ဘာလုပ်သင့်ပါသလဲ။

• Early ejaculation ရေးထားပါတယ်။ ရှာဖတ်ပါ။ ရှာမရရင် တိုက်ရိုက်မေးပါ။ မေးတဲ့သူရဲ့ အသက်၊ အိမ်ထောင်ရေး စတာတွေ ထည့်ရေး မေးပါ။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...