" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

ကျန်းမာရေး သုတ်လွှတ်စောခြင်း Myanmar Healthy

Premature Ejaculation (PE) Treatment သုက်လွှတ်စောခြင်း ကုသနည်းများ
• Behavioral therapy အမူအယာ ပြုပြင်ကုသခြင်းကို ဦးစားပေးလုပ်ကြတယ်။ အများဆုံးသုံးနည်းကတော့ Squeeze technique နည်းဖြစ်တယ်။ ဆက်ဆံနေရင်းနဲ့ သုက်လွှတ်ချင်စိတ်ပေါ်လာတာနဲ့ ဆက်ဆံတာကို ရပ်နားလိုက်ရမယ်။ ဒီအချိန်မှာ သူကိုယ်တိုင်ဖြစ်ဖြစ် အဖေါ်ကနေဖြစ်ဖြစ် ကျား-လိင်အင်္ဂါကို လက်နဲ့ ဆုပ်ကိုင်ပေးထားရမယ်။ လက်မနဲ့ လက် နှစ်ချောင်းသုံးပါ။ ကျား-အင်္ဂါခေါင်းပိုင်းရဲ့ အထက်နားမှာ ဖိအား အသင့် အတင့်ကို စက္ကန့် ၂ဝ ကြာတခါ ဖိပေးပါ။ ပြန်ပြီးတခါ ဆက်ဆံပါ။ နောက်ထပ် လိုရင် လိုသလို အဲလိုဘဲ ထပ်ထပ်လုပ်ပါ။ ဒီနည်းကနေ ၆ဝ-၉ဝ% ကောင်မွန်တာတွေ့ရတယ်။ နားလည်မှုရှိဘို့လိုပါမယ်။
• တချို့ဆရာဝန်တွေက Stop and Start method ဆိုပြီး ၃ဝ စက္ကန့်ထိန်းခိုင်းတယ်။
• နောက်တနည်းကတော့ Delayed orgasm ဆိုတဲ့ ဆေးရဲ့ ဘေးထွက်-ဆိုကျိုးကို အသုံးချနည်းဖြစ်တယ်။ Depression စိတ်ကျရောဂါကိုကုသဆေးတချို့မှာ ဒီသတ္တိရှိတယ်။ ဆေးသောက်ခိုင်းတာဟာ စိတ်ဓါတ် ကျနေလို့ ခိုင်းတာမဟုတ်ပါ။
• စိတ်ကျဆေးတွေထဲက (၁) Selective serotonin reuptake inhibitors (SSRIs) = Fluoxetine (Prozac), Paroxetine (Paxil) or Sertraline (Zoloft) နဲ့ (၂) Tricyclic antidepressants = Clomipramine (Anafranil) တွေကိုလဲ သုံးနိုင်ပါတယ်။
• တချို့ယောက်ျားတွေအတွက် Phosphodiesterase inhibitors ဆေးမျိုးတွေက ကောင်းစေတယ်။ Sildenafil (Viagra), Vardenafil (Levitra) နဲ့ Tadalafil (Cialis) တွေဖြစ်တယ်။ ဒီ Phosphodiesterase inhibitor + SSRI ဆေးအုပ်စု ၂ မျိုးကို တွဲလဲသုံးနိုင်တယ်။ ဆေးအဆနည်းရတယ်။ • နောက်တနည်းကတော့ Stimulation လိင်စိတ်ကြွတာကို နည်းစေအောင် Local anesthetic cream (Xylocaine 2-5%) ထုံဆေးသုံးတယ်။ (ကွန်ဒွမ်) တထပ်မကသုံးတာလဲ စမ်းနိုင်တယ်။ ဒီ ၂ မျိုးလုံးက ခံစားမှု-သာယာမှုကိုတော့ နည်းစေနိုင်တယ်။
• တချို့ ကိုယ်တိုင်ကြိုးစာသူတွေက ပြီးချင်စိတ်ပေါ်တာနဲ့ စိတ်ကို တခြားအာရုံပြောင်းတာမျိုး လုပ်တာလဲ အကျိုးရှိတယ်။ အခြေအနေ အတော်များများမှာ ဒီလိုလုပ်တတ်ကြတယ်။
• Chronic premature ejaculation ဒီနည်းတွေကို စနစ်တကျ စိတ်ရှည်ရှည်သုံးပေမဲ့လဲ တိုးတက်မှုမရသူတွေမှာ Anxiety စိုးရိမ်စိတ်ကဲခြင်း Depression စိတ်ဓါတ်ကျခြင်းဖြစ်နေနိုင်လို့ psychiatrist or psychologist စိတ်အထူးကု ဆရာဝန်တွေကနေ ကူညီနိုင်မယ်။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...