" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

အလုပ်သမားများ လှိုင်သာယာ စက်မှုဇုန် ဆန္ဒပြ Labour RIOT Hling Tharyar

ချင်းမိုင် (မဇ္ဈိမ) ။        ။ ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုံ (၃) ရှိ  Esquire ဖိနိပ်စက်ရုံမှ အလုပ်သမားများမှ အလုပ်မဆင်းဘဲ ဆန္ဒပြကာ လုပ်ခတိုးတောင်းမှုတခု အင်္ဂါနေ့က ဖြစ်ပွားခဲ့သည်ဟု မျက်မြင်သက်သေများက
ပြောသည်။

လုပ်ငန်းခွင် ပုံမှန်ဆင်းသူများအား ဆုကြေးအဖြစ်ပေးနေခဲ့သည့် ‘ရက်မှန်ကြေး’ ကို မပေးဘဲနေရာက အလုပ်သမားများက စက်ရုံဝင်းအပြင်ထွက်၍ လုပ်ငန်းခွင် မဆင်းဘဲ နေခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။

ကိုရီးယားနိုင်ငံသားပိုင် ဖိနပ်စက်ရုံက သြဂုတ်လအတွက် လစာကို တနင်္လာနေ့တွင် ရှင်းပေးရာ၌ ရက်မှန်ကြေး ၃,ဝဝဝ ကျပ်ကို ထည့်သွင်းမပေးရာက အလုပ်သမား ၃ဝ၅ ဦးက အင်္ဂါနေ့ မနက် ရှစ်နာရီမှစ၍ ခြောက်နာရီကြာ စက်ရုံတွင်းမဝင်ဘဲ နေကြသည်။
urgent7
၂၀၁၀ ခုနှစ် ဖေဖေါ်ဝါရီလတွင် လှိုင်သာယာ စက်မှုဇုန် ၃ ရှိ စက်ရုံများတွင် လုပ်ခလစာ တိုးမြှင့်ပေးရန် အလုပ်သမားများ ဆန္ဒပြကြသည်ကို တွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ))

“အလုပ်သမားတွေ ရက်ပျက်လို့ မဟုတ်ဘူး။ အလုပ်ရှင်က သူအလုပ်ပါးတဲ့အတွက် အလုပ်တရက် နားလိုက်တယ်။ အဲဒါကို အလုပ်သမားတွေဆီက ရက်မှန်ကြေးဖြတ်လို့ အလုပ်သမားတွေက လက်မခံဘူး” ဟု အဖြစ်အပျက်ကို
တွေ့ရှိသူက ပြောသည်။

လှိုင်သာယာမြို့နယ် အလုပ်သမားဥပဒေ စိစစ်ရေးဦးစီးဌာနမှ အရာရှိများ လာရောက်ညှိ နှိုင်းပေးပြီးနောက် အလုပ်ရှင်က အပိုကြေးပြန်ပေးရန် သဘောတူခဲ့သဖြင့် ဆန္ဒပြမှု ရုပ်သိမ်းပြီး နေထိုင်ရာ အဆောင်များသို့
ပြန်သွားကြပြီ ဖြစ်သည်။ မနက်ဖြန်တွင် အလုပ်ပြန်ဆင်းကြမည်ဟု သိရသည်။

“သူတို့ လုပ်ခလစာကို တိုးပြီးတော့ တောင်းတာပါ” ဟု လှိုင်သာယာမြို့နယ် တာဝန်ကျ ရဲဝန်ထမ်းတဦးက မဇ္ဈိမကို
ပြောသည်။ သို့သော် ဆန္ဒပြတာ မဟုတ်ပါဟု သူက ဆိုသည်။

အလုပ်သမားများ ကိုယ်စားလှယ် ၁၃ ဦးမှာမူ နောင်ဆန္ဒပြမှုများ မလုပ်ပါဟု အလုပ်သမားဦးစီးဌာန တာဝန်
ရှိသူများထံ ဝန်ခံလက်မှတ်ထိုး ပေးရသဖြင့် ခြိမ်းခြောက်မှုတခုဟု အလုပ်သမားများက မြင်နေကြသည်။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...