" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

အင်တာနက် စပိုင် Internet Spy

အင်တာနက်ကို လွဲမှားစွာ အသုံးချသူများက အညှိုးအတေးဖြင့် ထိပါး ထိုးနှက်လျက် ရှိခြင်းမှာ စိုးရိမ်ထိတ်လန့် ချောက်ချားဖွယ် ဖြစ်နေ နည်းပညာ မြင့်မားလာမှု ကျယ်ပြန့် နက်ရှိုင်းလာသည်နှင့် အမျှ မြန်မာ အမျိုးသမီးငယ်များမှာ စိန်ခေါ်မှုများနှင့် ရင်ဆိုင် ကြုံတွေ့ နေရသည်ဟု ဆိုသည်။
အထူးသဖြင့် အိုင်တီ နည်းပညာကို လွဲမှားစွာ အသုံးပြုသူများ၏ ဒဏ်ကို အချို့သော မြန်မာ အမျိုးသမီးငယ်များ ခမျာ စိုးရိမ် ထိတ်လန့် ချောက်ချားဖွယ် ရင်ဆိုင် ကြုံတွေ့ နေရသည်ဟု ဆိုသည်။

ဆိုးတာက လက်ကိုင် တယ်လီဖုန်းတွေရဲ့ နည်းပညာ မြင့်မားမှုကို မိန်းကလေးတွေ ဂရုစိုက်ဖို့ လိုတယ်။ ကိုယ့် ရည်းစား ကိုယ့်ချစ်သူ ဆိုပြီး စိတ်ချနေလို့ မဖြစ်ဘူး။ တချို့ ယောက်ျားလေးတွေက နှမချင်းကို မစာနာကြဘူး။ အပျော် အပျော်ဆိုပြီး နောက်သလို ပြောင်သလိုနဲ့ လက်ကိုင်ဖုန်းနဲ့ ရိုက်သွားတဲ့ ပုံတွေရော၊ ဗီဒီယိုတွေရော၊ စိတ်မချရဘူး။ သူတို့နဲ့ မကြိုက်တော့ဘူး မတွဲတော့ဘူး ဆိုတာနဲ့ ယုတ်မာပြီး သူတို့ ယောက်ျားလေး အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် ဖုန်းနဲ့ ပွားလိုက်ကြတာ အရမ်းမြန်တယ်။ တချို့က အင်တာနက်ပေါ် ကောက်တင်လိုက်တော့ ကမ္ဘာ ကျော်ကုန်ရော။ အဲသည် လိုမျိုးတော့ မဖြစ်သင့်ဘူး။ ကိုယ်ချင်းစာဖို့ အကောင်းဆုံးကတော့ မိန်းကလေးတွေ အနေနဲ့ ဘယ်သူ့ကိုမှ မယုံသင့်ဘူး။ မိန်းကလေး အချင်းချင်းတောင်မှ မယုံရဘူးဟု လက်ကိုင်ဖုန်း သုံးစွဲသူ အမျိုးသမီး တစ်ဦးက လျှပ်တစ်ပြက် သတင်းဂျာနယ်သို့ ဝေဖန် သုံးသပ် ပြောကြားခဲ့သည်။
အလားတူ Message လုပ်ငန်းကို လုပ်ကိုင်သူ မြန်မာ အမျိုးသမီးငယ် တစ်ဦးကလည်း သူ၏ အတွေ့အကြုံကို ရင်ဖွင့် ပြောပြခဲ့သည်။ ”သမီးတို့က ပညာတတ်တွေပါရှင့်။ အလုပ်မရှိလို့ သည်အလုပ် ဝင်လုပ်တာပါ။ ဒါကလည်း အတိုင်းအတာ တစ်ခုအထိပဲ လုပ်မှာပါ။ ဒါပေမဲ့ ယောက်ျား ကြီးကြီးငယ်ငယ် လက်တည့် စမ်းချင်ကြတယ်။ အထင် သေးချင်ကြတယ်။ သမီးတို့ အလုပ် လုပ်နေတာလား မိဘကို မလွဲမရှောင်သာလို့ သည်လုပ်ငန်းနဲ့ လုပ်ကိုင်ပြီး ရပ်တည်ရတဲ့ အပေါ်မှာ လက်ကိုင်ဖုန်းတွေနဲ့ သမီးတို့တွေ လုပ်ကိုင် နေပုံတွေကို ရိုက်လေ့ ရှိကြတယ်။ သမီးတို့မှာ Customer ဖြစ်နေတော့ အလုပ်ရှင်ကလည်း သည်းခံခိုင်းတယ်။ အလုပ်ရှင်တွေ ဘက်ကလည်း သူ့ Customer ဖောက်သည် ပျက်မှာကို စိုးတယ်။ အဲသည်တော့ သမီးတို့မှာ မရှိလို့သာ လုပ်စားနေရတယ်။ စိတ်က တယ်လီဖုန်းမြင်ရင် လန့်နေရတာ။ ဧည့်သည်တွေကလည်း မလွယ်ဘူး။ လက်ကိုင်ဖုန်း ပြောသလို နံပါတ် ကြည့်သလိုလို Message ပို့သလိုလိုနဲ့ လူလည်လုပ်ပြီး ဓာတ်ပုံ ခိုးရိုက်တယ်။ ဗီဒီယို ခိုးရိုက်ပြီးတော့ သူတို့နဲ့ပဲ သမီးတို့က ပတ်ပတ်သက်သက် စပ်စပ်ယှက်ယှက် ရှိတဲ့ပုံမျိုး လျှောက်ပြတယ်။ ဘယ်လောက် ဆိုးထားသလဲ” ဟု ပြောကြားခဲ့သည်။
အလားတူ အင်တာနက် ကျွမ်းကျင်သူ မြန်မာ အမျိုးသမီး တစ်ဦးမှလည်း ”ခုတစ်လော နာမည်ကြီးနေတဲ့ ကိစ္စတစ်ခုက ယောက်ျားလေးတွေ လက်ကိုင်ဖုန်းနဲ့ တစ်ယောက်နဲ့ တစ်ယောက် ပါဆယ် လုပ်နေကြ၊ ရှယ်ယာ လုပ်နေကြတဲ့ ကိစ္စပဲ။ အင်တာနက်ပေါ်မှာ မြန်မာ အမျိုးသမီး တစ်ယောက်က သူနဲ့ ပတ်သက်တဲ့သူ တစ်ယောက်နဲ့ နှစ်ယောက်ချင်းပဲ သိတာဆိုပြီး လွတ်လွတ်လပ်လပ် ပြောဆိုကြတယ်။ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေလည်း အပြန်အလှန် ပို့ပုံပေါ်တယ်။ အခုတော့ ဘယ်နှယ့်ဖြစ်တယ် မသိဘူး။ အဲသည့် မြန်မာအမျိုးသမီးရဲ့ ဘန်ကောက်လိပ်စာ၊ မလေးရှားလိပ်စာ၊ ကျောင်းယူနီဖောင်းနဲ့ ရိုက်ထားတဲ့ပုံ၊ ရန်ကုန် အင်းစိန်က အိမ်လိပ်စာက အစ ထည့်ပြီး တင်လိုက်တယ်။ Bank Account က အစ တင်တယ်။ ဆိုးတာက မဆီမဆိုင် မိသားစုနဲ့ အမှတ်တရ ရိုက်ထားတဲ့ ပုံတွေပါ တင်ထားတယ်။ ဘာရန်ငြိုးရန်စ ရှိကြတယ်တော့ မပြောတတ်ဘူး။ ခုဆိုရင် ယောက်ျားလေးတွေ လက်ကိုင်ဖုန်းတိုင်းလိုလို အဲသည့် ပုံတွေက ပျံ့နေပြီ။ ကာယကံရှင်တော့ ဘယ်လို ခံစားရမယ် မသိဘူး။ ဒါမျိုးက မလုပ်သင့်ဘူး”ဟု သုံးသပ် ပြောကြားခဲ့သည်။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...