လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်ကတော့ မြန်မာအမျိုးသမီးငယ်လေးတွေကို ဂျပန်နိုင်ငံပို့ပြီး ဘားခန်းတွေမှာ ဖျော်ဖြေရေးလုပ်ဖို့ အတင်းအကျပ် စေခိုင်းခဲ့တဲ့သူတွေအကြောင်း နိုင်ငံပိုင် သတင်းစာတွေမှာ ဖတ်လိုက်ရဖူးပါတယ်။ တရားခံတွေလို့ဖော်ပြခံခဲ့ရသူကတော့ တခြားလူ မဟုတ်ပါဘူး၊ လူသိများတဲ့ ဇာတ်မင်းသားရဲစိန်တို့ အဖွဲ့ဖြစ်ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး
ရဲစိန်နဲ့အဖွဲ့ကို အရေးယူခဲ့တယ်လို့လည်း သတင်းစာမှာ ဖတ်လိုက်ရပါတယ်၊ ဒါပေမယ့် ဒီနှစ်ပိုင်း ပေါ့ပ်ဂျာနယ်တစ်ချို့နဲ့ MRTV 4 အစီအစဉ်တစ်ချို့မှာ ရဲစိန်တစ်ယောက် မော်ဒယ်အေဂျင်စီ ထောင်ထားတာကို တွေ့ရပြန်တော့ နားမလည်နိုင်အောင်ဖြစ်ရပါတယ်။ ဒီလိုပြစ်မှုမျိုးနဲ့ နာမည်ပျက် ရှိတဲ့လူတစ်ယောက် မော်ဒယ်အေဂျင်စီ တည်ထောင်ခွင့်ရနိုင်တာ မြန်မာပြည်ပဲ ရှိမယ်ထင်ပါတယ်။
No comments:
Post a Comment
အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com