" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."
တားဆေးများ Emergency Contraception for Female
အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၄ဝ)
Q 1: Rape case အကြောင်း စပ်မိလို့ ဆွေးနွေးမိရင်း ဒါမျိုး ကြုံရတဲ့ မိန်းကလေးတွေ ကိုယ်ဝန်ရမလာအောင် လုပ်တဲ့နည်း သိချင်လာလို့ပါ။ မလိုချင်တဲ့ သန္ဒေသားကို ဘာဆေးနဲ့ ဖြေရှင်းလို့ ရနိုင်မလဲ။ မိခင်စိတ် အပြည့်နဲ့ မွေးခိုင်းရမယ် ဆိုပေမယ့် တကယ်ကျ သူ့လူမှုရေးပြဿနာတွေ ပတ်ဝန်းကျင်က ပစ်ပယ်တာတွေကို လိုက်ရှင်းမပေးနိုင်လို့ပါ။ တောရွာတွေ ဆေးခန်း မရှိတဲ့ တောင်ပေါ်တွေမှာဆို ဂျင်းသောက်ခိုင်းတဲ့နည်းက ဖြစ်နိုင်မလား။ ကျေးဇူးတင်ပါတယ်။
Q 2: သမီး အသက်က ၂၂ ပြည့်တော့မှာပါ။ ရာသီလာပြီး လိင်ဆက်ဆံမှု ပြုခဲ့ပါတယ်။ ရာသီလာပြီး ၇ ရက်အတွင်းနဲ့ ရာသီမလာခင် ၇ ရက်အတွင်း အတူနေရင် ကိုယ်ဝန်မရနိုင်ဘူးလို့ ပြောလို့ပါ။ ဆက်ဆံပြီး Ecee2 သောက်ခဲ့ပါတယ်။ နောက်နေ့ ကျတော့ ထပ်ဆက်ဆံပါတယ်။ သူ့သုတ်ရည် အနည်းငယ်တော့ ဝင်မယ်ထင်ပါတယ်။ အဲတာ ကိုယ်ဝန် ရနိုင်ပါသလား။ ရက်ရှောင်နေရင် ကိုယ်ဝန်ရနိုင်ပါသလား။ ဆေးသောက်ဖို့ရော လိုပါသလား။
Q 3: ကျွန်တော့ အသက် ၂၇ ရှိပါပြီ။ မိန်းမ ရာသီလာပြီးတဲ့ နေကစပြီး ၇ ရက်နဲ့ မလာခင် ၇ ရက်အတွင်းကို ဆက်ဆံရင် ကိုယ်ဝန် ရနိုင်တယ်လို့ ဆိုလိုတာလား။ ရာသီလာပြီး ၇ ရက်၊ မလာခင် ၇ ရက် အတွင်း ဆက်ဆံရင် ကိုယ်ဝန်မရနိုင်ဘူးလို့ ဆိုလိုတာလား သိချင်ပါတယ်။ ကိုယ်ဝန်တားဆေးကို အမြဲသုံးနေရင် ကလေးလိုချင်တဲ့အခါ အခက်တွေ့နိုင်ပါသလား။
၁။ Progestin-only pills (POPs) = Plan B = Emergency contraception (EC) = Emergency contraceptive pills (ECPs) = Morning-after pill = Day after pills
လိင်ဆက်ဆံပြီး မြန်မြန်သုံးလေ စိတ်ချရလေဖြစ်တယ်။ ဆက်ဆံအပြီး ၅ ရက်အတွင်း သုံးနိုင်တယ်။ ၂၄ နာရီ အတွင်း သောက်ရင် ၉၅%၊ ၂၄-၄၈ နာရီအတွင်းသောက်ရင် ၈၅%၊ ၄၈-၇၂ နာရီအတွင်းသောက်ရင် ၅၈% စိတ်ချရတယ်။ ၅ ရက်အတွင်းလဲ သောက်နိုင်တယ်။ % မရှိသေးဘူး။
Progestin (Levonorgestrel) 1.5 mg တလုံး တကြိမ်တည်း ဒါမှမမဟုတ် 750 μg နှစ်ခါခွဲ သောက်နိုင်တယ်။ ဘေးထွက် ဆိုးကျိုးတွေက ပျို့တာ၊ အန်တာ၊ ရင်သား တင်းတာ။ တချိ့ အမျိုးသမီးတွေက နေမကောင်းတာ ဖြစ်တတ်တယ်။ STDs လိင်ကတဆင့် ကူးစက်ရောဂါတွေကို အကာအကွယ်မပေးနိုင်ပါ။ ဆက်ပြီး ကာကွယ်လိုရင် အခြားနည်းတွေကို သုံးရပါမယ်။ RU486, Mifestone, or Mifeprex တို့လို သားပျက်စေတဲ့ ဆေးမဟုတ်ဘဲ သန္ဓေ မတည်အောင်သာ လုပ်ပေးခြင်း ဖြစ်တယ်။
• တရုတ်နိုင်ငံတွင်ရနိုင်သော Progestin-only ဆေးများ = Ai Wu You, An Ting 0.75, An Ting 1.5, Bao Shi Ting (Postinor-2, 0.75 mg), Bao Shi Ting 1.5, Dan Mei (0.75 mg), Dan Mei (1.5 mg), Hui Ting 0.75 mg Hui Ting 1.5 mg, Jin Xiao (0.75 mg), Jin Xiao (1.5 mg), Jin Yu Ting, Ka Rui Ding, Le Ting, Nuo Shuang, Xian Ju, Yi Ting, Yu Ping, Yu Ting,
• တရုတ်နိုင်ငံတွင်ရနိုင်သော Mifepristone ဆေးများ = Bi Yun (10 mg), Bi Yun (12.5 mg), Fu Nai Er (10 mg), Fu Nai Er (25 mg), Hou Ding Nuo (10 mg), Hou Ding Nuo (25 mg), Hua Dian (10 mg), Hua Dian (25 mg), Si Mi An (10 mg), Si Mi An (25 mg)
• အိန္ဒိယတွင်ရနိုင်သော Progestin-only ဆေးများ = E Pills, i-pill, Preventol, ECee2, Pill 72
• မြန်မာနိုင်ငံတွင်ရနိုင်သော Progestin-only ဆေးများ = ECee2, Pill 72
• ထိုင်းနိုင်ငံတွင်ရနိုင်သော Progestin-only ဆေး = Postinor (Thailand), Madonna (Thailand)
• စင်္ကာပူမှာရနိုင်သော Progestin-only ဆေးများ= Postinor-2®, Estinor®, Norlevo®
• စင်္ကာပူမှာရနိုင်သော Contraceptive Patch ကိုယ်ဝန်တား ကပ်ခွါဆေး = Ortho Evra® (6 mg Norelgestromin and 600 micrograms Ethinyl estradiol transdermal patch) ရာသီစဆင်းတဲ့ရက်ကနေ ကပ်ထားပါ။ ပဌမ ၃ ပါတ်မှာ တပါတ် တကပ်၊ နောက်ဆုံး၁ ပါတ် ကပ်စရာ မလိုပါ။
၈၉% ထိရောက်တယ်။ RU486, Mifestone, or Mifeprex တို့လို သားပျက်စေတဲ့ဆေး မဟုတ်ဘဲ သန္ဓေ မတည်အောင်သာ လုပ်ပေးခြင်း ဖြစ်တယ်။ ဘေးထွက်ဆိုးကျိုးတွေက ပျို့ခြင်း၊ အန်ခြင်း၊ ရင်သားတင်းခြင်း။ နေမကောင်း ဖြစ်ခြင်း၊ မောပန်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်သား တင်းခြင်း၊ ဗိုက်အောင့်ခြင်း။ လိင်ကတဆင့် ကူးစက်ရောဂါတွေကို အကာအကွယ် မပေးနိုင်ပါ။ ဆက်ပြီး ကာကွယ်လိုရင် အရေးပေါ် ဆေးအပြင် တခြားနည်းတွေကိုပါ သုံးဘို့လိုတယ်။
၂။ Combined oral contraceptive pills (COCs) ပုံမှန် အများသုံး တနေ့တလုံးသောက် ဟော်မုန်း ၂ မျိုးတွဲပါဆေးများ
• Preven (Ethinyl estradiol and Levonorgestrel) လိင်ဆက်ဆံပြီးနောက် ၃ ရက်အတွင်း၊ ၂ လုံး ချက်ချင်း သောက်ပါ။ ၁၂ နာရီ ခြာပြီး နောက်ထပ် ၂ ပြား သောက်ပါ။
• Ovral = Lo Ovral (Ethinyl estradiol and Norgestrel) လိင်ဆက်ဆံပြီးနောက် ၅ ရက်အတွင်း၊ ၂ လုံး ချက်ချင်း သောက်ပါ။ ၁၂ နာရီ ခြာပြီး နောက်ထပ် ၂ လုံး ထပ်သောက်ပါ။
• Cryselle (Ethinyl estradiol and Norgestrel), Levlen (Ethinyl estradiol and Levonorgestrel), Lo-Ovral (Ethinyl estradiol and Norgestrel), Marvelon 28 (Desogestrel 0.15 mg and Ethinyl estradiol 0.03 mg), Nordette (Ethinyl estradiol and Norgestrel), Low – Ogestrel (Ethinyl estradiol and Norgestrel), Levora (Ethinyl estradiol and Levonorgestrel), Seasonale (Ethinyl estradiol and Levonorgestrel), Tri-Leven (Ethinyl estradiol and Levonorgestrel), Trivora, or Tri Phasil (Ethinyl estradiol and Levonorgestrel) လိင်ဆက်ဆံပြီးနောက် ၅ ရက်အတွင်း၊ ၄ လုံး ချက်ချင်း သောက်ပါ။ ၁၂ နာရီခြာပြီး နောက်ထပ် ၄ လုံး ထပ်သောက်ပါ။
• Alesse (Ethinyl estradiol and Levonorgestrel) လိင်ဆက်ဆံပြီးနောက် ၅ ရက်အတွင်း၊ ၅ လုံး ချက်ချင်းသောက်ပါ။ ၁၂ နာရီ ခြာပြီး နောက်ထပ် ၅ လုံး သောက်ပါ။
၃။ Copper T 380-A IUD သားအိမ်ထဲ ပစ္စည်းထည့်နည်း
လိင်ဆက်ဆံပြီး ၅-၈ ရက်အတွင်း သုံးနိုင်တယ်။ ၉၉% စိတ်ချရတယ်။ တာရှည် (၃-၅ နှစ်) ကာကွယ်နည်းလဲ ဖြစ်တယ်။
၎။ ရက်ရှောင်နည်း Standard Days method သို့မဟုတ် Calendar method ပြက္ခဒိန်နည်း
ရက်ရှောင်နည်းဟာ အကုန်အကျ အနည်းဆုံးဖြစ်တယ်။ မတော်တဆ ကိုယ်ဝန် ရနိုင်နှုန်းလဲ မြင့်တယ်။ လိင်ဆက်ဆံမှုနဲ့ ဆန္ဓပြည့်ဝမှုကို အနှောက်အယှက် မဖြစ်စေသလို၊ ဘေးထွက်-ဆိုးကျိုးလည်း မရှိပါ။ ရာသီ စလာတဲ့ ရက်ကနေ တွက်ရင် လလယ်ရက် ဖြစ်တဲ့ ၁၄-၁၅ ရက်မှာ မ-မျိုးဥအိမ်ကနေ မျိုးဥထွက်တယ်။ မ-မျိုးဥနှင့် ကျားသုတ်ပိုးတို့ တွေ့ဆုံ-ပေါင်းစပ်ပြီး၊ သားအိမ်ထဲမှာ တွယ်ကပ်နိုင်မှသာ ကိုယ်ဝန်ရစေတယ်။ ရာသီစလာပြီး (၇) ရက်အတွင်းနဲ့  ရာသီ မလာခင် (၇) ရက် အလို ရက်များဟာ ကိုယ်ဝန် မရှိနိုင်တဲ့ ရက်တွေ ဖြစ်ကြတယ်လို့ ပြောတာ အကြမ်းဖျင်း ပြောတာပါ။
The Institute for Reproductive Health သုတေသနအရ တိတိကျကျ ပြောရရင် -
• ၃ဝ% သော အမျိုးသမီးတွေက အဲဒီ လလယ်ရက် အတိအကျမှာ မျိုးဥ ထွက်တယ်။
• ၆ဝ% က လလယ်ရက်ထက် ၁ ရက်စောထွက်တယ်။
• အားလုံးကို ခြုံလိုက်ရင် ၇၈%က လလယ်ရက်ထက် ၂ ရက်စောထွက်တယ်။
• ၈ ရက်မြောက်နေ့ကနေ ၁၉ ရက်အတွင်းဟာ ကိုယ်ဝန် အရနိုင်ဆုံး ရက်တွေ ဖြစ်တယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း “မဆက်ဆံသူ” တွေထဲက ၄့၇% ကိုယ်ဝန်ရကြတယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း “ဆက်ဆံသူ” တွေထဲက (ကွန်ဒွမ်) နည်း သုတ်ရည်ကို အပြင်ထုတ်နည်း သုံးသူတွေမှာ ၅့၆% ကိုယ်ဝန် ရကြတယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း ဘာအကာအကွယ်မှ မသုံးသူတွေထဲက ၁၁့၉% ကိုယ်ဝန် ရကြတယ်။
• မျိုးဥထွက်ရက်အတိမှာ ဆက်ဆံသူတွေ ၈-၁ဝ% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၅ ရက် အလိုမှာ ဆက်ဆံသူတွေ ၄% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၄ ရက်အလိုမှာ ဆက်ဆံသူတွေ ၁၅% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၂ ရက်အလိုမှာ ဆက်ဆံသူတွေ ၂၅-၂၈% ကိုယ်ဝန်ရကြတယ်။
၅။ သုတ်ရည် ပြင်ပစွန့်ထုတ်နည်း Withdrawal
ယောက်ျားက ဆန္ဒပြည့်ဝခါနီးမှာ ကျား-အင်္ဂါကို အမျိုးသမီးရဲ့ မိန်းမကိုယ်အတွင်းကနေ ထုတ်ပြီး၊ သုတ်ရည်ကို အပြင်မှာ ထွက်အောင် လုပ်ရတယ်။ ဒါပေမဲ့ အချိန်ကြာစေချင်လို့ စိတ်ကို ထိန်းထားနိုင်အုံးတော့ သုတ်ကောင် Sparm နဲနဲဖြစ်ဖြစ် အထဲမှာ ထွက်သွားတတ်တယ်။ ဒီနည်းကြောင့် ၁၅-၂၈% ကိုယ်ဝန်ရနိုင်တယ်။ Sparm 2.5 ml မှာ သုတ်ကောင်ရေ သန်း ၅ဝ ပါနေတယ်။ ဒါ့ကြောင့် ကျားသုတ်ပိုးသတ်ဆေး Spermicide နဲ့ တွဲသုံးရင် ပိုထိရောက်တယ်။
ရာသီမလာခင် ၇ ရက်ကနေ လာပြီး ၇ ရက်အတွင်းမှာ ဆက်ဆံရင် သီအိုရီအရ ကိုယ်ဝန် မရနိုင်ပါ။
ကိုယ်ဝန်တားဆေး သုံးပြီးတဲ့နောက် ကလေးယူချင်ရင် ရနိုင်ပါတယ်။ ဆေးတွေက ၁ လအတွက်ဆေးနဲ့ ၃ လအတွက် ဆေးတွေသာ ဖြစ်တယ်။ ဆေးသုံးတာကို ရပ်လိုက်တာနဲ့ ကိုယ်ဝန်မဆောင်အောင် လုပ်နိုင်စွမ်း မရှိတော့ပါ။
ဒါပေမဲ့ တချို့အမျိုးသမီးတွေက ဆေးရပ်လိုက်တာနဲ့ နောက်လကစပြီး ကိုယ်ဝန်ဆောင်တယ်။ တချို့က အချိန်ကာလ တခုကို စောင့်ရတယ်။ ဘာလို့လဲဆိုတော့ တယောက်နဲ့တယောက်က သူ့သဘာဝအတိုင်း ဟော်မုန်းအခြေအနေ ပြန်ရောက်အောင် အချိန်ယူတာချင်း မတူကြလို့ပါ။ တချို့ဆိုရင် ၁ လ မဟုတ်ဘဲ ၁ နှစ်အထိ အချိန်ယူတာလဲရှိတယ်။
ကောင်းတာက အမျိုးသမီးဟာ ဆေးမကူဘဲ သဘာဝအတိုင်း ရာသီ ၂ လ၊ ၃ လ ပြန်ဆင်းပြီဆိုမှ ကလေးယူတာ ပိုကောင်းတယ်။ ဒီကြားကာလမှာ (ကွန်ဒွမ်) နည်းစတာကို သုံးရမယ်။ ဟော်မုန်းအပိုတွေ မရှိတော့ဘဲ၊ နောက်ကိုယ်ဝန်မှာ ဘာမှ သက်ရောက်မှု မရှိစေတော့ဘူး။
ဟော်မုန်းပါတဲ့ ကိုယ်ဝန်တားဆေးတွေ မသုံးတော့တာတောင် ကိုယ်ဝန်မရနိုင်သေးတာကတော့ ရပ်လိုက်ပေမဲ့ အမျိုးသမီးရဲ့ ကိုယ်ထဲမှာ အခိုက်အတန့်အားဖြင့် သက်ရောက်မှု ဆက်ရှိနေနိုင်သေးလို့ ဖြစ်ရတာပါ။ ဟော်မုန်း ၂ မျိုးတွဲ စားဆေးသုံးသူဆိုရင် အများအားဖြင့် ၂လ၊ ၃ လ နောက်မှ ကိုယ်ဝန် ပြန်ရနိုင်တယ်။ Depo-Provera ထိုးဆေး ဆိုရင် ၆ လ၊ ၁ နှစ်ကြာမှ ကိုယ်ဝန် ပြန်ဆောင်တတ်တယ်။ ဒီကြားကာလမှာ သွေးမဆင်းဘဲနေတာလဲ ရှိနိုင်သေးတယ်။
မြန်မာပြည်မှာ ဝယ်ရတယ်လို့သိရတဲ့ Postinor ဆိုတာက Postinor-2, Postinor Duo နာမယ်တွေနဲ့ တချို့နိုင်ငံတွေမှာ ရှိတယ်။ ဆေးတကပ်မှာ ၂ လုံးပါတယ်။ ဒီဆေးမျိုးထဲမှာ 1.5 mg levonorgestrel ပါတယ်။ ဆက်ဆံအပြီး ၃-၅ ရက် အတွင်း သောက်ရမယ်။ Postinor 1, Postinor2 Unidosis နာမယ်နဲ့ ဆိုတာက ဆေး ၁ လုံးထဲသာပါတယ်။ ဆေးပါတာကတော့ 1.5 mg of levonorgestrel အတူတူဘဲ။ Postcoital high-dose progestin-only oral contraceptive pills လို့ဆေးစာနဲ့ ခေါ်ပါတယ်။ ဆေးညွှန်ကို တိတိကျကျ လိုက်ဘို့ လိုတယ်။ ဆက်ဆံတဲ့အကြိမ် နည်းသူတွေသာသုံးသင့်တယ်။ ဒီဆေးကို ပုံမှန်သဘော သုံးသူတွေမှာ တနှစ်အတွင်း ကိုယ်ဝန် ရနိုင်မှာ ၂ဝ % ရှိတယ်။ Yuzpe regimen ကို အဲလိုသုံးရင် တနှစ်မှာ ၄ဝ% ကိုယ်ဝန်ရနိုင်တယ်။ ဘာလို့လဲဆိုတော့ အရေးပေါ်သာ ကောင်းတာမို့ ဖြစ်တယ်။
Dr. တင့်ဆွေ
၁၉-၄-၂ဝ၁ဝ
၂၅-၁-၂ဝ၁၁
Unwanted-72 အိန္ဒိယမှာ တီဗွီကနေ ကြော်ညာနေတဲ့ အရေးပေါ် ကိုယ်ဝန်တားဆေး
1. UNWANTED-72 ဆိုတာ ဘာဆေးလဲ။
မလိုချင်တဲ့ ကိုယ်ဝန်အတွက် အရေးပေါ်စားဆေးဖြစ်တယ်။
2. ဘယ်အခြေအနေမျိုးတွေမှာ သုံးနိုင်သလဲ။
• ကြိုတင်ကာကွယ်မှုများ မထိရောက်တဲ့အခါ။
• သားအိမ်ထဲထည့်ထားသည့် ပစ္စည်း IUD ထွက်ကျသွားတဲ့အခါ။
• (ကွန်ဒွမ်)မသုံးမိတဲ့အခါ၊ (ကွန်ဒွမ်) ပေါက်ပြဲသွားတဲ့အခါ။
• အလိုမတူဘဲ ပြုကျင့်ခံရတဲ့အခါ။
3. မည်သို့ မည်သည့်အခါ သုံးမလဲ။
UNWANTED-72 Tablet ကို ဆက်ဆံအပြီး ၇၂ နာရီအတွင်းသုံးပါ။ မြန်လေထိရောက်လေဖြစ်သည်။
4. ဘယ်လိုသက်ရောက်သလဲ။
• လစဉ်မျိုးဥ မထွက်မီသောက်ရင် မျိုးဥအိမ်မှ မျိုးထွက်မလာနိုင်။
• လစဉ်မျိုးဥမထွက်ပြီးချိန် သောက်ရင် ကျားမျိုးဥ(သုတ်ပိုး) နဲ့ မပေါင်းစပ်စေနိုင်။
• ကျားမျိုးဥ (သုတ်ပိုး) နဲ့ မပေါင်းစပ်ပြီးချိန်သောက်ရင် သားအိမ်မှာလာရောက်မတွယ်စေနိုင်။
5. UNWANTED-72 ဆေးရဲ့ မကောင်းကျိုးများ
• ရာသီဆင်းခြင်း ပုံမမှန်ဖြစ်တတ်သည်။
• ပျို့-အန်ချင်မည်၊ ခေါင်းကိုက်-ခေါင်းမူးနိုင်၊ ရင်သားတင်းစေနိုင်သည်။
• စိတ်မူပြောင်းခြင်း။
6. ဒီဆေးကို ပုံမှန်ကိုယ်ဝန်မရှိစေရန် သုံးနိုင်သလား။
မသုံးသင့်ပါ။
7. ၁ ခါမကသုံးနိုင်သည်။ အရေးပေါ်မှသာ သုံးသင့်သည်။
8. အန်ရင် ဘယ်လိုလုပ်ရမလဲ။
ဆရာဝန်ကို တိုင်ပင်ပါ။
9. တခြားဆေးတွေနဲ့ ပြဿနာရှိသလေား။
တီဘီဆေး၊ အတက်ပျောက်ဆေး၊ ပွေးဆေး၊ မှိုဆေး တို့နှင့် ရောပြီးမသောက်သင့်ပါ။
10. နို့တိုက်မိခင်များ သုံးနိုင်သလား။
သုံးနိုင်သည်။
11. STDs လိင်ကတဆင့် ကူးစက်ရောဂါများကို ကာကွယ်နိုင်သလား။
STDs တွေကို မကာကွယ်နိုင်ပါ။
12. လစဉ်ရာသီကို သက်ရောက်သလား၊
သက်ရောက်နိုင်သည်။ စောလာနိုင်သလို နောက်လည်းကျနိုင်သည်။
13. ကိုယ်ဝန်ရှိနေပြီဟု ယူဆပါက ဒီဆေးကို သုံးနိုင်သလား။
မသုံးနိုင်ပါ။
32 comments:
  1. ကိုဝန် ဖျက်ချချင်ရင်ရော ဘာဆေးတွေများ ရှိသလဲဆိုတာသိချင်ပါတယ်
    ကိုဝန်ဘယ်နှလ ရသွားရင် ဖျက်ချဖို့မဖြစ်နိုင်ပါသလဲ
    မြန်မြန်လေးဖြေပေးစေချင်ပါတယ်
    ReplyDelete
  2. ​ကေသွယ်​April 4, 2014 at 1:41 AM
    ဘယ်​လိုအ​ခြေအ​နေ​တွေမှာဆို ကိုယ်​ဝန်​ပျက်​ကျတက်​ပါသလဲ
    ကိုဝန်​ပျက်​ကျ​အောင်​ဘာ​ဆေးသုံးရမလဲ
    မြန်​မြန်​​ဖြေ​ပေးပါ​နော်
    ReplyDelete
  3. Cytotus ဝယ်​ပါ Vugina ထဲမှာ ၁၂ ခြားတစ်​ခါ နှစ်​လုံးထည့်​ပါ
    ၁ လုံးကို​သောက်​ပါ
    ReplyDelete
  4. ကိုယ်​ဝန်​၂လကိုဖျက်​ချင်​ဘာ​ဆေးသုံးရမလဲ
    ReplyDelete
  5. ကိုယ်​ဝန်​1 လကိုဖျက်​ချင်​ရင်​ဘာ​ဆေးသုံးရမလဲ
    ReplyDelete
  6. ကျ​နော့်​သူငယ်​ချင်းစုံတွဒုက္ခ​ရောက်​​နေလို့ပါကိုယ်​ဝန်​၁လဖျက်​မလို့ဘာ​ဆေး​သောက်ရမလဲဆရာကူညီပါအုန်း
    ReplyDelete
  7. ကိုယ်​ဝန်​၁လ​ကျော်​ဖျက်​ချင်​ပါတယ်
    ဘယ်​နည်း​လမ်းကအ​ကောင်းဖစ်​မလဲ
    မြန်​မြန်​သိချင်​ပါတယ်
    ReplyDelete
  8. ကိုယ်​၀န်​ 1လ ​ပျက်​ချင်​ရင်​ဘာ​ဆေး​သောက်​ရမလဲ
    ReplyDelete
  9. ကိုယ်​၀န်​ 1လ ​ပျက်​ချင်​ရင်​ဘာ​ဆေး​သောက်​ရမလဲ
    ReplyDelete
    Replies
    1. နည်း၇ပြီလားဗျသူငယ်‌ချင်းပြသနာဖြစ်‌‌နေလို
      Delete
  10. ကိုဝန်၃လလောက်ဆိုဖျက်ချလို့ရသေးလားခင်ဗျာ cytotecဆေးကိုပထမတစ်ခါသောက်တုန်းကသွေးဆင်းပါတယ်ခင်ဗျာဒါပေးမယ့်ဆီးစစ်တာနဲ့စစ်ကြည့်တော့လည်းနှစ်ကြောင်းပေါ်နေပါတယ်ဆရာအခုဆိုရင်ဆီးစပ်နားမှာအလုံးလေးလို့ဖြစ်နေပါတယ်အဲ့ဒါကိုဝန်ရှိနေတာလားဆရာအဲ့လိုအချိန်မှာဆေးသုံးပြီးဖျက်ချလို့ရသေးလားခင်ဗျာကိုဝန်ဘယ်နှစ်လလောက်ထိဆေးသုံးဖျက်လို့ရပါသလဲခင်ဗျာ
    ကျေးဇူးပြုပြီးဖြေကြားပေးပါ
    ReplyDelete
  11. ကိုဝန်၃လလောက်ဆိုဖျက်ချလို့ရသေးလားခင်ဗျာ cytotecဆေးကိုပထမတစ်ခါသောက်တုန်းကသွေးဆင်းပါတယ်ခင်ဗျာဒါပေးမယ့်ဆီးစစ်တာနဲ့စစ်ကြည့်တော့လည်းနှစ်ကြောင်းပေါ်နေပါတယ်ဆရာအခုဆိုရင်ဆီးစပ်နားမှာအလုံးလေးလို့ဖြစ်နေပါတယ်အဲ့ဒါကိုဝန်ရှိနေတာလားဆရာအဲ့လိုအချိန်မှာဆေးသုံးပြီးဖျက်ချလို့ရသေးလားခင်ဗျာကိုဝန်ဘယ်နှစ်လလောက်ထိဆေးသုံးဖျက်လို့ရပါသလဲခင်ဗျာ
    ကျေးဇူးပြုပြီးဖြေကြားပေးပါ
    ReplyDelete
    Replies
    1. အကို cytotec ကဘယ်ကဝ်တာလဲ
      Delete
    2. အကို cytotec ကဘယ်ကဝ်တာလဲ
      Delete
    3. သိချင်​ပါတယ်
      Delete
  12. ရာသီမလာလို့စစ်​ကြည့်​​တော့ကိုယ်​ဝန်​ရှိ​နေလို့ဆရာဝန်​နဲ့တိုင်​ပင်​ပြိး​ဆေးထိုးခဲ့ပါတယ်​၂လုံးထိုးရတာပါပထမတစ်​လုံးထိုးပြီး၃ရက်​​မြှောက်​​နေ့မှာ​နောက်​တစ်​လုံးထိုးတာပါခုထိဘာမှထူးမလာ​သေးပါဘူးစစ်​ကြည့်​​တော့လဲရှိ​နေတုန်းပါပဲခုဆိုရာသီမလာတာ၂လ​ကျော်​သွားပါပြီယူဖို့ကလဲမဖြစ်​နိုင်​​သေးလို့​ကျေးဇူးပြုပြီး​ဖြေကြား​ပေး​ပေးပါ​ဗျာအဖြူလည်းဆင်း​နေတယ်​​ပြောတယ်​ဆရာဝန်​က​တော့​စောင့်​ကြည့်​ပါအုံး​ပြောပါတယ်​​စောင့်​ကြည့်​​နေရင်းအချိန်​​တွေကြာပြိးပိုဆိုးလာမှာစိုးလို့ဘာ​ဆေး​တွေနဲ့ဖျက်​လို့ရလဲ​ပြောပြ​ပေးပါ​ဗျာ​ကျေးဇူးပြုပြီး
    ReplyDelete
  13. ကိုယ်​ဝန်​ရှိမရှိ ဆီးစစ်​ခြင်းက ဘယ်​အချိန်​မာ စပြီး စစ်​လို့ရပါသလဲဆရာ
    ReplyDelete
  14. ကိုယ်​ဝန်​တလရှိပါပီဘာနဲ့ဖျက်​လို့ရပါသလဲရှင့်
    ReplyDelete
  15. ရာသီလာမဲ့ရက်ကို မလာရင်​ ကိုယ်​ဝန်​ရှိနိုင်းပါသလား တစ်​ကယ်​လို့များ ကိုယ်​ဝန်​တစ်​လရှိ​နေလို့ ဖျက်​ချခြင်​ရင်​ ဘယ်​​ဆေး​တွေးကို​သောက်​သင့်​ပါသလဲ
    ReplyDelete
  16. ကိုယ်ဝန် ပျက်ချင်တဲ့အချိန် ဘယ်လိုလက္ခဏာမျိုး ကြိုဖြစ်လဲ ဆရာ သိချင်လို့ပါ စိတ်လဲပူနေလို့ပါ
    ReplyDelete
  17. ကိုယ်ဝန် ပျက်ချင်တဲ့အချိန် ဘယ်လိုလက္ခဏာမျိုး ကြိုဖြစ်လဲ ဆရာ သိချင်လို့ပါ စိတ်လဲပူနေလို့ပါ
    ReplyDelete
  18. ​ဆေးလုံးတလုံးတည်းပါတဲ့ ကိုယ်​၀န်​တား​ဆေးကိုတကြိမ်​ထဲ​သောက်​လို့မရဖူးလာဗျာ အဲ့​ဆေးက၇၂နာရီအတွင်း ​သောက်​လို့ရပါသလားသိချင်​လို့ပါ
    ReplyDelete
  19. ၂ပတ်​ရှိ​နေတဲ့ကိုယ်​ဝန်​ဘာ​ဆေးနဲ့ဖျက်​ချလို့ရမလည်း သိချင်​ပါတယ်
    အခက်​အခဲဖြစ်​​နေလို့ပါ ​ဖြေကြား​ပေးပါ
    ReplyDelete
  20. ဆရာကျ​နော်​ ​​ကောင်​မ​လေးမှာ ကိုယ်​ဂန်​ ၂လ ပြည့်​​တော့မယ်​ သူက အခု​ကျောင်း တတ်​​နေလို့ ယူလို့ မဖြစ်​​သေး ဘူး အဲ့တာ ဘာ​ဆေး ​သောက်​ ရမာလဲ သူက အ​ဝေးမာ​ရောက်​​နေလို့ပါ ​ပြောပြခဲ့ ပါ​နော်​ ဆရာ ​ကျေးဇူး တင်​ပါတယ်
    ReplyDelete
  21. ဆရာ ကူညီပါဦး
    ဘယ်​မှာဖျက်​ချရင်​ ရမလည်း
    ReplyDelete
  22. ကျွန်​မရာသီလာရက်​ အတိအကျမှတ်​မထားမိပါဘူးဆရာ ပုံမှန်​ ၁၅ ရက်​နဲ့ ၂၁ ​တော့ သိပါတယ်​ရှင့့် ဒီလ ၂၁ ရက်​​နေ့ထိမလာလို့ ဆီးစစ်​တာ ၂​ကြောင်း ​ပေါ်လို့ပါ ..သူငယ်​ချင်းအဆက်​သွယ်​ဖြင့်​​ဆေးကဒ်​ဝယ်​​ပေးပါတယ်​ ..Online ကမှာတယ်​​ပြောတာပါပဲရှင်
                   Misoprostol 200 mcg
                   MAXTAR BIO-GENICS လို့​ရေးထားတဲ့​ဆေးကို 800 mcg ကို6 နာရီ ၃ကြိမ်​ ထည့်​ခဲ့ပါတယ်​ ၂ရက်​ထိ​စောင့်​ကြည့်​​ခဲ့လို့ ​သွေးဆင်းမလာလို့ 12 နာရီ 3ကြိမ်​ 800 mcgကို ထပ်​အသုံးပြုထားပါတယ်​ ..မိန်းမကိုယ်​ထဲထည့်​တဲ့နည်းသုံးခဲ့တာပါဆရာ ..​ ၂ကြိမ်​ရှိပါပီ​သွေးဆင်းမလာ​သေးလို့ ​..​ဆေးသုံးနည်းမှား​နေတာလားရှင့်​ .. ​ဆေးကမှား​နေတာပဲလားကို မသိလို့ပါရှင့်​ ..မှန်​ကန်​တဲ့နည်းနဲ့ ဘာ​ဆေးသုံးပြုရမလဲဆိုတာ ​ကျေးဇူးပြုပီး​ဖြေ​ပေးပါရှင်​ .. မသိလို့ပါရှင်
    ReplyDelete
  23. တစ်လရှိပါပီလူမှု့ရေးအချို့ကြောင့် ဖျတ်ကြချင်ပါသတဲ့ ဘာ ဆေးစားရမလည်းခင်ဗျ
    ReplyDelete
အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com
Related Posts Plugin for WordPress, Blogger...