" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

နိုင်ငံရေး ဆောင်းပါး Three Hero သူရဲကောင်း ၃ယောက် Myanmar Story knowledge

တစ်ခါတုန်းကပေါ့ကွာ..နိုင်ငံတစ်ခုမှာလူတန်းစားသုံးမျိုးသာဝန်ထမ်းလုပ်ကြသတဲ့..
အဲဒါတွေကတော့ သူတောင်းစားရယ်၊သူခိုးရယ်၊ဒမြရယ်တဲ့...
တစ်ရက်ကြတော့ သူတို့ သုံးယောက်လမ်းမှာဆုံကြသတဲ့..ဒီတော့ သူတောင်းစားကပြောသတဲ့
``သူခိုးရယ်..မင်းကဘာကြောင့်ခိုးနေရတာလဲကွာ..ဘုရားမကြိုက်တဲ့ကိစ္စကြီးမို့ လား´´
ဒမြကလဲပြောသတဲ့ ..မင်းကွာခိုးတာမကောင်းပါဘူးကွာ...တဲ့
အဲဒီမှာသူခိုးကလည်းပြောသတဲ့ ``ငါခိုးတာအပြစ်မမြင်နှင့် သူခိုးကြီးတွေက ငါတို့ ကို
ဂါရ၀ကြေးတောင်းတယ်ကွ..ဒိတော့ ငါလည်းခိုးပြီးပေးရာက ခိုးတတ်သွားတာကွ..
အခုတော့ မခိုးရရင်မနေနိုင်တော့ ခိုးနေမိတာပါကွာ´´
အဲဒီလိုလဲပြောပြီးေ၇ာ..မင်းကကောဘာလို့ ဒမြတိုက်နေရတာလဲကွ..အကုသိုလ်ကိစ္စ
ကြီးမို့ လားဆိုပြီးမေးသတဲ့...ဒီတော့ဒမြကလည်း....``ငါလဲ တိုက်ချင်လို့ မဟုတ်ပါဘူး
အစကတော့ ဘာသိဘာသာနေတာပဲ..ဒါပေမဲ့ ..ဒမြကြီးတွေကတရားဝင်ဆက်ကြေးတောင်း
တော့..ဘယ်ကရှာမလဲ...အဲဒီတော့တိုက်ပြီးပေးရတာပေါ့ကွ...ဒီလိုနှင့် သူတို့ ပေးဖို့ တိုက်
လိုက်..ငါစားဖို့ တိုက်လိုက်..သံသရာလည်သွားတာပါပဲကွာ´´
နောက်ဆုံး သူခိုးနှင့်ဒမြက သူတောင်းစားကို ကြည့်ပြီး...ပြောသတဲ့
``မင်းကတော့ဟန်ကြတာပေါ့..အေးအေးဆေးဆေးတောင်းစားနေရုံပဲ´´
အဲဒီမှာတင်...သူတောင်းစားကငိုသတဲ့
``မထင်နှင့် သူငယ်ချင်းတို့  ငါတို့ လည်းတောင်းလို့ ကောင်းတဲ့ နေရာရောက်ဖို့ 
သူတောင်းစားကြီးတွေကို သွားကန်တော့ရတာပါပဲကွာ..ငါလည်းငါ့အတွက်တောင်းလိုက်
သူတို့ အတွက်တောင်းလိုက်ပါပဲကွာ´´
နောက်ဆုံးတော့သူတို့ သုံးယောက်ကပြောသတဲ့
အထက်ကဖိ...အောက်ကထိုး..ငါတို့ သူခိုးမျိုး
လာဘ်ထိုး....ချစ်ခင်..မထိုး အပြစ်မြင်..ငါတို့ ဒမြပင်...
သနားကြပါခင်ဗျား...ငါ့အတွက်..သူအတွက်...သူတောင်းစားရဲ့ ခွက်..

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...