" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

ကိုမင်းကိုနိုင် လွတ်မြောက်ရေးနေ့ အမှတ်တရ သီချင်း မြန်မာ့ နိုင်ငံရေး Ko Min Ko Naing Independent Song Music Myanmar Policy

ကိုမင်းကိုနိုင် လွတ်မြောက်မှု အမှတ်တရ သီချင်း
.
တေးသွားကို နားဆင်ရန် ခေါင်းစဉ်ကို နှိပ်ပါ။

(မူရင်း အင်္ဂလိပ်သီချင်း - " Tie a Yellow Ribbon round the old Oak Tree " )



ဒေါင်းစိတ်၊ ဒေါင်းမာန် မပျောက်တာ ပြဖို့ ပြုံးပြပါ (သီချင်း)


အိမ်ပြန်လာပြီ၊ အကျဉ်းခံချိန် ဆုံးပြီ။
ပြည်သူ့ဆန္ဒ ဘယ်လိုရှိတာ သိချင်သည်။
ဒီနေ့ ကျွန်တော် လွတ်မယ် ဆိုတဲ့ သတင်းစကား ပြည်သူတွေများ ကြားမိရင်
ဘာလုပ်ရမလဲ ဆိုတာ သိမည် ... ကျွန်တော့်ကို လိုသေးရင်။
ကျွန်တော့်ကို လိုသေးရင် ...

ကဲ ... ဒေါင်းစိတ်၊ ဒေါင်းမာန် မပျောက်တာ ပြဖို့ ပြုံးပြပါ။
ဒီတခါ ၄ နှစ် ကြာ၊ ကျွန်တော့်ကို လိုသေးလား။
ဒေါင်းစိတ်၊ ဒေါင်းမာန် မပျောက်တာ ပြတဲ့ ပြည်သူ့အပြုံးကို မမြင်ရင်
ကား ဆက်စီးသွားမယ်၊ ကျွန်တော့်ကို မေ့လိုက်၊ ဒီမိုကရေစီ မရသေးလို့ ခွင့်လွှတ်ပါ။
ဒေါင်းစိတ်၊ ဒေါင်းမာန် မပျောက်တာ ပြတဲ့ ပြည်သူ့အပြုံးကို မမြင်ရင် ကားပေါ်က မဆင်းတော့ပါ။

ကားဆရာ ... ကျွန်တော့်အစား လှမ်းကြည့်ပေးဗျာ၊
မြို့အဝင်မှာ ဘာမြင်ရမလဲ ဆိုတာ ကျွန်တော် မကြည့်ရဲလို့ပါ။
ထောင်ပြင် ရောက်လာပေမယ့် ကျွန်တော့်နှလုံးသားက ထောင်ကျနေဆဲ အဖြစ်မျိုးပါ။
ပြည်သူ့အပြုံး ရိုးရိုးလေးများကသာ ကျွန်တော့်ကိုတကယ် လွတ်မြောက်စေမယ့် သော့ချက်ပါ၊
ဒီသော့က ပြည်သူ့လက်ထဲမှာ။

ကဲ ... ဒေါင်းစိတ်၊ ဒေါင်းမာန် မပျောက်တာ ပြဖို့ ပြုံးပြပါ။
ဒီတခါ ၄ နှစ် ကြာ၊ ကျွန်တော့်ကို လိုသေးလား။
ဒေါင်းစိတ်၊ ဒေါင်းမာန် မပျောက်တာ ပြတဲ့ ပြည်သူ့အပြုံးကို မမြင်ရင်
ကား ဆက်စီးသွားမယ်၊ ကျွန်တော့်ကို မေ့လိုက်၊ ဒီမိုကရေစီ မရသေးလို့ ခွင့်လွှတ်ပါ။
ဒေါင်းစိတ်၊ ဒေါင်းမာန် မပျောက်တာ ပြတဲ့ ပြည်သူ့အပြုံးကို မမြင်ရင် ကားပေါ်က မဆင်းတော့ပါ။

ဟော ... ကားတစီးလုံး ဩဘာပေးနေပြီ။
ကျွန်တော် မြင်ရတာ မယုံနိုင်ပါ၊
ဟာ ... ဒေါင်းစိတ်၊ ဒေါင်းမာန် မပျောက်တာ ပြတဲ့ ပြည်သူ့အပြုံး ထောင်သောင်းချီ မြင်နေရပြီ။


ပြည်သူ့ဘက်သား
၁၃၊ ၁၊ ၂၀၁၂ ရက်နေ့

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...