" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

အင်တာဗျူး ဒေါ်အောင်ဆန်းစုကြည် Interview with Daw Aung San Su Kyi မြန်မာ့ နိုင်ငံရေး

ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ ပြန်လွတ်လာပြီး ပြောတဲ့စကားတွေ အထဲမှာ ဒီတခုကိုပဲ သီးသန့် ရွေးပြီး ဘလော့ဂ်မှာ အမှတ်တရ ဖေါ်ပြဖြစ်တာက အကြောင်းနှစ်ချက် ရှိပါတယ်။ ပထမအချက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD လျှောက်နေတဲ့လမ်းနဲ့ ပတ်သက်ပြီး ကိုမင်းကိုနိုင်ရဲ့ လိုရင်းတိုရှင်း ပြောထားတာကို သိမ်းထားချင်လို့၊ ဒုတိယအချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို သုံးစားမရအောင် ပုတ်ခတ်နေသူတွေကို အသိပေးခြင်း ဖြစ်တယ်။

NLD မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်တာနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို သုံးစားလို့ မရအောင် ပုတ်ခတ်တဲ့သူတွေနဲ့ ကျွန်မ မကြာခဏ ငြင်းရခုန်ရတာ ရှိပါတယ်။ သဘောထား အမြင်ချင်းမတူပေမဲ့ လူလိုသူလို ဝေဖန်ပြောဆိုသူတွေက အကြောင်းမဟုတ်ပေမဲ့ အဆင့်အတန်းမရှိ ပက်ပက်စက်စက် ယုတ်ယုတ်ရိုင်းရိုင်း ခိုင်းနှိုင်းဝေဖန် ပုတ်ခတ်ကြတာကိုလည်း အကြိမ်ကြိမ် တွေ့မြင်နေရတော့ တော်တော်လေးလည်း ရုပ်ပျက်ဆင်းပျက်နိုင်လို့ စိတ်ပျက်ခဲ့ရတာတွေ ရှိခဲ့ပါတယ်။ အခုတော့ ကျွန်မ ပြောခဲ့ဖူးတဲ့ အချက်တွေအားလုံးရဲ့ ဆိုလိုရင်းကို ကိုမင်းကိုနိုင်က ဒီအင်တာဗျူးထဲမှာ လိုရင်းတိုရှင်းနဲ့ ထိထိမိမိလေး ဖြေထားပေးတာကို သဘောကျလို့ သိမ်းထားလိုက်ပါတယ်။

ဒီအချက်တွေကို ကျွန်မတို့ ပြောခဲ့တုန်းကတော့ ကျွန်မတို့ ဆွေးနွေးချက်တွေကို ဘယ်တုန်းကမှ တလေးတစား ပြန်ဆွေးနွေးခြင်း မရှိခဲ့တဲ့အပြင် ကိုယ်တချိန်က ဆန့်ကျင်ခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအောက်ကို ခေါင်းသွားတိုးဝင်ကာ ၂၀၁၀ ရလဒ်ကို အသိအမှတ်ပြုပြီး ကိုယ်ထွေးတဲ့တံတွေး ကိုယ်ပြန်မြိုတဲ့ သူတွေ၊ ပုဂ္ဂိုလ်ရေး ကိုးကွယ်တဲ့သူတွေလို့ ပြန်စွပ်စွဲခံရတာ အဖတ်တင်ခဲ့တယ်။ သို့ပေမဲ့လည်း အခုလို ကိုမင်းကိုနိုင်ကိုယ်တိုင် အထင်ကရ ပုဂ္ဂိုလ်တဦးက အခုလုပ်ဆောင်နေတာတွေက အရင်လုပ်လာခဲ့တဲ့ န၀တ နအဖ တို့က တွေ့ဆုံဆွေးနွေးရေးကို လုံးဝလက်လျူရှုပြီး သူတို့ လုပ်ချင်သလို ထင်ရာစိုင်းပြီး လုပ်လာတဲ့ နိုင်ငံရေးအခြေအနေနဲ့ လုံးဝမတူဘူး ဆိုတာကို အဓိပ္ပာယ်သက်ရောက်စေတဲ့ "တွေ့ဆုံဆွေးနွေးရေးက လာတဲအသီးအပွင့်တွေ မို့ မြတ်မြတ်နိုးနိုး ပန်ဆင်ရမယ်" လို့ ပြောလိုက်တဲ့ အပေါ်မှာတော့ အရင်က လက်မခံသူတွေ ဒါကို အလေးအနက်ထားကာ ခေါင်းထဲထည့်လာ သဘောပေါက်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အင်တာဗျူးထဲက အောက်ပါအချက်လေးနှစ်ခုကို ကျွန်မ အဓိက ရည်ညွန်းချင်ပါတယ်။ ဖတ်ရှုသုံးသပ်ကြည့်ကြပါ။


"ကျွန်တော်တို့ဟာ တလျှောက်လုံး တောင်းဆိုလာခဲ့တာက တွေ့ဆုံဆွေးနွေးရေးပါ။ တွေ့ဆုံဆွေးနွေးရေးကို အတောင်းကောင်းလို့လည်း ကျွန်နော်တို့ကို ဆုံးမလိုက်တာလည်း တော်တော်များပါတယ်။ အဲဒီဆုံးမတဲ့ ဒါဏ်ရာဒါဏ်ချက်တွေက ကျွန်နော်တို့ ကျောမှာ အခုထိကျန်နေတုန်း။ သို့သော်လည်း နောက်ဆုံးကျတော့ တွေ့ဆုံဆွေးနွေးရေးက ဖြစ်ကိုဖြစ်လာရတာပါပဲ။ အဲဒီအပေါ်မှာ အားလုံးရဲ့ပေးဆပ်မှုတွေ အင်မတန်ရှိခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးရေးက ထွက်လာတဲ့အဖြေ ရလဒ်အပြီးသတ်လို့ မပြောနိုင်သည့်တိုင်အောင် အခုလို မှတ်ပုံတင်ခြင်း ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ ကိစ္စ အားလုံးဟာ တွေ့ဆုံဆွေးနွေးရေးက အသီးအပွင့် တခုလို့ ကျွန်တော်မြင်ပါတယ်။ အဲဒါကြောင့် တွေ့ဆုံဆွေးနွေးရေးကို ဘ၀တွေ အသက်တွေပေးခဲ့ရတဲ့သူတွေ အားလုံးရဲ့ကိုယ်စား တွေ့ဆုံဆွေးနွေးရေးကလာတဲ့ အသီးအပွင့်တွေကိုတော့ ကျွန်နော်တို့ မြတ်မြတ်နိုးနိုးနဲ့ ပန်ရတော့မှာပါ။ အဲဒီတော့ ကျွန်နော်တို့ လိုက်ပါဆောင်ရွက်ဖို့ပဲ ရှိပါတယ်"

"ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာ အဆင့်ထိကို စံချိန်မီရောက်နေပါပြီ။အဲသည့်အတွက် မည်သူတွေ ချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ အသိအမှတ်မပြုချင်လို့မရပါဘူး။ဒါ ပကတိ တရားပါ။ နိုင်ငံတကာ အဆင့်ရောက်နေတဲ့ ခေါင်းဆောင်တယောက်ကို ကျနော်တို့ တိုင်းပြည်မှာ လက်ရှိအာဏာကို ရနေတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ အသိအမှတ်ပြုပေးဖို့လိုပါတယ်....." တဲ့ ကိုမင်းကိုနိုင်က ပြောထားပါတယ်။

ကိုယ်ထွေးတဲ့တံတွေး ကိုယ်ပြန်မြိုတာ ဟုတ်မဟုတ် ဖတ်ရှုနားဆင်သုံးသပ် ဆင်ခြင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...