" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

Free and easy Study A++ MS DOS commands Program များကို Turbo C++ 3.0 အသုံးပြု၍ ပရိုဂရမ် ရေးသားခြင်း

     ဒီဆောင်းပါးလေးကို ရေးဖို့ တွန့်ဆုတ်နေတာ ကြာပါပြီ။ မနေ့ကတော့ ကျွန်တော့် သူငယ်ချင်းတစ်ယောက် တိုက်တွန်းတာနဲ့ ဒီလို အကြောင်းအရာမျိုးလေးတွေကို ဖြေးဖြေးချင်း စုစည်း ရေးသားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ ဒီလို ဆောင်းပါးမျိုးကို ကျွန်တော် အင်ဂျင်နီယာကျောင်းသားဘဝ ၂၀၀၀ ခုနှစ် အောက်တိုဘာ လထုတ် ကွန်ပျူတာ ဂျာနယ် ပါ Installation software construction ဆိုတဲ့ ဆောင်းပါးမှာ စတင်ရေးသားခဲ့တာ ဖြစ်ပါတယ်။ အခု မရေးချင်တဲ့ အကြောင်းက လူသုံးနည်းတဲ့ ပရိုဂရမ်းမင်း အမျိုးအစား ဖြစ်နေတာကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် အခု ပေါ်လာတဲ့ virus တွေကို manually နှိမ်နင်းဖို့ ခက်ခဲလာတဲ့ အခါ အဲဒီလို portable ဖြစ်တဲ့ ပရိုဂရမ်းမင်းလေးတွေက အသုံးဝင်လာပါတယ်။ ဘာလို့လဲ ဆိုတော့ virus က ဖျောက်ထားတဲ့ folder options တွေ၊ registry editor တွေ Task manager တွေကို အဲဒီ ပရိုဂရမ်လေးတွေကို အသုံးချပြီး access လုပ်လို့ ရလို့ပဲ ဖြစ်ပါတယ်။ ခု ပထမဆုံး ဆောင်းပါးမှာတော့ MS DOS command တွေကို ပရိုဂရမ်နဲ့ ဘယ်လို ရေးပြီး ခိုင်းလို့ ရတယ်ဆိုတာကို ရှင်းပြဖို့ ကြိုးစားထားပါတယ်။
     ဒီဆောင်းပါးကို မဖတ်ခင် စာဖတ်သူအနေနဲ့ MS DOS commands တွေကို ရင်းရင်းနှီးနှီး သိထားဖို့ နဲ့ Turbo C++ 3.0 ကို အနည်းငယ် အသုံးပြုဘူးသူ ဖြစ်ဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။ MS DOS commands တွေကို Windows Help and Support Centre ထဲက Use Tools to view your computer information and diagnose problems ဆိုတဲ့ menu ကနေ တဆင့် Command-Line reference A-Z ဆိုတဲ့ နေရာကနေ အပြည့်အစုံ လေ့လာယူနိုင်ပါတယ်။
(အဲဒီ အကြောင်းအရာတွေကို ကျွန်တော့်အနေနဲ့ Planet forum မှာ အခန်းဆက် ရေးသားတင်ပြ ထားဘူးပါတယ်။ အခု ဆောင်းပါးမှာတော့ အကျယ်ချဲ့ပြီး မရှင်းပြတော့ပါဘူး။) Turbo C++ 3.0 software ကိုတော့ ဒီနေရာကနေ ဒေါင်းလုပ် ရယူနိုင်ပါတယ်။ Zip file လေးကို ပြန်ဖွပြီး C: drive ရဲ့ root Directory ထဲ ပြောင်းထည့်လိုက်ရုံနဲ့ တန်းပြီး အသုံးချနိုင်အောင် စီစဉ်ထားပါတယ်။ ဆိုလိုတာက တခြား folder ထဲ မထည့်ဘဲ C: drive ထဲ တန်းထည့်ဖို့ ပြောခြင်း ဖြစ်ပါတယ်။ ဒါဆိုရင် C:\TC\BIN folder ထဲကိုသွားပြီး TC.EXE file ကို run ခြင်းအားဖြင့် Turbo C++ Editor ကို ခေါ်ယူ ရေးသား အသုံးပြုနိုင်ပြီ ဖြစ်ပါတယ် ခင်ဗျာ။
     ရေးသားတဲ့ ပုံစံ က တကယ့်ကို ရိုးစင်းပါတယ်။ C++ ရဲ့ function တစ်ခုတည်းကို အသုံးချပြီး ရှိရှိသမျှ MS DOS commands တွေကို ခေါ်ယူ ခိုင်းစေ နိုင်ပါတယ်။ အဲဒီ function ကတော့ system( ) ဖြစ်ပါတယ်။ သူ့ရဲ့ header file ကတော့ Process.h ပဲ ဖြစ်ပါတယ်။ ကဲ dir ဆိုတဲ့ command လေးတစ်ခုကို စပြီး ပရိုဂရမ် ရေးကြရအောင်။
     အဲဒီမှာ getch() ကို သုံးထားရတဲ့ ရည်ရွယ်ချက်ကတော့ ပရိုဂရမ်ကို ချက်ချင်း ထွက်မသွားစေဘဲ key တစ်ချက် အနှိပ် ကို စောင့်နေဖို့ ဖြစ်ပါတယ်။ ဒါမှလဲ ပရိုဂရမ် run လို့ ထွက်လာတဲ့ results တွေကို ကြည့်ချိန်ရမှာ ဖြစ်ပါတယ်။
     ပထမဆုံး Compile လုပ်ကြည့်ပါ။ အိုကေ ပါလိမ့်မယ်။ ပြီးရင် Run ကြည့်ပါ။ ဘာမှ ဖြစ်မလာတာကို တွေ့ရပါလိမ့်မယ်။ အဲဒါက C++ compiler က အဲဒီ system() function ကို C++ IDE မှာ တိုက်ရိုက် Run မပေးလို့ပဲ ဖြစ်ပါတယ်။ ဒီတော့ Compile->Build All ကနေ Exe file ဖြစ်လာအောင် ဖန်တီးပါ။ အဲဒီ exe file ဟာ default အနေနဲ့ C:\TC\BIN ထဲမှာ ရှေ့က C++ file ကိုပေးထားတဲ့ နာမည်နဲ့ အနောက်က exe ဆိုတဲ့ extension နဲ့ တွေ့ရမှာ ဖြစ်ပါတယ်(ဥပမာ dir1.cpp ဖိုင် အတွက်ဆို dir1.exe)။ အဲဒီ exe file ကို double click လုပ်ပြီး Run ပေးမှ အလုပ်လုပ်မှာ ဖြစ်ပါတယ်။
     ပုံမှာ ပြထားတဲ့ အတိုင်း Command prompt မှာ dir command ကို ရိုက်ထည့်လိုက်တဲ့ အခါ ပေါ်လာတဲ့ အတိုင်း မြင်ရမှာ ဖြစ်ပါတယ်။ အခြား commands တွေကိုလည်း အခု ဖေါ်ပြထားတဲ့ အတိုင်း dir နေရာမှာ အစားထိုး ရေးသားရုံပဲ ဖြစ်ပါတယ်။ သတိထားရမယ့် အခြား ခြွင်းချက် တစ်ခုက path တွေကို ရေးတဲ့ နေရာမှာ (ဥပမာ-C:\TC\BIN) ဆိုတဲ့ ပုံစံမျိုး ရေးသား ချင်တယ်ဆိုရင် \ နေရာမှာ \\ နဲ့ (ဥမာ-C:\\TC\\BIN) ဆိုတဲ့ ပုံစံမျိုး ပြောင်းရေးဖို့ပဲ ဖြစ်ပါတယ်။ (ဒါက တကယ်တော့ C++ မှာ \ ကို special character အနေနဲ့ သတ်မှတ်ထားလို့ ဖြစ်ပါတယ်။) ကဲ ဒီ တစ်ခေါက်ကတော့ ဒီလောက်ပါပဲ။ အခြား ကိုယ်သိတဲ့ DOS commands တွေနဲ့ စမ်းသပ်ရေးသားပြီး အခက်အခဲ ရှိရင် ကျွန်တော့်ကို ကွန်မန့်ပေးလို့ ဖြစ်စေ၊ စီပုံးကဖြစ်စေ မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...