" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

get free Books Download best Mother Board CD/about Networking/html/photo-shop/Free Download Study Program/Computer Installation/Myanmar Cartoon

ကိုယ်ပိုင်ကွန်ပျူတာတွေကို Window ပြန်တင်ချင်ရင် အခုဖော်ပြမယ့် စာအုပ်ကို ဖတ်ပြီး လုပ်နိုင်ပါတယ်။ လိုအပ်တာကတော့ Window တင်တဲ့ CD ရယ်၊ မိမိစက်ရဲ့ Motherboard CD ရယ် ဖြစ်ပါတယ်။ ဒီစာအုပ်ကို ကြေညက်အောင် ဖတ်ပြီး Window ပြန်လည်တင်နိုင်ပါတယ်။ ကဲ ပြောနေကြာတယ်။ စာအုပ်သာ ဖတ်ကြည့်ပေတော့။ စာအုပ်ကို ဒီမှာ Download လုပ်ယူပါ။

Network ကို လေ့လာချင်သူများ အတွက်ပါ။ မြန်မာလို ရေးသားထားသော စာအုပ် ဖြစ်ပါတယ်။ စာရွက် (၂၀၀)ကျော် ပါရှိပါတယ်။ ယနေ့ ခေတ်ကြီးထဲမှာ International လို့ ပြောရမယ့် Network နည်းပညာကို အနည်း အကျဉ်းမျှ မသိပါက Global ခေတ်ကြီးထဲ နေရတာ အဆင်မပြေ ဖြစ်နိုင်ပါတယ်။ (စကားကြီး စကားကျယ်နဲ့ ဟီး) အပြောကို လျော့ပြီး စာအုပ်ကို ဒီမှာ တင်ပေးလိုက်ပါတယ်။ စိတ်ဝင်စားသူများ Download လုပ်ယူနိုင်ပါတယ်။

HTML လေ့လာချင်ရင် ...
မိမိဘလော့ Cbox တွင် လာရောက် တောင်းဆိုထားသော ဤစာအုပ်ကို ရှာဖွေပြုစု ဖော်ပြပေးလိုက်ပါတယ်။ ယခု ဖော်ပြသော စာအုပ်တွင် ရေးသားထားသော စာရေးသူသည် HTML ကို အသေးစိတ် ဖော်ပြထားသလို ရေးသားရာတွင်လည်း စနစ်ကျ လှပါတယ်။ HTML ကို အပိုင်း(၇)ပိုင်း ဖြင့် ရေးသား ဖော်ပြထားပါတယ်။ အဆိုပါ ရေးသားချက်များအား ပြုစု၍ စာအုပ်ပြုလုပ်ကာ ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။ Cbox တွင် လာရောက်တောင်းဆိုသော ကိုရဲလည်း အတိုင်းအတာ တစ်ခုအထိ ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ Java, Css တို့ကိုတော့ ဆက်လက် ရှာဖွေပြီး ဖော်ပြပေးသွားပါ့မယ်။ စာအုပ်ကို ဒီတွင် Download လုပ်ယူပါ။

Computer Short-Cut Keys
စာအုပ်လို့သာ ပြောရပါတယ် .. စာရွက်က နှစ်ရွက်ထဲသာ ပါပါတယ်။ ဒီစာအုပ်လေးထဲမှာ Basic ShortCut Key, Window ShortCut, WinKey, Word Key,Excel Key, Outlook key တို့ပါဝင်ပါတယ်။ မသိသူများအတွက် အမြင်ကျယ် အသိတိုးစေဖို့ ဖော်ပြလိုက်ပါတယ်။ ဒီမှာ Download လုပ်ယူပါ။

Photo-shop Free Download
Adobe Photoshop CS 1,2,3 ဆိုပြီး သုံးနေတဲ့ အချိန်အခါမှာ Photoshop 7.0 စာအုပ်လာပေး နေရသလား ဆိုပြီး စိတ်မဆိုးလိုက်ပါနဲ့။ အခုမှ Photoshop ကို သုံးစွဲချင်သူများအတွက် ရည်ရွယ်ပြီး တင်ပေးလိုက်တာပါ။ ယခု စာအုပ်က မြန်မာလို ရှင်းလင်း ဖော်ပြထားတဲ့ စာအုပ် ဖြစ်ပါတယ်။ ကျွန်တော်တောင် အခုအချိန်ထိ လေ့လာနေရ တုန်းပါပဲ။ ရှင်းလင်းချက်တွေက ကောင်းမွန်လှပြီး ထိမိလှပါတယ်။ ယခုမှ လေ့လာသူများအတွက်အပြင် တတ်ပြီးသား လူများလဲ လေ့လာနိုင်ပါတယ်။ ပညာရပ်ဆိုင်ရာတွေသာ ရေးစေချင်တဲ့ ကိုမောင်လှိုင် တစ်ယောက်လဲ ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အမြဲတမ်း လာရောက် အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ စာအုပ်ကို ဒီမှာ Download လုပ်ယူပါ။

Free Download Study Program
Program နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဖော်ပြပေးထားပါတယ်။ Program ဆိုတာဘာလဲ၊ Java ဆိုတာ ဘာလဲ စသဖြင့်ပေါ့။ စာအုပ်ကို ဖတ်ကြည့်ရင် သိမှာပါ။ ကျွန်တော် ရေးသားထားတာ မဟုတ်ပါ။ ဟိုက ကူး၊ ဒီက ကူးနဲ့ စာအုပ်ဖြစ်အောင် ပြန်လုပ်ထားတာပါ။ လေ့လာသူများအတွက် စာအုပ်လေးနဲ့ဆိုရင် အဆင်ပြေနိုင်မယ်ဆိုတဲ့ စိတ်ကူးကြောင့် ပြုစုထားတာပါ။ အဆင်မပြေလဲ ကြိတ်မှိတ်ပြီးသာ အဆင်ပြေကြပါ။ Program အကြောင်းကို ကျွန်တော်လဲ လေ့လာဆဲမို့ ဒီစာအုပ်ထဲကထက် ပိုပြီး မရှင်းနိုင်ပါဘူး။ စာအုပ်လေးကို Click လုပ်ယူပါ။

Computer Installation
ကွန်ပျူတာ Hardware တစ်ခုချင်းစီကို အသေးစိတ် ရှင်းပြထားပါတယ်။ Software ပိုင်းဖြစ်တဲ့ Window Formatting ပြုလုပ်ခြင်း နည်းပါ ထည့်သွင်း ရှင်းပြထားပါတယ်။ ကွန်ပျူတာကို စပြီး လေ့လာသူများနဲ့ ကျွမ်းကျင်သူများ အတွက်ပါ အသုံးဝင်မယ့် စာအုပ်လေး တစ်အုပ်ပါ။ ကွန်ပျူတာ ကိုင်တွယ်သူတိုင်းတွင် ရှိသင့်သော စာအုပ်လေး တစ်အုပ် ဖြစ်ပါတယ်။ စာအုပ်ကို ဒီမှာ Click လုပ်ယူပါ။

Myanmar Cartoon များ
ကျွန်တော် စာဖတ်ဝါသနာကို ဖတ်ဖြစ်စေခဲ့တဲ့ စာအုပ်က ဆွေမင်း(ဓနုဖြူ) ရေးဆွဲတဲ့ တွတ်ပီကာတွန်း စာအုပ်ပါ။ အဖေက ကာတွန်းစာအုပ် ငှားဖတ်ရင် တွတ်ပီ စာအုပ်ပဲ ငှားတတ်ပါတယ်။ အဖေ ဖတ်တော့ လိုက်ဖတ် ဖြစ်ပါတယ်။ ဖတ်ကြည့်တော့ ဗဟုသုတ ရစရာတွေ အများကြီး တွေ့ရပါတယ်။ တော်ရုံ တန်ရုံ ကလေးတွေအနေနဲ့တော့ အေးစက်စက်နိုင်တဲ့ ကာတွန်းစာအုပ်ပါ။ ကျွန်တော်အတွက်တော့ ကြုံတိုင်းရွာလေးရယ်၊ တောထဲက သားရဲတိရိစ္ဆာလေး တွေရယ်၊ တောတွင်း သဘာဝ မြင်ကွင်း ရှုခင်းတွေက ကျွန်တော်ကို စွဲလမ်းစေခဲ့ပါတယ်။ ကျွန်တော် စွဲလမ်းခဲ့တဲ့ ကာတွန်းရေးဆရာက အခုတော့ ကွယ်လွန်ခဲ့ပါပြီ။ ကျွန်တော် အင်မတန်မှ နှမျှောမိပါတယ်။ တန်ဖိုးရှိလှတဲ့ ကာတွန်းရေးဆရာ၊ စာရေးဆရာ တစ်ယောက် အတွက်ပါ။ အခုလဲ ကာတွန်းဆရာ၊ စာရေးဆရာ ဆွေမင်း(ဓနုဖြူ)ရေးသားတဲ့ စာအုပ်လေးကို တင်ပေးလိုက်ပါတယ်။ ဖတ်ချင်သူများအတွက်ပါ။ စာအုပ်လေးက ဘ၀တစ်ခု အမှတ်တရ စာအုပ်လေးပါ။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...