" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

Internet တွင် ကိုယ်ပိုင် Online Libary တစ်ခုဖန်တီးခြင်း

ကိုယ်ပိုင် Online စာကြည့်တိုက် တစ်ခုဖန်တီးခြင်း (မသိသေးသူများအတွက်သာ)

အင်တာနက်သုံးနေတဲ့သူတိုင်း chatting မှာတင် အချိန်ကုန်တာ မဟုတ်ဘဲ ကိုယ်ပညာရရှိနိုင်တဲ့ web page တွေကို လေ့လာလိုက်စားနေ တဲ့ သူတွေ တော်တော်များ များ ရှိပါတယ်။ အဲလိုလူတွေ အတွက် ဒီ Google Reader က ကိုယ်ပိုင်စာကြည့် တိုက် လေး တည်ထောင်ထားသလို ကိုယ်ကြိုက်နှစ်သက်တဲ့ ပညာ ရပ်တွေရဲ့ သတင်းအချက် အလက်တွေကို up-to-date သိရအောင် ပြုလုပ် ပေးနိုင် တာတွေ၊ အဆင်ပြေစွာ သုံး နိုင်တာတွေကို တွေ့ရပါတယ်။ အဲ့ဒါ ကြောင့် မသိသေးတဲ့သူတွေအတွက် ကိုယ့်ရဲ့ အခွင့်အရေးတွေကို လက် လွတ် မဆုံးရှုံးစေဖို့၊ IT ခေတ်မှာ သတင်းအချက်အလက် နောက်ကျ မကျန်ခဲ့စေဖို့အတွက် သိသမျှလေး ကို ရေးပေးလိုက်ပါတယ်။ Google Reader ကို အသုံးပြုပြီး ကိုယ်ပိုင် စာကြည့်တိုက်လုပ်ဖို့ကို software တွေ download ချစရာလည်း မလိုပါ ဘူး။ Intstall လုပ်စရာလည်း မလိုပါ ဘူး။ ကိုယ်အသုံးပြုနေကျ G-mail လေးတစ်ခုနဲ့တင် ဒါကို အသုံးပြုနိုင်ပါ တယ်။ Google Reader မှာ သူ့နဂို ရှိပြီးသား setting တွေက အများကြီး မပါရှိသော်လည်း သုံးထားတဲ့ အကြောင်းအရာတွေကကိုပဲ အင် တာနက်သုံးနေကြတဲ့သူတွေ တော် တော်များများအတွက် အသုံး ၀င်စေနိုင်သော function တစ်ခုပဲ ဖြစ်ပါတယ်။


ဖတ်လေ့ရှိတဲ့၊ ၀င်လေ့ ရှိတဲ့ ၀က်ဆိုက်တွေကို ကိုယ့်ရဲ့ မေးလ်ထဲမှာ မှတ်ပုံမှတ်နည်း တွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ဒီ Google Reader ကတော့ ကိုယ်အသုံးပြုတဲ့ ၀က်ဆိုက်တွေကို အလွယ် တကူနဲ့ ကိုယ့်မေးလ်ကနေပဲ ကြည့်နိုင် ပါတယ်။ ကိုယ်ပိုင်စာကြည့်တိုက်ထဲ ကို ၀င်လာတဲ့ Website မှ အကြောင်း အရာ အကျဉ်းချုပ်ကို ဖတ်ကြည့်ပြီး ကိုယ်စိတ်ဝင်စားရင် သူ့ရဲ့အကြောင်း အရာ အသေးစိတ်ကို ခေါင်းစဉ်လေး ကလစ်လိုက်တာနဲ့ web page ဆီသို့ တိုက်ရိုက်ပွင့်သွားပေးမှာ ဖြစ်ပါ တယ်။ ကိုယ်ကြိုက်သလို အကြောင်း အရာတွေကို သူ့ခေါင်းစဉ်နဲ့သူ Folder လေးတွေနဲ့ ခွဲပြီး အသုံးပြု နိုင်ပါတယ်။

ကိုယ့်ရဲ့ online Library ပေါ် မှာ ကိုယ့်မေးလ်ဖွင့်လိုက်တာနဲ့ တန်း ပြီး သတင်းအချက်အလက်တွေ ရောက်စေအောင် သူ့ website ရဲ့ RSS feed ကို ကိုယ့်မေလ်းရဲ့ Google Reader မှာ ပေါင်းထည့်ပေးထားရ မှာ ဖြစ်ပါတယ်။ အခုကိုယ်ပိုင် အွန် လိုင်း သတင်းစာလေးကို ကိုယ့်ရဲ့ မေးလ်ကနေ လက်တွေ့တစ်ခု လုပ် ကြည့်ရအောင်နော်။ ပထမဆုံးကိုယ် ရဲ့ ကိုယ်ပိုင်မေလ်းလေးကို ဖွင့်လိုက် ပါ။ မေးလ် browser ကနေ reader ကို ကလစ်လိုက်ပါ။

ကိုယ် အသုံးပြုတဲ့ ကိုယ်ကြည့် နေကျဖြစ်တဲ့ website တခုကို ကိုယ့် ရဲ့ ကိုယ်ပိုင်စာကြည့်တိုက်မှာ ထည့် ထားချင်တယ်။ website ကနေ အသစ်တင်တိုင်း ကိုယ့်ရဲ့ စာကြည့် တိုက်ထဲကို short news (သတင်း အချက်အလက် အကျဉ်းချုပ်)လေး ၀င်လာစေချင်တယ် ဆိုရင် ပထမဆုံး browser ကနေ website ကို ဖွင့်ပါ။ အခု http://www.howtogeek. com/ ကို အစမ်းအနေနဲ့ ကိုယ်ပိုင် စာကြည့်တိုက်ထဲ ထည့်ချင်တယ်ဆို ရင် ဒါကို ဖွင့်လိုက်ပါ။ RSS feed ဆိုတာ အနီလေးနဲ့ ၀ိုင်းထားတဲ့ဟာ တွေပါပဲ။ Website တော်တော်များ များမှာ ပုံမှန်ကတော့ No-1 အတိုင်းပဲ များသောအားဖြင့် RSS feed ကို ပေးထားမှာပါ။ အဲ့ဒီနေရာ လေးကို ကလစ်လိုက်ပါ။ ကလစ် လိုက်ရင် URL မှာ နောက်ထပ်တမျိုး link တစ်ခုပေါ်လာပြီး အဲ့ဒီ link ကို Copy ယူကာ ခုဏနက ဖွင့်ခဲ့တဲ့ Google reader tab မှ Add Subscription မှာ paste ချပြီး Add မှာ ကလစ်လိုက်ပါ။

Link လေးသွား ထည့်ပေးရ မယ့် နေရာလေးကတော့ အောက်က အနီနဲ့ ၀ိုင်းပြထားပေးပါတယ်။

ကိုယ်ထည့်ချင်တဲ့ website ကို Add Subscription မှာ ပေါင်း ထည့်ပြီး Add ကို တချက်ကလစ် လိုက်ရင် အောက်ဆုံးနားမှာ သူ့ web site ရဲ့ feed လေး ၀င်သွားတာကို တွေ့ရပါ လိမ့်မယ်။ ဒီ Google reader မှာ category ခွဲထားပြီး ကိုယ်လိုအပ် သလို သူ့ဟာနဲ့သူ ခွဲထားလို့ ရပါ တယ်။ လိုချင်တဲ့နေရာကို drag and drop သွားထားလို့ရပါတယ်။ အောက် မှာ ခဏနေကသွင်းလိုက်တဲ့ http:// www.howtogeek.com/ ရဲ့ Page ကျလာတာကို တွေ့ရပါလိမ့်မယ်။ No-1 မှာ ပြထားတဲ့ဟာကတော့ ကိုယ့် စာကြည့်တိုက်မှာ အသစ်ရောက်နေ တဲ့ New Item တွေပဲ ဖြစ်ပါတယ်။ No -2 ရဲ့ အနီဝိုင်းလေးကတော့ သူ့ အပေါ်မှာ Mouse လေးနဲ့ သွား ကလစ်လိုက်ရင် သူ့ရဲ့ website မူရင်း လင့်ခ်ကို ရောက်သွားပြီး အသေးစိတ် ဖတ်ကြည့်လို့ရမှာ ဖြစ်ပါတယ်။ No-3 ကတော့ ကိုယ်မှတ်ထားတဲ့ website တွေကို သူ့ခေါင်းစဉ်နဲ့ သူ နေရာ ခွဲထားနိုင်တဲ့ down arrow လေးကို ပြထားတာပဲ ဖြစ်ပါတယ်။ သူ့ Folder နဲ့ သူသေသေသပ်သပ် လေးဖြစ်အောင် လုပ်ဆောင်နိုင်တဲ့ နေရာပဲ ဖြစ်ပါတယ်။ အဲဒီ down arrow ကနေ မသွားဘဲ နောက်တစ် နည်းကတော့ drag and drop လုပ်လို့ လည်း ရနိုင်ပါတယ်။

Website တခုက update လုပ်လိုက်ရင် ကိုယ့်မေးလ်ဆီကို မေးလ်တစ်စောင်အနေနဲ့ ၀င်လာမှာ မဟုတ်ဘဲ google reader မှာ ခေါင်း စဉ် သဘောမျိုးလေးနဲ့ ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ၀င်လာတဲ့အခါမှာ ဒီပို့စ် ကို တင်သည့်အချိန် Google reader ကနေ ကိုယ်လက်ခံရရှိတဲ့ အချိန်ကိုပါ တွေ့ရှိရမှာ ဖြစ်ပါတယ်။ အောက်က အနီလေးနဲ့ ၀ိုင်းထားတဲ့ နေရာလေး မှာ ကြည့်ရင် ရှင်းလင်းစွာ သိမြင်နိုင် ပါတယ်။

Forward mail မှတဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။
ကိုယ်လေ့လာ လိုက်စားရင် လေ့လာသလောက် လူငယ်တွေ အတွက် အသုံးဝင်စေပါတယ်။ ဒီ Google Reader သို့မဟုတ် အွန်လိုင်း စာကြည့်တိုက်လေး ထောင်ကြစို့။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...