" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

G-Talk ကနေ World Wide ဖုတန်းသရဲ လုပ်ရအောင်

     ပိုက်ဆံတွေ ကုန်သွားမှာပေါ့... အလကားရပါ့မလား ဆိုတဲ့မေးခွန်းတွေအတွက်တော့
ဒါလား... လွယ်ပါတယ်...
Tring Me! မှာ Gmail Account နဲ့ Sign Up လုပ်လိုက်ပါ..(ဒီနေရာမှနှိပ်ပါ)
ဘာမှဖြည့်စရာ မလိုပါဘူး... သင့်အတွက် နာမည်တစ်ခုရယ်.. သင့်မေးလ်လိပ်စာလေးပဲ ထည့်လိုက်ရုံပါပဲ...
ပြီးရင် သူတို့ဆီကနေ သင့် Mail ဆီကို အကောင့်ကိုပြုလုပ်ပြီးဖြစ်ကြော
င်းနဲ့ Login အတွက် သင်သုံးရမယ့် Password တစ်ခုကို ပို့ပေးပါလိမ့်မယ်...
ဒါဆိုရင်တော့ ပြီးပြီပေါ့....

ကျန်တာကတော့ သင့်ရဲ့ Gtalk ကို ဖွင့်လိုက်ပါ.. (စောစောက အကောင့်လုပ်ထားတဲ့ Gmail လိပ်စာဖြစ်ဖို့တော့ လိုမယ်နော်...)
နောက်ပြီးရင်တော့ tringme@gmail.com ကို Invite လုပ်လိုက်ပါ.. စက္ကန့်ပိုင်းအတွင်းမှာ သင့်ကို Add လုပ်ပါလိမ့်မယ်..
ကဲ.....
ဖုန်းသရဲလုပ်လို့ရပါပြီ..... Online မှာ မီးစိမ်းလေးနဲ့ ပြနေမယ့် TringMe Account က သင့် Gtalk Friend list မှာ ပေါ်နေပြီပေါ့...
TringMe ကို Gtalk ကနေ ပုံမှန် Chat နေကြပုံစံနဲ့ပဲ .. Double Click လိုက်ပါ...
ပြီးရင်တော့ သင်စာရိုက်တဲ့နေရာမှာပဲ...
Call ကို ရိုက်ထည့်လိုက်ရင်.. သင့်ကို TringMe ကနေ Auto ငုတ်တုတ် Gtalk ကနေပဲ Voice Chat ပြန်ခေါ်ပါလိမ့်မယ်...
Answer နှိပ်လိုက်တာနဲ့ သင်ရိုက်ထည့်ထားတဲ့ ဖုန်းနံပါတ်ကို TringMe က စခေါ်နေပါပြီ...
တကယ်လို့ သင်ဆက်လိုက်တဲ့ဖုန်းနံပါတ်ပိုင်ရှင်က ဟိုဘက်ကနေ လာကိုင်လိုက်တာနဲ့ ဖုန်းကပြန်ကျသွားပါမယ်..
ဒါကတော့ ပိုက်ဆံပေးရတဲ့အပိုင်းဖြစ်သွားပါပြီ... ဖုန်းကို ခေါ်ဆိုရုံပဲလုပ်တဲ့အတွက်.. ဖုန်းသရဲလုပ်ဖို့တော့ အဆင်ပြေပါတယ်... BigGrin
ကိုယ့်ဖုန်းနဲ့လည်း ကိုယ့်ဘာသာစမ်းသပ်နိုင်ပါတယ်... (Toll မတက်... Totally Free ဖြစ်ပါတယ်..)

တစ်ခုအရေးကြီးတာကတော့ Call နောက်က ဖုန်းနံပါတ်ကတော့ နိုင်ငံကုဒ်တွေပါ ထည့်သွင်းပေးဖို့ပါ..
ဘယ်တွေကို ခေါ်လို့ရသလဲဆိုရင် .. တစ်ကမ္ဘာလုံးက ဖုန်းတွေကို ဖုန်းခေါ်လို့ရပါတယ်..
e.g.,
ရန်ကုန်ကိုခေါ်မယ်ဆိုရင်... Call 951xxxxxx ကို ထည့်ရိုက်လိုက်ရုံပါပဲ... ( 987654 ဆိုရင် Call 951987654 )
မန္တလေးဆိုရင်တော့ .. Call 952xxxxx စသဖြင့်ပေါ့... (12345 ဆိုရင် Call 95212345 )
GSM လား... Call 9595xxxxxx (09 500 1234 ဆိုရင် Call 9595001234 )
CDMA လိုချင်သေးလား.. Call 9598xxxxxx (09 80 11111 ဆိုရင် Call 9598011111 )
* x represents 1 digit.

သင်နှောင့်ချင်တာက အင်္ဂလန်ကလား...
Landline နံပါတ်တွေဖြစ်တဲ့ ဥပမာ 02012345678 ဆိုရင်.. Call 442012345678 ပေါ့နော့်...

စင်္ကာပူလား.. ရတယ်လေ...
Mobile ဖြစ်တဲ့ ဥပမာ 091234567 ဆိုရင်.. Call 6591234567 ပေါ့ဗျာ...
သူ့ဆိုင်ရာ ဆိုင်ရာ country code လေးတွေတော့ မှတ်ထားပေါ့... ( မြန်မာက 95 .. စင်္ကာပူက 65 .. အင်္ဂလန်က 44 စသဖြင့်ပေါ့..)
ဥပမာအနေနဲ့ နံပါတ်တွေရေးပေးထားတာပါ.. ဒီနံပါတ်တွေက ရှိရင် ရှိမယ်.. တိုက်ဆိုင်သွားရင်လည်း ဥပမာအနေနဲ့ ဖော်ပြမိတာကို ခွင့်လွှတ်ကြပါ...

ဒါကို ဒီလိုဖုန်းသရဲလုပ်ဖို့ လုပ်နိုင်သလို.. တစ်ဖက်ကလူကို Online ပေါ်တက်စေချင်ရင်လည်း သုံးနိုင်တာပေါ့..
ဒါပေမယ့် ကြိုတော့ ဇာတ်တိုက်ထားပေါ့...
ငါနင့်ကို ဒီ TringMe နဲ့ သုံးခါဆက်တိုက်ခေါ်မယ်... အဲ့ဒါဆိုရင် ငါ့ကို online ပေါ်ကို အမြန်ဆုံးချက်ချင်းလာတွေ့ဆိုတဲ့ အဓိပ္ပါယ်လို့ မှတ်ထားပေါ့... ဒါမျိုးလေးတွေပေါ့နော့်...
TringMe ကခေါ်ရင် သိသာတာကတော့ ဖုန်းက နံပါတ်မပေါ်ပါဘူး.. Handphone ကို ခေါ်ရင် Private Number (သို့) Call လို့ပဲ ပေါ်ပါတယ်..
ဘယ်သူက ဘယ်ကနေခေါ်မှန်းလည်း မသိပါဘူး... သူတို့ Website ကတော့ သိမှာပေါ့...
ဒါဆိုရင် Gtalk ကနေ ဖုန်းသရဲလုပ်ချင်ရင်ဖြစ်ဖြစ်..
Online ပေါ်တက်ဖို့ အချိန်းအချက်အနေနဲ့ အခမဲ့ Missed Call ချန်ချင်ရင် ဖြစ်ဖြစ်လုပ်လို့ရပြီပေါ့...

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...