" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

ရန်ကုန် တက္ကသိုလ် မှတ်တမ်းများ-၃ Protocols of Yangon University

ငါလေ...နင့် ၀တ္ထုကို ဖတ်ပြီး တော့.. စိတ်ထဲမှာ တမျိုးပဲ..”
“ အ” စာလုံး ကို.. ခက်ခက်ခဲခဲ..ကွေ့ဝိုက် ညှပ်နေ ရင်း...ကပ်ကျေး ကို ခဏ ချ ပြီး.. မစု ကို လှမ်းကြည့် မိသည်။ မစု ဘာပြော ချင် တာလဲ...။
မစုက သူ့စကား ကို မဆက်သေးပဲ ... သူ ညှပ်ထားတဲ့.. ကြယ် ရောင်စုံ လက်လက် ကလေး တွေကို.. ရေတွက် ရင်း ထပ်စီနေ ပြန်တယ်။
ညောင်း နေတဲ့ လည်ပင်း ကို ဘယ်ညာ ချိုးလိုက်တော့..ဂျွတ်ကနဲ..။ တနာရီလောက် ကြာအောင် ခွေထိုင်နေမိ တဲ့ ခြေထောက် တွေ ကိုပါ..ဆန့် ထုတ် ပြစ် လိုက် ရင်း..
“ပြောလေဟာ.. ဘာ တမျိုး လဲ...”

နင့် ၀တ္ထု ထဲကလိုပဲ..ငါလည်း. နောက် ၂လ လောက် ဆို.. နယ် ပြန်ပြီ လေ...တောမှာ..ဆရာမ ဖြစ်ပြီ လေဟာ.. ”
သူ တို့ သိပါတယ်။ တလောက.. ကိုကြီး ပြန်လွတ်လာ တော့.. မစု ဖေကြီးက.. မိသားစု တွေကို မျက်စိ အောက်က.. အပျောက်မခံ ခြင် တော့ပဲ ..တစုတစည်း ထဲ ရှိနေ စေချင်တာ။ အထူးသဖြင့်..မစု တို့ ညီအမ တွေ ကိုပေါ့...။ သမီး တွေကို ဒီအရွယ် ကြီးတွေ ရောက်တဲ့ အထိ.. ကားလတ်မှတ် ဖြတ်တာက အစ..အဆောင်ကြေး သွင်းတာ အဆုံး...အကုန် စီမံ ပေး လာတာ..အခုလဲ.. မစုတို့ ညီအမ နှစ်ယောက်လုံး ကို..ကျောင်းဆရာမ အလုပ်တွေ.. ကျောင်းမပြီးခင် တည်းက.. ကြို လျှောက်ထား ပြီး ပြီ တဲ့ လေ.. ။
ပြီးတော့.. ဖေကြီး တလှည့်.. ကိုကြီး တလှည့်.. ထောင်ထဲ ရောက်နေတုန်း.. ငါတို့ အိမ်က ကျောင်းလေးလဲ အတော်အားနည်း သွားတာ.. အဲဒါကိုလည်း အဓိက ပြန် ဦးဆောင် ရမှာ ဟ...”
မစု စကား ကို တုန့်ပြန် အားပေး ဖို့... အားယူ လိုက်ရင်း..ဘေးဘီ ကို အရင် စောင်းငဲ့ ကြည့် လိုက်သည်။ လောလော ဆယ်ဆယ်... ဘုရားခန်း ထဲမှာ.. နောက်ခံ စာလုံး ကိုက် ပေးနေတဲ့...သူတို့ နှစ်ယောက် ရယ်.. ခပ်လှမ်းလှမ်းမှာ... အငြိမ့်ခန်း အတွက်.. နောက်ခံ ကားချပ် ဆွဲ နေတဲ့... ရွှေဘိုဆောင်.. လောဖိုင်နယ်က.. ပန်းချီ ဆွဲတဲ့ အကို ကြီးရယ်.. သုံး ယောက် သာ ရှိ နေသည်။ ဒီ စနေ မှာ လုပ်မဲ့.. အင်းလျား ဒင်နာ အတွက်.. အတန်းမရှိတဲ့ လူတွေ.. ကြုံသလို လုပ်အားပေး နေ ကြ တာ ဆိုတော့.. မနက်က.. နောက်ခံ စင်မြင့် တာဝန် ယူပေးတဲ့..ပင်းယဆောင်..အဖွဲ့ တွေက.. စာလုံး တွေ ကူ ကိုက် ပေးဖို့.. လူလို တယ် ဆို တာနဲ့...သူတို့ နှစ်ယောက်.. ဆင်း လုပ် ပေး နေ ကြတာ..။ ကလေးက.. လှည်းတန်းက..သူ့အမ အပြင်ဆောင် မှာ စာသွား ကျက်သည်။။ မဖြူ ကတော့...ဘယ် ထွက်သွား တယ် မသိ။
“ မစုရယ် ...ငါတို့လည်း ဘာထူး လဲ... နင်က မှ ရေရေ ရာရာ သေသေ ချာချာ ရှိသေးတယ်.. ငါလည်း... ကွာလဖိုင်း မ၀င် လို့... တခုခု ဆက်မတက် ဖြစ်ရင်...နယ် ပြန်ရမှာပဲ... အဲဒီတော့..ဘာလုပ် မလဲ... ကျောင်းဆရာမ ပဲ လုပ်ရမှာ ပဲလေ...”
တကယ်တော့...သူ့ ၀တ္ထု ထဲက.. ဇာတ်ကောင်ကို မေရဲ ဆီက... မြင်ခဲ့..အကြံရ ခဲ့ တယ် ဆိုပေမဲ့... သူ ကိုယ် တိုင် အပါအ၀င်.. သူ့ပတ်ဝန်းကျင် မှာ မြင်တွေ့ နေရတဲ့.. ခေတ်အခြေအနေ တခု ရဲ့ ကျဉ်းမြောင်း လှ တဲ့ ဘောင်ရှည်လမျော ကြီး ထဲမာ စီးမြောနေတဲ့ .. ဘ၀ တွေ..မာန်တွေ.. အားလုံး ကို..စုပုံ ခံစား ပြီး..ရေး ပြစ် လိုက်တာ။
“ သံတူ ကြောင်းကွဲ” ဆိုတဲ့..သူ့ ၀တ္ထုလေး ပထမ ရတယ် ဆိုတော့...ထုံးစံ အတိုင်း...ဒုတိယ နေရာ ရောက်သွားတဲ့..မေရဲက.. မုဒိတာ အပြည့် နဲ့ သူ့ကို လာပြီး..ချီးကျူး သေး သည်။ “ မကေ.. အဲဒီလို ...ခံစားချက်ကို ဘယ်လို ရ အောင် ယူသလဲ..” တဲ့။ သူ ပြုံးလို့သာ နေခဲ့ သည်။ အနည်း နဲ့ အများ တော့...သူ တို့အားလုံး.. ဘ၀ တွေ...ခံစားချက် တွေ နီးစပ် နေ ကြတယ် ဆိုတာ.. အထူးတလည် ..သူ ရှင်း ပြ မနေချင် တော့ ပါဘူး လေ။
ကိုက်ညှပ်ပြီးသွားတဲ့... “ မြအင်းလျား အငြိမ့်” ဆိုတဲ့... အစိမ်းရောင် လက်လက်.. စာလုံး တွေ ကို... တလုံး ခြင်း.. ကြမ်းပြင် ပေါ်မှာ ချ စီရင်း... ညီ- မညီ ...မတ်တပ်ရပ် ကြည့် သည်။ “ လျား” မှာ..လ တခြမ်းက..နဲနဲ သေးချင် နေ သလို။ ကိစ္စ မရှိ ပါဘူး..စာလုံး ဒီဇိုင်း ကိုက.. အသွက် ဟန် ကို သုံးထားတာ ပဲ။ ..စာလုံး တွေကို...တခုခြင်း..ပြန်ထပ်စီ ပြီး...ကလစ် နဲ့ ညှပ် လိုက်သည်။ စာလုံး ဆရာ တွေ..ည ဖက် ပြန်လာ တော့မှ... သီချင်း တိုက်တာတွေ ပါ ကြည့်ရင်း...ဘာလို လဲ.. လာမေး တော့ မည်။ ခုတော့ အတန်း တက်ဖို့.. ရေမိုး ချိုး လိုက် အုံး မည်။ ဒီနေ့က..နေ့လည်မှ..ဆရာသင်း အတန်း တတန်းပဲ ရှိပေမဲ့..စာမေးပွဲ နီး.ပြီမို့...လက်ချာ တွေက.. အရေးကြီး လာသည်။ လွတ်လို့ မဖြစ်။
ဟေး... ငါ.. ဒင်နာ လတ်မှတ် တစောင် ထပ်လို ချင်လို့...ဘယ်သူ့မှာ ပိုသေး လဲ မသိ...”
အပြင်က.. ပြန်လာပုံရတဲ့...မဖြူ.. အမောတကော နဲ့....ဘုရားခန်း ထဲ ၀င်လာ သည်။
“ ဟယ်..ငါတို့ တော့.. အပို ၀ယ်ထားတာ မရှိဘူးလေ.. အိသွယ် နဲ့ ရည်မွန် ကို မေးကြည့်ပါလား...အိသွယ်..ကြည်ပြာ့ကို ဖိတ်မယ်လို့ တော့ ပြော နေတာပဲ... ကြည်ပြာ မလာဖြစ်ရင်..ပိုမှာ ပေါ့..”
မစု ပြောသလို..သူတို့ မှာ..လတ်မှတ် အပို ၀ယ်စရာ အကြောင်း မရှိ ...။ ပိုက်ဆံ လည်း မရှိတော့..။ နောက်ဆုံး နှစ် ဆိုတော့..ဒီနှစ် တော့.. ဟို ကောင် တွေ အားလုံး ကို ဖိတ်ကြမယ် လို့.. သူတို့ လေးယောက် သဘောတူ ငွေစု ပြီး.. ကိုတိုး..မှုံကြီး ...ဖိုးကျော်..ခရစ်စ်တိုဖာ..ဖက်တီး ၅ ယောက် အတွက်.. ၂၅၀ တန် လတ် မှတ် ၅ စောင်စာ ..မနဲ စု ထား ရတာ..။ ဒါတောင်.. နင်တို့ .. တ၀က်တော့ စိုက် ဆို ပြီး.. အပေး အယူ လုပ်ထား လို့..။
“ဟိုကောင် တွေ တော့.. အကုန် လာကြမယ် ထင်တယ် နော်...”
လတ်မှတ် အပို တစောင် ထွက်လို ထွက်ငြား.. မရေမရာ မျှော်လင့် နေတဲ့..မဖြူကို... လာမှာပေါ့ဟ...လို့..သူတို့ နှစ်ယောက် မျက်စောင်း ထိုး မိ တော့ တယ်။
++++++++++++++++++++++




+++++++++++++++


မစ်ချောင်းငယ် ဖြာဖြာ..ရေပြာပြာ...
သမုဒရာ မှာ ပေါင်းစုံ......

ဆောင်း ဘောက်စ် က..ဖွင့်ထား တဲ့... သီချင်းသံ က... အင်းလျား ဆောင် ရဲ့ အစည်ကားဆုံး ညနေ အလှ ကို ..ပိုပြီး မြိုင်ဆိုင် လွင် ဖြာ.. နေစေ တော့သည်။ အရောင်စုံ အသွေးစုံ တဲ့..အင်းလျား သူ တွေ..ပန်းတခင်း စာ မွှေးမြ ပွင့် အာ နေ ကြ ပြီ။
ဒန်ပေါက်ပွဲ တွေ နေရာချ တဲ့ သူက..ချ ..။.ဧည့်ကြို တာဝန် ယူ တဲ့ သူ တွေ က..ပေါ်တီ ကို အောက်မှာ.. လှလှ ပပ..။ ဖိတ်ထားတဲ့ သူငယ်ချင်း ကို ထွက် မျှော်တဲ့ သူတွေ လည်း..စိတ်လှုပ်ရှား...။ အလှပြင်တာ စိတ်ကြိုက် မဖြစ်သေးလို့.. အခန်းထဲက..မထွက်နိုင်သေး သူတွေ.. နဲ့... အခန်းအပြင်က..လောဆော် နေသူတွေက လည်း.. တမျိုး .။အစီအစဉ် တွေမှာ ပါမယ့် သူတွေ ကတော့ ... စင်နောက်က.. အနီးဆုံး အခန်း ထဲကို..ပစ္စည်း တွေ သယ် နေကြ သည်။...ပြက်လုံး တွေ မေ့ကုန်လို့ ဆိုပြီး.. စာရွက် တရွက် နဲ့ ကျက်လိုက် မှတ်လိုက် အလုပ်ရှုပ်နေတဲ့..မြအင်းလျား အငြိမ့်က.. လူရွှင်တော်မ တအုပ် က..ဘုရားခန်းထဲက..ခုထိ မထွက်သေး.. ။ အင်းလျား ဆောင်ကြီး တဆောင်လုံး... သီချင်းသံ အောက် မှာ..ကျွတ်ကျွတ် ထိုးနေ တော့သည်။
အသစ် အဟောင်းနယ် စုံစွာ....
ကြက်သရေ ဂုဏ်ဝေဖြာတဲ့
အကြေ တကသိုလ် မှာ... အကြောင်း ဆုံ....
မြကွန်းညိုညို သီချင်း ကလည်း..ဒီ အချိန်မှာ.. ပိုလို့ကို ကြက်သရေ ရှိနေ တော့ သည်။ ဂုဏ်သရေ တွေ ဖြာနေ တော့ သည်။ ဟုတ် သည်ပဲ.. ဒီ နှစ် ဆို.. စိန်ရတု အကြိုမို့... ကျောင်းသူ ဟောင်း ကြီး တွေ.လည်း..အများကြီး လာကြသည် ။ ဖိတ်ထားတဲ့ ကျောင်းသူ ဟောင်း ကြီးတွေ အတွက်..အရှေ့ဖက် စားပွဲ ၅ ခုစာ.. ပြင်ဆင် ပေးထားတာ တောင်.. အတော် ပြည့် နေပြီ။ အပြုံး တွေနဲ့ နှုတ်ဆက်သံ တွေ...လွန်းထိုး ယက်ရှယ် ရင်း..ညနေ ခင်း က.. တဖြည်းဖြည်း ရင့်ခဲ့ပြီ။ မီးရောင် စုံ တို့ ပြိုးပြက်စ ပြု လာပြီ။
“ ဟဲ့...ဖဲကြိုး သမား တွေ.. လာကြ တော့လေ.. ၆ နာရီ ခွဲ ပြီ.. ”
မမမြ လည်း...ပုဝါ ကြီး တကားကား နဲ့... အထူး ဧည့်သည် တော် တွေ.. အဆောင်မှူး တွေ.. ပါမောက္ခတွေ ကို နေရာချ နေရာက.. ပွဲစ ဖို့ လော ဆော်ပေပြီ။
“ အဲ....ဖွင့်ပွဲ တောင်စ တော့မယ်..ဟိုကောင် တွေ လည်း မလာကြသေးဘူး.. ဘယ်လို ဖြစ်လို့ နောက်ကျ နေကြလဲ မသိ.. ငါ သွားတော့မယ်..ခေါ်နေပြီ..နင် တို့ ပဲ ... စောင့် ကြို လိုက်တော့ နော်..ငါ ပြီးမှ.. စားပွဲ ကို လာခဲ့ တော့မယ်...”
သူ့ကို... ဖဲကြိုး ဖြတ်တဲ့ အထဲ ရော..အဖွင့် သီချင်း ထဲပါ ထဲ့ထားတာမို့... စားပွဲ မှာ မထိုင် နိုင်သေး..။. ပြီးရင်လည်း..၀တ္ထု ဆု ယူ ရ အုံးမည်. ။ ဘ၀င် ထဲမှာတော့.. ကျောင်းတော်သူ ကြီးဘ၀ ကို ပထမ ဆုံး အကြိမ် ပြည့်ပြည့်၀၀ ကျေ နပ် နေ မိသည်။ သာယာ နေမိသည်။ အစိမ်းရောင် ဇာအကျီ င်္ ပေါ်က.. မမမြ ရွှေး ပေးထား တဲ့ ပုဝါ အစိမ်းဖျော့ လေးကို အသာ ရွရွ နေရာ ညှိ လိုက်ရင်း... ဒီည ဒင်နာသာ.. စိန်ရတု ဒင်နာ ဆို ..ဘယ်လို လုပ် မလဲ..ဖဲကြိုး ဖြတ်မဲ့ လူကြီးက.. ပါချုပ်ကြီး မဟုတ်ပဲ.. ဗိုလ်ချုပ်ကြီး ဆိုရင် ကော... ဖေဖေ ပြောတဲ့.. သပိတ်မှောက် တာမျိုး ..ငါ လုပ် ဖြစ် ပါ့ မလား ။သူ့လိပ်ပြာ နဲနဲေ၀၀ါး သွား သလို...။ အို...ဒီည က တော့.. သန့်သန့်စင်စင် ရှင်းရှင်း လင်းလင်း.. မြကျွန်းညို ရဲ့...တကယ့် တက္ကသိုလ် ညကြီး ပါ ကွာ....


မြကျွန်းညိုညို..
ကွန်းခိုရာ တက္ကသိုလ် မှာကြုံ
စာပေ ဂီတ နဲ့သာ.. အနုပညာ .. အစစ မှာလဲ စုံ
တေးပဉ္စင် ငြိမ့်ငြိမ့်ညောင်း စုပေါင်းပါလို့ သီကျူးပုံ....
တေးမင်္ဂလာ ဘ၀င်မှာ အေး.... လို့ .......
ငြိမ်းချမ်းကြစေကုန်..

သီချင်းသံ ခပ်ဖျော့ဖျော့ တိုးသွား တဲ့ အချိန်မှာ...ပါမောက္ခ ချုပ်ကြီး ဒေါက်တာ ထွန်းမောင် က.. အင်းလျားဆောင် ညစာ စားပွဲ ကြီး ကို ဖဲကြိုး ဖြတ် ဖွင့် လှစ် ပေး လိုက်သည်။ လက်ခုပ်သံ တွေ စဲ သွား တော့....ပါချုပ်ကြီးက.. နှုတ်ခွန်းဆက် စကား..ခပ်တိုတို ပြော သည်။ .. အခမ်း အနား အစီအစဉ် တွေ စ တော့မည်...။
ရှေး ယဉ်ကျေးမူ အစဉ်အလာ ....
တို့ ဆက်ခံကာသာယုံ....
တေးထွင် ရေးပြု ညင်သာ.. တိုးတက်ပါစေကုန်....

ဆောင်းဘောက်စ် က..ပြန် ကျယ် လိုက်တဲ့..သီချင်း ရဲ့ နောက်ဆုံးပိုဒ် အကျော့ သည်..သူ့နားထဲ.... ကျယ်လာလိုက်..တိုးသွား လိုက်. ။ သူ့ အမြင် ထဲ မလည်း...စင်မြင့် နောက်က မြင်နေရတဲ့... အင်းလျား ဆောင် နီနီ ကြီးက.. နီးလာ လိုက်.. ဝေး သွားလိုက်...။
အစဉ် အလာ တွေကို ဆက်ခံ ပြီး... တိုးတက် ကြရမယ် တဲ့....။ ကောင်းလိုက်တဲ့ စာသားတွေ လေ .. ။ ဒါပေမဲ့....ဘယ်မှာလဲ....ဘယ်လို လဲ..
ပန်းကံ့ကော် ၀င်းဖန့်ဖန့်... သင်းပျံ့ ကြိုင်လှိုင်ထုံ ...
တို့တကသိုလ် ဂုဏ် ....
စိန်ပန်းစုံ နီဝေေ၀ မြကန်ရေ..သာမော..
အဆင်ဆန်းပုံ..ပင်နန်းစုံ
အလှအဖုံဖုံ..၀န်းခို ခရုံ ...
ကျွန်းညိုမြ ဂုဏ်...


ကြည့်ပါအုံး.. ဟောဟို စားပွဲ တွေ..ပရိသတ် တွေ ထဲမှာ... ကံ့ကော် တွေ ရီ လို့.. မွှေးလို့... စိန်ပန်း တွေ လည်း.. နီ လို့.. စွေး လို့...အဆင် အသွေး တွေ အမျိုးမျိုး နဲ့.. ဟောဒီ ကျွန်းညိုမြ ကို... ၀န်းရံ ခစား နေလိုက် ကြတာ..။အစဉ်အလာ ကြီးမား တဲ့ တက္ကသိုလ် ကြီး ရဲ့ ဂုဏ်သရေ ကလည်း.. သူတို့ အားလုံး အပေါ်မှာ..အုပ်မိုး ယှက်ဖြာ လို့....။
အစောပိုင်း အစီအစဉ် တွေ အားလုံး ပြီးတော့..အခန်းပြန်ပြီး.. အ၀တ်လဲ သည်။ သူတို့ အုပ်စု နေရာရတဲ့.. အလယ်လမ်း နဲ့ ကပ်ရပ်.. စားပွဲ ဆီမှာ တော့... အိနြေ္ဒကီး တွေ တခွဲသား နဲ့.. တည်တည် ငြိမ်ငြိမ် ထိုင်နေ ကြတဲ့.. သူငယ်ချင်း တွေကို မြင်တော့.. အံ့လည်း သြ..ရီလည်း ရီချင် သွား သည်။ ရီ ချင် ဆို.. ခန့် ညားခြင်တိုင်း..ခန် ညားနေလိုက် ကြတာ.. တခါမှ..အဲဒီလို မမြင်ဖူး ဘူးလေ..။
ကိုတိုးက.. လည်ကတုံး အဖြူ.. ယောပုဆိုး နဲ့.. တိုက်ပုံတောင် လက်က ချိတ် ထားသေး..။ မှုံကြီးကလည်း.. ရှပ်အဖြူ..ကော်လံ အတောင့်လိုက် နဲ့။ ဖိုးကျော် က တော့..သူ ထုံးစံ အတိုင်း.. ပုံမှန်ပဲ..လူကလဲ မတုန်မလှုပ်..။ ဖက်တီး လည်း လည်ကတုံး နဲ့...။ ခရစ်စတိုဖာ ကျ မှ..ဘယ့်နှယ်.. အဘိုးကြီးနှာဗူး အကျီ င်္ နဲ့ပါလား...။ အဲ... အဘိုးကြီး နှာဗူး အကျီ င်္ ဆိုတာ.. လူကြီးတွေ ညစာစားပွဲ တွေမှာ ၀တ်တဲ့..အင်ဒိုနီးရှား ပါတိတ် ရှပ်လက်ရှည် ကို ပြောတာလေ...။ အဲဒီ အခေါ်က..မမနန္ဒာ ဆီက ရတာ ပေါ့ ..။ ဟိ.. တွေး ရင်း ..ပို ရီချင် လာသည်။ ဘယ့်နှယ့်..သူ့အရွယ် နဲ့..အဲလိုကြီး ၀တ် လာတာပါလိမ့်.. ကြည့်လို့လည်း မကောင်းဘူး။ အကျီ င်္က တော့..တော်တော် ဈေးကြီးမယ့်ပုံ..သူ့အဖေ အကျီ င်္ များ ယူ ၀တ်လာသလား မသိ..။
ကြာလိုက်တာ.. အရေးထဲ..အကျီ င်္ တက်လဲ နေသေး..ပဲကလည်း များပါ့..ဒီမှာ နင့် ဒန်ပေါက်တွေ ကို....ကိုတိုး ....ဗိုက် မ၀ လို့ဆို ယူစားလိုက်ပြီ...”

ကလေးက..ဗျစ်တီး ဗျစ်တောက် လုပ်နေသေးသည်။
“ ခုန အကျီ င်္ ကြီးက..အသက်ရှု ကျပ်တယ်ဟ..ပုဝါ ကြီး လည်း ပြန်ထား ရင်း....”
သူတို့ ၀ိုင်းမှာ.. သူတို့ အုပ်စု အပါအ၀င်.. အိုင်စီက..ခပ်အေးအေး ကောင်မလေး သုံး- လေး ယောက် လဲ ရှိနေသည်။ သူတို့ တော့..ဧည့်သည် ဖိတ်ပုံ မပေါ်။ ဟင်း..အဲဒါ ကြောင့်..ဟိုကောင် တွေ.. မှင်သေ နေတာပေါ့..။
“ နင်တို့ အဖွင့်သီချင်း ဆိုတာလည်း..တောင့်တောင့်ကြီးတွေ... ဘာတွေ ဆိုကြမှန်း လည်း မသိ ...ဝေလေလေ ပေါ့..”

ကြည့်.. အဲဒါ ကိုတိုး အစစ်ပေါ့..။ သူ မျက်စောင်း ထိုး လိုက်ရင်း....
“ စကား မများ နဲ့.... ခု လာမှာ..လင်းဦးမောင်...နားထောင်.. ငါတို့ အဆောင်က..အမ ကြီး နဲ့... သိပ်ကောင်းတာ.. နှစ်ကိုယ်တူ ချစ်သမျှ...”

နှစ်ကိုယ်တူ..ချစ်သမျှ တွေ..
အလိုတူ..ရှစ်ဆကဲနေ..
ရာသက်လုံး မမုန်းတမ်း စိတ်မှာ မသွေ..
.ဒီပါလုံး တမိုးအောက်..တယောက်ထင်နေ..

လင်းဦးမောင် အသံက..အသံဝါ ဆိုတာမျိုး...။ ဗမာ သီချင်း တွေ နဲ့ တအားလိုက်သည်။..ဘူမိ တတန်းလုံးမှာရော..ဒဂုန်ဆောင် အပါအ၀င်..မိန်းဝင်း ထဲက..အဆောင်တွေ အားလုံး မှာ.. မပါမပြီး..ပွဲတိုင်း ကျော် အဆိုတော်လေ..။

အသဲ..နင့်အောင်..မေတာ ဆိုစကားတွေ..
သစ္စာ တိုင်စေ .. ချစ်သဒါ မယိုင်ပေ...
ချစ်သူတို့ လျှောက်သောနယ်မြေ..
ရာသက်လုံး အသဲတိုင် စွဲတည်နေ.. မလွှဲမသွေ..
မစန်းနွဲ့ရီ ရဲ့ အသံလေးကလည်း..စီ ပြီး လွင် နေ သည်။ ဒဂုန်ဆောင် အဆိုတော် နဲ့ အင်းလျားဆောင် အဆို တော် နှစ်ယောက်.. ဂိုက်ဆိုက် မတူပေမဲ့...မစန်းနွဲ့ရီ ရဲ့ အရပ် ပုပု လုံးလုံး လေးကို..လင်းဦးမောင်က..ငုံ့ ကြည့် တော့.. စုံတွဲ သီချင်းလေးက.. ချစ်စရာကောင်း အောင် အသက်ဝင် နေ တော့သည်။
ဒေးလ်ကာနယ်ဂျီ .. ဖေမြင့် တဲ့.. ဘာတွေလဲ မသိဘူး.. စာပေလောက က..ရောင်းမကုန်တဲ့..စာအုပ်တွေ ထင်တယ် ...”
အရေးထဲ... မှုံကြီးက.. သီချင်း ကောင်းကောင်း နားမထောင်ပဲ..သူ ဆုရ လာတဲ့.. စာအုပ် တွေ ကို ယူကြည့် ပြီး..ပြောချင်ရာ ပြောနေ သည်။ ခရစ်စ်တိုဖာ က..ထုံးစံ အတိုင်း..တဟဲဟဲ နဲ့ လိုက် ရီ လို့.. စိတ်ညစ်လိုက်တာ...ပါတိတ် အကျီ င်္ ကြီး နဲ့..။
“ အဲ.. ဗွေးတုတ် ယိမ်း လာပြီ...”

ကလေးက.. အားမရ ဟန်.. ခုံကို ရှေ့ နဲနဲ တိုး လိုက် တော့.. စားပွဲ နဲ့ ခိုက်မိပြီး လိမ္မော် ရည် ပုလင်း တွေ..ယိမ်း ထိုး သွားသည်။ ဖက်တီးက.. သူ့ရှေ့က..ပုလင်းကို အသာ ဖမ်းဆွဲ လိုက်ရင်း...ဘေးက..ကောင်မလေးကို.. ဆောရီး တဲ့..။ ပြီးတော့..လေပေး တွေ ဖြောင့် လို့..ဟုတ်နေ ကြတာပဲ...။
မြအင်းလျား အငြိမ့် အစီအစဉ် ရောက်မှပဲ... တ၀ါးဝါး တဟားဟား နဲ့.. အားလုံး.. စင်မြင့် ပေါ်..အာရုံ ရောက် ကြ တော့သည်။

မိုးဇလ က.. အသေးလေး တို့ အုပ် ကို.. ခပ်ရွှတ်ရွှတ် ကျောင်းသူ တွေ မှန်း သိပေမဲ့...စင်ပေါ်မှာ..ဒီလောက် လုပ်ရဲ ပြောရဲ မယ် လို့ ထင်မထားမိ.. ခု တော့.. မယုံ နိုင်စရာ ပဲ ။ မင်းသမီး က လည်း.. နဂို ထဲက..က တတ် တာလား..ခုမှ သင်ယူလိုက် သလား မသိ..။ အဆောင်မှာ တော့..မထင်မရှား ကျောင်းသူ လေး ပေမဲ့.. စင်ပေါ် မှာ တော့.. တကယ့် အငြိမ့် သမ လေး ဖြစ်နေပြီ။ ဒီ အငြိမ့်ကို..မမမြ က.. အသေအချာ ကို .. လုပ်ထား..ကျင့် ထား ပေးတာ။ တက္ကသိုလ်
အနုပညာ အသင်း က..ဟိုးတုန်းက..လူရွှင်တော် နာမည် ကြီး တွေ ကို အကူအညီ တောင်း ပြီး.. အတော် စောစော တည်းက.. တိုက် နေ ကြတာ.. ။ ဒင်နာ မတိုင်ခင် တပတ် လောက်က.. ချောင်းဝ ဆရာ တော် ကြီး တောင် လာ ကြည့် ပြီး ဆုတွေ ချ သွား သေးသည်။

အငြိမ့် ပြီး တော့..သူ့ ဗိုက်က..တကျုတ်ကျုတ် ဆာ လာ သည်။ ဒင်နာ ပြီးတော့မှပဲ.. ရုံးခန်း ထဲမှာ..ဒန်ပေါက် အကျန် တွေ.. သွား တောင်း စား တော့မည်။ ခု တော့.. ဘာမှ စားစရာ မရှိတော့...။ အစီအစဉ် ဒုတိယ ပိုင်း အတွက်.. ၀ါသနာရှင် တွေ..တယောက်ချင်း စ ဆို နေ ကြပြီ..။ ခု ထိ တော့.. တယောက်မှ နားထောင် လို့ မထိ...။ လိမ္မော် ရည် တငုံ စုပ် လိုက်ရင်း...ပွဲခင်း ထဲ...ဓါတ်ပုံ ရိုက်နေ ကြ သူတွေ ကို လိုက် ငေး နေမိသည်။ သူ တို့လည်း.. ဓါတ်ပုံ ရိုက်ရ အုံးမည်။
ဟေ့..ဟေ့... စိမ်းမြရည်က.. “ ကံ့ကော် အိပ်မက်ရှည် ” ဆို မှာ တဲ့ ကွ... ”
သူတို့ စားပွဲ ၀ိုင်းထဲ.. အိုင်စီက.. တယောက် အော်လိုက် တော့မှ.. သူ..စင်ပေါ် လှမ်း ကြည့် ဖြစ် သည်။ စိမ်းမြရည် က.. အနီရောင် တောက်တောက် ၀တ်စုံ နဲ့.. ချစ်စရာ ကောင်း လိုက်တာ..။ သီချင်း အဆို ကောင်း တယ် လို့ တော့.. ပြောကြတာ .. တခါ မှ တော့ ..နားမထောင် ဘူးသေး...။

အချစ်ရေ.. ဒီဘ၀မှာ.. ခဏတာ..
ကြုံဆုံ တွေ့ရ.တက္ကသိုလ် မှာ..
လွမ်းဆွေးစရာတွေ.. ရင်မှာ ထွေးကာ ...
အနမ်းချွေ စိန်ပန်းကြွေ... မင်းပါးပြင်ပေါ်....



အဲ..မဆိုးဘူးပဲ...။ တီး တာ တွေ လည်း ကောင်း သားပဲ...။ ပင်းယဆောင်က..မျက်မှန် အထူကြီး နဲ့ အော်ဂင်တီး တဲ့ တယေက်ကို တော့..သေချာ မြင်ရသည်။ ကျန်တဲ့ သူတွေက..ဘယ်အဆောင်တွေ ကလည်း မသိ။ ကျောင်းသား ၀ိုင်း သပ်သပ် လား..အပြင်က ငှါး ထားတာ လား ..သူ သေချာ မသိ။



ရနံ့ထုံသင်းတဲ့ ပန်းကြွေတောမှာ ....
အလွမ်းတွေ ဝေသီအောင် ....ချစ်ခဲ့တယ်လေ

ခုန.. အိုင်စီက..ကောင်မလေး လိုက်ဆို တော့..သူ လဲ လိုက်ဆို ချင် လာသည်။ .ဒီသီချင်းကို ကောင်းကောင်း ရတာ ပေါ့.. ။ မယု တို့ နှစ်တွေ တုန်းက.. ကျောင်းထဲ မှာ ပေါက်ခဲ့တဲ့..သျှိုင်းအောင် သီချင်း ။

နှစ် ယောက်အတူတူ... လျှောက်ဖူးတဲ့
အဓိပတိ လမ်းပေါ်မှာ... လက်တွဲကွယ်...
တရုတ်စကားပွင့်လေးများရယ်ပျံ့ကျဲနေ...
တို့ရဲ့ နှလုံးသား ရင်မှာ အစဉ်သာ လှုပ်ရှားနေ..
တခြား လူတွေ အတော်များများပါ.. လိုက်ဆို နေ ကြသည်။ ပွဲကလည်း ပြီးကာနီး မို့... မြနန္ဒာ လုပ်ချင် နေ ကြ ပြီ ထင်သည်။

လွမ်းစရာကောင်းတဲ့ ကံ့ကော်မြေတောမှာ...
.လေး နှစ်တာ အိပ်မက်ရှည် မက်ခဲ့ ပြီလေ..
-
အိုးးး.. လွမ်းစရာ ကောင်း လိုက်တာ...။ ဟုတ်တယ်...ငါတို့ ရဲ့ ကံ့ကော် အိပ်မက်ရှည် ကြီး ပြီးတော့မယ်.. နိုးထ ရတော့ မယ်...။ အခု ည တောင်..ဒင်နာ ကြီး ပြီးတာ နဲ့.. စာမေးပွဲ ကြီး ကို ခေါင်း ထဲ ထဲ့ ရတော့မှာ..။ နယ် ပြန်ဖို့.. မပြန်ဖို့ တွေ... အလုပ် ရှာဖို့..ပြုဖို့ တွေ.. တွေး နေရပြီ ...။ အပုအပင် ကင်းခဲ့ တဲ့.. လေးနှစ်တာ..ရယ်....။ တကယ်က ..သူတို့ အိပ်မက် က.. လေးနှစ်တာ တောင် မကြာ ခဲ့ ပါဘူးလေ..။
ကန်ရေပြင် အင်းလျားရယ်... ဘွဲ့နှင်းသဘင်မှာ
ကြင်နာသူတွေရဲ့ နှလုံးသား သစ္စာ..
ဒါတွေဟာ တို့ရဲ့ရင်ထဲ မမေ့နိုင်စရာ
အချိန်တိုင်းမှာ အမြဲတန်း သတိရနေမှာ...
သူ့ဘေး မှာ..မစု က..မျက်လုံးလေး အပြူးသား နဲ့.. သီချင်း ကို နားစိုက်ထောင်နေသည်။ မစု.. ဘာတွေ တွေး နေမလဲ..။ ကြင်နာ သူ တွေ ရဲ့ နှလုံးသား သစ္စာ တော့ ဟုတ်ဟန် မတူ...။ မဖြူ... သူကတော့.. ပျော်နေပုံ။

သူ ကိုယ်တိုင် ကရော.. နှလုံးသား သစ္စာ တွေ များ.. ရင်ထဲ ရောက် နေခဲ့ ပြီလား....။ သူ လှမ်း အကြည့်မှာ... မျက်ဝန်း တစုံ က.. ပြုံးရယ် လို့...။

ရတာမာ ပင် တန်းများ နဲ့ ကံ့ကော်ပင်တွေ..
ဂျပ်ဆင် ရယ် သစ်ပုတ်ပင်..
ရတာနာရယ် အင်းလျားဆောင် သိရိ မာလာဆီ
ဒီတခါဆို တို့ဝေးပြီ နှုတ်ဆက်ခဲ့ ပါသည်..

စိမ်းမြရည် ရဲ့ စွဲမက်စရာ အသံ နဲ့ အတူ.. လိုက်ဆို နေ ကြတဲ့.. ကျောင်းသား ကျောင်းသူ တွေ ရဲ့ အသံက.. အင်းလျားဆောင် မြက်ခင်းပြင် ကြီး ပေါ်.. အလွမ်းတွေ နဲ့ အတူ လျှံ ကြ နေ တော့သည်။
ရနံ့ ထုံသင်း တဲ့...ပန်းကြွေတောမှာ..
လေးနှစ်တာ အိမ်မက်ရှည် မက်ခဲ့ ပြီလေ..

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...