ကျွန်တော်တို့ ဒီဘလောက်ခ် ကလေးကို ကြိုးစားပြီး ရေးကြည့်ရခြင်း အကြောင်းအရင်းက
- လက်ရှိ ကိုယ်သိထားပြီး၊ နားလည်ပြီးသား သော အကြောင်းအရာများ၊
- သိအောင်လေ့လာဆဲ၊ နားလည်အောင် ကြိုးစားဆဲ အကြောင်းအရာများ၊
ကို မျှဝေပေးချင်တဲ့ ရည်ရွယ်ချက်ပင် ဖြစ်ပါသည်။ အထူးသဖြင့် ကျွန်တော် ( ကိုငယ် ) က Electrical & Automation System အကြောင်းအရာများ နှင့် ကျွန်တော့် ဇနီး ( မငယ် ) မှ Civil နဲ့ဆက်စပ်တဲ့ အကြောင်းအရာများကှို လုပ်ငန်းခွင် အတွေ့အကြုံများနှင့် ယှဉ်ပြီး မျှဝေသွားဖို့ ရည်ရွယ်ထားပါသည်။
သို့ပေသိ .. ကျွန်တော်တို့ ကိုယ်တိုင်လည်း အစစအရာရာ ပြီးပြည့်စုံနေသော ပညာရှင်များ မဟုတ်သည့်အတွက် တစုံတရာ လွဲမှားသည့် ဖော်ပြချက်များ ရှိလာပါက နားလည်ခွင့်လွတ်ပေးကြပါရန် ကြိုတင် တောင်ပန်းအပ်ပါသည် ခင်ဗျား။
ကျွန်တော် တစ်ခါတုန်းက မြန်မာအင်ဂျင်နီယာ ဖိုရမ်မှာ ကိုငယ်ဆိုတဲ့ နာမည်နဲ့ ကျွန်တော်သိသော PLC ဆိုပြီး ပိုစ့်တွေ ရေးခဲ့ဘူးတယ်။ အခု အဲ့ဒီအကြောင်းအရာကိုပဲ ဆက်ဆွေးနွေးချင်ပါတယ်။
ကျွန်တော်သိသော .... PLC ... ဆိုသည်မှာ Relay အကြီးစားကြီးပါပဲဗျာ။ သူ့မှာ ကိုယ်လိုချင်ရင် လိုချင်သလောက် NO / NC Contacts တွေ အများကြီး ထုတ်ပေးလို့ရတယ်။ ကိုယ့်စိတ်ကြိုက် လိုသလို လုပ်လို့ရတဲ့ Relay ကြီးပေါ့ဗျာ။
တစ်ခါက သူငယ်ချင်းတွေနဲ့ စကားဝိုင်းတစ်ခုမှာ လေနဲနဲကြီးတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ သွားဆုံတယ်။ သူကလည်း PLC Programming တွေရေးနေတာပါ။ Siemens PLC ထင်တယ်။ သူက တခြားသူတွေကို ပြောနေတာ .. PLC Programming ဆိုတာ ဘယ်လိုခက်ခဲ၊ နက်နဲ၊ ရှုပ်ထွေး တယ်ဆိုတဲ့ အကြောင်းတွေပါ။ ကျွန်တော်ကတော့ ပြန်ပြောလိုက်တယ်။ PLC Programming ရေးဖို့ဆိုရင် ...
• Logic အကြောင်း သိထားရင်၊
• Digital Gates တွေအကြောင်း တီးမိခေါက်မိရင်၊
• Relay အကြောင်း နားလည်ရင်၊
• C Programming အကြောင်းလေး သဘောလောက် တတ်ထားရင၊်
ထင်သလောက် မခက်ခဲပါဘူးလို့ ပြောလိုက်တယ်။ အဟဲ .. သူငယ်ချင်းကတော့ နှာကစ်သွားရှာတာပေါ့ဗျာ။
Logic အကြောင်း က ဘာတွေ သိထားရမှာလဲ ဆိုတော့ ...။ Binary Logic ဖြစ်တဲ့ 1 & 0 ကို သိထားရင် ရမယ်ထင်တယ်။ High & Low ... Open & Close ပေါ့ဗျာ။ Open / Close ဆိုမှ ကျောင်းတုန်းက ဆရာ ဦးကလဲမက်ကြီး PLC အကြောင်းသင်တုန်းက ဆရာက မီးလုံး နဲ့ ဆားကစ်ပါတ်လမ်းလေး တစ်ခုနဲ့ ဥပမာ ပေးတယ်။ မျက်စိထဲ မြင်အောင် ပြောရရင် .. မီးလုံးတစ်လုံးကို Switch တစ်ခုနဲ့ Series ချိတ်ထားတယ်။ တစ်ဖက်မှာတော့ Batteries နဲ့ ချိတ်ထားတယ်ပေါ့ဗျာ။ ဆရာက ပြောတယ် ..။ မီးခလုပ်ကို ပိတ်လိုက်ရင် ( Close လိုက်ရင် ) မီးလင်းသွားမယ် ... မီးခလုတ်ကို ဖွင့်လိုက်ရင် ( Open လိုက်ရင် ) မီးလုံးမှိတ် သွားမယ်ပေါ့။ ခပ်တုံးတုံး .. ကျွန်တော်ကတော့ မျက်စိလည်သွားတယ်။ ဘယ်နှယ့် မီးခလုတ်ပိတ်ရင် မီးကမမှိတ်ပဲ နဲ့ မီးခလုပ်ဖွင့် ( မီးဖွင့် ) မှ မီးက ပိတ်သွားတာပါလိမ့်လို့။ အဲ့ဂလိုကြီးကို .. မြန်မာမှု ပြုမိခဲ့တာ။
Digital Gates တွေအကြောင်းကိုတော့ သာမာန် NOT / AND / OR Gates တွေလောက်သိရင် ရပါပြီင်္ဗျာ။ XOR တို့ XNOR တို့ မလိုဘူးလို့ ပြောလို့ရမယ်ထင်တယ်။ ထပ်ပြီး Boolean Algebra နဲ့ Truth Table တွေလည်း အကျွမ်းတ၀င်ရေးတတ်ဖို့လိုမယ်။ ကျွန်တော်ကတော့ Truth Table ကို 5 Variables ထိ ရေးခဲ့ဘူးတယ်။ ကျွမ်းကို ပြန်လို့ ..။
Relay အကြောင်းကတော့ နားလည်ဖို့ လိုတယ်ဗျ။ ရိုးရိုး Relays ( Contactors ) တစ်လုံးရဲ့ လုပ်ရိုးလုပ်စဉ်ကော၊ ရှယ် Relays ( Latch Relays .. တို့ဘာတို့ပေါ့ ) တစ်လုံးရဲ့ လုပ်စဉ်တွေပါ သိထားသင့်ပါတယ်။ Latch Relay ကို တချို့တော့ Set – Reset Relay လို့လည်း ခေါ်ကြတယ်။ Digital Electronic မှာတော့ Flip Flop ( D type ) နဲ့ အတူတူပဲဗျ။
C Programming အကြောင်းကတော့ များများစားစား သိစရာမလိုပါဘူး။ ဒါပေမဲ့ PLC ရဲ့ Structure Text လိုမျိုး နဲ့ Programming ရေးတဲ့အခါမျိုးမှာတော့ C Programming နဲ့ သဘောတရားတူနေတာကို တွေ့ရလိမ့်မယ်။ ကျွန်တော်ကတော့ အဲ့ဒီအပိုင်းကို မဖြစ်မနေ မှပဲ ရေးတတ်တယ်။ ပုံမှန်ကတော့ လှေကားပဲ ထောင်တတ်တယ်။
ဒါတွေကတော့ ကျွန်တော်သိသော ... PLC အကြောင်းပါပဲဗျာ။
PLC Programming ကို စပြီး ရေးတော့မယ်ဆိုရင် အရင်ဆုံး အောက်ပါအချက်တွေကို စလုပ်ရပါတော့မည်။
1. ကိုယ့်အသုံးပြုလိုသည့် PLC အမျိုးအစား နှင့် Program Manager ကို ရွေးချယ်ခြင်း။
2. Hardware Configuration တပ်ဆင်ခြင်း။
3. Structure & Symbolize the Data ပြုလုပ်ခြင်း။
4. Programming Language ကို ရွေးချယ်ခြင်း။
5. Simulation & Downloading ။
1. ကိုယ့်အသုံးပြုလိုသည့် PLC အမျိုးအစား နှင့် Program Manager ကို ရွေးချယ်ခြင်း။
PLC အမျိုးစားပေါင်း များစွာရှိပါသည်။ ထိုသို့သော မတူညီတဲ့ PLC အမျိုးစားများကို မူတည်ပြီး Program Manager များလည်း များစွာရှိလာပါသည်။ Siemens PLC ကို Step 7 လိုမျိုး Program Manager နဲ့သာ Program ရေးလို့ရပါသည်။ Modicon Premium PLC ကို Siemens Step 7 နဲ့ ရေးချင်လို့ မရနိုင်ပါ။ အဲ့ဒီတော့ ကျွန်တော်တို့ အရင်ဆုံး လုပ်ရမှာက ဘယ် PLC ကို သုံးမှာလဲ ... ဘယ် Program Manager နဲ့ ရေးကြမှာလဲ .. ဆိုတာပေါ့။
ကျွန်တော်ကတော့ လက်ရှိ Project မှာ WAGO PLC ကို အသုံးပြုပြီး Codesys V2.3 နဲ့ Program ရေးနေရပါတယ်။ ရှေ့လျှောက် .. ဥပမာပေးသွားရင် Codesys နဲ့ ရေးပြသွားပါ့မယ်။
2. Hardware Configuration တပ်ဆင်ခြင်း။
Hardware Configuration ကို Physically တပ်ဆင်ပေးရပါ့မယ်။ များသောအားဖြင့် PLC Unit တစ်ခုမှာ CPU ပါမည်။ Inputs / Outputs Modules တွေပါမည်။ ဒီထက်ပိုပြီး Serial Communication ( RS485 ) လိုမျိုး Interfacing Modules တွေပါလာမည်။ ပြောရရင်တော့ အများကြီးပဲ။ အားလုံးက ကိုယ်ဘာအတွက် သုံးမှာလဲ .. ဘယ် Application အတွက်လဲ ဆိုတာကို မူတည်နေတာပါ။
CPU ကို ရွေးချယ်ပြန်တော့လည်း ကိုယ့် Application မှာလိုအပ်မဲ့ Inputs / Outputs အရေအတွက်ကို ကြည့်ပြီး ရွေးချယ်သင့်ပါတယ်။ မလိုအပ်ပဲ Small Application အတွက် High End CPU တွေ မရွေးသင့်ပါဘူး။ ရွေးလည်း ဘာမှမဖြစ်ဘူး။ ပိုက်ဆံပဲ ပိုပေးရလိမ့်မယ်။
Inputs / Outputs Modules တွေမှာ Discrete ( Digital ) Inputs ( DI ) / Discrete ( Digital ) Outputs ( DO ) ရယ် ... Analogue Inputs ( AI ) / Analogue Outputs ( AO ) ရယ်ဆိုပြီး တွေ့ရလိမ့်မယ်။ ဒါကလည်း အသုံးချတဲ့ အရာပေါ်မူတည်ပြီး ရွေးယူရပါလိမ့်မည်။
များသော အားဖြင့် ကျွန်တော် တပ်ဆင်တဲ့ Hardware Configuration မှာ Power Supply ကို အရင်ဆင်ပါတယ်။ ပြီးရင် CPU ကို ဆင်ပါတယ်။ အဲ .. WAGO မှာကတော့ CPU မှာပဲ Power Supply က တပါတည်း တပ်ဆင်ထားပြီးသာပါ။ သီးသန့် ပါဝါ မလိုဘူးပေါ့ဗျာ။ CPU ပြီးရင် DI .. ပြီးရင် ..AI ...ပြီးရင် AO ... ပြီးရင် DO အနေနဲ့ ဆင်တတ်ပါတယ်။ အဲ .. အားလုံးတပ်ဆင်ပြီးရင် နောက်ဆုံးမှာ End Slot အနေနဲ့ End Module တစ်ခုတပ်ပေးလိုက်ပါတယ်။ တပ်ဆင်မှုမှာတော့ သီးသန့် Standard တော့ ရှိမယ် မထင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်ကတော့ Power Consumption အများဆုံးကို Power Supply နဲ့ နီးနီးမှာ ထားပေးလိုက်တာပါပဲ။
Physically Hardware Configuration လုပ်ပြီးသွားရင်တော့ ကိုယ့် Program Manager မှာလည်း အလားတူမျိုး PLC Configuration လုပ်ပေးရပါမည်။ ဒါမှ လိုချင်တဲ့ Inputs နဲ့ ရချင်တဲ့ Outputs တွေ မှန်မှန်ကန်ကန် ရရှိပါလိမ့်မယ်။
3. Structure & Symbolize the Data ပြုလုပ်ခြင်း။
အဲ့ဒါကတော့ IO Data တွေကို နာမည်ပေးခြင်း နဲ့ အမျိုးအစား သတ်မှတ်ပေးခြင်းပါပဲ။ ကိုယ့် IO တွေက Bits တွေလား၊ Words တွေလား၊ Strings တွေလား၊ Tables တွေနဲ့လား ဆိုတာကို သတ်မှတ်ပေးရမယ်။ ပြီးတော့ သူတို့ကို ကိုယ်ပိုင်နာမည်တွေ ပေးရမယ်။ အဲ .. နာမည်ဆိုတာကလည်း PLC က နားလည်မဲ့ နာမည်တွေပါ။ ဘိုလိုတော့ Variable Name လို့ ခေါ်တာပေါ့ဗျာ။ တစ်ခါတလေလည်း ဘိုလိုမျိုးပြောရင် နားလည်လွယ်မယ်ထင်ပါတယ်။ ဒုတိယ ပိုစ့်က ဥပမာနဲ့ ပြေားရရင် Switch AT %IX1.0: BOOL; လို့ ဆိုပါတော့။ Switch ဆိုတဲ့ နာမည်က ကိုယ်တွေသိတဲ့ အသိ ( လူသိတဲ့အသိ ) ..။ အဲ့ဒီနောက်က %IX1.0 ဆိုတာက Switch မှန်း စက်က သိတဲ့အသိ ( PLC က သိတဲ့အသိ ) Address လို့ပြောလို့ရတယ်။ %IX ဆိုတာက I = Input & X = Digital ကို ဆိုလိုတာပါ .. ။ အတိအကျပြောရရင် Digital Input လို့ပြောတာပါ။ အဲ .. ဒါပေမဲ့ သူကလည်း ပုံသေတော့ မှတ်မရဘူးနော့်။ PLC ကွဲရင် အသုံးအနူန်းကွဲသွားကော။ ဥပမာ ... Modicon မှာဆိုရင် %I1.0 လို့ပဲ တွေ့ရလိမ့်မယ်။ နောက်ဆုံးက BOOL ဆိုတာက Type of Data လို့ ပြောရမယ် .. BOOL ဆိုတာက Boolean ( Binary Digit - Bits ) ကို ကိုယ်စားပြုတာပါ။
မှတ်ရမှာက ... % IX = Digital Input, % QX = Digital Output, %QW = Analog Output, %IW = Analog Input ဆိုတာကိုပါပဲ။ ထပ်ပြီး သတိပေးမယ်နော် ... ။ အဲ့ဒီဟာတွေက PLC အမျိုးစားကွဲရင် လိုက်ကွဲသွားလိမ့်မယ်။
4. Programming Language ကိုရွေးချယ်ခြင်း။
PLC Program တစ်ခုကို ရေးမယ်။ ကိုယ်က ဘယ် Language နဲ့ ရေးမလဲဆိုတာကိုတော့ ကိုယ့်ဘာသာ ကိုယ် ဆုဲံးဖြတ်ရပါမယ်။ ရေးလို့ရတဲ့ Language တွေတိုင်းကလည်း သူ့အပိုင်းလိုက် သူ အားသာချက်ရှိတာကို တွေ့ရပါတယ်။ အဓိက အပိုင်းကိုတော့ ကိုယ့်အားသန်ရာနဲ့ ကိုယ်ရေးပေါ့ဗျာ။ အဟဲ ... ကျွန်တော်ကတော့ လှေကားပဲ ထောင်လေ့ရှိပါတယ် .. များသောအားဖြင့် ပေါ့ဗျာ။
PLC Programming Languages တွေကို ယေဘူယျ အားဖြင့်ဆိုရင် ( 2 ) ပိုင်း ခွဲမှတ်လို့ရတယ်။
• စာနဲ့ဖော်ပြတဲ့ Language ( Textual Languages ) နဲ့
• တုတ်ချောင်းလေးတွေနဲ့ ပုံဖော်ပြီး ပြတဲ့ Languages ( Graphic Languages )
လို့ ကျွန်တော်က ခွဲမှတ်တာပဲ။
နဲနဲထပ်ရှင်းရရင် Textual Languages မှာ ထပ်ပြီးခွဲလိုက်ရင်
• Instruction List ( IL )
• Structured Text ( ST )
လို့ ခွဲလို့ရသေးတယ်။
Instruction List ( IL ) က ဘာနဲ့ တူသလဲဆိုတော့ ကျောင်းတုန်းက သင်ပေးလိုက်တဲ့ Assembly Language နဲ့ ဆင်တယ်ဗျာ။ ကျွန်တော်က အဲ့ဒီအပိုင်းကို သိပ်ပြီး မရေးတော့ သိပ်ပြီး မရှင်းပြတတ်ဘူး။
Structured Text ( ST ) ဆိုတာကတော့ C Programming မှ IF .. THEN .. ELSE ဘာညာကွိကွ တွေနဲ့ ရေးပုံရေးနည်း တူတယ်။ များသောအားဖြင့် Input Datas 2 ခုကို Compare လုပ်တာမျိုးဆိုရင် ST က အရမ်းကောင်းတယ်။ တစ်ချို့သော သူတွေက ST နဲ့ Program ရေးတာကို အားရလေ့ရှိတယ်။ ဒါကလည်း ကောင်းပါတယ်။ တော်ရုံတန်ရုံ လူက Program ကိုကြည့်ရုံနဲ့ ရုတ်တရက် နားမလည်နိုင်ဘူးပေါ့။ လူရှိန်တယ်လို့ ဆိုရမယ်။
ဒါတွေက Textual Languages နဲ့ ပါတ်သတ်တဲ့ အကြောင်းတွေပါ။
Graphis Language တွေကိုလည်း ခွဲလို့ရသေးတယ်။
• Sequential Functional Chart ( SFC )
• Ladder Diagram ( LD ) ( ကျွန်တော်ကတော့ လှေကားထောင် တယ်လို့ ပြောတယ် )
• Function Block Diagram ( FBD )
လို့ ခွဲလို့ရသေးတယ်။
Sequential Functional Chart ဆိုတာက Flow Chart လိုမျိုး ရေးတာ။ နားလည်ရတော့ တော်တော်လေး လွယ်ကူပါတယ်။ ဘာ့ကြောင့်တော့ မသိဘူး။ သိပ်ပြီး အသုံးမပြုကြဘူး။
Ladder Diagram ( LD ) ကတော့ ကျွန်တော့် အကြိုက်ပါပဲဗျာ။ Electronic နဲ့ ကျောင်းပြီးခဲ့လို့လား မသိဘူး။ စဉ်းစားလို့ ကောင်းတယ်။ တပါးသူကိုလည်း အလွယ်တကူ ရှင်းပြလို့ရတယ်။ Program ပြောင်းချင်ရင် ချက်ချင်းပြောင်းလို့ရတယ်ဗျာ။ တကယ့် ..Circuit Diagram လေး တစ်ခုလိုပဲ။ တော်တော်များများကလည်း ဒီ Language နဲ့ အသုံးများသလိုပဲ။ ကျွန်တော့် ရုံးမှာ Siemens PLC Specialist ရှိတယ်။ သူလည်း LD ပဲ သုံးတယ်။ Sixnet ရေးတဲ့သူရှိတယ်။ လာထား .. LD ပဲဗျ။ Modicon ရေးတဲ့လူကလည်း မဖြစ်မနေမှ တခြား Language ကိုသုံးတယ်။ ပုံမှန်ကတော့ LD ပါပဲဗျာ။
Function Block Diagram ( FBD ) ကလည်း လူသုံးများပါတယ်။ အမှန်တော့ သူက အလွယ်ဆုံးပဲဗျ။ ကျောင်းတုန်းက သင်ပေးလိုက်တဲ့ Digital Electronic တွေမှာ ဆွဲရတဲ့ Microcontroller အလုပ်လုပ်ပုံ လိုမျိုးလိုလို၊ Gate Circuit Drawing လိုလို နဲ့ အတော် လွယ်သဗျ။
ကျွန်တော် နောက်မှ ပုံလေးတွေနဲ့ နဲနဲ ထပ်ရှင်းပြပါ့မယ်။
5) Simulating & Downloading
PLC Program တစ်ခုကို ရေးပြီးသွားပြီဆိုရင် ကိုယ်ရေးလိုက်တဲ့ Program က မှန်၏၊ မမှန်၏ ။ ဆိုတာကို ပြန်စစ်ရပါ့မယ်။ Codesys မှာတော့ Built လို့ သုံးနူန်းပါတယ်။ C Program တွေမှာဆိုရင် Compile လုပ်တယ်လို့ ဆိုမလားပဲ။ ကိုယ့် Program ကို Built လုပ်ပြီးလို့ Error လေးတွေ ဖြစ်နေသေးတယ်ဆိုရင် Program Manager မှာ အနီရောင် နဲ့ Highlight လုပ်ပေးထားလိမ့်မယ်။ အဲ့ဒါလေးကို Click လုပ်ပြီး အမှန်လိုက်ပြင်ပေးရပါလိမ့်မယ်။ အဲ့ဒီနောက်ပိုင်း .. အားလုံး မှန်သွားပြီဆိုရင်တော့ .. PLC ရှိရင် Download လုပ်ပြီး အသုံးချလို့ ရပါပြီ။ ကိုယ်က PLC ကို Download မလုပ်ခင် Application Process တွေ မှန် မမှန် ကြည့်ချင်သေးရင် PLC mode ကို Simulation Mode ကို ပြောင်းပြီး Program Manager နဲ့ စမ်းကြည့်လို့ရပါသည်။ ကိုယ်ပေးချင်တဲ့ Input တွေကို Force ပေးပြီး .. လိုချင်တဲ့ Output ကို ရ မရ ကြည့်လို့ရပါသည်။ အားလုံး စိတ်တိုင်းကျ စမ်းပြီးသွားပြီ ဆိုရင်တော့ .. PLC ထဲကို Programming Cable or Ethernet Cable နဲ့ Download လုပ်ပေးလိုက်ရုံပါပဲ။ အဲ့ဒီနောက်တော့ PLC နဲ့ ပါတ်သတ်ပြီး အလုပ်တွေ ပြီးသွားပါပြီ။
ကျွန်တော် တစ်ခါတုန်းက မြန်မာအင်ဂျင်နီယာ ဖိုရမ်မှာ ကိုငယ်ဆိုတဲ့
နာမည်နဲ့ ကျွန်တော်သိသော PLC ဆိုပြီး ပိုစ့်တွေ ရေးခဲ့ဘူးတယ်။ အခု
အဲ့ဒီအကြောင်းအရာကိုပဲ ဆက်ဆွေးနွေးချင်ပါတယ်။
ကျွန်တော်သိသော .... PLC ... ဆိုသည်မှာ Relay အကြီးစားကြီးပါပဲဗျာ။
သူ့မှာ ကိုယ်လိုချင်ရင် လိုချင်သလောက် NO / NC Contacts တွေ အများကြီး
ထုတ်ပေးလို့ရတယ်။ ကိုယ့်စိတ်ကြိုက် လိုသလို လုပ်လို့ရတဲ့ Relay
ကြီးပေါ့ဗျာ။
တစ်ခါက သူငယ်ချင်းတွေနဲ့ စကားဝိုင်းတစ်ခုမှာ လေနဲနဲကြီးတဲ့
သူငယ်ချင်းတစ်ယောက်နဲ့ သွားဆုံတယ်။ သူကလည်း PLC Programming
တွေရေးနေတာပါ။ Siemens PLC ထင်တယ်။ သူက တခြားသူတွေကို ပြောနေတာ .. PLC
Programming ဆိုတာ ဘယ်လိုခက်ခဲ၊ နက်နဲ၊ ရှုပ်ထွေး တယ်ဆိုတဲ့
အကြောင်းတွေပါ။ ကျွန်တော်ကတော့ ပြန်ပြောလိုက်တယ်။ PLC Programming
ရေးဖို့ဆိုရင် ...
• Logic အကြောင်း သိထားရင်၊
• Digital Gates တွေအကြောင်း တီးမိခေါက်မိရင်၊
• Relay အကြောင်း နားလည်ရင်၊
• C Programming အကြောင်းလေး သဘောလောက် တတ်ထားရင၊်
ထင်သလောက် မခက်ခဲပါဘူးလို့ ပြောလိုက်တယ်။ အဟဲ .. သူငယ်ချင်းကတော့ နှာကစ်သွားရှာတာပေါ့ဗျာ။
Logic အကြောင်း က ဘာတွေ သိထားရမှာလဲ ဆိုတော့ ...။ Binary Logic ဖြစ်တဲ့
1 & 0 ကို သိထားရင် ရမယ်ထင်တယ်။ High & Low ... Open &
Close ပေါ့ဗျာ။ Open / Close ဆိုမှ ကျောင်းတုန်းက ဆရာ ဦးကလဲမက်ကြီး PLC
အကြောင်းသင်တုန်းက ဆရာက မီးလုံး နဲ့ ဆားကစ်ပါတ်လမ်းလေး တစ်ခုနဲ့ ဥပမာ
ပေးတယ်။ မျက်စိထဲ မြင်အောင် ပြောရရင် .. မီးလုံးတစ်လုံးကို Switch
တစ်ခုနဲ့ Series ချိတ်ထားတယ်။ တစ်ဖက်မှာတော့ Batteries နဲ့
ချိတ်ထားတယ်ပေါ့ဗျာ။ ဆရာက ပြောတယ် ..။ မီးခလုပ်ကို ပိတ်လိုက်ရင် ( Close
လိုက်ရင် ) မီးလင်းသွားမယ် ... မီးခလုတ်ကို ဖွင့်လိုက်ရင် ( Open
လိုက်ရင် ) မီးလုံးမှိတ် သွားမယ်ပေါ့။ ခပ်တုံးတုံး .. ကျွန်တော်ကတော့
မျက်စိလည်သွားတယ်။ ဘယ်နှယ့် မီးခလုတ်ပိတ်ရင် မီးကမမှိတ်ပဲ နဲ့
မီးခလုပ်ဖွင့် ( မီးဖွင့် ) မှ မီးက ပိတ်သွားတာပါလိမ့်လို့။
အဲ့ဂလိုကြီးကို .. မြန်မာမှု ပြုမိခဲ့တာ။
Digital Gates တွေအကြောင်းကိုတော့ သာမာန် NOT / AND / OR Gates
တွေလောက်သိရင် ရပါပြီင်္ဗျာ။ XOR တို့ XNOR တို့ မလိုဘူးလို့
ပြောလို့ရမယ်ထင်တယ်။ ထပ်ပြီး Boolean Algebra နဲ့ Truth Table တွေလည်း
အကျွမ်းတ၀င်ရေးတတ်ဖို့လိုမယ်။ ကျွန်တော်ကတော့ Truth Table ကို 5
Variables ထိ ရေးခဲ့ဘူးတယ်။ ကျွမ်းကို ပြန်လို့ ..။
Relay အကြောင်းကတော့ နားလည်ဖို့ လိုတယ်ဗျ။ ရိုးရိုး Relays (
Contactors ) တစ်လုံးရဲ့ လုပ်ရိုးလုပ်စဉ်ကော၊ ရှယ် Relays ( Latch Relays
.. တို့ဘာတို့ပေါ့ ) တစ်လုံးရဲ့ လုပ်စဉ်တွေပါ သိထားသင့်ပါတယ်။ Latch
Relay ကို တချို့တော့ Set – Reset Relay လို့လည်း ခေါ်ကြတယ်။ Digital
Electronic မှာတော့ Flip Flop ( D type ) နဲ့ အတူတူပဲဗျ။
C Programming အကြောင်းကတော့ များများစားစား သိစရာမလိုပါဘူး။ ဒါပေမဲ့
PLC ရဲ့ Structure Text လိုမျိုး နဲ့ Programming ရေးတဲ့အခါမျိုးမှာတော့ C
Programming နဲ့ သဘောတရားတူနေတာကို တွေ့ရလိမ့်မယ်။ ကျွန်တော်ကတော့
အဲ့ဒီအပိုင်းကို မဖြစ်မနေ မှပဲ ရေးတတ်တယ်။ ပုံမှန်ကတော့ လှေကားပဲ
ထောင်တတ်တယ်။
ဒါတွေကတော့ ကျွန်တော်သိသော ... PLC အကြောင်းပါပဲဗျာ။
( ကျွန်တော်ပြောတာကို မပြည့်စုံခြင်း၊ မှားယွင်းခြင်း၊ အယူအဆ
မတူခြင်းများ ရှိနိုင်ပါတယ်။ ရှိခဲ့ရင်ဖြင့် ကျွန်တော်၏ လေ့လာအားထုတ်မှု
မှားယွင်းခဲ့မှုကြောင့်သာ ဖြစ်ကြောင်း ၀န်ခံပါရစေခင်ဗျား )
ကိုငယ်
(11.01.2009)
PLC အကြောင်း လေ့လာကြည့်ရအောင် ( အပိုင်း-၂ )
PLC Programming ကို စပြီး ရေးတော့မယ်ဆိုရင် အရင်ဆုံး အောက်ပါအချက်တွေကို စလုပ်ရပါတော့မည်။
1. ကိုယ့်အသုံးပြုလိုသည့် PLC အမျိုးအစား နှင့် Program Manager ကို ရွေးချယ်ခြင်း။
2. Hardware Configuration တပ်ဆင်ခြင်း။
3. Structure & Symbolize the Data ပြုလုပ်ခြင်း။
4. Programming Language ကို ရွေးချယ်ခြင်း။
5. Simulation & Downloading ။
1. ကိုယ့်အသုံးပြုလိုသည့် PLC အမျိုးအစား နှင့် Program Manager ကို ရွေးချယ်ခြင်း။
PLC အမျိုးစားပေါင်း များစွာရှိပါသည်။ ထိုသို့သော မတူညီတဲ့ PLC
အမျိုးစားများကို မူတည်ပြီး Program Manager များလည်း များစွာရှိလာပါသည်။
Siemens PLC ကို Step 7 လိုမျိုး Program Manager နဲ့သာ Program
ရေးလို့ရပါသည်။ Modicon Premium PLC ကို Siemens Step 7 နဲ့ ရေးချင်လို့
မရနိုင်ပါ။ အဲ့ဒီတော့ ကျွန်တော်တို့ အရင်ဆုံး လုပ်ရမှာက ဘယ် PLC ကို
သုံးမှာလဲ ... ဘယ် Program Manager နဲ့ ရေးကြမှာလဲ .. ဆိုတာပေါ့။
ကျွန်တော်ကတော့ လက်ရှိ Project မှာ WAGO PLC ကို အသုံးပြုပြီး Codesys
V2.3 နဲ့ Program ရေးနေရပါတယ်။ ရှေ့လျှောက် .. ဥပမာပေးသွားရင် Codesys နဲ့
ရေးပြသွားပါ့မယ်။
2. Hardware Configuration တပ်ဆင်ခြင်း။
Hardware Configuration ကို Physically တပ်ဆင်ပေးရပါ့မယ်။
များသောအားဖြင့် PLC Unit တစ်ခုမှာ CPU ပါမည်။ Inputs / Outputs Modules
တွေပါမည်။ ဒီထက်ပိုပြီး Serial Communication ( RS485 ) လိုမျိုး
Interfacing Modules တွေပါလာမည်။ ပြောရရင်တော့ အများကြီးပဲ။ အားလုံးက
ကိုယ်ဘာအတွက် သုံးမှာလဲ .. ဘယ် Application အတွက်လဲ ဆိုတာကို မူတည်နေတာပါ။
CPU ကို ရွေးချယ်ပြန်တော့လည်း ကိုယ့် Application မှာလိုအပ်မဲ့ Inputs
/ Outputs အရေအတွက်ကို ကြည့်ပြီး ရွေးချယ်သင့်ပါတယ်။ မလိုအပ်ပဲ Small
Application အတွက် High End CPU တွေ မရွေးသင့်ပါဘူး။ ရွေးလည်း
ဘာမှမဖြစ်ဘူး။ ပိုက်ဆံပဲ ပိုပေးရလိမ့်မယ်။
Inputs / Outputs Modules တွေမှာ Discrete ( Digital ) Inputs ( DI ) /
Discrete ( Digital ) Outputs ( DO ) ရယ် ... Analogue Inputs ( AI ) /
Analogue Outputs ( AO ) ရယ်ဆိုပြီး တွေ့ရလိမ့်မယ်။ ဒါကလည်း အသုံးချတဲ့
အရာပေါ်မူတည်ပြီး ရွေးယူရပါလိမ့်မည်။
များသော အားဖြင့် ကျွန်တော် တပ်ဆင်တဲ့ Hardware Configuration မှာ
Power Supply ကို အရင်ဆင်ပါတယ်။ ပြီးရင် CPU ကို ဆင်ပါတယ်။ အဲ .. WAGO
မှာကတော့ CPU မှာပဲ Power Supply က တပါတည်း တပ်ဆင်ထားပြီးသာပါ။ သီးသန့်
ပါဝါ မလိုဘူးပေါ့ဗျာ။ CPU ပြီးရင် DI .. ပြီးရင် ..AI ...ပြီးရင် AO ...
ပြီးရင် DO အနေနဲ့ ဆင်တတ်ပါတယ်။ အဲ .. အားလုံးတပ်ဆင်ပြီးရင် နောက်ဆုံးမှာ
End Slot အနေနဲ့ End Module တစ်ခုတပ်ပေးလိုက်ပါတယ်။ တပ်ဆင်မှုမှာတော့
သီးသန့် Standard တော့ ရှိမယ် မထင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်ကတော့ Power
Consumption အများဆုံးကို Power Supply နဲ့ နီးနီးမှာ ထားပေးလိုက်တာပါပဲ။
Physically Hardware Configuration လုပ်ပြီးသွားရင်တော့ ကိုယ့်
Program Manager မှာလည်း အလားတူမျိုး PLC Configuration လုပ်ပေးရပါမည်။
ဒါမှ လိုချင်တဲ့ Inputs နဲ့ ရချင်တဲ့ Outputs တွေ မှန်မှန်ကန်ကန်
ရရှိပါလိမ့်မယ်။
3. Structure & Symbolize the Data ပြုလုပ်ခြင်း။
အဲ့ဒါကတော့ IO Data တွေကို နာမည်ပေးခြင်း နဲ့ အမျိုးအစား
သတ်မှတ်ပေးခြင်းပါပဲ။ ကိုယ့် IO တွေက Bits တွေလား၊ Words တွေလား၊ Strings
တွေလား၊ Tables တွေနဲ့လား ဆိုတာကို သတ်မှတ်ပေးရမယ်။ ပြီးတော့ သူတို့ကို
ကိုယ်ပိုင်နာမည်တွေ ပေးရမယ်။ အဲ .. နာမည်ဆိုတာကလည်း PLC က နားလည်မဲ့
နာမည်တွေပါ။ ဘိုလိုတော့ Variable Name လို့ ခေါ်တာပေါ့ဗျာ။ တစ်ခါတလေလည်း
ဘိုလိုမျိုးပြောရင် နားလည်လွယ်မယ်ထင်ပါတယ်။ ဒုတိယ ပိုစ့်က ဥပမာနဲ့
ပြေားရရင် Switch AT %IX1.0: BOOL; လို့ ဆိုပါတော့။ Switch ဆိုတဲ့ နာမည်က
ကိုယ်တွေသိတဲ့ အသိ ( လူသိတဲ့အသိ ) ..။ အဲ့ဒီနောက်က %IX1.0 ဆိုတာက Switch
မှန်း စက်က သိတဲ့အသိ ( PLC က သိတဲ့အသိ ) Address လို့ပြောလို့ရတယ်။ %IX
ဆိုတာက I = Input & X = Digital ကို ဆိုလိုတာပါ .. ။ အတိအကျပြောရရင်
Digital Input လို့ပြောတာပါ။ အဲ .. ဒါပေမဲ့ သူကလည်း ပုံသေတော့
မှတ်မရဘူးနော့်။ PLC ကွဲရင် အသုံးအနူန်းကွဲသွားကော။ ဥပမာ ... Modicon
မှာဆိုရင် %I1.0 လို့ပဲ တွေ့ရလိမ့်မယ်။ နောက်ဆုံးက BOOL ဆိုတာက Type of
Data လို့ ပြောရမယ် .. BOOL ဆိုတာက Boolean ( Binary Digit - Bits ) ကို
ကိုယ်စားပြုတာပါ။
မှတ်ရမှာက ... % IX = Digital Input, % QX = Digital Output, %QW =
Analog Output, %IW = Analog Input ဆိုတာကိုပါပဲ။ ထပ်ပြီး သတိပေးမယ်နော်
... ။ အဲ့ဒီဟာတွေက PLC အမျိုးစားကွဲရင် လိုက်ကွဲသွားလိမ့်မယ်။
ကိုငယ်
(11.01.2009 )
PLC အကြောင်း လေ့လာကြည့်ရအောင် ( အပိုင်း-၃)
PLC Program တစ်ခုကို ရေးမယ်။ ကိုယ်က ဘယ် Language နဲ့ ရေးမလဲဆိုတာကိုတော့ ကိုယ့်ဘာသာ ကိုယ် ဆုဲံးဖြတ်ရပါမယ်။ ရေးလို့ရတဲ့ Language တွေတိုင်းကလည်း သူ့အပိုင်းလိုက် သူ အားသာချက်ရှိတာကို တွေ့ရပါတယ်။ အဓိက အပိုင်းကိုတော့ ကိုယ့်အားသန်ရာနဲ့ ကိုယ်ရေးပေါ့ဗျာ။ အဟဲ ... ကျွန်တော်ကတော့ လှေကားပဲ ထောင်လေ့ရှိပါတယ် .. များသောအားဖြင့် ပေါ့ဗျာ။
PLC Programming Languages တွေကို ယေဘူယျ အားဖြင့်ဆိုရင် ( 2 ) ပိုင်း ခွဲမှတ်လို့ရတယ်။
• စာနဲ့ဖော်ပြတဲ့ Language ( Textual Languages ) နဲ့
• တုတ်ချောင်းလေးတွေနဲ့ ပုံဖော်ပြီး ပြတဲ့ Languages ( Graphic Languages )
လို့ ကျွန်တော်က ခွဲမှတ်တာပဲ။
နဲနဲထပ်ရှင်းရရင် Textual Languages မှာ ထပ်ပြီးခွဲလိုက်ရင်
• Instruction List ( IL )
• Structured Text ( ST )
လို့ ခွဲလို့ရသေးတယ်။
Instruction List ( IL ) က ဘာနဲ့ တူသလဲဆိုတော့ ကျောင်းတုန်းက သင်ပေးလိုက်တဲ့ Assembly Language နဲ့ ဆင်တယ်ဗျာ။ ကျွန်တော်က အဲ့ဒီအပိုင်းကို သိပ်ပြီး မရေးတော့ သိပ်ပြီး မရှင်းပြတတ်ဘူး။
Structured Text ( ST ) ဆိုတာကတော့ C Programming မှ IF .. THEN .. ELSE ဘာညာကွိကွ တွေနဲ့ ရေးပုံရေးနည်း တူတယ်။ များသောအားဖြင့် Input Datas 2 ခုကို Compare လုပ်တာမျိုးဆိုရင် ST က အရမ်းကောင်းတယ်။ တစ်ချို့သော သူတွေက ST နဲ့ Program ရေးတာကို အားရလေ့ရှိတယ်။ ဒါကလည်း ကောင်းပါတယ်။ တော်ရုံတန်ရုံ လူက Program ကိုကြည့်ရုံနဲ့ ရုတ်တရက် နားမလည်နိုင်ဘူးပေါ့။ လူရှိန်တယ်လို့ ဆိုရမယ်။
ဒါတွေက Textual Languages နဲ့ ပါတ်သတ်တဲ့ အကြောင်းတွေပါ။
Graphis Language တွေကိုလည်း ခွဲလို့ရသေးတယ်။
• Sequential Functional Chart ( SFC )
• Ladder Diagram ( LD ) ( ကျွန်တော်ကတော့ လှေကားထောင် တယ်လို့ ပြောတယ် )
• Function Block Diagram ( FBD )
လို့ ခွဲလို့ရသေးတယ်။
Sequential Functional Chart ဆိုတာက Flow Chart လိုမျိုး ရေးတာ။ နားလည်ရတော့ တော်တော်လေး လွယ်ကူပါတယ်။ ဘာ့ကြောင့်တော့ မသိဘူး။ သိပ်ပြီး အသုံးမပြုကြဘူး။
Ladder Diagram ( LD ) ကတော့ ကျွန်တော့် အကြိုက်ပါပဲဗျာ။ Electronic နဲ့ ကျောင်းပြီးခဲ့လို့လား မသိဘူး။ စဉ်းစားလို့ ကောင်းတယ်။ တပါးသူကိုလည်း အလွယ်တကူ ရှင်းပြလို့ရတယ်။ Program ပြောင်းချင်ရင် ချက်ချင်းပြောင်းလို့ရတယ်ဗျာ။ တကယ့် ..Circuit Diagram လေး တစ်ခုလိုပဲ။ တော်တော်များများကလည်း ဒီ Language နဲ့ အသုံးများသလိုပဲ။ ကျွန်တော့် ရုံးမှာ Siemens PLC Specialist ရှိတယ်။ သူလည်း LD ပဲ သုံးတယ်။ Sixnet ရေးတဲ့သူရှိတယ်။ လာထား .. LD ပဲဗျ။ Modicon ရေးတဲ့လူကလည်း မဖြစ်မနေမှ တခြား Language ကိုသုံးတယ်။ ပုံမှန်ကတော့ LD ပါပဲဗျာ။
Function Block Diagram ( FBD ) ကလည်း လူသုံးများပါတယ်။ အမှန်တော့ သူက အလွယ်ဆုံးပဲဗျ။ ကျောင်းတုန်းက သင်ပေးလိုက်တဲ့ Digital Electronic တွေမှာ ဆွဲရတဲ့ Microcontroller အလုပ်လုပ်ပုံ လိုမျိုးလိုလို၊ Gate Circuit Drawing လိုလို နဲ့ အတော် လွယ်သဗျ။
ကျွန်တော် နောက်မှ ပုံလေးတွေနဲ့ နဲနဲ ထပ်ရှင်းပြပါ့မယ်။
ကိုငယ်
(၁၁.၀၁.၂၀၀၈ )
PLC အကြောင်း လေ့လာကြည့်ရအောင် ( အပိုင်း-၄)
5) Simulating & Downloading
PLC Program တစ်ခုကို ရေးပြီးသွားပြီဆိုရင် ကိုယ်ရေးလိုက်တဲ့ Program က မှန်၏၊ မမှန်၏ ။ ဆိုတာကို ပြန်စစ်ရပါ့မယ်။ Codesys မှာတော့ Built လို့ သုံးနူန်းပါတယ်။ C Program တွေမှာဆိုရင် Compile လုပ်တယ်လို့ ဆိုမလားပဲ။ ကိုယ့် Program ကို Built လုပ်ပြီးလို့ Error လေးတွေ ဖြစ်နေသေးတယ်ဆိုရင် Program Manager မှာ အနီရောင် နဲ့ Highlight လုပ်ပေးထားလိမ့်မယ်။ အဲ့ဒါလေးကို Click လုပ်ပြီး အမှန်လိုက်ပြင်ပေးရပါလိမ့်မယ်။ အဲ့ဒီနောက်ပိုင်း .. အားလုံး မှန်သွားပြီဆိုရင်တော့ .. PLC ရှိရင် Download လုပ်ပြီး အသုံးချလို့ ရပါပြီ။ ကိုယ်က PLC ကို Download မလုပ်ခင် Application Process တွေ မှန် မမှန် ကြည့်ချင်သေးရင် PLC mode ကို Simulation Mode ကို ပြောင်းပြီး Program Manager နဲ့ စမ်းကြည့်လို့ရပါသည်။ ကိုယ်ပေးချင်တဲ့ Input တွေကို Force ပေးပြီး .. လိုချင်တဲ့ Output ကို ရ မရ ကြည့်လို့ရပါသည်။ အားလုံး စိတ်တိုင်းကျ စမ်းပြီးသွားပြီ ဆိုရင်တော့ .. PLC ထဲကို Programming Cable or Ethernet Cable နဲ့ Download လုပ်ပေးလိုက်ရုံပါပဲ။ အဲ့ဒီနောက်တော့ PLC နဲ့ ပါတ်သတ်ပြီး အလုပ်တွေ ပြီးသွားပါပြီ။
Chapter 1 Introduction
to Programmable Logic Controllers
၁.၁ Definition
Programmable Logic
Controller (PLC) ကို Computer နည်းပညာကို အခြေခံ၍ microprocessor
များဖြင့် တည်ဆောက်ထားပြီး Control function များဆောင်ရွက်ရန်အတွက်
integrated Circuit များကို အသုံးပြုထားသည်။ စက်မှုလုပ်ငန်းများတွင်
သုံးသည့် Automated machine များနှင့် process များကို Control
လုပ်ရန်အတွက် လိုအပ်သော ညွှန်ကြားချက်များ (instructions)တို့
သိမ်းဆည်းထားနိုင်ပြီး ထို instruction များအတိုင်း PLC များက လုပ်ကိုင်
ဆောင်ရွက်ပေးနိုင်သည်။ ညွှန်ကြားချက်များ (instructions)မှာ Sequencing ၊
timing ၊ counting ၊ arithmetic ၊ Data manipulation နှင့် Communication
တို့ဖြစ်ကြသည်။
PLC များကို
အမျိုးမျိုးသောနည်းများဖြင့် အဓိပ္ပါယ်ဖွင့် ဆိုကြသည်။
အရိုးရှင်းဆုံးသော PLC ၏ အဓိပ္ပါယ်မှာ “PLC သည် industrial Computer
တစ်မျိုးဖြစ်ပြီး Central Processing Unit (CPU ကိုဆိုလိုသည်။) နှင့်
တခြားသော field device များကို interfacing circuitry ဖြင်
့ချိတ်ဆက်ထားသည်။
၁.၂
ယနေ့ Programmable Logic Controllers
ယနေ့ ခေတ်တွင်
Automation industry ၌ နည်းပညာအသစ်အဆန်းများ နေ့စဉ်လိုလို ပေါ်ထွက်
လျှက်ရှိသည်။ထိုနည်းပညာများကြောင့် PLC များ၏ ဒီဇိုင်းများ တိုးတက်လာသလို
Control System တစ်ခုလုံး၏ architecture အပေါ်ရှုမြင်သည့် ယူဆချက်များ
(Philosophical approach ) လည်းပြောင်းလဲလာသည်။ Hardware နှင်
့သက်ဆိုင်သော နည်းပညာများသာမက Software နှင့် သက်ဆိုင်နည်းပညာများလည်း
အတူတကွတစ်ပြိုင်နက်တိုးတက်လာသည်။
(က) အဆင့်မြင့်သည့်
Microprocessor နည်းပညာအသစ်များနှင့် electronic နည်းပညာများကြောင့် PLC ၏
scan time ပို၍မြန်ဆန်လာသည်။ တနည်း PLC များ၏ လုပ်ဆောင်ချက်များ
ပိုမိုလျှင်မြန်လာသည်။
(ခ) PLC
များ၏အရွယ်အစားပို၍ သေးငယ်လာပြီး ဈေးနှုန်းလည်းပို၍ နည်းလာသည်။
ဈေးနှုန်းနည်းလာသောကြောင့် အချို့သောနေရာများတွင် Relay များ၏ နေရာတွင်
PLC များကို အစားထိုးအသုံးပြုလာကြသည်။
(ဂ) PLC
တစ်ခုတွင်ရှိနိုင်သည့် input/output (I/O) များပို၍ များများလာသည်။
ထို့ကြောင့် ဈေး နှုန်းကျဆင်းလာသည်။
(ဃ) PLC များ
တစထက်တစ ပို၍ ဥာဏ်ရည်မြင့်မားလာသည်။ intelligent ဖြစ်လာသည်။ interface
များတွင် PID loop များ ပါရှိလာခြင်း၊ protocol များစွာဖြင့် Communicate
လုပ်နိုင်ခြင်း၊ High level language ဖြစ်သော BASIC ၊ C ၊ Pascal
တို့ဖြင့် ရေးသားနိုင်ခြင်း တို့ဖြစ်သည်။
(င) Mechanical
ဒီဇိုင်းများပို၍ ကောင်းမွန်တိုးတက်လာသည်။
(စ) Special
interface များကို အသုံးပြု၍ အချို့သော device များကို PLC နှင့်
တိုက်ရိုက် ချိတ်ဆက်(Connect) နိုင်သည်။ အသုံးများသည့် Special Interface
များမှာ thermocouple များ၊ strain gauge များနှင့် fast response input
များဖြစ်သည်။
အသေးငယ်ဆုံးသော PLC
များတွင် I/O point ၃၂ခုပါဝင်၍ အကြီးဆုံး PLC များတွင် I/O point ၈၀၀၀
ခန့်ပါဝင် စာလုံး (word) ၁၂၈၀၀၀ ခန့်ကိုသိမ်းဆည်းနိုင်သည့် memory
ပါဝင်သည်။ PLC များအားလုံးလိုလိုတွင် industrial တွင်
အများဆုံးအသုံးပြုလေ့ရှိသော I/O system များပါဝင်သည်။ Programming
လုပ်နိုင်သည့် feature များနှင့် Local communication Network နှင့်
ဆက်သွယ်နိုင်သည့် interface များပါဝင်သည်။PLC များတွင် object oriented
programming tool များနှင့် IEC 1131-3 standard ကို အခြေခံထားသည့်
language များပါဝင်သည်။
BASIC နှင့် C
တို့ကဲ့သို့သော High-level language များကိုလက်ခံနိုင်သည့် PLC များသည်
peripheral device များနှင့် ပိုမိုလွယ်ကူစွာ program ရေးနိုင်သည်။ PLC
များသည် Data များကို ပိုမိုလွယ်ကူစွာ ကိုင်တွယ်နိုင်သည်။ manipulating
လုပ်နိုင်သည်။
Ladder diagram
instruction များတွင် Advanced functional block instruction
များပါဝင်လာသောကြောင့် software များ၏စွမ်းရည်ပိုမိုမြင့်မားလာသည်။
ချို့ယွင်းချက်များရှာဖွေခြင်း
(Diagnostics) နှင့် အမှားရှာဖွေခြင်း (fault detection) စွမ်းရည်များ
တိုးတက်လာခြင်းကြောင့် PLC များ၌ ဖြစ်နေသော fault များကို သိနိုင်ခြင်း၊
machine နှင့် Field device များ၌ ဖြစ်ပေါ်နေသော fault များကို
သိနိုင်ခြင်းတို့အပြင် Process အတွင်း၌ ဖြစ်ပေါ်နေသောfault
များကိုသိရှိနိုင်သည်။
Control
application များအတွက် လိုအပ်သည့် ခက်ခဲသောတွက်ချက်မှု (Complex
calculation) များဖြစ်သော gauging ၊ balancing နှင့် statistical
computation များကိုလည်း PLC က တွက်ချက်ပေး နိုင်သည်။
Data handling
နှင့် manipulation instruction များလည်းပို၌ တိုးတက်ကောင်းမွန်လာသည်။
Data များသိမ်းဆည်းခြင်း (storage) ၊ tracking လုပ်ခြင်း၊ အလွန်များသည့်
Data များကို retrieve လုပ်ခြင်း စသည့် data acquisition
လုပ်ငန်းများကိုလည်း ပို၍ ကောင်းမွန်စွာလုပ်နိုင်လာပြီဖြစ်သည်။
PLC များသည်
လုံးဝပြည့်စုံဖွံ့ဖြိုးပြီးသော Control System များအဖြစ်
ရပ်တည်နေနိုင်ပြီဖြစ်သည်။ ထင်ထားသည်ထက်ပိုများသည့် စွမ်းဆောင်ရည်များကို
ပေးနိုင်သည်။ PLC များသည် တခြားသော Control System (PLC မဟုတ်သည့်)
နှင့်ဆက်သွယ်နိုင်သည်။ (Communicate လုပ်နိုင်သည်။)
ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် Schedule ရေးဆွဲနိုင်ခြင်း (scheduling
production) ၊ PLC များ failure ဖြစ်နေခြင်းကိုပြန်သိနိုင်ခြင်း၊
စက်များပျက်နေခြင်း (သို့) Process များပုံမမှန်ဖြစ်နေခြင်းကို
သိနိုင်ခြင်းတို့ဖြစ်သည်။ ထို့ကြောင့် PLC များသည် ယနေ့စက်မှုလုပ်ငန်းများ၏
တောင်းဆိုချက်ဖြစ်သော အရည်အသွေးမြင့်မား(High quality) အောင် နှင့်
ကုန်ထုတ်စွမ်းအားမြင့်မား (High productivity) အောင်ဆောင်ရွက်ပေးနိုင်သည်။
၁-၃ Principle of Operation
ပုံ 1-5 တွင်ပြထားသည့်အတိုင်း PLC တစ်ခု၌ အပိုင်း ၂ ပိုင်း ပါဝင်သည်။
(က) Central processing unit နှင့်
(ခ) Input/output interface system
တို့ဖြစ်သည်။
Central Processing Unit (CPU) သည် PLC ၏လုပ်ဆောင်မှုမှန်သမျှ
အားလုံးကို ထိန်းချုပ် ထားသည်။ ပုံ 1-6 တွင် CPU တစ်ခု၌ ပါရှိသော
Component (၃) ခုကိုဖော်ပြထားသည်။
(၁) Processor
(၂) Memory နှင့်
(၃) Power supply တို့ဖြစ်သည်။
PLC တစ်ခု၏ အလုပ်လုပ်ပုံ (operation) မှာ အလွန်ရှင်းလင်းသည်။
Field device များနှင့် PLC ရှိ Input/output (I/O) System ကို
ဝိုင်ယာကြိုးများ ဖြင့် ချိတ်ဆက် (Connect) ထားသည်။ Field device များသည်
စက်အစိတ်အပိုင်းများ သို့မဟုတ် process တစ်ခု၌ ရှိသော sensor နှင့်
actuator များဖြစ်ကြသည်။
Field device များသည် limit switch များ၊ pressure traduce များ၊ push
button များ၊ motor starter များ၊ Solenoid စသည့် discrete device များ
သို့မဟုတ် Analog input/output device များဖြစ်ကြသည်။
I/O interface သည် CPU နှင့် Input (information provider) information
ပို့ပေးသည့် input နှင့် Controllable Device များဖြစ်သည့် Output
တို့အကြားတွင် အပြန်အလှန်ဆက်သွယ်နိုင်အောင် ကြားခံအဖြစ် ဆောင်ရွက်ပေးသည်။
Operation လုပ်နေစဉ် CPU သည် အောက်ပါလုပ်ငန်း ၃ မျိုးကို ဆောင်ရွက်ပေးသည်။
(၁) Field
device မှ input data ကိုလက်ခံသည်။ သို့မဟုတ် data ကို input interface
မှတဆင့် လှမ်းဖတ်သည်။
(၂) Memory ထဲ၌ ထည့်ပြီး သိမ်းဆည်းထားသည့် instruction များ ( Control
program) အတိုင်း လိုအပ်သည့် control action များကို ဆောင်ရွက်သည်။
execute လုပ်သည်။ perform လုပ်သည်။
(၃) Output interface မှတဆင့် output device ဆီသို့ output signal
ထုတ်ပေးသည်။ write လုပ်သည်။ update လုပ်သည်။ ထိုကဲ့သို့ စနစ်တကျ
အစီအစဉ်အတိုင်း input ဖတ်ခြင်း (reading) ၊ memory ထဲသို့ program အတိုင်း
execute လုပ်ခြင်းနှင့် output update လုပ်ခြင်းကို “Scanning ”
လုပ်သည်ဟုခေါ်ဆိုသည်။
ပုံ 1-7 တွင် Scan
တစ်ခု ဖြစ်ပုံကို ဂရပ်ပုံဖြင့် ဖော်ပြထားသည်။
ပုံ 1-8 တွင် field device များကို controller နှင့် ချိတ်ဆက်ကာ
input/output system တစ်ခု ဖြစ်ပေါ်လာပုံကို ဖော်ပြထားသည်။
Interface အလုပ်မှာ external device များထံမှ ရရှိသော အမျိုးမျိုးသော
signal များနှင့် external device သို့ပေးပို့သော အမျိုးမျိုးသော Signal
များကို ပြုပြင်စီမံခြင်း (Conditioning လုပ်ခြင်း ) ဖြစ်သည်။ Push button
၊ limit switch ၊ Analog sensor ၊ Selector switch နှင့် thumb wheel
switche များသည် input interface ရှိ terminal ၌ ဝါယာကြိုးများဖြင့်
ချိတ်ဆက် ကြသည်။ ထို device များ လက်ခံရရှိသည့် data များကို incoming
Signal ဟုခေါ်ဆိုသည်။ control လုပ်ခြင်းခံရမည့် motor starterများ၊
solenoid valve များ၊ Pilot light များနှင့် Position Valve များ၊
စသည်တို့သည် output interface ရှိ terminal များ၌
ဝါယာကြိုးများဖြင့်ချိတ်ဆက်ထားသည်။ System power supply သည် လိုအပ်သော
power ကို လုံလောက်အောင် ပံ့ပိုးပေးသည်။
Programming device များဖြစ်သည့် Personal computer (သို့)
miniprogramming unit တို့ကို PLC ၏အစိတ်အပိုင်းတစ်ခုအဖြစ် မသတ်မှတ်ပေ။
သို့သော်ထို Programming device များသည် PLC memory အတွင်းသို့ program
များထည့်သွင်းရန်အတွက်လိုအပ်သည်။ PLC အတွင်းသို့ control program များ
ထည့်သွင်းရန်၊ Monitor လုပ်ရန်အတွက် PLC နှင့် Programming device တို့ကို
ချိတ်ဆက် (connect) ထားရန်လိုသည်။
အခန်း ၄ နှင့် ၅ တွင် CPU နှင့် input/output interface တို့အပြန်အလှန်
လုပ်ကိုင်ဆောင်ရွက်ပုံကို ဖော်ပြထားသည်။ အခန်း၆၊ ရ နှင့် ၈ တို့တွင်
Input/output system များအကြောင်းကိုဖော်ပြထားသည်။
၁.၎
PLCs များနှင့် Other Types of Controls
၁.၄.၁
PLC နှင့် Relay control
လွန်ခဲ့သည့်နှစ်များစွာက
အင်ဂျင်နီယာများ၊ မန်နေဂျာများနှင့် ထုတ်လုပ်သူများ မေးလေ့ရှိသည့်
မေးခွန်းတစ်ခုမှာ PLC ကို အသုံးပြုရန်သင့်မသင့် ဖြစ်သည်။ PLC နှင့် Relay
Control တို့၏ ဈေးနှုန်းနိုင်းယှဉ်ခြင်း နှင့် အကျိုးရှိမရှိ
ကိုလေ့လာဆန်းစစ်ကာ အချိန်ကုန်ခဲ့ကြသည်။ ယနေ့ထက်တိုင် အချို့သော Control
System ဒီဇိုင်နာများက စဉ်းစားနေကြဆဲဖြစ်သည်။
ယနေ့လိုအပ်ချက်ဖြစ်သည့်
High quality နှင့် High Productivity ရရှိအောင် PLCများ က ဆောင်ရွက်
ပေးနိုင်သည်။ ယနေ့အချိန်တွင် PLC များ၏ ဈေးနှုန်းသည်
အလွန်ကျဆင်းလာသောကြောင့် PLC နှင့် relayတို့၏ ဈေးနှုန်းကို နှိုင်းယှဉ်ရန်
မလိုအပ်တော့ပေ။ PLC များ၌ အားသာချက် များစွာရှိသည်။ PLC based System
နှင့် hardwired relay system ကိုရွေးချယ်ရန်အတွက် Designer များသည်
အောက်ပါ မေးခွန်းများစွာကို မေးမြန်းရန်လိုအပ်သည်။
(က) အသုံးပြုသည့် Control logic သည် မကြခဏပြုပြင်ပြောင်းလဲရန် လိုအပ်မှုရှိ
မရှိ ၊
(ခ) High reliability လိုအပ်ခြင်းရှိ မရှိ ၊
(ဂ) ရသည့်နေရာ အကျယ်အဝန်းသည် အဓိကကျမကျ ၊
(ဃ) နောင်တချိန်တွင် ပိုမြင့်မားသည့် စွမ်းဆောာင်ရည် လိုအပ်နိုင်မှု
ရှိမရှိ ၊
(င) အချိန်ခဏအတွင်း control logic တစ်ခုလုံးကို ပြုပြင်ရန်လိုအပ်မှု
ရှိမရှိ ၊
(စ) တူညီသည့် control logic တစ်မျိုးကို အခြားသော စက်များတွင် အသုံးပြုရန်
လိုအပ်မှု ရှိမရှိ ၊
(ဆ) နောက်တချိန်တွင် ထပ်မံတိုးချဲ့ရန်လိုအပ်မှု ရှိမရှိ နှင့်
(ဇ) စုစုပေါင်း ကုန်ကျစရိတ် တို့ဖြစ်သည်။
ပုံ 1-10
တွင်ပြထားသည့်အတိုင်း PLC ကိုအသုံးပြု ခြင်းဖြင့် နေရာကျဉ်းကျဉ်း၌
သပ်ရပ်သန့်ရှင်းသည့်
control panel
တစ်ခုသာလိုသည်။ Relay များကို အသုံးပြုပါက အလွန်ကြီးမားပြီး ဝါယာကြိုးများ
ရှုပ်ထွေးနေသည့်
အလွန်ကြီးမားသည့် Control panel တစ်ခုပြုလုပ်ရမည်။
Contol System
တစ်ခုသည် ခဏအတွင်းလိုအပ်သလိုပြောင်းလဲရန် (flexibility) (သို့) future
growth (နောင်တချိန်တွင် တိုးချဲ့ရန်လိုအပ်လျှင်) PLC ကိုအသုံးပြုသင့်သည်။
မကြာခဏ Control logic ပြုပြင်ပြောင်းလဲရန်လိုပါက PLC ကိုအသုံးပြုသင့်သည်။
အလွန်တိုတောင်းသည့်
cycle time (သို့) အလွန်မြန်သည့် scan time ရှိရန်လိုအပ်လျှင် relay
ကိုအသုံးပြုသင့်သည်။Relay Control၏အစပိုင်း ကုန်ကျစရိတ်မှ နည်းနိုင်သည်။
သို့သော်
ပျက်နှုန်းအလွန်များပြီး၊ ပျက်လျှင် Down time အလွန်ကြာ သောကြောင့်
ဝင်ငွေဆုံးရှုံးနိုင်သည်။
(၂) Memory ထဲ၌ ထည့်ပြီး သိမ်းဆည်းထားသည့် instruction များ ( Control program) အတိုင်း လိုအပ်သည့် control action များကို ဆောင်ရွက်သည်။ execute လုပ်သည်။ perform လုပ်သည်။
(၃) Output interface မှတဆင့် output device ဆီသို့ output signal ထုတ်ပေးသည်။ write လုပ်သည်။ update လုပ်သည်။ ထိုကဲ့သို့ စနစ်တကျ အစီအစဉ်အတိုင်း input ဖတ်ခြင်း (reading) ၊ memory ထဲသို့ program အတိုင်း execute လုပ်ခြင်းနှင့် output update လုပ်ခြင်းကို “Scanning ” လုပ်သည်ဟုခေါ်ဆိုသည်။
Programmable Logic Controllers Chapter 2 - Number System and Codes
Programmable Logic ControllersChapter 2 - Number System and Codes
PLC များကို ကျွမ်းကျင်စွာအသုံးချနိုင်ရန် number system များနှင့် Digital codes များအကြောင်းကို အခြေခံမှစ၍ စနစ်တကျ နားလည်ရန်လိုအပ်သည်။ Input/Output တို့၏ address များ သတ်မှတ်ပေးရန်နှင့် programming လုပ်ရန်အတွက် Number system ၄ မျိုးကို ပထမဦးစွာရှင်းလင်း ဖော်ပြထားသည်။
Binary Coded Decimal (BCD) နှင့် Gray codes များနှင့်အတူ ASCII character set နှင့် PLC register format များအကြောင်းကို ရှင်းလင်းရေးသားထားသည်။ Number System များသည် PLC logic များ၏ အခြေခံ အုတ်မြစ်များဖြစ်သည်။ ဤ code များကိုနားလည်နှံစပ်ခြင်းဖြင့် PLC များအ အလုပ်လုပ်ပုံကို ကောင်းစွာသိမြင်နားလည်နိုင်သည်။(က)Binary System
(ခ) Octal System
(ဂ) Decimal System နှင့်
(ဃ) Hexadecimal System တို့ဖြစ်သည်။
၂.၁ Number System
Number System များကို ကျွမ်းကျင် ပိုင်နိုင်လျှင် PLC များကိုမိမိလိုသလို ကောင်းစွာအသုံးချနိုင်သည်။ အခြေခံကျသော (Basic) function များမှာ Number များဖြင့် ဖော်ပြခြင်း (representation) , Number များကို သိမ်းဆည်းခြင်း (Store) နှင့် Number များကို ပေါင်းနှုတ်မြှောက်စား စသည့် Operation များပြုလုပ်ခြင်းတို့ဖြစ်သည်။ PLC များသည် Binary Number များကိုအသုံးပြု၍တန်ဘိုးများကိုဖော်ပြခြင်း၊ သိမ်းဆည်းခြင်း တို့ပြုလုပ်သည်။
မည်သည့် Number System ပင်ဖြစ်ပါစေအောက်ပါအချက်များအားလုံးအကျုံးဝင်သည်။သက်ဆိုင် သည်။
(က) Number System အားလုံးတွင် Base တန်ဘိုး တစ်မျိုးမျိုးကို အခြေခံ၍တည်ဆောက်ထားသည်။Number System တစ်ခု၏ Base သည် ထို System က အသုံးပြုသည့် unique symbol ဖြစ်သည်။ အမြင့်ဆုံး (အများဆုံး) တန်ဘိုးသည် Base ထက် ၁ လျော့သည်။ ၂ ကို အခြေခံ၍ တည်ဆောက်ထားသော Number System ကို Base 2 ဟုခေါ်ဆိုသည်။ မည်သည့် တန်ဘိုးကိုမဆို Base အဖြစ်တည်ဆောက်နိုင်သော်လည်း ၊ PLC များတွင်အသုံးများသော Number System များမှာ Base 2 ၊ Base 8 ၊ Base 10 နှင့် Base 16 တို့ဖြစ် သည်။
(ခ) Number System အားလုံးကို ရေတွက်ရာတွင် (Counting လုပ်ခြင်း) အသုံးပြုနိုင်သည်။
(ဂ) Number System အားလုံးကို တန်ဘိုးများ ၊ ပမာဏများ(quantities)နှင့် code များကို ဖော်ပြရန် အသုံးပြုသည်။
(ဃ) Number System အားလုံးတွင် သင်္ကေတများ (set of symbol) ရှိကြသည်။
Base 2 System ကို Binary System ဟုလည်းကောင်း၊ထို System များအားလုံးကို နားလည်ရန် ပထမဦးဆုံး ရင်းနှီးနားလည်ပြီးသားဖြစ်သည့် Decimal System မှစတင်ရအောင်…
Base 8 System ကို Octal System ဟု လည်းကောင်း၊
Base 10 System ကို Decimal System ဟု၍ လည်းကောင်း၊
Base 16 number System ကို Hexadecimal number System ဟူ၍၎င်း ခေါ်ဆိုသည်။
၂.၂ Decimal System
Decimal System ကို ကျွန်ုပ်တို့အားလုံး နားလည်ပြီးဖြစ်သည်။ လူများတွင်လက်ချောင်းက လေးများ ၁၀ ချောင်း၊ ခြေချောင်းကလေးများ ၁၀ ချောင်းစီရှိကြသောကြောင့် Decimal Number System နှင့်အလွန်ရင်းနှီး ကျွမ်းဝင်ခြင်း ဖြစ်သည်။ Decimal Number System သည် ၁၀ ကိုအခြေခံထားသည့် Base 10 System ဖြစ်သည်။ 0,1,2,3,4,5,6,7,8 နှင့် 9 တို့ကို Symbol များ သို့ မဟုတ် Digits များဟုခေါ်ဆိုသည်။
ထို့ကြောင့် System symbol အားလုံးစုစုပေါင်း 10 ခုရှိသည်။ ( ဝ မှ ၉ အထိ) အ မြင့်ဆုံးတန်ဘိုး 9 သည် Base ဖြစ်သည့် 10 ထက် ၁ လျော့နေသည်။ Decimal System များသည် အလွန် ရင်းနှီးလွန်းသောကြောင့် အမြင့်ဆုံးတန်ဘိုးဖြစ်သည် 9 ထက်များပါ မည်ကဲ့သို့ဖော်ပြရမည်ကို စဉ်းစားမိရန်ခဲယဉ်းသည်။ အမြင့်ဆုံးဂဏန်း (Largest Symbol) ထက်ပိုများသည့်တန်ဘိုးကိုဖော်ပြသည့်နည်းများသည် Number System အားလုံးတွင်တူညီကြသည်။
Decimal System တွင် ပါဝင်သည့်ဂဏန်းများတန်ဘိုးသည် နေရာကိုလိုက်၍ ပြောင်းလဲသည်။ Place Value သို့မဟုတ် weight ဟုခေါ်သည်။ ညာဘက်မှ ဘယ်ဘက်သို့ (from right to Left ) သို့ ရောက်သွားလေလေ တန်ဘိုးများလေလေဖြစ်သည်။
ပုံ2-1 တွင်ဖော်ပြထားသည်။ ညာဘက်အစွန်ဆုံး (right most) နေရာ၏ position တန်ဘိုး သည် ၀ (သုည) ဖြစ်သည်။ အကယ်၍ Base 10 (သို့) Decimal ဖြစ်ခဲ့လျှင် ပုံ ၂-၂ တွင် position (နေရာ) များအားလုံး ၏ weight value ကို 10 ကို အခြေခံ၍ဖော်ပြထားသည်။ Decimal System အတွက် ညာဘက်မှ ဘယ်ဘက် သို့ (from right to left) position weight များမှာ ၁ ၊ ၁၀ ၊ ၁၀၀ ၊ ၁၀၀၀ စသည်တို့ဖြစ်သည်။ ထိုကဲ့သို့ တန် ဘိုးများကို ရေတွက်သည်နည်းကို “Sum of the Weight Method” ဟုခေါ်သည်။
Decimal number များ၏တန်ဘိုးကိုရရန် Digit နှင့်နေရာ၏တန်ဘိုး (Weight value) တို့ကို မြှောက်ပြီး တန်ဘိုးများအားလုံးကိုပေါင်းယူခြင်းဖြစ်သည်။ ဥပမာ-အနေဖြင့် 9876 ကို “Sum of the Weight Method” method ဖြင့် အောက်ပါအတိုင်းတွက်ယူနိုင်သည်။
ဂဏန်းတိုင်း (Digit တိုင်း) ကို Base ကိုမူတည်၍ နေရာ၏ ထပ်ကိန်းတန်ဘိုးရှာယူခြင်းဖြစ် သည်။ထို့ကြောင့် No မှ Nn အထိပေါင်းလျှင် Base “b” ဖြစ်သော Decimal equipment တန်ဘိုးကိုရသည်။
၂-၃ Binary Number System
Binary number System သည် ၂ ကိုအခြေခံ၍ တည်ဆောက်ထားသော (Base 2) စနစ်ဖြစ်သည်။ ထို့ ကြောင့် Binary Number System တွင်ရှိ 0 နှင့် 1 သာရှိနိုင်သည်။ ၂ ၊ ၃ ၊ ၄ စသည့် ဂဏန်းများမပါဝင်နိုင်ပေ၊ PLC နှင့် Digital Computer များကဲ့သို့သော Device များအတွက် Binary Number System သည်အသုံးအဝင်ဆုံးဖြစ်သည်။ Binary Number System ကိုသာသုံး၍ Operation လုပ်နိုင်သည်။ 0 နှင့် 1 နှစ်မျိုးကိုသာ အခြေခံ၍ ဒီဇိုင်းလုပ်ထားသောကြောင့် Device များအတွက် Operate လုပ်ရန် လွယ်ကူသည်။ မီး လုံး ၊ ဘား (value) နှင့် ခလုပ် (switch) စသည့် physical element များတွင် ON/OFF , Close/Open နှင့် Start/Stop စသည် အခြေအနေ (state) ၂ မျိုးသာရှိနိုင်သည်။
Computer ကိုအသုံးပြုသည့်အခါတိုင်း Binary Number System ကို တွေ့မြင်နိုင်သည်။ Computer ကိုသုံးလိုလျှင် ခလုပ်ကိုဖွင့် (ON) လိုက်သည့်နှင်တစ်ပြိုင်နက် ခလုပ်သည် Position “0” မှ Position “1” အဖြစ်သို့ပြောင်းသွားသည်။ Computer ကို အသုံးမပြုတော့လျှင် Position “0” သို့ပြန်ရောက်စေပြီး ပိတ် (OFF) ပစ်လိုက်သည်။ Digital circuit များတွင် Voltage ၂ မျိုးဖြင့်ခွဲခြားထားသည် +5 V နှင့် 0 V ဖြစ်သည်။ ထို့ကြောင့် Digital application များအတွက် Binary number System သည်အလွန်အသုံးဝင်သည်။ Binary Number System တွင် 1 သည် အကြီးဆုံးတန်ဘိုး( largest valued System) ဖြစ်သည်။
Decimal System များမှာကဲ့သို့ပင် Binary Number System တွင် Largest valued System ထက်ကြီးသည့်တန်ဘိုးကို ဖော်ပြလိုလျှင် ညာဘက်မှ ဘယ် ဘက်သို့ (From Right To Left) နေရာတစ်နေရာရွေ့၍ weighted value ကို assign လုပ်ခြင်းဖြစ်သည်။ Weight Value (Decimal equipment) များ တွက်ပုံမှာ Decimal Number System နှင့် Binary Number System တို့တွင်တူညီသည်။ ကွဲပြားသည့်အချက်မှာ Decimal Number System တွင် Base ဖြစ်သည့် ၁၀ ၏ အပေါ်၌ ထပ်ကိန်းတင်ခြင်းဖြစ်ပြီး၊ Binary Number System ၌ Base ဖြစ်သည့် ၂ အပေါ်တွင်ထပ်ကိန်းတင် ခြင်းဖြစ်သည်။ ထပ်ကိန်းသည် position ၏ နေရာပင်ဖြစ်သည်။ Binary Number System တွင် ညာမှဘယ်သို့ (From Right To Left) ရွှေ့သွားသည် weight value မှာ 1,2, 4, 16, 32, 64 စသည်တို့ဖြစ်ပြီး နေရာ 0,1,2,3,4,5,6 တို့ဖြစ်သည်။
ဥပမာ-အနေဖြင့် Binary Number 10110110 နှင့် တန်ဘိုးတူညီသည့် Decimal value ကို တွက်ကြရအောင်၊
Binary number 10110110 သည် Decimal Number System မှ 182 နှင့် တန်ဘိုးတူညီသည်။ Binary number ၈ လုံး (8 digit) ကို bit တစ်ခုအဖြစ်သတ်မှတ်သည်။ Binary Number 10110110 (182 decimal ) သည် 8bit ရှိသည်။ bit ၈ ခုရှိသည်။ bit ၄ ခုရှိလျှင် Nibble ဟုသတ်မှတ်သည်။ bit ၈ ခုရှိလျှင် byte တစ်ခုအဖြစ်သတ်မှတ်သည်။ ၁ ခု ထက်ပိုများသည့် byte များကို “word” အဖြစ်သတ်မှတ်သည်။ ပုံ၂-၄ တွင် bit ၁၆ ခုရှိသည့် Binary Number ကိုဖော်ပြထား သည်။
ဘယ်ဘက်အစွန်ဆုံး၌ရှိသည့် ဂဏန်း (Digit) မှာ Least Significant bit (Lowest valued bit) ဖြစ်သည်။ ညာဘက်အစွန်ဆုံး၌ရှိသည့် ဂဏန်း (Digit) မှ Most Significant bit (MSB) ဖြစ်ပြီး အများဆုံး တန်ဘိုးရှိသည့် bit (Most significant bit) ဖြစ်သည်။
Binary Number များကိုရေတွက်ရန် အလွန်ခွတိခွကျနိုင်ခြင်းမှာ Binary Number များကို Decimal Number များကဲ့သို့မရင်းနှီးသော ကြောင့် ဖြစ်သည်။ Binary Number System နှင့် 0 နှင့် 1, ၁ ပြီးနောက်နေရာတစ်နေရာရွှေ့ပြီးပြန်ဖြစ်သည်။ Decimal Number တွင် ၁ မှ ၉ ၊ ၉ပြီး နောက်နေရာရွှေ့ပြီး ၁ ပြန်ဖြစ်သည်။
Table 2-1 တွင် Binary Number နှင့် Decimal Number တို့ကို ယှဉ်၍ဖော်ပြထားသည်။
၂.၄ Octal Number System
Binary Number System တွင် Digit များစွာပါရှိရန်လိုသည်။ Decimal Number ထက်ပို၍များသည်။ ဥပမာ- Decimal Number မှ 9110 သည် Binary Number 10110112 နှင့်ညီသည်။ Digit များကိုရေးရန်၊ ဖတ်ရန် အလွန်ခက်ခဲသည်။ အထူးသဖြင့် လူများဖတ်ယူရန် အတွက်ပို၍ အဆင်မပြေပေ။
ထို့ကြောင့် အလွန် Digit များသည့် Binary Number များကို ဖော်ပြရန်အတွက် Octal Number System ကိုအသုံးပြုလေ့ရှိ သည်။ Octal Number System သည် ၈ ကိုအခြေခံထားသည့် Base 8 စနစ်ဖြစ်သည်။ Digit ၈ လုံးသာပါဝင်သည်။ 0,1,2,3,4,5,6 နှင့် 7 တို့ဖြစ်သည်။ Table 2-2 တွင် ၁ မှ ၁၅ အထိကို Decimal ၊ Binary နှင့် Octal တို့ဖြင့် ယှဉ် တွဲဖော်ပြထားသည်။
ခြားသော Number System များကဲ့သို့ပင် Octal Number တွင်နေရာ (position ) တန်ဘိုးကို weighted ဖြင့်ဖော်ပြ သည် ။ ဥပမာ- Octal Number 1767 နှင့် တန်ဘိုးတူညီသည့် Decimal Number မှာ 1015 ဖြစ်သည်။
အောက်တွင် 16-bit ရှိသည့် binary number ကို six digits သာ octal number ဖြင့်ဖော်ပြထားသည်။
Octal Number သည် Binary Number များကိုပို၍ အဆင်ပြေစွာ ဖော်ပြနိုင်ရန်အတွက် သုံးခြင်းဖြစ်သည်။ Binary Number ရှိ Digit ၃ ခု( binary bit 3) ကို တစ်ခုခုလိုက်ပြီး Octal Number တစ်လုံး (Digit 1 ခု) အဖြစ်ဖော်ပြနိုင်သည်။ ထို့ကြောင့် အလွန် များပြားသည့် (ရှည်လျားသည့်) Binary Number များကို ON ကိုသုံး၍ Digit အနည်းငယ်ဖြင့် ဖော်ပြနိုင်သည်။ ဥပမာ- 16bit Binary Number ကို Octal Number ဖြင့်ဖော်ပြလျှင် ဂဏန်း ၆လုံး ( 6 Digits) သာလိုသည်။ PLC များတွင် input/output address များ နှင့် memory address များကိုဖော်ပြရန်အတွက် Octal Number ကိုအသုံးပြုကြသည်။
ကောင်းထက်ညွန့်
Programmable Logic Controllers - Chapter 3 - Logic Concept
Programmable Logic Controllers - Chapter 3 - Logic ConceptLogic Concept
PLC များ၏အလုပ်လုပ်ပုံ နှင့် အသုံးပြုပုံများကို နားလည်ရန်အတွက် Logic concept ကို ပထမဦးစွာ နားလည်ရန် လိုအပ်သည်။ အခြေခံ Logic function ၃ မျိုးဖြစ်သည့် AND ၊ OR နှင့် NOT တို့ကို ကွဲပြားအောင် Electric Circuit များ နှင့် Ladder Diagram များနှင့်တကွ သေးစိတ်ရှင်းလင်းဖော်ပြထားသည်။ ထို Logic function ၃ မျိုးကိုအခြေခံ၍ ရိုးရှင်းလွယ်ကူသည့် Control decision များမှစ၍ ခက်ခဲ ရှုပ်ထွေးသည့် Control Decision များအထိ တည်ဆောက်ထားသည်။ နောက်ပိုင်းတွင် Boolean algebra ၏ အခြေခံ သဘောတရားများ (fundamental) နှင့် ယင်းတို့နှင့်သက်ဆိုင်သည့် Operator များကိုဖော်ပြထားသည်။
ထို့နောက် Boolean Logic နှင့် Logic contact Symbology တို့၏ ဆက်သွယ်ပုံများကို ရှင်းလင်းထားသည်။ ဤအခန်းကိုကျေညက်စွာလေ့ လာပြီးလျှင် PLC processor များနှင့် ယင်းတို့၏ programming Device များကို ဆက်လက်လေ့လာနိုင်လိမ့်မည်။
၃.၁ The Binary concept
Binary concept သည် အိုင်ဒီယာအသစ်တစ်ခု မဟုတ်ပါ။ Binary concept ကို ရှေးယခင်ကတည်းက စတင်သုံးစွဲခဲ့ကြသည်။ ဥပမာ-မီးလုံး (သို့) မီးချောင်း(Light)သည် ပွင့် (ON) နေနိုင်သည်။ ပိတ် (OFF) နေနိုင်သည်။ ခလုပ်(switch) သည် Open ဖြစ် နေနိုင်သည်။ Close ဖြစ်နေနိုင်သည်။ မော်တာ (motor) တစ်လုံးသည်မောင်း(running) နေနိုင်သည်။ ရပ်(stop) နေနိုင်သည်။ Digital System များတွင် အခြေအနေ ၂ မျိုး(two state condition) သာရှိနိုင်သည်။ signal ရှိခြင်း (Signal activated) (သို့) မရှိခြင်း (not activated)၊ high (သို့) Low ၊ ON (သို့) OFF ၊ Open (သို့) Close စသည့်တို့ကဲ့သို့ အခြေအနေ ၂ မျိုးအနက်မှ တစ်ချိန်တွင် တစ်မျိုးသာဖြစ်နေနိုင်သည်။ ထို Two State concept (Binary concept) သည် Decision များချရန် အတွက် အခြေခံဖြစ်သည်။ အခန်း ၂ တွင်ဖော်ပြထား သည် Binary Number System ၏သဘောများကို အခြေခံသည်။ Binary Number System (သို့) Binary concept သည် PLC များ၏ function Block များပြုလုပ်ရန် နှင့် Digital Computer များ၏ အခြေခံ(fundamental) သဘောတရားများ ဖြစ်သည်။
ဤစာအုပ်တွင် Binary 1 သည် Signal ရှိခြင်းကို ဆိုလိုသည်။ Binary 0 သည် Signal မရှိခြင်း (absence of signal) ကိုရည်ညွှန်းသည်။ Digital System များတွင် ဤအခြေအနေ ၂ မျိုး(two state) ကို မတူညီသည့် Voltage Level ၂ ခုဖြင့် ဖော်ပြသည်။ +V volt နှင့် 0V volt တို့ကို Table 3-1 တွင် ဖော်ပြထားသည်။ Volt တစ်ခုသည် တခြား Volt တစ်ခုထက် အပေါင်းဓါတ်အား (သို့) အဖိုဓါတ်အား (more positive) ပိုများသည်။ တစ်ခါတရံ Binary 1 (သို့) Logic 1 ကို TRUE ၊ ON ၊ HIGH စသည် အဓိပ္ပါယ်များ အဖြစ် ရည်ညွှန်းပြောဆိုပြီး Binary 0 (သို့) Logic 0 ကို FALSE ၊ OFF ၊ LOW စသည့် အဓိပ္ပါယ်များ အဖြစ်ရည်ညွှန်း ပြောဆိုသည်။
Click this bar to view the full image. |
၃.၂ Logic Function
Table 3-1 တွင်ဖော်ပြထားသည့် more Positive Voltage ကို Logic 1 အဖြစ်သတ်မှတ်သည်။ ပိုနည်းသည့် (Less positive voltage)ကို Logic 0 အဖြစ်သတ်မှတ်ထားသည်။ မိမိနှစ်သက်သလို အဆင်ပြေသလို ရွေးချယ်သတ်မှတ်ထားခြင်း ဖြစ်သည်။
Table 3-2 တွင် Logic 0 ကို positive voltage level အဖြစ် ရည်ညွှန်းသတ်မှတ်သည်။ Occurrence of event တစ်ခုရှိခြင်းကို Logic 0 ဖြင့်သတ်မှတ်သည်။ Non Occurrence of event ကို Logic 1 ဖြင့်သတ်မှတ်သည်။ Less positive voltage level ဖြင့်သတ်မှတ်သည်။ Table 3-1 မှ Positive Logic သည် အသုံးပြုနေကျပုံစံ (conventional) မျိုးဖြစ်သည်။ သို့သော် Negative logic သည် application များအတွက် အဆင်ပြေ စေသည့် (convenient) နည်းမျိုးဖြစ်သည်။
Binary concept သည် physical quantities (Binary variables) များ အခြေအနေ ၂ မျိုး (two state) ကို 0 နှင့် 1 ဖြင့်ဖော်သည်။ အခြေအနေ ၂ မျိုးအနက် တစ်ချိန်၌ အခြေအနေတစ်မျိုးသာဖြစ်နိုင်သည်။ ၂ခုထက်ပိုသည့် Binary variable များပေါင်းစပ်ပြီး ရရှိသည့်ရလာဒ်ကို True 1 (သို့) False 0 အခြေအနေ တစ်မျိုး မျိုးဖြင့်ဖော်ပြပုံ ဆက်လက်လေ့လာမည်။ PLC များသည် logical statement များကို အခြေခံ၍ ဆုံးဖြတ်ချက်များချမှတ် (make decision) ကြသည်။ PLC များသည် Digital equipment များ ဖြစ်ကြသောကြောင့် AND ၊ OR နှင့် NOT စသည့် အခြေခံ (fundamental) Logic function ၃ မျိုးကို အခြေခံ၍ Operation များပြုလုပ်ကြသည်။ ထို function များပေါင်းစပ်ပြီး Binary Variable များကို Statement အဖြစ်တည်ဆောက်ကြသည်။
Function တိုင်းတွင် စည်းကမ်းချက် (rule) များရှိကြသည်။ ထိုစည်းကမ်းချက် (rule) များအရ ရလာဒ် (result) ကိုထုတ်ပေးသည်။ ဆုံးဖြတ်ပေးသည်။ ကိုယ်ပိုင်သင်္ကေတ (Symbol) များရှိကြသည်။ နားလည်မှုရှင်းလင်းစေရန်အတွက် ရလာဒ် (result of statement) ကို output ဟုသတ်မှတ် ခေါ်ဆိုသည်။ output ကို အင်္ဂလိပ်အက္ခရာ (Y) ဖြင့်သတ်မှတ်ဖော်ပြသည်။ Statement များ၏ အခြေအနေ(Condition) များကို input (A နှင့် B) များဟု သတ်မှတ်သည်။ input နှင့် output ၂ ခုစလုံးကို အခြေအနေ ၂ မျိုး (two state variable) ဖြင့်ဖော်ပြနိုင်သည်။
၃.၂.၁ “AND” Function
ပုံ 3-1 သည် AND gate တစ်ခု၏ သင်္ကေတ (Symbol) ဖြစ်သည်။ AND function ကိုပုံဖြင့် ဖော်ပြထားခြင်းဖြစ်သည်။ Input များအားလုံး True (1) ဖြစ်မှသာ AND output သည် True (1) ဖြစ်သည်။
The AND output is True (1) only if all inputs are True (1).
ဥပမာ - ၃-၁
Input ၂ ခုဖြစ်သည့် Push Button 1 (BP1) နှင့် Push Button 2 (BP2) နှစ်ခုတို့ တစ်ပြိုင် နက်တည်း ဖိ (Press) မှသာလျှင် (ON ဖြစ်မှသာ) Alarm Horn မှအသံမြည်စေရန်အတွက် Logic gate ၊ truth Table နှင့် Electric Circuit ၊ Ladder Diagram (Circuit ) များဖြင့် ဖော်ပြပေးပါ။
၃.၂.၂ The “OR” Function
ပုံ 3-3 သည် OR gate တစ်ခုကို သင်္ကေတ (Symbol) ဖြင့်ဖော်ပြထားသည်။ OR function ကို ပုံဖြင့် ဖော်ပြထားခြင်းဖြစ်သည်။
The OR output is True (1) if on or more inputs are True (1).
OR gate ၏ input များအားလုံးအနက်မှ အနည်းဆုံး input ၁ ခု True ဖြစ်လျှင် output သည် True (1 ) ဖြစ်သည်။
AND function (AND Gate) နှင့် OR function (OR Gate ) တို့တွင် input ပေါင်းများစွာရှိနိုင် သော်လည်း output ၁ ခုသာရှိမည်။ ပုံ 3-4 တွင် OR function ၏ True Table ကို ဖော်ပြထားသည်။ input များအားလုံး၏ ဖြစ်နိုင်သည့် Combination ကိုအခြေခံ၍ output Y ကိုထုတ်ပေးထားသည်။
ဥပမာ ၃-၂
Input ၂ ခုဖြစ်သည် Push Button (BP1) နှင့် Push Button (BP2) တို့အနက် မည်သည့် Push Button တစ်ခုခု နှိပ်လျှင် (ON ဖြစ်လျှင်) Alarm Horn အသံထွက်စေမည့် Logic Gate ၊ true tableနှင့် Circuit တို့ရေးဆွဲဖော်ပြပါ။
Solution
၃.၂.၃ The “NOT” function
ပုံ 3-5 NOT function ကို သင်္ကေတ (Symbol) ဖြင့်ဖော်ပြထားသည်။ NOT function ၏ input မှာ FALSE (0) ဖြစ်လျှင် output သည်TRUE (1) ဖြစ်သည်။ အပြန်အလှန်အားဖြင့် input မှာ True (1) ဖြစ်လျှင် output သည် FALSE (0) ဖြစ်သည်။ NOT Gate ၏ Operation မှာ input ၏ state ကိုပြောင်းပြန်(inverse) လုပ်ပေးရန် ဖြစ်သည်။ ထို့ကြောင့် NOT Gate ကို inverter ဟုလည်းခေါ်သည်။
တခြားသော AND function နှင့် OR function များနှင့်မတူသည့်အချက်မှာ NOT function တွင် input တစ်ခုတည်း သာပါရှိခြင်းဖြစ်သည်။ လက်ခံနိုင်ခြင်းဖြစ်သည်။ NOT function ကို တစ်ခုတည်း အသုံးပြုလေ့မရှိပေ။ AND gate (သို့) OR gate တို့ဖြင့်တွဲ၍ အသုံးပြုလေ့ရှိသည်။
ပုံ ၃-၆ တွင် NOT Operation နှင့် ယင်း၏ true table ကိုဖော်ပြထားသည်။ A အပေါ်တွင်ဘား ( Bar) ကလေးတင်၍ Ᾱ အဖြစ်ဖော်ပြခြင်းသည် NOT A ကို ရည်ညွှန်းသည်။
NOT function အလွယ်တကူသိမြင်နိုင်ရန်(Visualize လုပ်ရန်) ခဲယဉ်းသည်။ AND နှင် OR တို့၏ function ကို သိမြင်နိုင်ရန်(Visualize လုပ်ရန်) လွယ်သည်။ သိလွယ်၊မြင်လွယ်သည်။ သို့သော် NOT function သည် အလွန်ရိုးရှင်းပြီး၊ အလွန်အသုံးဝင်ကြသည်။
အစပိုင်းတွင် ရှင်းပြထားသည့်အချက် (၃) ချက်
(၁) 1 သို့ 0 မိမိနှစ်သက်သည့်အတိုင်းရွေးချယ်ပါ။
(၂) logic 1 သည် ပုံမှန်အားဖြင့်(များသောအားဖြင့်) TRUE ၊ HIGH ၊ ON ဖြစ်သည်။ logic 1 သည် Device တစ်မျိုးမျိုးကို Activate လုပ်ရန်ရည်ရွယ်သည်။ ဥပမာ- Output Y=1 ဖြစ်လျှင် မော်တာကို မောင်းရန်ဖြစ်သည်။
(၃) logic 0 သည် ပုံမှန်အားဖြင့် (များသောအားဖြင့်) FALSE ၊ LOW ၊ OFF ဖြစ်သည်။ logic 0 သည် device တစ်မျိုးမျိုးကို deactivate လုပ်ရန်ဖြစ်သည်။
ဥပမာ- Output Y =0 ဖြစ်လျှင် မော်တာကိုရပ်ရန်ဖြစ်သည်။ အကယ်၍ ထိုအခြေအနေကို ပြောင်းလိုလျှင် NOT function ကိုသုံးသည်။ ဥပမာ- logic 0 သည် Device တစ်မျိုးမျိုး Active လုပ်လိုလျှင် NOT function ကို အသုံးပြုသည်။ ဥပမာ- output Y=0 ဖြစ်လျှင် မော်တာကိုမောင်းရန်ဖြစ်သည်။ NOT function သည်အသုံးဝင် သည်။
(က) NOT ကိုအသုံးပြုသည်။ logic 0 (low condition) ဖြစ်လျှင် Device တစ်မျိုးမျိုးကို Active လုပ်ရန်
(ခ) Logic 1 (High Condition) ဖြစ်လျှင် Device တစ်မျိုးမျိုးကို deactivate လုပ်ရန်အတွက် NOT ကိုအသုံးပြုသည်။
အောက်တွင် NOT function ကိုသုံးထားသည့် ဥပမာ ၂ ခုကိုဖော်ပြထားသည်။
NOT function ကို AND နှင့် OR function များဖြင့်အသုံးပြုလေ့ရှိကြသော်လည်း ပထမဥပမာတွင် NOT function တစ်ခုတည်းကို သာသုံးထားသည်။
No comments:
Post a Comment
အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com