ကြီးမားသော အဆောက်အဦးများ (large Building)
တွင် Centralized Air Conditioning System များ ကို တပ်ဆင်လေ့ရှိသည်။
Centralized Air Conditioning System များ၏ အရွယ်အစားမှာ Refrigeration
Ton ၃၀၀ မှ ၁၀၀၀ ကျော်ဝန်းကျင်ရှိသည်။ Centralized Air Conditioning
System များတွင် Air Cooled Chiller သို့ Water Cooled Chiller များကို
အသုံးပြုသည်။ ရေ (water) ကို Heat Transfer media အဖြစ်အသုံးပြုသည်။ AHU
သို့ FCU နှင့် Chiller Evaporator အကြားတွင် လည်ပတ်နေသော ရေကို Chilled
Water ဟုခေါ်သည်။ Cooling Tower နှင့် Chiller Evaporator အကြားတွင်
လည်ပတ်နေသော ရေကို Condenser Water ဟုခေါ်သည်။ Chilled Water သည် Closed
Loop ဖြစ်ြပီး Condenser Water သည် Open Loop သည်။ Chilled Water သည်
ပိုက်အတွင်း ၌သာနေပြီး ပြင်ပလေနှင့် မထိတွေ့ နိုင်သောကြောင့် Closed Loop
ဟုခေါ်ဆိုသည်။ Condenser Water သည် ပြင်ပလေနှင့် Cooling Tower ၌ထိတွေ
့သောကြောင့် Open Loop ဟုခေါ်ဆိုသည်။
Closed Loop ဖြစ်စေ Open Loop ဖြစ်စေ ACMV System သို့ HVAC system များအတွင်း သုံးသော water ကို Treatment လုပ်ရန်လိုအပ်သည်။

Closed Loop Chiller Water System
Closed Loop Chiller Water System အတွင်းတွင်ရှိသော ရေများကို နှစ်ပေါင်းများစွာကြသည့်တိုင် အသုံးပြုတတ်ကြသည်။ မပြောပလောက်သော ပမာဏ အနည်းငယ်သာ Chiller Water loss ဖြစ်လေ့ရှိသည်။ တစ်ခါတစ်ရံသာ Chiller Water ကို ဖောက်ထုပ်ရန် သို့ blow-down လုပ်ရန်လိုအပ်သည်။ ဤကဲ့သို့ ဖောက်ထုပ်ခြင်းမရှိ၊ အသစ်လဲခြင်းမရှိဘဲကြာမြင့်စွာအသုံးပြုသောကြောင့် Closed Loop Chiller Water System အတွင်းတွင် suspension of fine, abrasive particles များ။ အညစ်ကြေးများ။ အမှိုက်သရိုက်များ ရှိနိုင်သည်။ ယင်းတို့သည် equipment (Pump, AHU, FCU, Chiller) များ နှင့် Piping System ကို အန္တာရာယ်ပေးနိုင်သည်။ မျှော်လင့်မထားသော unscheduled shutdowns များပြုလုပ်ရန်လိုအပ်လိမ့်မည်။ Heat Transfer ပြုလုပ်ရန်သော နေရာများတွင် အနည်ထိုင်ခြင်း။ သံချေးနှင့်ကြေးချေးတက်ခြင်းတို့ကြောင့် Heat Transfer performance ဆိုးဝါးလာနိုင်သည်။

Heat transfer coefficient vs. Fouling
Chiller ၏ Evaporator သို့ Condenser အတွင်း ရှိ
copper tube များ၏ အတွင်နံရံတွင် င့်ကြေးချေးတက်ခြင်းသို့
အနည်ထိုင်ခြင်းကို Fouling ဖြစ်သည်ဟုပြောဆိုသည်။ အထက်ပါဇယားသည်
ကြေးချေးတက်ခြင်းသို့ အနည်ထိုင်ခြင်းကြောင့်ဖြစ်သော Scale အထူနှင့်
Overall heat transfer
Coefficient (BTU/ft2/ F) ၏ ဆက်သွယ်မှုကိုဖော်ပြထားသည်။

ဇယား၏ ပထမလိုင်သည် Chiller အသစ် ၏ copper tube
တွင် ကြေးချေးတက်ခြင်းသို့ အနည်ထိုင်ခြင်းမရှိသောကြောင့် 0.00 ဖြစ်သည်။ ထို
အခြေအနေတွင် Overall heat transfer
Coefficient (BTU/ft2/ F) မှာ 92.77 Btu ဖြစ်သည်။
92.77 Btu ၏ အဓိပ္ပါယ်မှာ ၁ ပေပတ်လည်ရှိသော heat transfer ဧရိယာနေရာတွင် အပူချိန် ၁ ဒီဂရီကွာခြားမှုအတွက် heat transfer ဖြစ်နိုင်သော အပူပမာဏမှာ 92.77 Btu ဖြစ်သည်။

Closed Loop Chiller Water System အတွင်း
တွင်ရှိသော ရေ၏ အရည်အသွေးကို (water quality) ထိန်းသိမ်းထားရမည့် Control
Limit မှာအောက်ပါအတိုင်းဖြစ်သည်။
Closed Loop Chiller Water ၏ Conductivity (micro S) မှာ 2500 micro S ထက်နည်းရမည်။
Closed Loop Chiller Water ၏ pH မှာ 8 to 11 အတွင်းရှိရမည်။ pH ၏ တန်ဖိုးသည် ရေ တွင် Acid ဓါတ်များမှု၊ Alkaline ဓါတ်များမှု၊ ကို ဖော်ပြသည်။ Closed Loop Chiller Water အတွက် သင့်လျော်သော pH ၏ တန်ဖိုးမှာ 8 to 11 အတွင်းဖြစ်သည်။ ၈ ထက်နည်းပါက -- ၁၀ ထက်များပါက
Closed Loop Chiller Water ၏ Turbidity (FTU) မှာ 20 FAU ထက်နည်းရမည်။ ရေ၏ကြည်လင်မှု။
Turbidity (FTU) တန်ဖိုးများလေ ရေ သည် နောက်ကျိလေဖြစ်သည်။ အောက်ပါပုံသည် Turbidity (FTU) တန်ဘို့း ၅- ၅၀ နှင့် ၅၀၀တို့ကိုပြထားသောပုံဖြစ်သည်။ Turbidity (FTU) တန်ဘို့း ၅ သည်အလွန်ကြည်လင်သောရေဖြစ်သည်။

Closed Loop Chiller Water ၏ Iron (ppm)
သံမှုန့်များပါဝင်မှု မှာ 3 ppm ထက်နည်းရမည်။ သံမှုန့်များသည် pipe
များမှပဲကြွေလာသောသံမှုန့်များဖြစ်သည်။ သံမှုန့်များပါဝင်မှု များလေ
Turbidity (FTU) များလေဖြစ်သည်။ (တနည်းရေသည် ကြည်လင်မှုနည်းလေဖြစ်သည်။)
Open Loop Condenser Water System
Open Loop Condenser Water ကို သင့်လျော်မှန်ကန်သော ထိန်းသိမ်းမှုမပြုလုပ်လျှင် မလိုအပ်သော ပြဿနာများစွာဖြစ်ပေါ်လာနိုင်သည်။ အဖြစ်များသော ပြဿနာများမှာ
scale formation, corrosion- သံချေးတက်ခြင်း , and biological fouling တို့ဖြစ်သည်။

Scale Formation
ရေထဲတွင် ပါဝင်သည့် very high mineral content တို့ကြောင့် Scale Formation ဖြစ်ပေါ်သည်။ ရေထဲတွင် Calcium နှင့် Sodium mineral content တို့ပါဝင်ကြသည်။ mineral content တို့သည် ရေ၏ အပူချိန်ပြောင်းလဲခြင်း နှင့် ဓါတ်ပြုခြင်းတို့ကြောင့် Scale Formation ဖြစ်ပေါ်သည်။ ထင်ရှားသောဥပမာတစ်ခုမှာ ရေနွေးအိုး၏အတွင်းဘက်တွင် ချေးကပ်နေခြင်းသည် Scale Formation ပင်ဖြစ်သည်။
လပေါင်းများစွာကြာလာသည့်အခါတွင် ထို deposits များသည် heat exchange surface ပေါ်တွင် တဖြည်းဖြည်းထပ်လာကာ ချေးအလွာတစ်ခုအဖြစ်တည်ရှိလာသည်။ Scale Formation
ချေးအလွာသည် Chiller Condenser ၏ copper tube အတွင်နံရံများ။ cooling tower ၏ basin များ။ in fill များပေါ်တွင် ဖြစ်ပေါ်လာကာ cooling tower ၏ performance ကို ညံ့ဖျင်းစေသည်။
ထိုကြောင့် Open Loop Condenser Water System အတွက် water treatment system တစ်ခုလိုအပ်သည်။ cooling tower water treatment system ဟုလည်းခေါ်ဆိုကြသည်။

Inside Corrosion
ရေထဲတွင် ပါဝင်သည့် Calcium နှင့် Sodium mineral content တို့စတင် dissolve ဖြစ်ခြင်းကို corrosion ဟုခေါ်ဆိုနိုင်သည်။ Oxidation effects ကြောင့်ဖြစ်သည်။ open system သည် ရေနှင့် လေ အချိန်တိုင်းထိတွေ့ နေသောကြောင့် Corrosion ပို ဖြစ်နိုင်သည်။ Corrosion ဖြစ်ခြင်းကြောင့် system တစ်ခုလုံးသည် ပို၍လျှင်မြန်စွာပျက်စီးယိုယွင်းလာသည်။ ထိုသို့ Corrosion ဖြစ်မှုကို ကာကွယ်ရန် water treatment လုပ်ရန်လိုအပ်သည်။

Biological Fouling
အချိန်တိုင်းတွင် cooling tower အားလုံး သို့ Chiller အားလုံး သည် လည်ပတ်မောင်းနှင်နေသည်မဟုတ်ပေ။ အချို့သော cooling tower နှင့် Chiller တို့သည် လည်ပတ်ရန်မလိုအပ်သောကြောင့်သော်၎င်း။ နားရန်လိုအပ်သောကြောင့်သော်၎င်း ရပ်ထားရသည့်အချိန်များရှိသည်။ ထိုသို့ရပ်ထားချိန်များတွင် Condenser water သည် လည်းရပ်တန့်နေသည်။ ထိုသို့ရပ်တန့်နေသည် ရေသည် bacteria, fungus, algae, and protozoa တို့ကို ဖြစ်ပေါ်စေသည်။
ရေတွင်ရှိသော microorganisms များသည် heat exchange surface ပေါ်တွင် biological film (ဘိုင်အိုလော်ဂျီကယ်အလွာ) တစ်ခုဖြစ်ပေါ်လာသည်။ ထိုအလွာဖြစ်ပေါ်လာပါက တိုက်ချွတ်ရန်အလွန်ခက်ခဲသည်။ ယင်းကို biological fouling ဟုလည်းခေါ်သည်။
Biological fouling သည် cooling tower system တွင် အလွန်အခက်ခဲဆုံးနှင့် အဆိုးဆုံး ပြဿနာဖြစ်သည်။ The biological fouling ကြောင့် low heat transfer, the fill can stop working properly, the water flow can be restricted or blocked, or corrosion can occur from the microorganisms present. အနီးရှိလူများ၊ ထိန်းသိမ်းရေပြုလုပ်သူများ ၏ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်သည်။ ထိုသို့ biological fouling ဖြစ်မှုကို ကာကွယ်ရန် water treatment လုပ်ရန်လိုအပ်သည်။

water treatment system တစ်ခုသည် Microbiological
Controls, Corrosion Rate Controls and Water Quality Parameter Controls
တို့ပါဝင်ရပါမည်။
Microbiological Controls
Microbiological Controls
Microbiological Controls သည် လူကို အန္တရာယ်ပြုနိုင်သော
ပိုးမွားများနှင့် ဘက်တီရီးများ ဖြစ်ပေါ်မူကိုထိန်းချုပ်ရန်အတွက် Guide
line များချမှတ်ပေးထားသည်။ ထို Guide line များသည် မည်သည့် ပိုးမွားများ
နှင့် ဘက်တီရီးများ ကို မည့်သည့်အခါ တွင် မည့်သည့် နည်း(Testing
Method)ဖြင့်စစ်ဆေးရန်လိုအပ်သည်ကိုဖော်ပြပေးထားသည်။
Microbiological Analysis | Frequency | Control Criteria | |
1 | Standard Plate Count | Monthly | < 100,000 CFU/mL |
2 | Legionalla Pneumophilla | Once every 3 months | Negative detection |
3 | Sulfate Reducing Bacteria | Once every 6 months | Negative detection |
4 | Denitrifying Bacteria | Once every 6 months | Negative detection |
5 | Pseudomonas | Once every 6 months | < 500 CFU/mL |
The above test should follow international standards
Standard Plate Count ဆိုသည်မှာ
သတ်မှတ်ထားသော ရေပမာဏအတွင်းတွင်ရှိသော bacteria အကောင်စု (CFU ဆိုသည်မှာ
colony-forming units bacteria
အကောင်စုကလေးများ၏အရေအတွက်ဖြစ်သည်)လေးများကို ကို ရေတွက်ရန်ဖြစ်သည်။ the
total number of bacteria in a specified amount of water. Condenser
water ရေပမာဏ 1 mL အတွက် bacteria အကောင်ရေ CFU 100,000
မကျော်ရန်ဖြစ်သည်။
Legionalla Pneumophilla ဆိုသည်မှာ legionellosis or Legionnaires' disease ရောဂါ ကို ဖြစ်စေသော Legionalla Pneumophilla bacteria ရှိမရှိကို စစ်ဆေးရန်ဖြစ်သည်။
Sulfate Reducing Bacteria များရှိမရှိသိနိုင်ရန် Condenser water ကို ဓါတ်ခွဲခန်းသို့ပေးပိုစမ်းသပ်ရန်ဖြစ်သည်။
Condenser water ရေပမာဏ 1 mL အတွက် Pseudomonas Bacteria အကောင်ရေ CFU 500 မကျော်ရန်ဖြစ်သည်။

Corrosion Rate Controls
Corrosion Rate Analysis | Test Method | Control Criteria | |
1 | Mild Steel | < 1 mpy | |
2 | Copper | < 0.1 mpy |
သံချေးတက်မှုသို့ သံချေးစားမှုကို နှုန်းကို ထိန်းသိမ်းရန်ဖြစ်သည်။
ACMV System တွင်အသုံးပြုသော pipe များမှာ Galvanized Steel သို့ mild steel သို Carbon Steel သို Black steel တို့ဖြစ်သည်။
သံချေးစားမှုကို နှုန်း(Corrosion Rate) ၏ unit မှာ mpy ဖြစ်သည်။

Water Quality Parameter Controls
Water Quality Analysis | Test Method | Control Criteria | |
1 | pH Value | Field Test Kit & Laboratory method APHA 3120B | Between 7 to 8.8 |
2 | Total Dissolved Solid (TDS) | Field Test Kit & Laboratory method APHA 3120B | < 3000 ppm |
3 | Iron (Fe) | Field Test Kit & Laboratory method APHA 3120B | < 1.00 mg/L |
4 | Copper (Cu) | Laboratory method APHA 3120B | <0.50 mg/L |
5 | Zinc (Zn) | Laboratory method APHA 3120B | <2 mg/L |
6 | Chloride | Laboratory method APHA 3120B | < 500 ppm Cl |
7 | Total Hardness | Laboratory method APHA 3120B | <800 ppm |
Service Provider can provide an alternative equivalent method but subject to Owner approval.
Condenser water ၏ သင့်လျှော်သော pH Value မှ ၇ မှ ၈.၈ အတွင်းဖြစ်သည်။ Condenser water ၏ pH Value သည် ၇ ထက်နည်းခြင်းသည် Condenser water သည် အက်စစ်ဓါတ်များခြင်းဖြစ်သည်။ ၈.၈ ထက်များခြင်းသည် အယ်ကာလိုင်းဓါတ်များခြင်းဖြစ်သည်။ အက်စစ်ဓါတ်များခြင်း သည့် သို့ အယ်ကာလိုင်းဓါတ်များသည့် Condenser water သည် pipe များ နှင့် စက်ပစ္စည်းများကို Chemical နည်း ဖြင့်ဓါတ်ပြုနိုင်သည်။
Condenser water အတွင်းတွင် Total Dissolved Solid (TDS) များသည် 3000 ppmထက်မများရပေ။ Total Dissolved Solid သည် Condenser water အတွင်းတွင် ပျော်ဝင်နေသည် အစိုင်အခဲများဖြစ်သည်။ ppm ဆိုသည်မှာ part per million ဖြစ်သည်။ Condenser water အလေးချိန် ကီလိုဂရမ် တစ်သန်းတွင် Total Dissolved Solid (TDS) အလေးချိန် ကီလိုဂရမ် ၃၀၀၀ မကျော်ရန်ဖြစ်သည်။
Condenser water အတွင်းတွင် ပိုက်များ စက်များမှ တိုက်စားမှုကြောင့်ဖြစ်ပေါ်လာသော သံမှုန့် သံစများရှိသည်။ သံမှုန့် သံစများ Iron (Fe) ကို လစဉ်တိုင်းတာရန်လိုအပ်သည်။ Condenser water တစ်လီတာ အတွင်းတွင် သံမှုန့် သံစများ Iron (Fe) ၏ အလေးချိန် 1.00 mg မကျော်ရန်ဖြစ်သည်။
Condenser water အတွင်းတွင် ပိုက်များ စက်များမှ တိုက်စားမှုကြောင့်ဖြစ်ပေါ်လာသော ကြေးမှုန့် ကြေးစများရှိသည်။ ကြေးမှုန့် ကြေးစများ Copper (Cu) ကို လစဉ်တိုင်းတာရန်လိုအပ်သည်။ Condenser water တစ်လီတာ အတွင်းတွင် ကြေးမှုန့် ကြေးစများ Copper (Cu) ၏ အလေးချိန် 0.50 mg မကျော်ရန်ဖြစ်သည်။
Condenser water အတွင်းတွင် ပိုက်များ စက်များမှ တိုက်စားမှုကြောင့်ဖြစ်ပေါ်လာသော သွတ်မှုန့် သွတ်စများရှိသည်။ သွတ်မှုန့် သွတ်စများ Zinc (Zn) ကို လစဉ်တိုင်းတာရန်လိုအပ်သည်။ Condenser water တစ်လီတာ အတွင်းတွင်ေ သွတ်မှုန့် သွတ်စများ Zinc (Zn) ၏ အလေးချိန် 2.00 mg မကျော်ရန်ဖြစ်သည်။

အောက်ပါဇယားသည် စင်ကာပူနိုင်ငံတွင်ရှိသော Shopping
Center တစ်ခု ၏ Cooling Tower များတွင်လည်ပတ်နေသော Condenser Water ကို
ဓါတ်ခွဲခန်းသို့ပို၍ စမ်းသပ်မှုမှ ရရှိလာသော ရလာဒ် (Result) များဖြစ်သည်။
Water Treatment Specialist company သည် Condenser Water နှင့် Chiller
water ၏ quality များကို သတ်မှတ်ထားသော တန်ဖိုးများအတွင်းတွင်
ရှိအောင်လုပ်ရန် တာဝန်ရှိသည်။ လစဉ် စင်ကာပူနိုင်ငံက Certified လုပ်ထားသော
ဓါတ်ခွဲခန်းသို့ပို၍ စမ်းသပ်မှု(Test) လုပ်ကာ ရလာဒ် (Result) များကို
အဆောက်အဦးပိုင်ရှင်ထံသို့ တင်ပြရသည်။
ကောင်းထက်ညွန့်
No comments:
Post a Comment
အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com