" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

အဲယားကွန်း ပညာ Losses တွက်နည်းများ

FRICTION LOSSES IN DUCT
Friction losses သည် fluid viscosity ကြောင့် နှင့် မတူညီသော velocities ဖြင့်သွားနေသော မော်လီကျုးလေးများ တစ်ခုနှင့် တစ်ခုအကြားတွင် momentum များအပြန်အလှန်လက်ဆင့်ကမ်းမှုများကြောင့် ဖြစ်ပေါ်လာသည်။ Friction losses သည် duct အရှည်တစ်လျှောက်လုံးတွင်ဖြစ်ပေါ်လာသည်။
The Equal friction method သည် entire system တစ်ခုလုံးအတွက် တူညီသော loss per unit of length ကို အသုံးပြုသည်။
Friction loss များ သည် အောက်ပါ အချက်အလက် ပေါ်တွင်မူတည်။
1) Duct size,
2) Interior surface roughness,
3) Air flow rate, and
4) Duct length
HEAD AND PRESSURE
head နှင့် pressure ကို အပြန်အလှန်အဆင်ပြေသလို ပြောဆိုသုံးနှုန်းကြသည်။ သို့ head ဆိုသည်မှာ fluid တစ်မျိုးမျိုး စီဆင်းသွားမှုကြောင့် ဖြစ်ပေါ်လာသော ထို fluid ၏ column အမြင့်ပင်ဖြစ်သည်။ "Head" is the height of a fluid column supported by fluid flow. pressure ဆိုသည်မှာ ယူနစ်ဧရိယာတစ်နေရာအပေါ်တွင် သက်ရောက်နေသာအား၏ ပမာဏဖြစ်သည်။ Ppressure is the normal force per unit area.
အရည်များ (liquids) များအတွက် စီဆင်းနေသည့် fluid (flowing fluid) ကို တိုင်းမည့် အစား ထို fluid ၏ Head ကို တိုင်းတာခြင်းသည် ပို၍လွယ်ကူသည်။ ထိုကြောင့် အရည်များ (liquids) များအတွက် Head ဆိုလျှင် Head of that liquid ဖြစ်သည်။ ဥပမာ ရေပန့်များအတွက် ၅ မီတာ Head ဆိုလျှင် 5 meter of Water Head ဖြစ်သည်။
သို့သော် လေသို့မဟုတ် ဓါတ်ငွေ့ တစ်မျိုးမျိုးကို တိုင်းရန်အတွက် liquid တစ်မျိုးမျိုး ၏ column မှ တဆင့် တိုင်းယူရသည်။ အဘယ်ကြောင့်ဆိုသော် လေသို့မဟုတ် ဓါတ်ငွေ့ တစ်မျိုးမျိုး တိုက်ရိုက်တိုင်းယူရန်မဖြစ်နိုင်။ ဥပမာ Air ၏ Pressure ကို ရေ ၏ ကော်လံအမြင့် သိုမဟုတ် မာကျုရီ အရည်၏ ကော်လံအမြင့် ပြောဆိုလေ့ရှိသည်။ Air Pressure 1 Pound per Square inch = 51.71 millimeter of mercury ( mmHg ). လေပေါင် ၁ ပေါင်ဖိအားသည် 51.71 mm of mercury ( mmHg ) ၏ ကော်လံအမြင့် နှင့် ညီမျှသည်။
Total Pressure = Static Pressure + Velocity Pressure
Darcy-Weisbach Equiation သည် Fluid များ Pipe သို့ Duct အတွင်းတွင် ဖြတ်သန်းစီးဆင်းသွားသည့်အခါ ဖိအားဆုံးရှုံးမှု(Pressure Drop) ပမာဏကို တွက်ချက်သည့်အခါများတွင်တွင်ကျယ်စွာအသုံးပြုသည်။ဖိအားဆုံးရှုံးမှု(Pressure Drop) သည် Fluid များ၏ ပွတ်တိုက်မှုများ(Friction)ကြောင့်ဖြစ်ပေါ်လာသည်။ Darcy-Weisbach Equiation ကို Fully Develped flow များအတွက်သာ အသုံးပြုရန်ဖြစ်သည်။
အထက်ပါ ပုံသေနည်းတွင် Friction loss ကို ရရှိရန်အတွက် the friction factor ၏ တန်ဘိုးကို ရရှိရန်လိုအပ်သည်။
က) fluid များသည် laminar flow ပုံစံဖြင့်စီးဆင်းနေသည် အခါ (Reynolds numbers less than 2000), the friction factor သည် Reynolds number တစ်မျိုးတည်းပေါ်တွင်သာမူတည်သည်။
ခ) fluid များသည် turbulent flow ပုံစံဖြင့်စီးဆင်းနေသည် အခါ the friction factor သည် ရေးနော့နံပါတ် (Reynolds number), အတွင်းမျက်နှာပြင်ချောမှုကြမ်းမှု (duct surface roughness) နှင့် joints များပေါ်တွင်မှုတည်သည်။
အထက်ပါ ပုံသေနည်းသည် friction factorကို ရရှိရန်အတွက် ရေးနော့နံပါတ် (Reynolds number), အတွင်းမျက်နှာပြင်ချောမှုကြမ်းမှု (duct surface roughness)နှင့် hydraulic diameter တို့ကို သိရန်လိုအပ်သည်။
noncircular duct များ တွင် ဖြစ်ပေါ်လာသော laminar flow များသည် inconsistencies များဖြစ်ပေါ်လာခြင်း။ noncircular duct များ တွင် ဖြစ်ပေါ်လာသော laminar flow များအတွက် တိကျသော အဖြေများကို မရရှိနိုင်ခြင်းတို့ကြောင့် hydraulic diameter ကို ထည့်သွင်းတွက်ချက်ရန်လိုအပ်သည်။
အထက်ပါ ပုံသေနည်းအတိုင်း hydraulic diameter ကို တွက်ချက်နိုင်သည်။လက်တွေ့  စမ်းသပ်သုသေနပြုတွေ့ ရှိချက်များအရ hydraulic diameter တူညီသော အမျိုးမျိုးသော round, square, and rectangular ducts များ သည် တူညီသော flow resistance at equal mean velocities များကို ဖြစ်ပေါ်စေသည်။
A = major axis of flat oval duct, mm
a = minor axis of flat oval duct, mm
Friction Factor ၏ တန်ဘိုးသည်ရေးနော့နံပါတ် (Reynolds number), အတွင်းမျက်နှာပြင်ချောမှုကြမ်းမှု (duct surface roughness)နှင့် hydraulic diameter တို့ပေါ်တွင်မူတည်သည်။ ထိုအချက်အလက်များ ကို ထည့်သွင်းပြီး ကဏန်းတွက်စက်ဖြင့် တွက်ချက်ခြင်း အလွန်အလုပ်ရှုပ်သော ကိစ္စဖြစ်သည်။ ထိုကြောင့် ဂရပ်ဖြင့် ဖတ်ယူခြင်းသည် ပိုမိုလွယ်ကူသည်။  

FRICTION LOSSES IN DUCT
ASHRAE မှ Friction Chart သည်
က) Friction losses ( Pa/ m)
ခ) Air Quantity (Liter per Second)
ဂ) Velocity (m/s)
ဃ) Round Duct Diamaeter (mm) တို့ဖြင့်တည်ဆောက်ထားသည်။

က) Friction losses ( Pa/ m) ကို အလျားလိုက်မျဉ်းများဖြင့်ဖော်ပြထားသည်။ 0.1 Pa/ m မှ 100 Pa/ m အထိရှိသော်လည်း အသုံးပြုရန် သင့်လျှော်သော နေရာမှာ 0.7Pa/ m မှ 5 Pa/ m အတွင်းသာဖြစ်သည်။ အဓိပ္ပါယ်မှာ ၁မီတာ တိုင်းတွက် ဖြစ်ပေါ်လာသော Friction losses ၏ တန်ဘိုးဖြစ်သည်။
ခ) Air Quantity (Liter per Second) ကို ဒေါင် လိုက်မျဉ်းများဖြင့်ဖော်ပြထားသည်။20L/s မှ 200,000L/sအထိရှိသည်။
ဂ) Velocity (m/s) ကိုဘယ်ဘက်သို့စောင်းသော ကန့်လန့်ဖြတ် မျဉ်းများဖြင့်ဖော်ပြထားသည်။ Duct အတွင်းတွင်ဖြတ်သွားသော လေ၏ ရွှေ့ လျားနုန်းဖြစ်သည်။
ဃ) Round Duct Diamaeter (mm) ကို ညာဘက်သို့စောင်းသော ကန့်လန့်ဖြတ် မျဉ်းများဖြင့်ဖော်ပြထားသည်။
ဂရပ်တွင် ပါဝင်သော အမျိုးအစား ၄ ခုအနက်မှ မည်သည့် နှစ်မျိုးကို ရလျှင် ကျန်သည် နှစ်မျိုးကို ရရှိနိုင်သည်။
တွက်နည်း ဥပမာ၁
25,000 CHM ရှိသော AHU တစ်လုံးမှ အဝိုင်းပုံစံရှိသော (Round Duct) Main Duct ၏ အရွယ်အစားကို ရှာပါ။ (အကယ်၍ Maximum Friction losses ကို 1 Pa/m ကို အခြေခံ၍တွက်ချက်ပါ။) ထို Round Duct သည် မီတာ၂၀၀ အရှည်ရှိသည်ဆိုလျှင် total Friction losses မည်မျှဖြစ်မည်နည်း။
ဂရပ်ဖြင့် ဖတ်ယူခြင်းသည် တွက်ယူပါက ပိုမိုလွယ်ကူသည်။
ပုစ္ဆာတွင်ပေးထားသော Air Quantity မှာ 25,000 CHM ဖြစ်သည်။ ဂရပ်တွင်ဖော်ပြထားသော ) Air Quantity မှာ Liter per Second ဖြစ်သည်။ ထိုကြောင့် 25,000 CHM ကို Liter per Second အဖြစ်ပြောင်းရန်လိုအပ်သည်။
25,000 CHM x 1000 Liter per meter cube = 25,000,000 Liter per hour/ 3600 = 6944 L/s နှင့်
Maximum Friction losses ကို 1 Pa/m အသုံးပြုလျှင် ဂရပ်ပေါ်တွင် ဆုံမှတ်တစ်ခုကိုရနိုင်သည်။
ဒေါင် လိုက်မျဉ်းတန်ဘိုးများ မှ 6944 L/s နေရာတွင်လိုင်းတစ်လိုင်းကိုဆွဲပါ။ ပုံတွင်အနီရောင်လိုင်းဖြစ်သည်။
အလျားလိုက် မျဉ်းတန်ဘိုးများ မှ1 Pa/m နေရာတွင်လိုင်းတစ်လိုင်းကိုဆွဲပါ။ ပုံတွင် အဝါ ရောင်လိုင်းဖြစ်သည်။ ထိုအခါ ဆုံမှတ်တစ်ခုကိုရမည်။
ထိုဆုံမှတ်မှာ Dcut Diameter ညာဘက်သို့စောင်းသော ကန့်လန့်ဖြတ် မျဉ်း တန်ဘိုးကို ဖတ်ပါ။ ပုံတွင် အပြာ ရောင်လိုင်းဖြစ်သည်။ တန်းဘိုးမှာ ၉၃၀ ခန့်ဖြစ်သည်။ ၉၃၀မီလီမီတာ အချင်းရှိသော Duct ဈေးကွက်တွင်မရှိသောကြောင့် 950mm Diameter Round Dcut ဖြစ်သည်။ Velocity (m/s) 10.2 ခန့်ဖြစ်သည်။ ထို Dcut အမျိုးအစား နှင့် အသုံးပြုမည့် နေရာကိုကြည့်၍ ASHRAE recommend dcut veloctiy နှင့် နိုင်းယှဉ်နိုင်သည်။ recommend dcut veloctiy ထက် ဤ Dcut Velocity 10.2 m/s သည် အလွန်များသည်ဆိုလျှင် 950mm ထက်ပိုကြီးသော Dcut ကို သုံးရန် စဉ်းစားသင့်သည်။
အသုံးများသော velocity limits ကို အောက်တွင်ဇယားဖြင့်ဖော်ပြထားသည်။
Type of Duct Comfort Systems Industrial Systems High Speed Systems
 m/s ftm m/s ftm m/s ftm
Main ducts 4 - 7 780 - 1380 8 - 12 1575 - 2360 10 - 18 1670 - 3540 
Main branch ducts 3 - 5 590 - 985 5 - 8 985 - 1575 6 - 12 1180 - 2360
Branch ducts 1 - 3 200 - 590  3 - 5 590 - 985 5 - 8 985 - 1575
outlets and inlets တို တွင် များသော velocities ရှိပါက လက်မခံနိုင်သော ဆူညံ့မှုများကို (unacceptable noise) ကို ဖြစ်စေသည်။
တွက်နည်း ဥပမာ ၂
Air Flow Rate 18,000 CMH ရှိသော Rectuangula Duct 450mm x 1300mm ၏ Frictioin Losses (Pa/m) ကို ရှာပါ။
Air Flow Rate 18,000 CMH ကို Liter per Second ဖွဲ့ ပါ။
Air Flow Rate 18,000 CMH = 5,000 L/s

Rectuangula Duct 450mm x 1300mm ၏ Circular Equivalent of Rectuangular Duct for Equal length သည် 808mm ဖြစ်သည်။ 800 ကျော်ရုံမျှသာဖြစ်သည်။
Air Quantitie 5,000 L/sနှင့် 800mm Round Duct Diamenter ကို အသုံးပြု၍ ဂရပ်မှာဖတ်လျှင် Frictioin Losses မှာ 1.1 Pa/m ခန့် ဖြစ်သည်။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...