ဒီမယ် ကိုသာဌေး၊ ခင်ဗျားတို့ ပေးထားတာက သီးနှံလျော်ကြေး၊
မြေလျော်ကြေးမဟုတ်ဘူး။ ခင်ဗျားတို့ တွေက ၂၀၁၀ ၂၀၁၁ ၂၀၁၂၊ ၆ လပိုင်း
ဆိုတော့နောက်ထပ် ၆ လဘဲ လိုတော့တာ။ ကျုပ်တို့ က မြေတွေလုပ်မှာ ၃
နှစ်ပြည့်ရင်၊ခင်ဗျားတို့ ပေးထားတာ သီးနှံလျော်ကြေး။ ကျုပ်လည်း
တောင်သူတစ်ယောက်ဘဲ။အနောက်ဘက်တလျောက် မြေတွေရှိတာဘဲ။ ကျုပ်မှာ
ပြောပိုင်ခွင့်ရှိတယ်။
ကျုပ်ကပြောမှာ။ အဲသလို လက်ညှိုးထိုးပြောမှာ ကိုသာဌေးကို။ ကျုပ်တို
့လက်ပံတောင်းဥက္ကဌ ကိုသာဌေး။ နောက် ကျုပ်က အဲသလိုလည်း
ပြောပြီးထိုင်လိုက်တော့ ရဲတွေက ၀ုန်း ဆို ထပြန်သွားကြတယ်။ ပထမ လာတားတာ
သံဆူးကြိုးခတ်ဖို့ လာတားတာ။ ကျုပ်တို့ က သံဆူးကြိုးလည်း အခတ်မခံနိုင်ဘူး။
ကျုပ်တို့ မြေတွေလည်း ဘူဒိုဇာနဲ့  မထိုးပါနဲ့ ။ ခင်ဗျားတို့ ပေးထားတာသီးနှံ
၃ နှစ်လျော်ကြေး။ ကျုပ်တွေမြေတွေ ဖျက်ဆီးမခံနိုင်ဘူး။
ဖျက်ဆီးခံရရင်တစ်ယောက်နဲ့ တစ်ယောက် ဓားခုတ်မှုတွေဖြစ်ရင် ခင်ဗျားတို
့ရှင်းပေးမှာလား။
ရဲပါတယ်။ အဲဒီစခန်းမှူးက အခုပြောင်းသွားပြီ။ ၃ ခါ သွားတားရတယ်။ပထမတစ်ခေါက်တုန်းက
ကုလားပဲခင်းကြီးကို ဖျက်တော့မှာ။ အဲလူကရှေ့ လည်း
မတိုးနိုင်ဘူး၊ နောက်လည်း မဆုတ်နိုင်ဘူးတဲ့။ ဒီ ဗမာပြည်ပေါ်မှာနေပြီးတော့၊
ဗမာရေ သောက်ပြီးတော့ နင် ဘာ လူဝါးဝတာတုန်း။ မဖယ်ဘူးလို့ ကိုပြောတာ၊
နောက်စခန်းမှူးတွေရောက်လာတော့ ကျုပ်တို့ ကို ဓာတ်ပုံတွေ
ရိုက်တာ။ ဓာတ်ပုံ ကျုပ်တို့ မယ် ရဲစခန်းမှာရှိတယ်။ ဘာအပြစ်ရှိလို့ 
ငါ့ကိုဓာတ်ပုံရိုက်တာတုန်း။ ဒါက ငါ့မြေ ငါပြောပိုင်ခွင့်ရှိတယ်။ နင်တို့ က
ဘာ လူဝါးဝတာတုန်း၊ ကျုပ်က အဲဒီလူကို ဆွဲထားတာ။ မတရား လာလုပ်လုပ်မို
့။ဒီမယ်၊ တို့ က ၀န်ထမ်းလည်း မဟုတ်ဘူး။ ဒီတောင်ယာတွေလုပ်မှ တို
့ကထမင်းစားရတာ။ ရတော့ သီးနှံလျော်ကြေး၊ တို့ က မပေးနိုင်ဘူး မြေတွေ။
ကျုပ်တို့ အတင်းတိုက်ကြတာ တစ်ရွာလုံး၊ ကျုပ်တို့ က နှိပ်စက်ကြတာ။လမ်းကို
သံဆူးကြိုးခတ်ဖို့  ပြင်ဆင်ကြတာ။ ကျုပ်တို့ အခင်းက အကုန်လုံးကိုပါချသွားတာ၊
အပင်တွေအကုန်လှဲသွားတာ။ ဒီတုန်းက သံဆူးကြိုးခတ်မယ်လို့ 
မသိလိုက်ဘူး။ နောက်ပိုင်းကျတော့ ဆီဆိုင်မယ်၊ မြောက်ပိုင်းက
ဆီဆိုင်မယ်စကားပြန်တရုတ်မ ရှိတော့ အဲဒါ သံဆူးကြိုးခတ်မယ် ဆိုတော့ ကျုပ်တို
့ကအခတ်မခံတော့ဘူး။ ပိုက်ဆံလေး ၅ သိန်း ၂ သောင်း ၃ သောင်း
ပေးပြီးတော့ကျုပ်တို့ က သံဆူးကြိုး အခတ်မခံနိုင်ဘူး။ မြေဆိုတာ
တန်ဘိုးမဖြတ်နိုင်ဘူး။ဒီမြေရှိမှ ကျုပ်တို့ ထမင်းစားရမှာ။ ကျုပ်တို
့ဝန်ထမ်းတွေ မဟုတ်ဘူး။
လစဉ်ရနေတာ မဟုတ်ဘူး။ ဒီ သံဆူးကြိုးခတ်သွားရင် ထမင်းစားစရာမရှိတော့ဘူး။ ကျုပ်တို့ က ရတဲ့နည်းနဲ့  တိုက်မှာဘဲ။
မပြောဘူး။ ဘာမှ မပြောဘူး။ သူက ကြက်မွေးမြူရေး ၀က်မွေးမြူရေးတဲ့။ကျုပ်တို
့ကို ကြက်မွေးမြူရေး လာမပြောနဲ့ ။ ကျုပ်တို့ က အဲဒါမျိုးကိုလုံးဝ
လုပ်မစားဘူး။ ကျုပ်တို့ ကို အ ကုသိုလ် လာမပေးနဲ့ ။ သူက ၀က်မွေးရင်
ကြက်မွေးရင် ငွေထုတ်ပေးမယ်၊ သိုးမွေးရင် ငွေထုတ်ပေးမယ်။
မယူဘူး။ကိုသောင်းစိန်က ပြောတာ။ ဦးပိုင်တို့  ၀မ်ပေါင်တို့ က လုံးဝ
မလာဘူး။ဒီက ဦးသောင်းစိန်၊ လွှတ်တော်ဘာဆိုလား ပြောတာဘဲ။ ကျုပ်တို့ က
အဲဒါမျိုးမလုပ်ဘူး။ ကျုပ်တို့ မြေဘဲ ကျုပ်တို့ က လုပ်စားမှာ။
ဝမ်ပေါင်ကအလုပ်ပေးတယ်၊ ဟုတ်တယ်၊ ကျုပ်တို့ က မြေကြီးပေးပြီးတော့ သူတို
့ကျွန်တော့
မခံနိုင်ဘူး။ မသိတဲ့သူကသာ ကျွန်ခံချင်ခံနိုင်မယ်၊ ကျုပ်တို့ 
ကျွန်မခံနိုင်ဘူး။ခင်ဗျားတို့  သိတဲ့အတိုင်းဘဲ။ မြေကြီးရှင်နဲ့ 
ကုမ္မဏီဆိုတာ အကျိုးတူပူးပေါင်းလုပ်ရမှာ။ ကျေကျေနပ်နပ်ဆိုရင်။ အခုတော့
သီးနှံလျော်ကြေးပေးပြီးတော့မြေကို သိမ်းတယ်ဆိုတော့ ကျုပ်တို့ က သူတို
့အလုပ်လည်း မလုပ်နိုင်ဘူး။ဒီအရွယ်ကြီးမှ သူတို့ အလုပ်မခန့် နိုင်ဘူး။ သူတို
့ခန့် တာ ၁၈ နှစ်ခန့် တာ။သူတို့ ဘာလုပ်ခိုင်းသလဲ။ သူတို့ သန့် ရှင်းရေး
လုပ်ခိုင်းတယ်။ သူတို့ ခြင်ထောင်ထောင်ပေးရတယ်။ ကျုပ်က သားတွေချည်းဘဲ ပါတာ။
သမီးတစ်ယောက်မှမပါဘူး။ အဲဒါမျိုးဆိုရင် လုံးဝ လက်မခံဘူး။ အခု သူတို
့အတွက်တောင်
ရင်နာလို့ မဆုံးဘူး။ အောင်မလေး၊ သူတို့ ကို ခြင်ထောင်ချပေးရတာ၊ အိပ်ယာခင်းပေးရတာ၊တရုတ်တွေကို။သူတို့ အ၀တ်အစားတွေ ကို လျော်ရတယ်၊
မဟုတ်တဲ့ အမွှေးတွေကအစ ကောက်ရတာ။ ၀က်ကျွေးရတယ်၊ ၀တ်ချေးကျုံးရတယ်။ ကျုပ်တို
့ဘ၀တွေများ ဘယ်လောက်နစ်နာစရာ ကောင်းသလဲ။ရွာရွှေ့ တဲ့သူတွေကျ အဲသလိုခိုင်းတာ။
ဒီမှာ လာပြောတဲ့အခါကျ သွေးခွဲရုံ
သက်သက်ဘဲ။ သူတို့ က အလုပ်ပေးမယ်ဆိုတော့ ကလေးတွေက
ငွေတွေအကုန်ကျခံလုပ်ကြပေါ့။ တစ်ယောက် ၂ သောင်းလောက်
အကုန်ခံပြီးမှတ်ပုံတင်လုပ်ကြပေါ့။ သူတို့  နစ်နာတဲ့ မြေသိမ်းခံရသူကို
ပေးမှာ။ဒါပေမယ့် စာရင်းကောက်သွားတဲ့အခါ မြေမရှိတဲ့သူတွေ။
မြေမရှိတဲ့အိမ်ဆိုရင်တောင် ဒွေးလေးအိမ်တော်ရင် မြေကိုစွန့် လွှတ်ကြောင်း
လက်မှတ်ထိုးခိုင်းတာ။ မသိတဲ့သူတွေကို ကြားကလူတွေက အချောင်ရိုက်ပြီး
လက်မှတ်ထိုးခိုင်းတာ။ ပိုင်ရှင်မဟုတ်ဘဲနဲ့ ။ အဲဒီလိုလူတွေ ဒီရွာထဲ ရှိတယ်။
ဒါက နယ်ခံတွေလေ။ အုပ်ချုပ်ရေးမှူးတွေလေ။ သူတို့ လုပ်သွားတာပေါ့။သူတို့ ရဲ
့ထောက်ခံမှုကြောင့်ပေါ့။ လာရွေးတာ မဟုတ်ဘူး။
လျှောက်ကြတာ။မြေပိုင်မရှိရင်လည်း သူတို့ ရဲ့ ထောက်ခံမှုကြောင့်။ ဒီက
အုပ်ချုပ်ရေးမှူးတွေက
ထောက်ခံပေး တာ။ ကျုပ်တို့ ရွာက မြေရှိတာလည်း မယူဘူး၊ မြေမရှိတာလည်းမယူဘူး၊
သူတို့ ထောက်ပံ့ကြေးကို တစ်ပြားမှ မယူဘူး။ ဦးပိုင်နဲ့ ကုမ္မဏီကဒီကို
မလာဘူး။ အုပ်ချုပ်ရေးမှူးတွေဆီကတစ်ဆင့် ဆရာမတွေကို ခိုင်းတာ။သူတို့ က
မလာဘူး။ ကြားက ဌာနတွေကဘဲ တစ်ဆင့်ခံပြီး လာကြတာ။
ဒီမြေမရှိရင် ဘာမှလုပ်စားလို့ မရဘူး။ ကားဖြတ်မောင်းရုံတင်ပါ
ဆိုပြီးသီးနှံလျော်ကြေးပေးတာလေ။ နောက်ပိုင်းကျမှသာ သူတို့ က
သံဆူးကြိုးခတ်မယ်ပြောမှ ကျုပ်တို့ က အခတ်မခံနိုင်တာ။ ကျုပ်တို
့စပါးခင်းမယ်စက်ကြီးစမ်းတာလေ၊ ခင်ဗျား နားလည်ချင်မှလည်မယ်။ နွားတွေဖွဲ
တစ်ခွဲစာလောက် ပျက်စီးတယ်၊ ကျုပ် လုံးဝ သွားမပြောဘူး။ စပါးတွေ
စိုက်ပြီးခါစလေ။
ကျုပ်လယ်ကွက်ထဲ သူတို့  စမ်းထားတဲ့အရာကြီး အခုထိရှိသေးတယ်။သီးနှံလျော်ကြေး ပေးထားတယ်ဆိုတော့ ပထမ ကျုပ်တို့ က ဘာမှ မပြောဘူး။
နောက်တော့မှ သံဆူးကြိုးခတ်မှာ၊ အိမ်တွေလည်းဆောက်မှာဆိုတော့မှကျုပ်တို့ က
အိမ်လည်း အဆောက်မခံနိုင်ဘူး။ သူ့ အကွက်ထဲ လာပြီးတော့ဘူဒိုဇာတွေ ထိုးတယ်။
ကျုပ်တို့  သွားတားတော့တာ။ အိမ်လေး ခဏဆောက်တာပါတဲ့။ ယာယီလည်း
အဆောက်မခံနိုင်ဘူး ကျုပ်တို့ က။ဘာဖြစ်လို့ တုန်းဆိုတော့ ခင်ဗျားတို
့ပေးတုန်းက သီးနှံလျော်ကြေး။မြေ၀ယ်တာ မဟုတ်ဘူး၊ မြေ၀ယ်တာဆိုရင် ဘယ်မှာတုန်း
စာချုပ်ပြ ဆိုတော့သူတို့ စာချုပ် မပြနိုင်ဘူး။ ကျုပ်တို့ 
တောသူတောင်သားတွေဆိုတာ ပြောရရင်အရိုးအ အ တွေပါ။ အခုတောင် သူတို့ သင်လို့ 
ဒီလောက်လေး ပြောတတ်
နေတာ။ နဂိုတုန်းကဆို ဘာမှတောင် မပြောတတ်ဘူး။ သူတို့ က ကျုပ်တို
့ကိုလာသင်တာလေ။ သင်လိုက်တော့ သူတို့ ကို ကျုပ်တို့ က
ပြောတတ်သွားပြီ။ကျုပ်တို့ က ဒီမြေလေး ရောင်းမစားနိုင်ဘူး။ ကျုပ်တို့ 
ဘိုးစဉ်ဘောင်ဆက်က
ထားခဲ့တဲ့မြေ၊ ဓားမဦးချမြေတွေ။ ကိုယ့်သားသမီး မျိုးဆက်သာ ပေးချင်တာ။ကျုပ်တို့ မြေတွေ ရောင်းမစားနိုင်ဘူး။
လွှတ်တော်ထဲက ၂၀၁၂၊ ၅ လ ပိုင်း၊ ၆ ရက်နေ့ ကလား၊ ၇ ရက်နေ့ ကလားရက်တောင်
မမှတ်မိဘူး။ အဲဒီနေ့ က လွှတ်တော်က ကြေညာပြီးပြီလေ။ကျုပ်တို့ ဆီမှာရှိတယ်။
မြေယာသုံးစွဲခြင်းကဏ္ဍမှာ ဒီလို လုပ်စားတဲ့မြေကိုလုံးဝ မလုပ်ရ ဘူး။
မြေလွတ်မြေရိုင်းတောင်မှ လမ်းတံတား ဖောက်ဖို့ ရာဘဲအသုံးချရမှာလို့ 
ပါပြီးသား လွှတ်တော်က။ ကြေညာစာတမ်း ကျုပ်အိမ်မှာရှိတယ်၊
ကျုပ်သွားယူလိုက်ရမလား။ အဲဒီကြေညာစာတမ်းရှိလို့  ကျုပ်ကလုံးဝမကြောက်ဘူး။
လွှတ်တော်ရဲ့ ကြေညာစာတမ်းကို ကျုပ်တို့ က ဗီနိုင်းဆွဲထားလိုက်တာလေ။
ခင်ဗျားတို့ လာရင် ပြရအောင်။ ကိုယ့်မြေသိမ်းမှ
ဒီလို ကြေညာချက်တွေကို စိတ်ဝင်စားတာ။ အရင်တုန်းကဆို ဘာသိမှာလဲ။ခုမှ
ကိုယ့်ထိပ်ချမှန်းသိလို့  ဓားပြမှန်းသိလို့  ဓားပြတွန်းလှန်နေရတာ။ဒါ
ဓားပြဘဲ ခင်ဗျ။ တိုတိုပြောရင် အဲဒါ ဓားပြဘဲ။ ပြောပြီးပြီကော။သူတို့ သင်မှ
တတ်တယ် ဆိုတာ။ ကျုပ်တို့  ဗီနိုင်းဆွဲထားတာကြီးကိုရဲတွေကို သွားပြလိုက်တာ။
သူတို့ က ပြန်သွားရော။ လွှတ်တော်ထက်
သေချာတာ ဘာရှိသေးလို့ လဲ။ ကျုပ်တို့ ပါးစပ်ပြောထက်။
ဦးသိန်းစိန်တက်လာပြီးမှ ဖြစ်ကြတာ။ မြေလျော်တာက ဦးသိန်းစိန်
တက်မလာခင်လေးကျုပ်တို့ ကို ကပ်ပြီး ပွတ်ချလိုက်တာ။ ပွတ်ဆွဲ ဆွဲသွားတာ။
တကယ်ဆိုရင် လာလေ၊ပွင့်ပွင့်လင်းလင်းတော့ ပြောလေ။
မြေရှင်ရောနှစ်ဘက်အကျိုးခံစားခွင့်ရှိတယ်ဆိုတာတောင် တောင်ကြီးတော့
အဖြိုမခံနိုင်ဘူး။ တောင်ကြီးပြိုသွားရင် သဘာဝထိခိုက်လာမယ်၊ ကျုပ်တို
့ဒုက္ခရောက်မယ်။
အသေဆိုးနဲ့ သေကုန်ရင် ဘယ်နှယ့်လုပ်မလဲ။ သူများတကာတွေ ငလျင်လှုပ်ရတာနဲ့ ၊
မုန်တိုင်းဝင်တာနဲ့ ။ မုန်တိုင်းကလည်း ရိုက်ခွဲတာဘဲ
ဒီတောင်တွေကို။တောတောင်သဘာဝရေမြေကို ကျုပ်တို့ က
အပျက်စီးမခံနိုင်ဘူး။သဘာဝပတ်ဝန်းကျင်နဲ့ ပက်သက်ပြီး ဘယ်သူက လာပြောရမလဲ။
ဒီလိုဘဲသိတာပေါ့။ ကျုပ်တို့ က ရေဒီယိုနားထောင်ပြီး ရုပ်ရှင်ကြည့်တာဆိုတော့
သိတာပေါ့။ အခု စစ်ကိုင်းတိုင်းထဲမှာတောင် ငလျင်လှုပ်သွားတာဗျာ။ကျုပ်တို့ က
ရေဒီယိုအမြဲနားထောင်နေတော့ သိတာပေါ့။ နောက်ဆုံးဘာပြောချင်သလဲဆိုတော့
တောင်ကြီးလည်း အပျက်မခံနိုင်ဘူး၊ မြေတွေလည်း
အပေးမခံနိုင်ဘူး၊ ဒါဘဲ။
တောင်ကြီးမှာ ဘုရားတွေရှိတယ်။ ရက်စက်တာအသည်းနာလို့ မဆုံးဘူး။ ဘုရားမှ
ဟောဒီလိုလေး ကျန်တော့တယ်။အကုန် လှိုက်ကုပ်ထားတာ။ သူတို့ မဖျက်သလို
မလုပ်သလို။ အဲဒါ လယ်တီဆရာတော် အမြဲတရားထိုင်တဲ့နေရာ။ ဟိုဘက်က
ရွှေမြင်တင်ဘုရားကကျောင်းဘဲ ကျန်တော့တယ်။ အဲဒါက ဘယ်လို ကုပ်ထားသလဲဆိုတော့၊
ဟောဒီလို ဟောဒီလို ပတ်ကုပ်ထားတာ။ နောက်ကနေကြည့်ရင် မကောင်းဘူး။ရှေ့ က
ကြည့်ရင်တော့ အကောင်း။ ရင်နာလိုက်တာ။ ဘာ့ကြောင့်ရင်နာရတာတုန်းဆိုတော့
ကိုယ်မွေးတဲ့ ဗုဒ္ဓဘာသာလေ။ ရင်နာတယ်။
ခွင့်မပြုဘဲ ဘာမှ မသုံးရဘူး။
ဒေါ်အေး
(လက်ပံတောင်းတောင်ဒေသခံ ရွှေလီရွာသူ)
ယနေ့  ညနေ၊ ဗွီအိုအေ မြန်မာပိုင်းမှ ထုတ်လွှင့်သွားသော ဦးတင်မောင်သန်း စီစဉ်တဲ့ “ဒီမိုကရေစီခရီးစဉ်” အစီအစဉ်မှ ကောက်နုတ်ဖော်ပြပါတယ်။
Aungmyo Tun
No comments:
Post a Comment
အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com