" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

ရန်ကုန်မြို့  ကြေးနီစီမံကိန်း ဆနပြသူများကို ဖမ်းဆီး နှိမ်နှင်းနေ


Eleven ​Media ​Group ​ရဲ့ ​နောက်ဆုံးရသတင်းအရ ​သပိတ်စခန်း ​၆ ​ခုထဲက ​စခန်းနှစ်ခုမှာ ​ရဲတပ်ဖွဲ့ဝင်တွေက ​မျက်ရည်ယိုဗုံးတွေ၊ ​ရေပိုက်တွေကို ​အသုံးပြုပြီး ​ဖြိုခွင်းခဲ့တဲ့အတွက် ​ဆန္ဒပြသူတွေနဲ့ ​သံဃာတော်တွေဖယ်ရှားပေးရပြီး ​ရဲတပ်ဖွဲ့က ​နေရာယူထားပြီလို့ ​သွားရောက်သတင်းယူနေတဲ့ ​Eleven ​Media ​Group ​သတင်းထောက်က ​သတင်းပေးပို့ကြောင်း ​ဖော်ပြထားပါတယ်။
လက်ပံတောင်းကယ်ဆယ်ရေးကော်မတီဘက်ကလည်း ​ကြေငြာချက်တစ်ထောင် ​ထုတ်ပြန်ထားပြီး ​ဒီ ​ဆန္ဒပြမှုဟာ ​ငြိမ်းချမ်းစွာဆန္ဒပြခြင်းဖြစ်သာ ​ဖြစ်တဲ့အတွက် ​အကြမ်းဖက် ​နည်းနဲ့ ​နှိမ်နင်းဖြိုမယ်ဆိုရင် ​လက်ရှိအစိုးရရဲ့ ​တာဝန်သာဖြစ်မယ်လို့ ​ကြေငြာချက်ထဲမှာ ​ပါရှိကြောင်းလည်း ​သိရပါတယ်။
ဒီကနေ့မှာတော့ ​တရားဥပဒေစိုးမိုးရေးနဲ့ ​တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဌ ​လည်းဖြစ် ​NLD ​ရဲ့ ​ဥက္ကဌလည်းဖြစ်တဲ့ ​ဒေါ်အောင်ဆန်းစုကြည်က ​ကြေးနီစီမံကိန်းဒေသကို ​သွားရောက်မှာဖြစ်ပါတယ်။
လက်ပန်းတောင်းတောင် ​ကြေးနီစီမံကိန်း ​ရပ်တန့်ဖို့ ​ဆန္ဒပြမှုတွေကို ​ရန်ကုန်မြို့မှာ ​အရင်ရက်တွေမှာ ​ပြုလုပ်ခဲ့ကြသလို ​ပြည်မြို့မှာလည်း ​ပြုလုပ်ခဲ့ကြတယ်လို့ ​သိရပါတယ်။
ရန်ကုန်ဆန္ဒပြမှုအတွင်း ​ဖမ်းဆီးခံရမှုတွေလည်း ​ရှိခဲ့ပါတယ်။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...