" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

ကြေးနီစီမံကိန်း ဆန္ဒပြသူ အယောက် ၅၀ခန့်  ဒဏ်ရာရ

မျက်မြင်သက်သေတွေရဲ့ ​ပြောပြချက်အရ ​ရဲတွေက ​မနက်သုံးနာရီလောက်ကစပြီး ​မျက်ရည်ယိုဗုံးတွေ၊ ​မီးလောင်ဗုံးတွေ ​မီးသတ်ပိုက်တွေနဲ့ ​ဖြိုခွင်း ​ခဲ့တယ်လို့ဆိုပါတယ်။
အခုလို ​အင်အားသုံးဖြိုခွင်းခဲ့တာနဲ့ပတ်သက်ပြီး ​သမတရုံးက ​ဓါတု ​လက်နက်တွေကို ​အသုံးပြုခြင်းမရှိ ​ဘူးလို့ထွက်ဆိုခဲ့ပါတယ်။ ​နိုင်ငံတော် ​သမ္မတရုံးက ​ဒီမိုကရေစီ ​နည်းအရ ​ဖြေရှင်းတာ ​ဖြစ်တယ်လို့ ​ထုတ်ပြန်ကြေငြာချက်ကို ​ထုတ်ပြန်ခဲ့ပြီး ​- ​သမတ ​ကြီး ​အမိန့် ​နဲ့ ​ထုတ်ပြန်ကြေငြာချက်ကိုပြန်
ရုတ်သိမ်း ​ခဲ့တယ်လို့ ​သိ ​ရ ​ပါတယ်။
မုံရွာမြို့ကို ​ရောက်ရှိလာတဲ့ဒေါ်အောင်ဆန်းစုကြည်ကိုထောင်နဲ့ချီတဲ့ ​ဒေသခံပြည်သူတွေက ​ကြိုဆိုခဲ့ကြပြီး ​ဒေါ်အောင်ဆန်းစုကြည်က ​ဆားလင်းကြီးမြို့နယ် ​ကံကုန်းကျေးရွာမှာ ​ဒေသခံပြည်သူတွေနဲ့ ​လဲ ​တွေ့ဆုံ ​ခဲ့ပါတယ်။ ​ဒေသခံပြည်သူတွေ ​နဲ့ ​ကြေးနီစီမံကိန်း ​လုပ်ငန်းရှင်ကြား ​ငြိမ်းချမ်းတဲ့ဖြေရှင်းချက် ​ကို ​ရ ​အောင် ​ညှိနှိုင်းပေး ​ဖို့ ​အတတ် ​နိုင်ဆုံး ​ဆောင်ရွက်မယ် ​လို့ ​ပြော ​ပြီး ​ဆေး ​ရုံ ​တင်ထားတဲ့ ​လူနာတွေကို ​လဲသွားရောက်ကြည့်ရှုခဲ့တယ်လို့သိ ​ရ ​ပါတယ်။
တရုတ် ​နိုင်ငံ ​အစိုးရသတင်းစာ ​ထဲမှာတော့ ​ဆန္ဒပြသူတွေဟာ ​ဖွံ့ဖြိုးတိုးတက်ရေး ​ရ ​ဖို့ ​လမ်း ​ကို ​ပိတ်ဆို့နေတဲ့အ ​ကြောင်း ​- ​အကယ်၍စီမံကိန်း ​ရပ်ဆိုင်းသွားမယ်ဆို ​ရင် ​၂ဦး ​၂ဖက်လုံး ​အကျိုးဆုတ်ယုတ်ကြမှာဖြစ်တဲ့ ​အကြောင်း ​- ​စီမံကိန်း ​ရပ်ဆိုင်းသွားမယ်ဆို ​ရင် ​အပြင်လူတွေ ​အတွက်အကျိုးအမြတ် ​ဖြစ်လာ ​မှာ ​ဖြစ်တဲ့ ​အကြောင်း ​- ​ဒီလို ​ဆန့်ကျင်မှုတွေ ​ကို ​လှုံ့ဆော်ပေး ​ခဲ့ ​တဲ့ ​အနောက်တိုင်းသား ​တချို့ ​က ​ဝမ်းသာ ​ကြိုဆို ​မှာ ​ဖြစ်တဲ့ ​အကြောင်းတွေ ​ရေးသားထားပါတယ်။ ​တရုတ်နိုင်ငံ ​အနေနဲ့ ​ဒီစီမံကိန်းကို ​ဘယ်လိုမှ ​လက်လွှတ်အရှုံးမပေး ​သင့်ဘဲ ​- ​အကယ် ​၍ ​ပိတ်ချ ​သွားမယ်ဆို ​ရင်တောင် ​နိုင်ငံတကာ ​က ​ကျင့်ထုံး ​ကျင့်နည်း ​စံ ​နှုန်းတွေ ​အရ ​လျှော်ကြေး ​တွေ ​ရ ​သင့် ​တယ်လို့ ​တရုတ် ​အစိုးရ ​သတင်းအာဘော်မှာဖေါ်ပြထားပါတယ်။ ​ကြေးနီစီမံကိန်း ​သတင်းနဲ့ပတ်သက်ပြီး ​သတင်းထောက်တွေ ​ရဲ့ ​သတင်းပေး ​ပို့ချက်တွေမှာ ​လဲ ​ဆက်လက်နားဆင် ​ရမှာဖြစ်ပါတယ်။

သပိတ်စခန်းတွေကိုဖြိုခွင်းတဲ့အပေါ် ​သမ္မတရုံးရဲ့သတင်းထုတ်ပြန်ချက်
စစ်ကိုင်းတိုင်းဒေသကြီးမုံရွာခရိုင် ​ဆားလင်းကြီး ​မြို့နယ် ​လက်ပံတောင်း ​တောင် ​စီမံကိန်းက ​သပိတ်စခန်းတွေကို ​အစိုးရက ​ဖြိုခွင်းခဲ့ပြီး ​ဒီမိုကရေစီ ​နည်းအရ ​ဖြေရှင်းတာ ​ဖြစ်တယ်လို့နိုင်ငံတော် ​သမ္မတရုံးက ​ညနေ ​၄ ​နာရီဝန်းကျင်ကသတင်း ​ထုတ်ပြန်ခဲ့ပါတယ်။
သတင်းထုတ်ပြန်ချက် ​၁၁/၂၀၁၂ ​နဲ့ ​ထုတ်ပြန်လိုက်တာဖြစ်ပြီးစုစုပေါင်း ​အချက် ​၆ ​ချက်ပါဝင်တာဖြစ်ပါတယ်။
အရင် ​အစိုးရလက်ထက်က ​ဆောင်ရွက်ခဲ့တဲ့ ​လက်ပံတောင်း ​တောင် ​ကြေးနီ ​စီမံကိန်းကိုတရုတ်ပြည်သူ့ ​သမ္မတ ​နိုင်ငံပိုင် ​ဝမ်ပေါင် ​ကုမ္ပဏီနဲ့  ​မြန်မာ့ ​စီးပွားရေး ​ဦးပိုင်တို့ ​ပူးပေါင်း ​ဆောင်ရွက်နေတာ ​ဖြစ်ပြီး ​နိုင်ငံ့ ​စီးပွားဖွံ့ဖြိုးတိုးတက်စေရေး ​အတွက် ​သဘာဝ ​သယံဇာတ ​ထုတ်ယူမှု ​နည်းလမ်းကို ​သဘာဝပတ်ဝန်းကျင် ​ထိခိုက်မှု ​အနည်းဆုံးနဲ့နိုင်ငံတကာ ​ပြဋ္ဌာန်း ​ချက်တွေ၊နည်းပညာတွေအသုံးပြု ​ဆောင်ရွက်ခဲ့တာ ​ဖြစ်တယ်လို့သတင်းထုတ်ပြန်ချက်မှာ ​ပါရှိပါတယ်။
ဒါ့အပြင်နှစ်နိုင်ငံ ​အကြား ​ချစ်ကြည် ​ရင်းနှီးမှု ​အခြေခံပြီး ​နိုင်ငံတော်တွက်ခြေ ​ကိုက်မှုနဲ့ ​အလုပ်အကိုင် ​အခွင့်အလမ်းတွေ၊  ​နည်းပညာတွေရရှိမှုနဲ့ ​သဘာဝ ​ပတ်ဝန်းကျင် ​ထိန်းသိမ်းမှု ​တွေကို ​စနစ်တကျ ​တွက်ချက် ​ဆောင်ရွက် ​ခဲ့တာဖြစ်တယ်လို့ ​ကြေငြာချက်မှာဖေါ်ပြထားပါတယ်။
အဲဒီသတင်းထုတ်ပြန်ချက်ကို ​အစိုးရပိုင် ​ရုပ်မြင်သံကြားသတင်းအစီအစဉ်တွေကနေညနေပိုင်းအထိ ​ဆက်တိုက်ထုတ်လွှင့်ခဲ့ပါတယ်။   ​အသံ
ဒါပေမယ့် ​ကြေညာ ​ချက်ထုတ်ပြန်ခဲ့ပြီးအကြာခင်မှာ ​အဲဒီကျေညာချက်ကို ​သမ္မတရုံးရဲ့ ​ဝဘ်ဆိုက်က ​ပြန်လည်ရုတ်သိမ်းလိုက်ပါတယ်။ ​ဒီလို ​ပြန်လည်ရုတ်သိမ်းတာကိုလည်း ​တချို့က ​မကျေမနပ် ​ဖြစ်နေကြပါတယ်။ ​အစိုးရရဲ့ ​သဘောထားကို ​ကြေငြာချက်ထုတ်ပြန်ခဲ့ပြီးမှ ​ခုအခါမှာ ​ပြန်ရုတ်သိမ်းလိုက်တာဟာ ​သူတို့အနေနဲ့အဲလို ​သဘောထားမျိုး ​မရှိခဲ့ကြောင်း ​ပြောတဲ့အနေနဲ့ ​လုပ်ဆောင်တာလားဆိုပြီးတော့လည်း ​မေးခွန်းထုတ်နေကြတယ်လို့ ​ရေဒီယိုသြစတြေးလျသတင်းထောက် ​မေငယ်က ​သတင်းပေးပို့ခဲ့ပါတယ်။
သမ္မရုံးရဲ့ ​အရာရှိတစ်ဦးကတော့ ​သမ္မတရဲ့ ​အမိန့်အရ ​ပြန်လည်ရုတ်သိမ်းလိုက်တာဖြစ်တယ်လို့ ​ပြည်တွင်းသတင်းဌာနတစ်ခုကို ​ပြောသွားတယ်လို့ ​ကျိုဒိုးသတင်းမှာ ​ဖော်ပြထားပါတယ်။

ကြေးနီစီမံကိန်းဆန္ဒထုတ်ဖေါ်မှုနဲ့ ​ဒ်ါအောင်ဆန်းစုကြည်ရဲ့အမြင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ​ဒေါ်အောင်ဆန်းစုကြည်ဟာမုံရွာမြို့ကို ​ရောက်ရှိ ​ခဲ့ ​ပြီး ​မုံရွာခရိုင်အတွင်းက ​လက်ပန်းတောင်းတောင်ဒေသ ​က ​ကြေးနီစီမံကိန်းသပိတ်စခန်း ​တွေကို ​အစိုးရကနေ ​မီးသတ်ပိုက်တွေ၊ ​မီးလောင်ဗုံးတွေနဲ့ ​လုံခြုံရေးတပ်ဖွဲ့ဝင် ​ဖြိုခွဲခဲ့ပြီးနောက် ​ဒေသခံ ​ပြည်သူတွေကို ​တွေ့ဆုံစကားပြောခဲ့တယ်လို့ ​သိရပါတယ်။ဒေါ်အောင်ဆန်းစုကြည် ​ကိုထောင်နဲ့ ​ချီတဲ့ ​ဒေသခံပြည်သူတွေက ​ကြိုဆိုခဲ့ကြပြီး ​ဆားလင်းကြီးမြို့နယ် ​ကံကုန်းကျေးရွာမှာ ​ဒေသခံ ​ပြည်သူတွေနဲ့ ​တွေ့ဆုံ ​ပြောကြားခဲ့တာနဲ့ပတ်သက်ပြီး ​ဗိုလ်ကြီး ​ဟောင်းနေမျိုးဇင်က ​အခုလို ​ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်က ​ညနေစောင်းမှရောက်လာတယ်၊ ​တော်တော်မှောင်မှရောက်လာတယ်၊ ​သူကတော့ ​လောလောဆယ်မှာတော့ ​တဖက်လုပ်ငန်းရှင်တွေအဖွဲ့နဲ့ ​တွေ့ခဲ့ပြီးပြီ၊ ​မနက်ဖြန်မှာ ​မုံရွာမှာ ​ဟိုဘက်ကမ်းမှာ ​ချင်းတွင်းမြစ်ကမ်းမှာ ​ဟောပြောပွဲလုပ်ဖို့ ​စီစဉ်ထားပါတယ်။ ​သူကလူထုကိုညှိနှိုင်းပေးမယ်ပေါ့နော် ​လောလောဆယ်တော့ ​သူဆုံးဖြတ်ချက်မချရသေးဘူး၊ ​တဖက်လုပ်ငန်းရှင်ရဲ့အပြောပဲ ​သူကြားခဲ့တယ်၊ ​ဒေသခံတွေရဲ့ ​နစ်နာဆုံးရှုံးမှု ​သူမသိသေးဘူးလို့ပြောတယ်၊ ​အဲဒါကို ​လူထုကိုကျမက ​ဆုံးဖြတ်ပေးမယ်၊ ​ညှိနှိုင်း ​ပေးမယ်ဆို ​လက်ခံမလား၊ ​လူထုထောက်ခံမလားလို့ ​မေးတယ်၊ ​လူထုကလည်း ​တခဲနက် ​ထောက်ခံပါမယ်၊ ​ညှိနှိုင်းပေးပါလို့ ​ပြောပါတယ်။”
 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ​ဒေါ်အောင်ဆန်းစုကြည်ဟာ ​ဒေသခံတွေနဲ့ ​တွေ့ဆုံပြီးနောက် ​မုံရွာမြို့ကို ​ဆက်လက်ထွက်ခွာသွားပြီး ​မုံရွာဆေးရုံမှာ ​ဆေးကုသမှုခံယူနေတဲ့ ​သံဃာတော်တွေကို ​သွားရောက်တွေ့ဆုံ ​ခဲ့တယ်လို့ ​သိရပါတယ်။ ​ဒါအပြင် ​မီးလောင်ဗုံးတွေနဲ့ ​အကြမ်းဖက်ဖြိုခွင်း ​တိုက် ​ခိုက် ​ခံရတဲ့အတွက် ​သံ ​ဃာတော်တွေအတော်များများဒဏ်ရာရရှိခဲ့တာနဲ့ ​ပတ်သက်ပြီး ​သံဃာ ​တော် ​တပါးက ​အခုလိုမိန့်ပါတယ်။
“ဦးပဇင်းတို့စဖြစ်တာက ​သူတို့ ​ဦးပဇင်းတို့အတွင်းကို ​ရဲအဖွဲ့တဖွဲ့ကနေပြီးတော့ ​ပထမ၀င်လာပြီးတဲ့အခါကျတော့ ​ဦးပဇင်းတို့ထွက်ပေးပါတဲ့ ​အေးအေးဆေးဆေးနဲ့ ​အေး..အေးအေးဆေးဆေးနဲ့ပဲ ​ဆင်းပေးမယ်၊ ​မင်းတို့ ​ခနလေးတော့ ​အချိန်ပေးပါ၊ ​သူတို့နဲ့ ​နဲနဲညှိနေတဲ့အခါကျတော့ ​အကြမ်းဖက်တဲ့ကောင်တွေက ​၀င်လာပြီးတော့ ​မီးလောင်ဗုံးတွေနဲ့ ​ပစ်ခွဲတယ်၊ ​ဦးပဇင်းတို့က ​ကျော်ရွာဘက်ကိုထွက်ပြေးတဲ့အခါကျတော့ ​နောက်ကနေလိုက် ​လိုက် ​ပြီးတော့ ​ခွဲနေတာပဲ ​ခြောက်တာလိုလို ​လန့်တာလိုလိုနဲ့ ​ဦပဇင်းအနားကျလာတဲ့အလုံးဆိုလို့ရှိရင် ​ဦးပဇင်းမှာ ​တော့ ​တအားခုန်ထွက်ရတာပေါ့၊ ​မီးတွေဝိုင်းလို့ ​ခုန်ထွက်လိုက်တြ့အခါကျတော့ ​လွတ်သွားတယ်၊ ​သင်္ကန်းလည်း ​မီးတထည်ပေါက်သွားတယ်၊ ​မလုပ်ပါနဲ့ ​ပြောလို့လည်းမရဘူး၊ ​ဘယ်လိုမှတောင်းပန်လို့မရဘူး၊ ​တအားကို ​ရက်ရက်စက်စက်လုပ်တယ်၊ ​ဒဏ်ရာရတာ ​အပါး ​၂၀ကတော့ ​သေချာပေါက်ကျော်တယ်၊ ​ဘယ်လောက်ဆိုလည်း ​ဥစ္စာကတော့ ​အတိအကျပြောလို့မရဘူး၊ ​၀က်မှေးဆိုရင် ​မသွဲ့သွဲ့ဝင်းညီမ ​ဖြူဖြူဝင်းဆိုတာ ​မျက်နှာတွေရော၊ ​ပေါင် ​တွေရောလို့ ​ပြောတယ်လောင်တာ၊ ​ရွာကတော့ ​ခြေထောက်တွေ၊ ​ဘာတွေတော့ထိတယ်။”
၈၈မျိုးဆက်ကျောင်းသာများအဖွဲ့ကလည်း ​လက်ပန်းတောင်းတောင်အရေး ​မှာ ​အကြမ်းဖက်ခွင်း ​မှု ​ကိုဖြေရှင်းပေးဖို့ ​လွတ်လပ်တဲ့ ​စုံစမ်းစစ်ဆေးရေးကော်မရှင်တရပ်ဖွဲ့ ​စည်းပြီး ​စုံစမ်းစစ်ဆေးဖို့ ​တောင်းဆို ​ခဲ့တယ်ဆိုတဲ့အကြောင်း ​RA ​သတင်းထောက်မြတ်မိုးက ​သတင်းပေး ​ပို့ခဲ့ပါတယ်။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...