" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

ကြေးနီ စီမံကိန်း စေ့စပ်ညှိနှိုင်းရေး လက်မခံနိုင်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ဖျက်ဆီးပျောက်ပျက်သွားတော့မည့် လယ်တီ ဆရာတော်ဘုရားကြီး သီတင်းသုံးနေထိုင်ခဲ့သည့် သမိုင်းဝင် သာသနအဆောက်အဦး ပတ်ပတ်လည်တွင် မြေများ တူးဖော်ခြင်း မိုင်းကွဲခြင်းများ ပြုလုပ်နေပုံ

စိမ်းလန်းငြိမ်းချမ်းတဲ့ တောင်လုံးတွေကြားကို မြေထိုးစက်၊ မြေတူးစက်၊မြေသယ်ယာဉ်တွေ ၀င်လာတယ်။ လက်ပံတောင်းတောင်ကြီးရဲ့ အသားကိုလှီးကြ ဖဲ့ကြ ခုတ်ကြ ထစ်ကြ ထိုးကြ ဖောက်ကြ လုပ်ပြီး လက်ပံတောင်း တောင်ရဲ့  အူ အသည်းတွေကို နုတ်ယူကြတယ်။ တောင်ကြီးရဲ့ အသားထဲကိုထွင်းဖောက်၊ မိုင်းမြှုပ်ပြီး ဖောက်ခွဲကြတယ်။ လက်ပံတောင်းတောင်ပေါ်ကမိုင်းခွဲသံဟာ မုံရွာတစ်မြို့ လုံး သိမ့်သိမ့်တုန်တယ်။ မိုင် ဆယ်နဲ့ ရာနဲ့ ချီပြီး အသံဆိုးလှိုင်းကြီး ခုန်သွားတယ်။ မီးခိုးလုံးကြီးတွေ တောင်ပေါ်ကိုဝေ့တက်သွားတယ်။ ငြိမ်းချမ်းတဲ့လက်ပံတောင်းတောင်ကြီးဟာ
မီးတောင်ကြီးညဖစ်လာပါကလား။ လူဖောက်ခွဲဖန်တီးတဲ့မီးတောင်။ လက်ပံတောင်းရဲ့  ရင်ထဲကကြေးနီကို လိုချင်လို့ ဖောက်ခွဲဖျက်ဆီး အသေသတ်နေတာ။ဆဒ္ဒန်ဆင်မင်းကို သောနုတ္ထရမုဆိုး မြားနဲ့ ပစ်ခွင်းပြီး သတ်နေသလိုပါဘဲ။

သူတို့ က လက်ပံတောင်းတောင်ကို ဖောက်ခွဲခုတ်ဖြတ်နေရုံသာမကအဲဒီတောင်ထဲက ထွက်လာတဲ့မြေစာတွေကို ပတ်ဝန်းကျင်မြေယာစိုက်ခင်းတွေထဲ သွားပုံတယ်။ စိုက်ခင်းမြေယာတွေ ပျက်စီးကုန်တာပေါ့။ ဒီလောက် မကသေးဘူး။ ပတ်ဝန်းကျင် ရွာတွေပေါ်မှာလည်း ဒီမြေစာတွေပုံမယ်၊ကြေးနီလုပ်ငန်းမျိုးစုံကို လုပ်မယ်၊ မြေကြီးတူးပြီး တွင်းကြီးတွေ လုပ်ချင်လည်းလုပ်မယ်။ ဒီတော့ ဒီရွာတွေ ဒီနားမနေနဲ့ ၊ ဝေးရာသွားလို့ နှင်ထုတ်တယ်။ ဘုန်းတော်ကြီးတွေလည်း ဒီနားမနေနဲ့ ၊ ဝေးရာသွားလို့ နှင်ထုတ်တယ်။လယ်တီဆရာတော်ကြီးရဲ့  ကကျောင်းတွေ၊ သိမ်တွေ၊ ဘုရားတွေလည်းပျက်အောင်လုပ်ကြမလို့ ။ ညောင်ပင်အိုင်ဆရာတော်ကြီး ပြုပြင်ထားတဲ့အဏုမြူကပ်ကျော်စေတီလည်း ဖျက်မှာဘဲ။ ကြေးနီကိုလိုချင်တဲ့သူတွေဟာဘုရားမှန်းလည်း မသိတော့ဘူး။ ကျောင်းမှန်လည်း မသိတော့ဘူး။ ရွာသားတွေကို လူတွေရယ်လို့ လည်း အသိအမှတ်မပြုတော့ဘူး။ဘနဖူး သိုက်တူးဆိုတဲ့ ဗမာစကားအတိုင်းပါဘဲ။ တစ်ပြားနဲ့ ဘုရားကိုလဲကြမလို့ ။

ဒီတော့ ရပ်သူရွာသားတွေကလည်း မခံနိုင်ကြဘူး။ သေချင်သေပေစေဆိုတဲ့စိတ်ဓာတ်နဲ့ ကန့် ကွက်ကြတာပေါ့။ လက်ပံတောင်းတောင်ပတ်ဝန်းကျင်ထန်းပင်ထန်းတောတွေကြား၊ နှမ်းခင်းပဲခင်းတွေတ၀ိုက် ရွာသူရွာသားတွေရဲ့  ကန့် ကွက်သံ ပွက်ပွက်ညံနေပါတယ်။ ကိုယ့်အိမ်ဆုံးရှုံးရမှာမို့ ၊ ကိုယ့်ယာပျက်စီးဆုံးရှုံးရမှာမို့ ၊ ကိုယ့်ကိုစားစရာတွေအမြဲပေး အလှတွေအပေးနေတဲ့တောင်ကြီး ပျက်စီးဆုံးရှုံးရမှာမို့  ရွာသူရွာသားတွေဟာ အဖမ်းခံရမယ့်အန္တရယ်ကိုလည်း မကြောက်၊ အသက်တောင် သေချင်သေပေစေဆိုတဲ့သန္နိဌာန်နဲ့  ဆန္ဒပြကြတာပါ။ ဘေးပယောဂကြောင့်ဆိုတဲ့ အတွေးအခေါ် ကတော့ ချော်လွန်းလှပါတယ်။ ပြည်သူ့ အကျိုးကို လျစ်လျူရှုရာ ရောက်လွန်းပါတယ်။ ဒီလက်ပံတောင်းတောင်လူထု ဆန္ဒပြကြတာကတော့ သူတို့ ဘ၀၊သူတို့ အဖြစ်ကို လက်မခံနိုင်လို့  အသက်စွန့် ဆန္ဒပြကြတာပါ။ ဘ၀အနာက လူတွေကို သတ္တိပေးတယ်၊ အသိအလင်းပေးတယ်။ အဲဒီ သတ္တိမျိုးကငွေပေးဝယ်လို့ လည်း မရဘူး။ မြှောက်ပင့်လှည့်စား မြှူဆွယ်လို့ လည်းမရပါဘူး။ ဒီ အသိအလင်းက သူတို့ ဘ၀က ပေးနေတာ။ ဘ၀အခြေအနေကြောင့် ပညာမျက်စိပွင့်လာကြတာ။ အသိပွင့်လာကြတာ။ သတ္တိပွင့်လာကြတာ။လူထုရဲ့ ဆန္ဒပြပွဲကြီးဟာ ကမ္ဘာမြေတုန်လောက်ခမန်းပါဘဲ။ တစ်ရက်တည်း၊ တစ်ခါတည်း ဆန္ဒပြနေတာ မဟုတ်ဘူး။ ရက်ပေါင်းများစွာ၊ အကြိမ်ပေါင်းအထပ်ထပ်၊ သံဃာတော်တွေပါ။ ဒီဒေသလူထုတွေက ဒီတောင်ကြီးကို လုံးဝ မပျောက်မပျက်စေချင်တာပါ။ တောင်ပျောက်မခံနိုင်ဘူး။ ဒါကို မစေ့စပ်နိုင်ဘူး။

လက်ပံတောင်းတောင်ကြီးဟာ မုံရွာဘက်ကမ်းက ကြည့်ရင်လည်း အလွန်လှတယ်။ မုံရွာမြို့ က ချင်းတွင်းမြစ်ရဲ့ အရှေ့ ဘက် ကမ်းပေါ် မှာ၊ လက်ပံတောင်းတောင်ကြီးက အနောက်ဘက်ကမ်းပေါ်မှာ မျက်နှာချင်းဆိုင်ဆိုတော့လက်ပံတောင်းတောင်ကြိးဟာ မုံရွာမြို့ ရဲ့ အလှကျက်သရေဖြစ်ပါတယ်။

ဒီအလှကျက်သရေမျိုးကို ရန်ကုန်မြို့ တောင် မရပါဘူး။ မြစ်နဲ့  တောင်နဲ့  မြို့ နဲ့ အလွန်ရှားတဲ့ အလှပါ။ အခု ကြေးနီလုပ်ငန်းလုပ်ရင် ဒီတောင်ကြီး လုံးဝပျက်စီးပျောက်ကွယ်သွားမှာပါ။ ဒီလိုလှတဲ့တောင်ကြီးဖြစ်လာအောင် ဘယ်ကုမ္ဖဏီကပြန်လုပ်ပေးနိုင်မှာတုန်း။ ဒါ့ကြောင့် မုံရွာမြို့ သူမြို့ သားတွေကတော့ ကိုယ့်မြို့ ရဲ့ သဘာဝ အလှကြီးကို ဖျက်ဆီးပစ်မခံနိုင်ပါဘူး။ ဒီတော့ လက်ပံတောင်းတောင်ဖြိုမယ့်ကိစ္စကို မုံရွာသားတွေက ဘယ်လိုမှမခံနိုင်ပါဘူး။ လက်ပံတောင်းတောင်ကြေးနီလုပ်ငန်းကြီးကို လုံး (လုံးဝ)ဖျက်သိမ်းပါလို့  တောင်းဆိုလိုက်ပါတယ်။“ဒီမြေဟာ ငါတို့ မြေ တို့ ရောင်းစားရမလေ” လို့  သီချင်းမဆိုချင်ပါဘူး။

အံ့မောင်
မုံရွာ
၁၉၊ ၁၁၊ ၂၀၁၂

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...