" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး

ရွှေဝါရောင်တော်လှန်ရေး ဖြစ်စဉ်အတွင်း လုံခြုံရေးယူထားသော နအဖ စစ်သားများ စာဖတ်ပရိတ်သတ်များ ခင်ဗျား
ဒီအစီရင်ခံစာဟာ နအဖရဲ့ အတွင်းသတင်း အစီရင်ခံစာဖြစ်လို့ ပေးပို့လာသူ KM အား ကျွန်တော် ကိုဖိုးတရုတ်မှ အထူး ကျေးဇူး တင်ရှိပါတယ်။ နအဖရဲ့ အစီရင်ခံစာကို KM မှ “စည်းလုံးခြင်းရဲ့အင်အား” ၀က်ဘ်ဆိုဒ်သို့ ပေးပို့ ထားသည်မှာ အနည်းငယ် ကြာမြင့်နေပြီ ဖြစ်ပါတယ်။ ဤ၀က်ဘ်ဆိုဒ်ကို ရန်သူမှ တိုက်ခိုက်နေသည်နှင့် ကြုံတွေ့နေရသဖြင့် ၀က်ဘ်ဆိုဒ်ကို ယာယီရပ်ဆိုင်း၍ ပြန်လည် ပြုပြင်နေရခြင်းကြောင့် ယခုလို နောက်ကျပြီးမှ တင်ပြရသည်ကို ခွင့်လွှတ်စေချင်ပါတယ်။ ဤအစီရင်ခံစာတွင် ပါရှိသော ရဲမှူးချုပ် သန်းဟန်ဟာ ရွှေဘိုခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌအဖြစ် ဆောင်ရွက်နေချိန်မှာ
ဒီပဲယင်းအရေးအခင်း ကြီးကြပ်ခဲ့သူ သမိုင်းတရားခံ တစ်ဦးဖြစ်ကြောင်း စစ်ဖက်နီးစပ်သူများရဲ့ ဖော်ထုတ်ချက်အရ သိရှိရပါတယ်။ ယခုတဖန် ရဲမှူးချုပ် သန်းဟန်ဟာ ဘုရားသားများကို ရက်စက်စွာ ကျူးလွန်ခဲ့သူ ဖြစ်နေပြန်သဖြင့် သမိုင်းတရားခံ နှစ်ကျော့ပြန်သူအဖြစ် မှတ်တမ်းတင်အပ်ပါတယ်။ ဒီအစီရင်ခံစာဟာ နအဖ အောက်ခြေ ၀န်ထမ်းတွေအနေနဲ့ သူတို့ကျူးလွန်ခဲ့တဲ့ အပြစ်တွေကို ဖုံးကွယ်ပြီး ဆန္ဒပြသူတွေကို သာသာထိုးထိုး အပြစ်တင်ရေးသားတင်ပြထားတဲ့ အစီရင်ခံစာဖြစ်ကြောင်း လေ့လာ သိရှိနိုင်ပါတယ်။ ပြည်သူလူထုအနေနဲ့ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးကို ပြန်လည် သတိရရင်း ရှေ့ဆက် တိုက်ပွဲဝင်သွားဖို့ ရည်ရွယ် တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။
ဆောင်းပါးရှင် - KM
စက်တင်ဘာလ (၂၇) ရက် (၁ဝး၃ဝ) ချိန်ခန့် ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ် အလယ်ပစ္စယံတွင် သံဃာ (၁ဝဝ) ပါး စုစည်းလျှက်ရှိ။ ရဲတပ်ရင်းများ ကွပ်ကဲမှုညွှန်ကြားရေးမှူး ရဲမှူးချုပ်သန်းဟန်ဦးစီးပြီး လုံခြုံရေးတပ်ခွဲ (၁) ခွဲဖြင့် အဆိုပါ ဖြစ်စဉ်နေရာအား သွားရောက်ကြည့်ရှုခဲ့။ သံဃာများသည် လမ်းကြောင်းပိတ်၍ အုပ်စုဖွဲ့ နေလျှက်ရှိရာ ရဲမှူးချုပ်သန်းဟန်မှ သံဃာများအား ယခုလုပ်ရပ်သည် ထုတ်ပြန်ပြီးဖြစ်သော သာသနာဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်မှု ဖြစ်သည့်အပြင် ပုဒ်မ - ၁၄၄ ထုတ်ပြန်ပြီး အခြေအနေကိုလည်း ကျူးလွန်လျှက်ရှိကြောင်း၊ သို့ပါ၍ အေးချမ်းစွာ မိမိကျောင်းများသို့ ပြန်ကြစေရန် (၃) ကြိမ်ခန့် ပင့်ဆောင်ရာ သတ္တိရှိစွာ လိုက်နာမှု မရှိကြပါ။
(၁၁း၁၅) ချိန်တွင် အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ အလုံလမ်းရှိ ဇဗ္ဗူရတနာကျောင်းတိုက်မှ သံဃာ (၄၂) ပါးသည် အာဇာနည်လမ်းအတိုင်း တပ်မတော် ဓမ္မာရုံ၊ ပြန်ကြားရေး ဓမ္မာရုံကြား ရှိ ပိုက်လုံးလမ်းမှ ကြားတောရလမ်း၊ ၄င်းမှ ကြေးသွန်းဘုရားရှေ့သို့ (၁၂းဝဝ) ချိန် ရောက်ရှိပြီး အလယ်ပစ္စယံမှ ဆင်းလာသော သံဃာများနှင့် ပူးပေါင်းသဖြင့် စုစုပေါင်း သံဃာ (၃ဝဝ)၊ လူ (၃ဝဝ) ခန့် ရှိလာခဲ့။
ရွှေဝါရောင်တော်လှန်ရေးဖြစ်စဉ်အတွင်း တာဝန်ကျ လုံထိန်းရဲများနှင့် စစ်သားများ
(၁၂း၁ဝ) ချိန်မှစ၍ ရဲတပ်ဖွဲ့ဝင်များ၊ စွမ်းအားရှင်များ၊ ဂေါပကအဖွဲ့ဝင်များမှ လူစုခွဲရန်နှင့် အေးချမ်းစွာ သက်ဆိုင်ရာ ကျောင်းအသီးသီးသို့ ပြန်ကြရန် အကြိမ်ကြိမ် လျှောက်ထားသော်လည်း မရပါ။ (၁၂း၂ဝ) ချိန်တွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ စတင် လုံးထွေးဖမ်းဆီးခဲ့ရာ ကပ်လျှက်ရှိသော သံဃာများလည်း မဟာအောင်မြေဘုံကျောင်း အတွင်းသို့ ပြေးဝင်သွားခဲ့။
(၁၂း၃၅) ချိန်တွင် ကျောင်းအတွင်းသို့ ပြေးဝင်သွားသော လူပုဂ္ဂိုလ်များမှ အုတ်ခဲများ၊ သားရေဂွများ၊ တုတ်များဖြင့် ပစ်ခတ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအား အနီးကပ် အန္တရာယ်ပြု လက်နက်လုယူရန် (၂) ကြိမ်တိုင် အင်အားဖြင့် ချဉ်းကပ် ထိုးဖောက်မှုကြောင့် လူအုပ်စုအတွင်းသို့ မျက်ရည်ယိုဗုံး ( ၉ ) လုံး ပစ်ခတ်လူစုခွဲခဲ့။
(၁၂း၅ဝ) ချိန်ခန့်တွင် လူ (၃ဝ) ဦးနှင့် သံဃာ (၂ဝ) ခန့်သည် ကြားတောရလမ်းရှိ ကျောင်းအတွင်းသို့ ပြေးဝင်သွားပြီး ကျန်သံဃာများနှင့် လူများသည် ရွှေဂုံတိုင်လမ်းဆုံနှင့် ဓမ္မစေတီလမ်းဘက်သို့ လူစုခွဲ ထွက်ခွာသွားခဲ့။ ဖြစ်စဉ်တွင် အောက်ပါ ရဲတပ်ဖွဲ့ဝင်များ ဒဏ်ရာရရှိခဲ့ -

(က) ရတရ (၁) ရင်းမှူး ဒုရဲမှူးကြီးသက်လွင် ဝဲဘက် မျက်ခုံး တစ်လက်မခန့်ကွဲ။
(ခ) ရတရ (၁) မှ လ/၂၁၄ဝ၇၄ တသ ကျော်ဇေယျထွန်း နဖူးအလယ်ရှပ်မှန်။
(ဂ) ရတရ (၁) မှ လ/၁၈၆ဝ၈၄ ရဲဒုတက မိုးကျော်ဦး ဘယ်ခြေထောက် ခဲမှန်ဖူးရောင်။
(ဃ) ရတရ ၈မှ လ/၁၄၄၂၈၈ ရဲဒုတက တင်သိန်း နဖူး ယာဘက် မျက်ခမ်းနှင့် ဝဲရင်ဘတ်တို့တွင် ခဲမှန်။
ရေတာရည်လမ်းဟောင်း ငွေရသဃာင်္န်းတိုက်ရှေ့တွင် ရပ်ထားသည့် ဗဟန်း မနရ ပိုင် အပြာရောင်ဒရင်း (ဖ်) အမျိုးအစားနှင့် အပြာရောင် ကန်ဘိုအမျိုးအစား ဆိုင်ကယ် (၂) စီး မီးရှို့ခံရ။ (၁ဝး၃ဝ) ချိန်မှစ၍ ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းဆုံတွင် လူများစုရုံးခဲ့ရာ (၁၁း၃ဝ) ချိန် အင်အား (၃ဝဝဝ) ခန့် ဖြစ်လာခဲ့၊ ထိုအချိန်တွင် လမ်းဆုံမီးပွိုင့် ညာခြမ်း၌ ရှေ့ဆုံးမှ သံဃာ (၃) ပါးသည် ဖယောင်းတိုင် (၃) တိုင်နှင့် အမွှေးတိုင်များထွန်း၍ ရေသန့်ဘူးများထောင်ပြီး မေတ္တာပို့ရွတ်ဆိုနေစဉ် နောက်မှ လူ (၂ဝဝ) ခန့်က လိုက်ပါရွတ်ဆိုခဲ့၊ အခြားတဖက်မှ ရပ်ကြည့် နေသူများမှာလည်း ”ဗိုလ်ချုပ်သင်ပေးသော စစ်ပညာ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး၊ ပြည်သူ့ဆန္ဒ ပြည့်ဝစေရမည်ဟု” အော်ဟစ်၍ လည်းကောင်း၊ နိုင်ငံတော် သီချင်းအားလည်းကောင်း သီဆိုနေခဲ့။
(၁၂း၃ဝ) ချိန်တွင် ကုန်သည်ကြီးများ ဟိုတယ်ဘက်မှ ဆူးလေဘုရားလမ်းအတိုင်း ခမရ (၇၁ဝ) မှ စစ်ကြောင်း (၁/၂) နှင့် ခွဲ (၄) ခွဲ ရောက်ရှိလာပြီး ဆူးလေမီးပွိုင့်တွင် ရှေ့နောက်နှစ်ဘက်ညှပ်ကာ မီးခိုးဗုံး (၈) လုံးနှင့် ရာဘာကျည် (၄) တောင့် ပစ်ခတ်၍လည်းကောင်း ခြောက်လှန့်ပစ်ခတ်မှုများ ပြုလုပ်ခဲ့။
လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ဆန္ဒပြသူများအား ဖမ်းဆီးခဲ့ရာ ည (၁၂း၄၅) ချိန်ထိ ကျား (၁၂၂) ဦး၊ မ (၂၅) ဦး၊ ပေါင်း (၁၄၇) ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း၊ ထိုသို့ ခြောက်လှန့်ပစ်ခတ်မှု ဖြစ်စဉ်တွင် ဂျပန်နိုင်ငံသား (NHGADKMJI) အသက် (၅၅) နှစ် ခန့်ရှိ ပစ်စ်ပို့ အမ်အက်စ် ဝဝ၂၂၂ဝဝဝ ဓါတ်ပုံသမား ကျား (၁) ဦးမှာ ယာဘက်ဝမ်းဗိုက်အောက် ထိမှန်သေဆုံးခဲ့ပါသည်။
အောက်ပါဒဏ်ရာရရှိ ဖမ်းဆီးရမိသူများအား ရန်ကုန်ဆေးရုံကြီးသို့ (၁၃း၃၅) ချိန် ပို့ဆောင်ပေးခဲ့ (အားလုံးစိုးရိမ်ရ)
(က) (ဦးရှယ်လစ်) ၄၁ နှစ် (ဘ) ဦးလှသောင်း၊ အမှတ် (၁၃) ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ ဝဲခြေသလုံး ထိမှန်။
(ခ) သူရိန်လင်း (၁၉) နှစ် (ဘ) ဦးအောင်မြင့်၊ အမှတ် (၆၉) ၊ ဇေယျသိဒ္ဓိလမ်း၊ ကျောက်မြောင်းရပ်ကွက်။ တာမွေမြို့နယ်၊ (ဝဲရင်အောက်ထိမှန်)
(ဂ) မြသန်းထိုက် (၂၆) နှစ် (ဘ) ဦးမြသန်း၊ အမှတ် (၃၄၅) ဥက္ကလာပလမ်း၊ (ဇ/တောင်) ရပ်ကွက် သင်္ဃန်းကျွန်းမြို့နယ်၊ (ဝဲပါးစပ်အနီးထိ)
(၁၄း၃ဝ) ချိန်တွင် အရှေ့မြင်းပြိုင်ကွင်းလမ်းပေါ် လေးထောင့်ကန်လမ်းရှိ ဆူပါဝမ်းမားကက်ရှေ့၊ မြောက် / အရှေ့ မြင်းပြိုင်ကွင်းထောင့်တွင် လူအင်အား (၁ဝဝဝ) ခန့်စုရုံး နေသဖြင့် ရတ ခမရ (၁ဝ၆) စက (၁) နှင့် ခွဲ (၁) ခွဲ၊ ရတခမရ (၃၁၃) စက (၁) နှင့် ခွဲ (၁) ခွဲတို့အား လေးထောင့်ကန်လမ်းအတိုင်း စူပါဝမ်းမားကက်ဘက်မှ ထိုးဖောက် ရှင်းလင်းစေခဲ့။
(၁၅းဝဝ) ချိန်တွင် ရတခမရ၁ဝ၁ စက (၁/၂) နှင့် ခွဲ (၄) ခွဲသည် အရှေ့ မြင်းပြိုင်ကွင်းလမ်းအတိုင်း တောင်မှ မြောက်သို့ ထွက်ခွာလာစဉ် လူအင်အား (၁ဝဝဝဝ) ခန့်မှ အဆာဟိမှန်ဆိုင်ရှေ့တွင် မှန်ကြီးများထည့်သည့် သစ်သားဘောင်များဖြင့် လမ်းအား ပိတ်ဆို့ တားဆီးထားသည်ကို တွေ့ရှိရ၍ ရပ်တန့်ပြီး အတူလိုက်ပါလာသည့် ရန်ကုန်တိုင်းရဲမှူး အေးသန်းမှ လက်ကိုင်အသံချဲ့စက်ဖြင့် လူစုခွဲရန် (၃) ကြိမ် ပြောခဲ့သော်လည်း လူစုကွဲ မသွားသောကြောင့် ပိတ်ဆို့ထားသည့် သစ်သားတန်းများအား ဖယ်ရှားပြီး လူစုကွဲရန် မီးခိုးဗုံး (၃) လုံး ပစ်ခတ်ခဲ့သော်လည်း လူအုပ်စုကွဲသွားခြင်း မရှိသဖြင့် သေနတ်ဖြင့် (၈) ချက်ခန့် မိုးပေါ်ထောင်ဖောက်ခဲ့။
သို့သော် လူအုပ်စုကွဲသွားခြင်း မရှိခြင်းကြောင့် ရာဘာကျည်ဖြင့် ပစ်ခတ်ရှင်းလင်းမှသာ ပိတ်ဆို့နေသော လူအုပ်စုသည် ထွက်ပြေးသွားခဲ့၊ လိုက်လံဖမ်းဆီးရာ ရဟန်း (၂) ပါး၊ ကိုရင် (၁) ပါး၊ ကျား (၁၃ဝ) ဦး ၊ မ (၄ဝ) ဦး၊ ဖမ်းဆီး ရမိပြီး လမ်းဘေးရှိ အကျယ် (၁) ပေခွဲ အနက် (၂) ပေခွဲခန့် ရှိ ကွန်ကရစ် ရေမြောင်းအတွင်း အသက် (၂၁) နှစ်ခန့်ရှိ ကျား (၁) ဦး နှင့် အသက် (၂ဝ) နှစ်ခန့်ရှိ မ (၁) ဦးအား (၁၅) ပေ ခန့် ကွာလျှက်သေဆုံးနေသည်ကို တွေ့ရှိရ သေဆုံးသူ (၂) ဦးအား စိစစ်ရာ အမျိုးသမီးမှာ ရေမြောင်းထဲ ပြုတ်ကျကာ ရေမြောင်းဘောင်နှင့် နောက်စေ့ ရိုက်မိဒဏ်ရာဖြင့် သေဆုံးနေကြောင်းနှင့် အမျိုးသားမှာ ရေမြောင်းအတွင်း မှောက်လျက် ပြုတ်ကျဒဏ်ရာ ဖြင့် သေဆုံးနေကြောင်း သိရှိရ။
(၁၄း၃ဝ) ချိန် မင်္ဂလာတောင်ညွန့်မြို့နယ် စက်ရုံလမ်းအတိုင်း ချီတက်လာသော လူထုအင်အား (၁ဝဝဝ) ခန့်သည် နိုင်ငံတော်အလံ လွင့်ထူ၍ ခွပ်ဒေါင်းအလံ ၁ခု ကိုင်ဆောင်ပြီး ကျိုက္ကဆံလမ်းအတိုင်း ချီတက် လာခဲ့ရာ ကျောက်မြောင်းမီးပွိုင့် တာမွေလမ်း သျှင်ပါကူဆေးခန်းရှေ့၊ တာမွေငါးခွဆုံ မီးပွိုင့်တို့ကို ဖြတ်၍ အရှေ့မြင်းပြိုင်ကွင်းလမ်းအတိုင်း ဆက်လက် ချီတက်လာရာမှ (၁၅းဝဝ) ချိန် အထက (၃) တာမွေရှေ့သို့ ရောက်ရှိခဲ့။
ရွှေဝါရောင်တော်လှန်ရေး ဖြစ်စဉ်အတွင်း လုံထိန်းများအား တောင်းပန်နေသော မြန်မာ့သံဃာတော်များ
(၁၃း၎ဝ) ချိန် သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းမှတဆင့် စူပါဝမ်းကုန်တိုက်ဘက်မှ ချီတက်လာသော သံဃာ (၇ဝ)၊ လူ (၃ဝဝ) ခန့်တို့ အလယ်တွင် စစ်ကား (၃) စီး၊ ရဲကား (၂) စီး၊ စွမ်းအားရှင် ကား (၃) စီး၊ ပေါင်း (၈) စီးတို့မှ ပိတ်မိနေခဲ့သဖြင့် (၁၅း၁၅) ချိန် သေနတ်တစ်ချက် မိုးပေါ်သို့ ပစ်ဖောက်၍ (၁၅း၂၅) ချိန် အတွဲလိုက် ပစ်ဖောက်ကာ (၁၅း၃၅) ချိန် ကား (၈) စီးလုံး လမ်းရှင်း ထွက်ခွာလာခဲ့ရာ အထက (၃) တာမွေရှေ့တွင် လူ (၂) ဦး သေဆုံးခဲ့ပြီး (၁၅း၄၅) ချိန် လေးထောင့်ကန်လမ်းအတိုင်း ထွက်ခွာ၍ (၁၆းဝဝ) ချိန် စူပါဝမ်းစင်တာရှေ့၌ ထပ်မံ လူစုခွဲခဲ့။
(၁၆းဝဝ) ချိန် အင်အား (၂၅ဝ) ခန့်သည် တာမွေငါးခွဆုံ မီးပွိုင့်သို့ “ကမ္ဘာမကြေ” သီချင်း သီဆို၍ ထွက်ခွာ သွားခဲ့ပြီး ကျန် (၂ဝဝ) ခန့်သည် (၁၆း၃ဝ) ချိန်တွင် အသီးသီး လူစုခွဲ ပြန်လည်ထွက်ခွာ သွားကြပါသည်။
(၁၅း၃ဝ) ချိန်တွင် ကမ်းနားလမ်းမှ ပန်းဆိုးတန်းလမ်းအတိုင်း အထက်ပန်းဆိုးတန်း ခုံးကျော်တံတား ပေါ်သို့ တက်လာသော ဆူပူဆန္ဒပြလှုပ်ရှားသူ လူထု (၅ဝဝဝ) ခန့်အား ရတခမရ (၇ဝ၄) စက (၁/၂) နှင့် ခွဲ (၄) ခွဲ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စွမ်းအားရှင်အဖွဲ့တို့မှ ပိတ်ဆို့တားဆီးခဲ့။ မယကဥက္ကဌ ဦးစီးအဖွဲ့တို့မှ အသံချဲ့စက်ဖြင့် လူစုခွဲရန် အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့သော်လည်း ဆန္ဒပြအဖွဲ့သည် လူစုခွဲခြင်းမရှိဘဲ မိမိလခရ တပ်ဖွဲ့ဝင်များအား ခဲ၊ တုတ်၊ လောက်လေးခွတို့ဖြင့် ပစ်ခတ်ပြီး (၅) ကိုက်အကွာ ရောက်သည်အထိ အတင်းဝင်ရောက် လုံးထွေးရန်ကြိုးစားစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မိမိကိုယ်ကို ကာကွယ်သည့် အနေဖြင့် အဓိကရုဏ်း နှိမ်နင်းရေး လောင်ချာဗုံးသီး မျက်ရည်ယိုဗုံးတို့ဖြင့် ပစ်ခတ်လူစုခွဲရာ (၁၆းဝဝ) ချိန်တွင် လူစုကွဲသွားခဲ့။
အနီးကပ် ဝင်ရောက်လုံးထွေးသော ဆန္ဒပြသူများအား ရာဘာဗုံးပစ်လောင်ချာဖြင့် ဖြိုခွင်းခဲ့ရသဖြင့် အမျိုးသား အမည်မသိ (၁) ဦး (၂၇) နှစ်သည် ရာဘာဗုံးသီး ထိမှန် သေဆုံးသွားခဲ့။ (၁၆း၁၅) ချိန်တောင် ဥက္ကလာပမြို့နယ်၊ သစ္စာလမ်းနှင့် ဝေဇယန္တာလမ်းပေါ်တွင် ဆူပူဆန္ဒပြလှုပ်ရှားသူ လူထုအင်အား (၂ဝဝဝဝ) ခန့်သည် ဝေဇယန္တာ ပရိယတ္တိ စာသင်တိုက်သို့ သုမင်္ဂလာလမ်းမှ တဆင့် သစ္စာလမ်းအတိုင်း ချီတက်လာသဖြင့် ရတခမရ (၇ဝ၂) စက (၁) နှင့် ခွဲ (၂) ခွဲ၊ မြောက်ပိုင်းခရိုင် ခယက ဥက္ကဌဦးစီး စွမ်းအားရှင်အဖွဲ့တို့မှ ပိတ်ဆို့တားဆီးခဲ့။ လူစုခွဲရန် အကြိမ်ကြိမ်သတိပေး တားမြစ်သော်လည်း ရပ်တန့်မှုမရှိဘဲ ပိတ်ဆို့ ရှင်းလင်းရေး ဆောင်ရွက်နေသော လူထုအတွင်း ကျွံဝင်သွားသည့် မိမိတပ်ဖွဲ့ဝင် လုံခြုံရေး စစ်သည်များ၏ လက်နက်ငယ်များအား ဝိုင်းဝန်းလုယက်သည်အထိ တင်းမာလာခဲ့။
အဓိကရုဏ်း နှိမ်နင်းရေးလောင်ချာ (၃) လက်ဖြင့် ရာဘာဗုံးသီး (၄၅) လုံး ပစ်ခတ်ပြီး ရှင်းလင်းဆောင်ရွက်ခဲ့စဉ် (၁၆း၂၅) ချိန်တွင် ဆန္ဒပြ ဆူပူလှုပ်ရှားသူများမှာ လူစုကွဲသွားခြင်း မရှိသည့်အတွက် ရတခမရ (၇ဝ၂) မှ လက်နက်ငယ် (၂ဝ) ချက် မိုးပေါ်ထောင်၍ ပစ်ခတ်သော်လည်း လုံးဝရပ်တန့်မှု မရှိသည့်အပြင် အတင်းတိုးဝင်သဖြင့် ထပ်မံပစ်ခတ်ရာမှ အရပ်သား (၃) ဦး ထိမှန်သေဆုံးခဲ့။
(၁၆း၁၅) ချိန် တောင်ဥက္ကလာပမြို့နယ် သစ္စာလမ်းနှင့် ဝေဇယန္တာ ပရိယတ္တိ စာသင်တိုက်အနီး ဝေဇယန္တာနှင့် သစ္စာလမ်းဆုံရာတွင် ဆန္ဒပြဆူပူလှုပ်ရှားသူ လူထုအင်အား (၂ဝဝဝဝ) ခန့်သည် ဆန္ဒပြနေစဉ် ရတခမရ (၇ဝ၂) စက (၁) နှင့် ခွဲ (၂) ခွဲ၊ မနရတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စွမ်းအားရှင်အဖွဲ့တို့မှ ပိတ်ဆို့ တားဆီးခဲ့။ မြောက်ပိုင်းခရိုင် ခယကဥက္ကဌ ဦးစီးအဖွဲ့မှ အသံချဲ့စက်ဖြင့် လူစုခွဲရန် အကြိမ်ကြိမ် ပြောဆိုခဲ့သော်လည်း ဆန္ဒပြ အဖွဲ့သည် လူစုခွဲခြင်းမရှိပဲ မိမိလခရတပ်ဖွဲ့ဝင်များအား ခဲ၊ တုတ်များဖြင့် ပစ်ခတ်ပြီး လူအင်အားနှင့် ဝင်ရောက်လုံးထွေး ရန်ကြိုးပမ်းစဉ် စွမ်းအားရှင်များမှ ပြန်လည်ရိုက်နှက် လူစုခွဲ ထိန်းသိမ်းရာမှ ဆန္ဒပြသူ (၁) ဦး သေဆုံးသွားခဲ့။
ဆေးရုံသို့ ရောက်ရှိသည့် သေဆုံးထိခိုက်ဒဏ်ရာ ရရှိသူစာရင်း -
(က) အမျိုးသား ၁ဦး (၃ဝ) နှစ်ခန့် (အမည်၊ အဘ၊ နေရပ် စိစစ်ဆဲ) ဆီးခုံ အထက်ဖောက်ဝင် (၁) ချက်၊ သေဆုံး။
(ခ) ဒေါ်ဖြူဖြူဝင်း (၄၅) နှစ် ၊ အဘ(စီစစ်ဆဲ) ၊အမှတ် (၁၉) ကျောင်းလမ်း၊ ရွှေပြည်သာ မြို့နယ် နေသူမှာ ဝဲလက်ဖျံစုတ်ပြဲ၊ ဝဲနို့အုံ စုတ်ပြဲ ဒဏ်ရာ (မစိုးရိမ်ရ) ရရှိ။
(ဂ) ဝင်းထွန်း (၂၇) နှစ် ၊ (ဘ) ဦးထွန်းမြင့် အမှတ် (၂ဝ၁) အခန်း (၃၁ဝ) ။ဘုရားလမ်း ကမာရွတ်မြို့နယ်၊ နေသူမှာ ညာတင်ပဆုံ ပေါက်ပြဲဒဏ်ရာ (၁) ချက် ။ (မစိုးရိမ်ရ) ရရှိ။
(ဃ) ဟန်လင်းထွန်း၊ (၂၅) နှစ်၊ (ဘ) ဦးလှထွန်း၊ အမှတ် (၃၅၉)၊ အနော်မာလမ်း (၉၃) ရပ်ကွက် ဒဂုံဆိပ်ကမ်းမြို့နယ် နေသူမှာ ယာပေါင်ပေါက်ပြဲဒဏ်ရာ (၂) ချက်၊ (မစိုးရိမ်ရ) ရရှိ။
စက်တင်ဘာ (၂၉) ရက် (၁၄းဝ) ချိန်တွင် လမ်းမတော်မြို့နယ်မှ စွမ်းအားရှင်များ တင်ဆောင်လာသော ယာဉ်အမှတ် ၆က/၉၆၆၂ (ဒိုင်နာဖြူငှား) ယာဉ်အား လသာမြို့နယ် အနော်ရထာလမ်းနှင့် ရွှေတိဂုံ ဘုရားလမ်းဆုံတွင် လူ (၃ဝ) ဦးခန့်တို့မှ ခဲများဖြင့် ပစ်ပေါက်ခဲ့ရာ အောက်ဖော်ပြပါအတိုင်း ထိခိုက်ဒဏ်ရာရ ရှိခဲ့။
(က) ဆွေအောင် (၂ဝ) နှစ်။ (ဘ) ဦးမောင်လှ အမှတ် (၄၄)၊ (၇) လမ်း၊ (၃) ရပ်ကွက် လမ်းမတော်မြို့နယ်နေသူမှာ အပေါ်နုတ်ခမ်း ပေါက်ပြဲဒဏ်ရာရ။
(ခ) နော်ထွန်း (၂၁) နှစ်၊ (ဘ) ဦးကျော်မြင့်၊ အမှတ် (မရှိ) ရေစက်ဝင်းလမ်းသစ်ရိပ်သာ (၁၁) ရပ်ကွက် လမ်းမတော်မြို့နယ် နေသူမှာ ယာနားနောက် ဖူးရောင်နာကျင်ဒဏ်ရာရ။
(၂ဝဝ၇) စက်တင်ဘာ (၃ဝ) ရက် (၁၅း၃၅) ချိန်တွင် အင်းစိန် GTC ထိန်းသိမ်းရေးစခန်း၌ အောင်ကျော်ဦး (၄၂) နှစ် (ဘ) ဦးစိုးမြင့်၊ အမှတ် (၃၈၅) မြောင်းမြလမ်း (၁ဝ) ရပ်ကွက်၊ ရွေပြည်သာ နေသူသည် စိတ္တဇရောဂါနှင့် ဝက်ရူးပြန်ရောဂါတို့ဖြင့် ရုတ်တရက် သေဆုံးသွားခဲ့ပါသည်။
(၂ဝဝ၇) စက် (၃ဝဝ၆ဝဝ) ချိန်တွင် သက်နိုင်ဦး (၃ဝ) နှစ် (ဘ) ဦးအုန်းမြင့် တိုက် (၄) အခန်း (ဝဝ၂) ယုဇနမြို့တော် (A - Block) တွင် နေထိုင်သူ စက် (၂၉၁၂ဝဝ) ချိန် အနော်ရထာလမ်းနှင့် ဆူးလေမီးပွိုင့်၌ ဖမ်းဆီးရမိသူသည် ကျိုက္ကဆံ ယာယီထိန်းသိမ်းရေး စခန်းတွင် အိပ်ရာထရန် နိုးစဉ် ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးလျှက်ရှိ။ (၂ဝဝ၇) စက်တင်ဘာ (၃ဝ) ရက် (၁၅း၃၅) ချိန်တွင် အင်းစိန် GTC ထိန်းသိမ်းရေးစခန်း၌ ဦးသန်းအောင် (၄၃) နှစ် (ဘ) ဦးတင်မောင်အေး အမှတ် (၉၂၈) အင်းဝလမ်း (၆) ရပ်ကွက် တောင်ဥက္ကလာပမြို့နယ် နေသူသည် စိတ်ဝေဒနာ လက္ခဏာပြင်းထန်စွာ ဖြစ်ပေါ်နေသဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်စဉ် (ဝ၈းဝဝ) ချိန်တွင် လမ်း၌ သေဆုံးသွားခဲ့။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...