ကြာသာပတေးနေ့၊ စက်တင်ဘာလ ၂၂၊ ၂၀၁၁

အဆိုပါ အနုပညာလက်ရာပြပွဲတွင်ဧရာဝတီမြစ်ဧ။် အလှအပများ ၊ အကျည်းတန်လာတော့မည့် အနရာယ်များ ကိုပါထည့်သွင်းဖော်ညွှန်းထားသည့် လက်ရာများစွာအပါအ၀င် ကဗျာဆရာတချို့ကလည်း ဧရာဝတီကို ဖွဲ့ဆိုသော ကဗျာများကို ရွတ်ဆိုပေးခဲ့ကြသည်။
ပြပွဲတွင် အနုပညာရှင် စုစုပေါင်း ၅၄ ဦင်္းဧ။်လက်ရာပေါင်း ၁၄၂ ခုကို တွေ့မြင်ရပြီး နာမည်ကြီးအနုပညာရှင်များအပါအ၀င် တက်သစ်စ ပန်းချီဆရာ ၊ ဓါတ်ပုံဆရာများလည်းပါဝင်ခဲ့ကြသည်။ အဆိုပါပြပွဲတွင် လာရောက်ကြည့်ရှုအားပေးသူများဧ။် ဧရာဝတီကို ကယ်တင်ပေးဖို့ တောင်းဆို သံများကို ဖော်ပြပေးလိုက်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်(မြန်မာ့ဒီမိုကရေစီခေါင်းဆောင်)
ဒီလို အားလုံးလာရောက်ကြတဲ့အတွက်အင်မတန်ဝမ်းသာပါတယ်။ ပြပွဲတစ်ခုမှာတင်မဟုတ်ဘဲနဲ့ တကယ် ဧရာဝတီမြစ်ကြီး ရပ်တည်ရေးအတွက်ထိန်းသိမ်းေ၇းအတွက် အားလုံးကနေ စုစုစည်းစည်းလုပ်မယ်ဆိုရင် ဒီိ ကိစ္စဟာကျမတို့ရဲ့ ညီညွတ်ရေးအတွက်လည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် ညီညွှတ်ရေးအတွက်ဝိုင်းဝန်း လုပ်ဆောင်ကြပါ။ ကျမတို့အားလုံး ယုံကြည်တဲ့ ကိစ္စတစ်ခုကိုအခြေခံပြီး ညီညွှတ်မှုယုနိုင်ရင် ကျမတို့အနေနဲ့တဖြည်းဖြည်း ညီညွတ်ရေးအခန်းကဏ္ဍဟာ များလာနိုင်ပါတယ် ကျမတို့ရဲ့မိခင်ဧရာဝတီမြစ်ကြီးကို အခြေခံပြီး ပြည်ထောင်စုညီညွှတ်ရေးကိုလုပ်ဆောင်ဖို့ ကျမအနေနဲ့ဆုတောင်းပါတယ်။အားလုံးအနေနဲ့လည်းဖြည့်ဆည်းပေးပါ။

ဒီပြပွဲကိုကြည့်ရတာ ကြည်နူးဖွယ်ရာတွေ ကိုတွေ့ရသလို ၀မ်းနည်းစရာတွေလည်းရှိတယ်ပုံတစ်ပုံမှာဆိုရင် ရှုခင်းက အခုမမြင်ရတော့ဘူးတဲ့။ အဲဒီပုံကလွန်ခဲ့တဲ့လေးငါးနှစ်က လောက်ရိုက်ထားတာ ။ အခုဆိုရင် အဲဒီပုံမှာရေကာတာဆောက်ဖို့အလုပ်သမားတွေနေတဲ့နေရာတွေတွေ့ရသလိုသူတို့စွန့်ပစ်ထားတဲ့အမှိုက်ပုံပါရိုက်ပြထားတာ။ကျမတို့ငယ်ငယ်ကမြစ်ဆုံရောက်ဖူတယ် ရှုခင်းတွေက အရမ်းသာယာ သလို ရေကလည်း အရမ်းကြည်တယ်။ အဲဒီအခြေအနေနဲ့ခုနဲ့ကတခြား စီဖြစ်သွားပြီဧရာဝတီဟာမြန်မာပြည်ရဲ့အသက်သွေးကြောဖြစ်လို့အင်မတန်အရေးကြိးတဲ့အတွက်အခုလိုအနုပညာရှင်တွေ စုစည်းတင်ပြတာ အရမ်းကျေးဇူးတင်တယ်။ဝန်ကြီးပြောသွားတာ ကပိုလျှံတယ်ပြောတယ် ။ တကယ်တော့ ပြည်ပကို သာပို့ဖို့မလိုအပ်ဘူးဆိုရင် မြစ်ဆုံဆည် ဟာ ဆောက်စရာမလိုဘုး။ခုတော့ဆက်လုပ်မယ်ဆိုရင် အင်မတန်ဝမ်းနည်းစရာကောင်းတယ်။ ဒီကရတဲ့အကျိုးအမြတ်ကလည်းမြန်မာတစ်နိုင်ငံလုံးတင် မဟုတ်ဘူး။ပြည်နယ်ကဒေသခံတွေအတွက်တောင်အကျိုးကျေးဇူးမခံစားရဘူးဆိုတော့ဝမ်းနည်းစရာကောင်းတယ။်ဒါမဖြစ်သင့်ဘူး။
ဦးအုန်း(သဘာဝတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်)
ဒီပွဲကတော့ ဘာပွဲမှ နဲ့မတူဘူး အလွန်ထူးခြားကောင်းမွန်ပါတယ်။မြစ်ဆုံကိစ္စကတော့ မလုပ်ဘူးဆိုရင်တော့ အန်ကယ်သဘောအကျဆုံးပေါ့။ တကယ်တော့ရေကာတာတစ်ခုဟာ ပေ ၅၀ အထိဆိုရင် သဘာဝပတ်ဝန်းကျင်ကို ဘာမှမထိခိုက်ဘူး။တကယ်လို့ ပေ ၅၀ ထက်ပိုပြီး ပေ ၁၀၀ ၊ ၂၀၀ ကတော့ သဘာဝပတ်ဝန်းကျင်ကိုဆိုးဆိုးရွားရွားထိခိုက်စေတယ်လို့ ပညာရှင်တွေက ဆိုကြတယ်။ မြစ်ကြောင်းထိန်းသိမ်း ဖို့ဆိုတာလည်း ရေကာတာရဲ့အထက်ငါးမိုင်အောက်ငါးမိုင်ဆိုတာ တကယ်တော့မလုံလောက် ဘူး။ မြစ်ကြောင်းတစ်လျှောက်လုံး ကိုထိန်းရမယ်။ မြစ်ကျိုးတွေတစ်လျှောက်လည်း စက်ရုံတွေ ကို control လုပ်ရမှာဖြစ်သလို စွန့်ပစ်ပစည်းတွေကိုလည်းမစွန့်ခင်မှာ အနရာယ်ကင်းပါတယ်ဆိုတာမျိုး လည်းရှိသင့်တယ်။
အခုမြစ်ဆုံရေကာတာဆောက်ဖို့ ရွာတွေရွှေ့ပြောင်းရတဲံအတွက်အဲဒီဒေသမှာ လူမှုရေးပြသနာတွေ လည်းဖြစ်တယ်။ သူတို့ရဲ့ဘုရားကျောင်း တို့ဘာတို့ရွှေ့ပြောင်းရတာမျိုးကျတော့လည်းဘာသာရေး နဲ့ဆိုင်တဲ့social problem တွေပေါ့ ။ ဒါကြောင့် အစိုးရဟာ ပြည်သူ လူထုကျေနပ်အောင် လုပ်ပေးရမယ်။ ဒါဟာအစိုးရရဲ့တာဝန်ပဲ။

ကျနော့်အနေနဲ့ မြစ်ကြီးကို အမြန်ဆုံး ပြန်လည် ကျမ်းမာစေချင်တယ်။ ကျနော်တို့ ငယ်ငယ်တုန်းက ရှိခဲ့သလို ကျန်းမာတဲ့မြစ်တစင်းပြန်ဖြစ်စေချင်တယ်။

တကယ်တော့ ကျွန်တော်တို့ ဖန်တီးနေတဲ့အနုပညာဆိုတာ သဘာဝတရားနဲ့ဆက်စပ်နေတယ်။ဒီတော့ ကျွန်တော်တို့အားလုံးလက်တွဲမဖြုတ်ဘဲ နားလည်မှုတွေဆက်ရှိသွားမှာပါ။
အနုပညာဟာ နားလည်မှု ၊ခံစားချက် နဲ့ အသိစိတ်တွေပေါင်းပြီးလုပ်ရတာမို့ကျွန်တော်တို့ လက်တွဲမဖြုတ်ပါဘူး။သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သတ်ပြီး သိတာ နားလည် လာတာ၎နှစ်လောက် ပဲရှိသေးတယ်။ခုဆို ပလတ်စတစ်သုံးတာလျှော့တယ်။
လက်ဆောင်ပေးရင်လည်း ပလတ်စတစ် ကိုရှောင်တယ်။ လောလော ဆယ်တော့ အပင်တော့ မစိုက်နိုင် သေးပေမယ့် အပင်ကို မနှောက်ယှက်ဘူး။
သတင်းစာတွေထဲကပြောနေတဲံပြည်သူ့အသံဆိုတာ ဒီကနေသွားမှာပါ။ ကမ္ဘာပေါ်မှာ လက်ရှိဒီမိုကရေစီ စနစ်ကျင့်သုံးတဲ့နိုင်ငံတော်တော်မျူားများက အစိုးရတိုင်းဟာကတိတွေပေးတတ်ကြတယ်။
အဲဒီ ကတိတွေ နဲ့ပဲရွေးကောက်ပွဲအတွက်မဲဆွယ်ကြတယ်။တကယ်လုပ်ပေးမယ်ဆိုပြီးပေါ့။ ဒီတော့ ကျွန်တော်ပြောချင်တာက အခုကျွန်တော်တို့အဲဒီကတိတွေထဲမှာ မနစ်မွန်းဖို့လိုတယ်။ ဘယ်အစိုးရပဲဖြစ်ဖြစ်
ကတိတွေပေးပြီးမနှစ်သိမ့်ဖို့လိုတယ်။

မေသင်္ကြန်ဟိန်(မြစ်မခ မီဒီယာ၊ အယ်ဒီတာ)
Gallery 65 က ဓါတ်ပုံပြပွဲကိုသွားတော့ ကျမ အားတက်လာခဲ့တယ်။ ဧရာဝတီကို ချစ်တဲ့သူ ဘယ်လောက်များသလဲ၊ကယ်တင်ဖို့ တောင်းဆိုနေတဲ့သူ ဘယ်လောက်များနေသလဲဆိုတာ။ ဒါတောင် ရန်ကုန်တမြို့တည်းမှာ ရှိတဲ့သူတွေထဲကတချို့တ၀က်ပဲ လာနိုင်ကြသးတယ်။ယုံကြည်ပါတယ် သန်း ၆၀ ကျော်သော ပြည်သူတွေကလည်း ဧရာဝတီကို ကယ်တင်ချင်တဲ့ စိတ်နဲ့ မြစ်ဆုံစီမံကိန်းကို ကန့်ကွက်နေကြမှာပါ။
ဦးမြင့်သိန်း( ပြပွဲလာရောက်ကြည့်ရှုသူ ပရိသတ်တစ်ဦး)
ဧရာဝတီပေါ်ကိုလူတိုင်းလုပ်ကိုင်စားသောက်တဲ့သူတွေဟာ အလွန်းများတဲ့အတွက်ဧရာဝတီကို သဘာဝအတိုင်း ဆက်စီးစေချင်တယ်။ဧရာဝတီကို လူသားတွေအတွက် အကျိုးရှိတဲ့ စီးဆင်းနေမှုကို အဟန့်အတားဖြစ်စေ တဲ့ကိတ်စမှန်သမျှကို ကန့်ကွက်တယ်။
ပြည်သူတဦး
ဒီပွဲကိုလာကြည့်ဖြစ်တာ အင်မတန်အားရတယ်။ အနုပညာလက်ရာတွေကလည်းထူးခြားကောင်းမွန်သလို လူထုလူတန်းစားတော်တော်များများလာကြည့်တာတွေ့ရတယ်။လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အ
ပါအ၀င်နိုင်ငံရေးပါတီတွေလည်းလာကြတာတွေ့ရတော့ အင်မတန်ထူးခြားမွန်မြတ်တဲ့ပွဲလို့ခံယူမိတယ်။ ခုဆိုရင် အရင်က နိုင်ငံရေးကို ကိုယ်နဲ့မဆိုင်ဘူးလို့မှတ်ယူထားတဲံသူတွေတောင် ဧရာဝတီနဲ့ပတ်သတ်လာရင် ကဲကဲဆတ်တုန့်ပြန်နေကြပြီ။ကျမဆိုရင် ကျောင်းသားတွေဆီကကော သူငယ်ချင်းလုပ်ဖော်ကိုင် ဖက်တွေ ဆီကကောဧရာဝတီကို ချစ်မြတ်နိုးချင် ကာကွယ်ချင်တဲ့စကားသံတွေ ကြားနေရတယ်ဘာပဲပြောပြော ဧရာဝတီကိစ္စ ဟာ ပြည်သူတိုင်းမှာ တစ်ဦးတစ်ယောက်တိုင်းမှာတာဝန်ရှိပါတယ်။
ပိုင်ပိုင်၊ ကျော်ဇင်မန်း(မြစ်မခ)
No comments:
Post a Comment
အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com