" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

တွဲလက်တွေ မြဲကြစို့ (ရခိုင်တို့ ကို ကူညီပါ-Heal To Rakhine)

 
 
မြန်မာနိုင်ငံဟာ ခေတ်အဆက်ဆက်ကတည်းက လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ရှိတဲ့ နိုင်ငံတစ်ခုပါ ။

တိုင်းရင်းသားပေါင်းစုံနဲ့ ဖွဲ့စည်းထားသလို

ဘယ်လူမျိုး ဘယ်ဘာသာဝင်မဆို လက်ရည်တစ်ပြင်တည်း ချစ်ကြည်စွာ နေထိုင်ကြရင်း

လွတ်လပ်စွာ ကိုးကွယ်နိုင်တဲ့ ယဉ်ကျေးတဲ့ ပြည်ထောင်စု နိုင်ငံတစ်ခုဖြစ်ပါတယ် ။ 

မြန်မာပြည်မှာမွေးပြီး မြန်မာ့အစာစား မြန်မာ့ရေကိုသောက် မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေနဲ့အညီ

နေထိုင်နေကြပြီး မြန်မာနိုင်ငံကို ချစ်မြတ်နိုးသူ ဘယ်သူမဆို မြန်မာနိုင်ငံသားများသာ ဖြစ်ကြပါတယ် ။

လူသားတစ်ဦးချင်းစီရဲ့ အခွင့်အရေးအရ လွတ်လပ်စွာ ကိုးကွယ်တာဟာ အပြစ်တစ်ခု မဟုတ်သလို ၊

အစ္စလာမ် ဘာသာဝင်တိုင်းဟာလည်း အပြစ်ရှိနေသူတွေ မဟုတ်ဘူးဆိုတာကို သတိညာဏ်နဲ့ ဆင်ခြင်ရပါမယ် ။

ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှား ရှိနေစဉ်ကတည်းက ပုရာဏကဿပ နဒီကဿပ ဂါရာကဿပ အစရှိတဲ့

ဘာသာခြားဂိုဏ်းကြီးတွေ တစ်သီးတစ်ခြား တည်ရှိနေခဲ့တာကို ဆင်ခြင်နှလုံးသွင်းနိုင်ရပါမယ် ။




အခုလက်ရှိ ဖြစ်ပျက်နေတဲ့ ရခိုင်အရေးဟာ မြန်မာနိုင်ငံသား အားလုံးရဲ့ အရေးကိစ္စဖြစ်ပါတယ် ။

ဒါဟာ ဘာသာရေး စစ်ပွဲ မဟုတ်သလို လူမျိုးရေး မုန်းတီးမှုလည်း မဟုတ်ဘူးဆိုတာကို သတိချပ်စေချင်ပါတယ် ။

ဘယ်နိုင်ငံမှာမဆို ဘာသာခြားများ တရားဝင် တည်ရှိနေတယ်ဆိုတာကို မမေ့သင့်ပါဘူး ။

မြန်မာပြည်မှာမွေးပြီး မြန်မာ့ယဉ်ကျေးမှုနဲ့အညီ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားမှန်သမျှ

ဘယ်ဘာသာဝင်မဆို ရခိုင်အရေးကိစ္စဟာ ကိုယ့်အရေးကိစ္စဖြစ်တယ်ဆိုတာကို နှလုံးသွင်းထားရပါမယ် ။

မြန်မာနိုင်ငံပိုင် နယ်မြေဖြစ်တဲ့ ရခိုင်ကို ကျူးကျော်လာသူမှန်သမျှဟာ ဘင်္ဂလားဖြစ်စေ ၊ တရုတ်ဖြစ်စေ ၊

ဘယ်လူမျိုး ဘယ်ဘာသာဝင် ဖြစ်စေ ၊ ကာကွယ်စောင့်ရှောက်ရန်ဟာ မြန်မာနိုင်ငံသား အားလုံးရဲ့
 
သမိုင်းပေးတာဝန်ဖြစ်ပါတယ် ။

ဒါဟာ ကျူးကျော်စော်ကားသူတွေကို မိမိရဲ့ မိခင်နိုင်ငံကနေ မောင်းထုတ်ရမယ့် အမျိုးသားရေးတာဝန်ပါ ။

အစ္စလာမ်မို့ မောင်းထုတ်ပြီး ကျန်တဲ့ ဘာသာဝင်တွေဆိုရင် လက်ခံမယ်ဆိုတာမျိုး ၊

မြန်မာနိုင်ငံသားတိုင်းရဲ့ စိတ်နှလုံးအိမ်ထဲမှာ တစ်စက်ကလေးမှ ရှိမနေဘူးဆိုတာ သေချာပါတယ် ။




ဘာသာတရားတိုင်းဟာ ကောင်းသောတရားတွေကိုသာ ညွှန်ကြားပြသထားတာမို့ ၊

ဘယ်ဘာသာကိုမဆို လေးစားသမှုရှိရပါမယ် ။

လူတိုင်းကိုယ်စီကိုယ်စီ အပြစ်နဲ့ မကင်းတတ်ကြသလို ၊ လူမျိုးတိုင်း ဘာသာတိုင်းမှာ လူဆိုး လူကောင်း
 
ဒွန်တွဲရှိနေတတ်ကြတယ်ဆိုတာကို

မြန်မာနိုင်ငံသား မှန်သမျှ ဘယ်ဘာသာဝင်မဆို လက်ခံပြီး ဖြစ်လိမ့်မယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ် ။

မြန်မာနိုင်ငံသားတိုင်း အပြစ်မဲ့တဲ့ မသီတာထွေးအတွက် မိမိရင်သွေးကဲ့သို့ ယူကြုံးမရ ကြေကွဲနေသလို ၊

အပြစ်မရှိတဲ့ ညီအကို ( ၁၀ ) ယောက်အတွက်လည်း ညီရင်းအကိုစိတ်နဲ့ စိတ်ထိခိုက်နေမယ်လို့
 
ကျွန်တော်ယုံကြည်နေပါရစေ ။

အပြစ်လုပ်သူမှာသာ အပြစ်ရှိပါတယ် ဆိုတာကို မြန်မာနိုင်ငံသား ဘယ်ဘာသာဝင်မဆို
 
လက်ခံယုံကြည်နေမယ်လို့ ကျွန်တော်မျှော်လင့်နေပါရစေ ။




အခုလက်ရှိအရေးအခင်းဟာ ကျူးကျော်ရန်စ စော်ကားသူ ရိုဟင်ဂျာ လူမျိုးတွေကို မြန်မာနိုင်ငံသားမှန်သမျှ

အမိမြေအတွက် ကာကွယ်စောင့်ရှောက်ရေးသာ ဖြစ်ပါတယ် ။

အစ္စလာမ်ဘာသာဝင်တွေကို မုန်းတီးရေး မဟုတ်သလို ၊ ဘာသာခြားမှန်သမျှကို မုန်းတီးရေး

မဟုတ်ကြောင်း နှလုံးသွင်းနိုင်ကြပါစေ ။

တရုတ်ဖြူကို မြန်မာ့မြေပေါ်ကနေ မောင်းထုတ်ခဲ့ရာမှာ အမိမြေကို ကာကွယ်စောင့်ရှောက်ရေးသာ ဖြစ်ခဲ့သလို ၊

အခု ရိုဟင်ဂျာ အရေးမှာလည်း မိမိရဲ့ မိခင်နိုင်ငံကို ကာကွယ်စောင့်ရှောက်ရေးသာ ဖြစ်ကြောင်း ၊

မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် ညီအကိုများ နားလည် သဘောပေါက်ပြီး ဖြစ်မယ်လို့

ကျွန်တော် ယုံကြည်ပါတယ် ။




ကျွန်တော်ဟာ အမိအဖ ရခိုင်လူမျိုးစစ်စစ်က မွေးဖွားလာတဲ့

ရခိုင် တိုင်းရင်းသား ထေရဝါဒ ဗုဒ္ဓဘာသာဝင် တစ်ယောက်ပါ ။

ဗုဒ္ဓဘာသာချင်းတူနေရင်တောင် ၊ တရုတ်ပြည်မကြီးက ဗုဒ္ဓဘာသာဝင်ထက် ၊

အမိမြန်မာပြည်က ဗုဒ္ဓဘာသာဝင်တွေကို ပိုချစ်မြတ်နိုးပါတယ် ။

အဲဒီလိုပဲ .....

အစ္စလာမ် ဘာသာဝင်ချင်း တူနေရင်တောင် ဘင်္ဂလားလူမျိုး အစ္စလာမ် ဘာသာဝင်တွေထက် ၊

အမိ မြန်မာပြည်က အစ္စလာမ်ဘာသာဝင် ညီအကိုမောင်နှမတွေအပေါ်မှာ ပိုချစ်မြတ်နိုးတယ် ဆိုတာကို

နည်းနည်းမှ သံသယ မရှိလိုက်ပါနဲ့ ။

မြန်မာပြည်မှာမွေး မြန်မာ့ရေကိုသောက် မြန်မာ့ယဉ်ကျေးမှုနဲ့အညီ နေထိုင်နေကြတဲ့

မြန်မာနိုင်ငံသားမှန်သမျှ ဘယ်ဘာသာဝင်မဆို ၊ မိမိရဲ့ မိခင် မြန်မာနိုင်ငံတော်ကြီးအပေါ်

ကျူးကျော်လာသူ ဘယ်ဘာသာဝင်တိုင်းကိုမဆို လက်သင့်မခံပဲ ၊ ကာကွယ်စောင့်ရှောက်နိုင်ကြလိမ့်မယ်ဆိုတာကို

ကျွန်တော် ယုံကြည်ရင်း တွဲသောလက်တို့ မြဲကြပါစို့ဗျာ ။
 
 

အလင်းအားဖြင့် ညမီးအိမ်

ဘကြီးသက်

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...