ဘာလို့ Account တွေ အခိုးခံရ သလဲ
အဓိကကတော့ မိမိ Account လုံခြုံရေးအားနည်းလို့ပါပဲ။
ဒါဆို သိသင့်တဲ့အချက်တွေက ဒီမှာ စပါပြီ။
Facebook ပဲသုံးသုံး၊ Twitter ပဲသုံးသုံး - ဆိုရှယ် Network တော်တော် များများဟာ Address bar မှာ https://
နောက်တစ်ချက်ကတော့ Password ကိစ္စပါ။ စာဖတ်သူ ရဲ့  Password ဘာပေးထားတယ်ဆိုတာ ခန့်မှန်းကြည့်ပါရစေ။
၁။ Userရဲ့ နာမည် အင်္ဂလိပ်လို ( တစ်လုံး သို့မဟုတ် အားလုံး)
၂။ User ရဲ့ နာမည်နဲ့ မွေးသက္ကရာဇ် ပေါင်းစပ်ထားမှု
၃။ မိမိဖုန်းနံပါတ် နှင့် နာမည်တစ်လုံး
၎။ ပြီးပြီးရော အလွယ်မှတ် ဂဏန်းများ (ဥပမာ- 123456 /asdfghjkl;/ အစရှိသဖြင့်)
၅။ User name နှင့် Password အတူတူ
အထက်ပါ အချက်များနဲ့ တစ်ချက်ချက် ညှိနေပြီဆိုရင်တော့ အကောင့် လုံခြုံမှု အားနည်းတယ်ဆိုတာ ကြိမ်းသေ နေပါပြီ။
စာရေးသူ ကြုံဖူးပါတယ်။ မိတ်ဆွေသူငယ်ချင်းအကောင့်ကိ
ဒါကြောင့် Password ဘယ်လို ရွေးရမလဲ။
အရွေးလွန်ပြီး လျှို့ ဝှက်လိုက်တာကျတော့ ကိုယ်တောင် မမှတ်မိတာမျိုး လဲ ဖြစ်တတ်ပါတယ်။ ဒါကြောင့်
၁။ Password ကိုပေးရာမှာ မိမိ နာမည်က “အောင် “ ပါမယ်ဆိုရင် အဲဒါကို control-shit မနှိပ်ပဲ ရိုက်ရင် atmig ဆိုပြီး ရပါတယ်။ ဒါကြောင့် ထွက်လာ မယ့် စာက adfenve; အစရှိသဖြင့် လူတိုင်း သိရန် ခက်ခဲသွား ပါတယ်။ Capital Letter, Small Letter အားလုံး ပါဝင်မှာ ဖြစ်ပါတယ်။
၂။ 123 တို့တင်မကပဲ။ !@#$%^&* အစရှိသဖြင့်တို့ကိုလည်း Key Combination မှာ ထည့်သွင်း အသုံးပြုသင့်ပါတယ်။
၃။ Password က အနည်းဆုံး ၈လုံး ရှိသင့်တယ်လို့ အများက ဆိုကြပါတယ်။ အလုံးများလေ ကောင်းလေပါပဲ။ ဒါပေမယ့် မှတ်မိဖို့တော့လိုအပ်ပါတယ်။
ဒါဆို အထက်ပါ ဥပမာ သုံးခုထဲက အတိုင်း Password တစ်ခု ဥပမာ ပြပါမယ်။---- csrf;ajrh#99 -- ကိုယ်တိုင်အောင် မြန်မာလို စဉ်းစားပြီးရိုက်မှ သိနိုင်တဲ့ Password ဖြစ်ပါတယ်။ အင်္ဂလိပ်လိုတောင်အလွတ် ကျက်ဖို့ ခက်ပါတယ်။
ဒီထက် ပိုကောင်းတဲ့ Password ပေးနည်းပေါင်းမြောက်များစွာ
Password ကို ကိုယ်တစ်ယောက်တည်းသိပါစေ။ သူများ ပေးမသိပါ နဲ့။ ပြီးတော့ Password ကို ဒိုင်ယာရီထဲမှာ ထည့်ရေးထားတတ် တာမျိုးကလည်း စိုးရိမ်စရာပါပဲ။ ဖုန်းမှာရေးထားတာမျိုးကတော့
Password ကို ရှိရှိသမျှ Facebook ရော၊ G-Talk ရော၊ Twitter ရော တစ်ခုတည်း ပေးတတ်တာမျိုးကလည်း ဆိုးပါတယ်။ စာဖတ်သူအချို့ အဲလို ပေးထားကြမယ်ထင်ပါတယ်။ ဒါဆိုရင်တော့ အကောင့်တစ်ခုသာ အခိုးခံရရင် အားလုံး အခိုးရမှာ ဖြစ်ပါတယ်။ တစ်မျိုးဆီ ခွဲပေးသင့်ပါတယ်။
အင်တာနက်ဆိုင် ထိုင်တဲ့အခါမှာ သေချာစစ်ဆေးပါ
အင်တာနက်ဆိုင်ထိုရင် အရေးကြီး သတိထားစရာတွေ ရှိပါတယ်။ ဥပမာ- CCTV ကင်မရာ၊ Key locker နဲ့ History remember တို့ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ မိမိအိမ်မှာပဲ၊ သို့မဟုတ် Personal PC ကိုသာ အသုံးပြုသင့် ပါတယ်။ ကိုယ်ပိုင် မိုဘိုင်းဖုန်းနဲ့လည်း အသုံးများပါတယ်။ သို့ပေမယ့် မိုဘိုင်းဖုန်းရဲ့  လုံခြုံရေးကတော့ ကာယကံရှင်ရဲ့  တာဝန်ဖြစ်ပါတယ်။
မြန်မာပြည်မှာက အများစုဟာ အင်တာနက်ဆိုင်တွေမှာ သုံးကြရပါတယ်။ အဲဒီလိုအသုံးပြုတဲ့အခါကြရင်
Facebook က ကိုယ့်ရဲ့ Personal imformation, IP address, မိမိကြည့်သမျှ ဝက်ဘ်ဆိုဒ်တွေလည်း အကုန်မှတ်ထားပါတယ်။ မိုဘိုင်းဖုန်းပဲဖြစ်ဖြစ်၊ ကွန်ပျူတာပဲဖြစ်ဖြစ်။ ဒါကိုလုံခြုံအောင်လုပ်ဖို့ ခက်သော်လည်း https ကို သုံးဖြစ်အောင်သုံးရမှာ ဖြစ်ပါတယ်။
ဒါတွေကို Privacy Setting တွေမှာ ဝင်ပြောင်းလို့ရပါ တယ်။ Facebook မှာ ဂိမ်းကစားမယ်ဆိုပြီး ခေါ်တာဖိတ်တာရှိတယ်။ Username နဲ့ password တောင်းတယ်။ ကိုယ်ကလည်း ယင်းဂိမ်းကို ဝင်ဆော့ဖြစ်မယ် ဆိုရင် မိမိရဲ့  Facebook Account ဟာ အင်မတန် အားနည်းသွားပါပြီ။ Facebook ဂိမ်းဆော့တဲ့ သူတွေ Password ခဏခဏ ပြောင်းသင့်ပါတယ်။ ယင်း Game App က မိမိရဲ့  Personal Data အားလုံးကို ထိန်းသိမ်းထားမှာမို့ ဖြစ်ပါတယ်။
စာဖတ်သူတို့မှာ Second Hand ကွန်ပျူတာ၊ Second Hand ဖုန်း သုံးသူများ ရှိပါသလား။ အကယ်၍ ရှိတယ်ဆိုရင် သေချာစစ်ဆေးယူးစေချင်ပါတယ်။
ဒါမျိုးတော့ မြန်မာပြည်မှာ သိပ်မကြားသေးပါဘူး။ သိရှိထားတာက အကောင်းဆုံးမို့ ဖြစ်ပါတယ်။
ဒီလောက် သိထားရင် စာဖတ်သူတို့ Account လုံခြုံရေး အတွက် ဘယ်လိုပြင်ဆင်ရမယ်ဆိုတာ သိရှိလောက်ပြီ ထင်ပါတယ်။ အမှန်တော့ ဒီထက်နက်နဲစွာ ဖော်ပြသင့်ပေမယ့် အကြမ်းဖျင်းလေး သိလည်း အဆင်ပြေတာမို့ အနှစ်ချုပ်ဖော်ပြ လိုက်ရ ပါတယ်။
No comments:
Post a Comment
အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com