" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

ကရင်ပြည်နယ် ဘားအံမြို့  အကြောင်း အပိုင်း ၁

မင်္ဂလာပါဗျာ
ကဲ ... နောက်တခုထပ်ပြောပါရစေဦး

ဖားအံရွှေမြို့တော်ကြီးကလည်း ခေတ်နဲ့အညီ ဘယ်လောက်တောင်များ စည်ကားတိုးတက်လာသလဲဆို မြို့လယ်ခေါင်မှာ အချက်ပြမီးပွိုင့်တခုကြီးများတောင် တပ်ဆင်ထားပါတယ်။
ဖားအံမြို့သူမြို့သားတွေကတော့ မီးပွိုင့်မရှိဘဲနေလာတာကြာခဲ့ပြီဘဲ။ အဆင်ပြေနေတာပါဘဲ။ ခုမှ မီးပွိုင့်လာတပ်တော့ နည်းနည်းတော့ ကြောင်နေကြတာပေါ့။
တရက်မှာတော့ ဆိုင်ကယ်တစီးက မီးနီဖြတ်မောင်းမိပါရော။
အသင့်စောင့်နေတဲ့ မော်တော်ပီကယ်ကလည်း ရွှီးခနဲ့ ၀ီစီမှုတ်ပြီးတားလိုက်ပါတယ်။

ပီကယ်- မီးနီဖြတ်မမောင်းရဘူးဆိုတာ မသိဘူးလား
ဆိုင်ကယ်သမား- ဘာမီးနီတုန်း
ပီကယ်- (မီးပွိုင့်မီးကို လက်ညိုးညွန်လျှက်) ဟိုအပေါ်မှာ မီးလုံးသုံးလုံးရှိတယ်။ မီနီလင်းရင် မဖြတ်ရဘူးကွ။
ဆိုင်ကယ်သမား- ဘာ ... ဆိုင်ကယ်မောင်းတာ အဲဒီမီးကိုကြည့်မောင်းရမှာလား။
ပီကယ်- မီးနီရင်ရပ်။ မီးဝါရင်ကြည့်။ မီးစိမ်းမှမောင်းရတယ်။
ဆိုင်ကယ်သမား- အို ... ရှုပ်ရှုပ်ရှက်ရှက်။ ဒီမှာ ငါ့ဘာသာငါ မောင်းနေတာတောင် လီဗာနဲ့ ဂီယာနဲ့ ဘရိတ်နဲ့ ရှုပ်နေတဲ့ကြားမှာ ... မင်းမီးနီ မီးဝါတွေကိုထပ်ပြီး ကြည့်မောင်းရမယ်ဆို လိုက်တိုက်မိကုန်တော့မှာပေါ့။ ဆိုင်ကယ်တိုက်မိရင် မင်းအရော်ပေးမလို့လား ...
ဆိုပြီး ဆိုင်ကယ်မောင်းထွက်သွားပါတော့တယ်။
(မူယွန့် )

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...