" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

ဥပဒေ စိုးမိုးရေး

ကျွန်တော်တို့ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်အနေနဲ့ စက်တင်ဘာ(၂၁)ရက်နေ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ ရန်ကုန်မြို့အတွင်းလှည့်လည် လမ်းလျှောက်ပွဲကျင်းပမဲ့လူငယ်မောင်မယ်ကွန်ရက်တွေရဲ့ လူထုလိုအပ်မှုကို လူငယ်မောင်မယ်တွေပီပီ ဥပဒေအရစာတင်ကြတယ်။

နိင်ငံသားရပိုင်ခွင့်နဲ့ကမ္ဘာမှာ မြန်မာကပြည်သူတွေကလဲ ငြိမ်းချမ်းရေးအတွက်ဆိုအသင့်ရှိကြတယ်ဆိုတာပြဖို့ ကြိုးစားချင်စိတ်ကိုလေးစားမိရင်း ငြိမ်းချမ်းမှုသရုပ်ကိုမထိခိုက်စေဖို့ ပူးပေါင်းဝန်းရံမှုအပြည့်ပေးမယ်ဆိုတဲ့စိတ်နဲ့ ကျွန်တော်တို့လဲ သွားရောက်ပေါင်းဖို့ပိုင်းဖြတ်ခဲ့ပါတယ်။
အဲဒီလိုနဲ့ စက်တင်ဘာ(၂၁)ရက် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ မနက်(၉)နာရီမှာ ညီငယ် ကိုမိုဃ်းသွေးက အကိုလူတွေကို ၀ိုင်းကူထိန်ေးပေးပါဆိုလာတော့ အမြဲလိုလို လူထုတွေဘက်ကရပ်တည်ပြီး ပြဿနာတွေကို တည်တည်ငြိမ်ငြိမ်ရှင်းတက်တဲံ ဦးဝင်ချို(တစ်သီးပုဂ္ဂလ)ကိုဖုန်းဆက်ပြီး အကူတောင်းရတော့တာပေါ့။
အဲဒီလိုနဲ့ မိုဃ်းသွေးတို့ရောက်လာတယ်။လူတွေစီစဉ်နေရာချပြီး ငြိမ်းချမ်းစည်းကမ်းရှိစွာနဲ့ လမ်းလျှောက်ပွဲကြီး စတင်တော့တယ်။အဲဒီအချိန်က (၉)နာရီခွဲကျော်ကျော် လူထုတွေ့လဲတစ်ခဲနက် ပူးပေါင်းပါဝင်ကြ အိုဗျာ...တစ်ကယ့်ကို အမျိုးသားပွဲတော်ကြီးတစ်ခုလို...သူတို့တွေကိုင်ဆောင်ထားကြတာကလဲစစ်ပွဲတွေရပ်ဖို့ ငြိမ်းချမ်းမှုတွေထာဝရတည်မြဲဖို့.နိမိတ်ပုံတွေ....လူထုရင်ထဲကအမြဲမျှော်လင့်ပြောချင်နေတဲ့လိုအပ်နေတဲ့ ငြိမ်းချမ်းမှုတွေ၊တစ်ကယ့်ကို ကျေနပ်မှုတွေနဲ့ ငြိမ်းချမ်းရေးပွဲတော်ကြီး ငြိမ်းချမ်းစွာ ပြီးမြောက်အောင်မြင်စေဖို့ဦးဆောင်ကျင်းပတဲ့ညီငယ်ညီမငယ်တွေကိုကြည့်ရင်း လေးစားမိတယ်။
ကျွန်တော်တို့လဲကျရာဇာတ်ရုပ်ကနေ ငြိမ်းချမ်းရးအတွက် ပါဝင်ပူးပေါင်း ကွန်ရက်အသီးသီးညီငယ်ညီမငယ် အကိုတော် အမတော်တွေကလဲ တက်တက်ကြွကြွ၊ပြည်သူလူထုကလဲ သောင်းသောင်းဖျဖျ နေမင်းရဲ့ ရှိန်ပြင်းမှုတွေဟာ လူထုရဲ့ ငြိမ်းချမ်းလိုမှုတွေကြောင့် မှိန်ဖျနေကျနေသယောင်လိုပဲ ခံယူလျှောက်နေသူတွေကြားမှာ ဘယ်လိုမှ အပူရှိန်တွေက မတားနိင်ခဲ့ကြဘူးလေ။အဲဒီလိုနဲ့ မြို့နယ်(၁၀)ခုကိုဖျတ်သန်း အတိတ်သမိုင်းဆိုးခဲ့ဘူးတဲ့ အင်းယားမြေမှာ ငြိမ်းချမ်းရေးကျောက်တိုင် ထူကြဖို့ပြင်ဆင်ထားတယ်ကြားတော့ဝမ်းနည်းဝမ်းသာမျိုးဆက်တွေရဲ့ ထောင့်စေ့နေတဲ့ ငြိမ်းချမ်းလိုမှုပြရုပ်တွေကြားမှာ ကျေနပ်စွာ၊အောင်မြင်စွာပြီးဆုံးတော့မဲ့ ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲကြီးကနေ ကျွန်တော်တို့ပြန်ခဲ့ကြတယ်။ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့လူထုလမ်းလျှောက်ပွဲကြီး ငြိမ်းချမ်းစွာ အောင်မြင်စွာ ပျော်ရွှင်စွာ ပြီးဆုံးခဲ့ပါပြီ။
"နောက်ဆက်တွဲများ" ညပိုင်းမှာတော့သတင်းတွေတက်လာတယ်။မိုဃ်းသွေးတို့ကို အပြန်မှာ လိုက်ဖမ်းဖို့ကြိးစားတယ်ဆိုတာတွေ၊ပါဝင်ခဲ့သူတွေကို အမှုဖွင့်တရားစွဲမယ်ဆို တာတွေ၊ငြိမ်းချမ်းရေးကိုတောင်းဆိုလို့တော့မဟုတ်ဘူး ဥပဒေကိုဆန့်ကျင်လို့တာတွေ....
ကျွန်တော်တို့ငြိမ်းချမ်းရေးနေ့နဲ့သက်ဆိုင်မှုတွေကို ပြန်ကောက်ကြည့်ရအောင်....
၁။ဦးဆောင်စီစဉ်သူတွေဟာ နိင်ငံတော်က ကြီးမူးကျင်းပပြီး နိင်ငံသားတွေကို ပါဝင်ခွင့်ပေးရမဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးပွဲကို နိင်ငံတော်က လူထုနှင့်ပူးပေါင်းစီစဉ်ဖို့ မဖြစ်လာသေးခင်မှာ ဦးဆောင်ကျင်းပနိင်ဖို့ ဥပဒေကိုလေးစားလိုက်နာပြီး တရားဝင်စာတင်ခဲ့တယ်။
၂။ငြင်းဆန်ခဲ့တဲ့အကြောင်းပြချက်တွေဟာ တစ်ကယ်တန်း ငြိမ်းချမ်းစွာပြီးဆုံးခဲ့မှုတွေနဲ့ နိင်ငံတော်ကို လူငယ်မောင်မယ်တွေနဲ့ ပြည်သူတွေက သက်သေပြခဲ့ကြတယ်။
၃။စီတန်းလှည့်လည်ခွင့်ဥပဒေအရရော၊၂၀၀၈ဖွဲ့စည်းပုံဥပဒေ အရရော၊လူ့အခွင့်အရေး ဥပဒေတွေအရပါ ငြိမ်းချမ်းရေးအတွက် လူထုတွေ လမ်းလျှောက်ခွင့်ရှိပါတယ်။
ဒါဆို....ဘာလို့များဒီလူတွေကို အမှုဖွင့်တရားစွဲခံရဖို့၊ဖမ်းဆီးထိန်းဖို့ကြိုးစားလာကြတာလဲ???အခုတော့ ကိုမိုဃ်သွေး၊ မခင်စန္ဒာညွှန့်၊မဖွေးဖွေး၊ကိုကျော်ဘိုဘို၊ကိုကျော်ဂွန်း၊မမေစပံပယ်ဖြူ၊ ဦးဝင်ချို၊ကိုနေမျိုးဇင်၊ကျွန်တော်တို့ကို မြို့နယ်(၁၀)ခု အမှု(၁၀)မှုဖွင့်ခံနေကြရတယ်။
ကျွန်တော်တို့ သေချာစဉ်းစားတိုင်ပင်ကြတယ်။တစ်ကယ်ဆို ကျွန်တော်တို့ ဘယ်ဥပဒေကိုမှ မဖောက်ဖျက်ခဲ့ကြဘူး။တစ်ခုပဲ ဥပဒေနဲ့မညီတဲ့အကြောင်းပြချက်တွေပါတဲ့ တားမြစ်အမိန့်ကိုတော့ လက်မခံခဲ့ကြဘူး။ကျွန်တော်တို့ယုံကြည်ထားတာက စစ်အာဏာရှင်စနစ်တွေမှာသာ အမိန့်ကို အတိအကျမလိုက်နာရင်အန္တရာယ်ရှိနိင်ပေမဲ့ ဒီနေ့ဒီမိုကရေစီခေတ်မှတော့ ဘယ်ကမှန်းမသိတဲ့ အထက်အမိန့်ဆိုတာတွေထက် ဥပဒေကသာ နိင်ငံသားတိုင်း လိုက်နာကျင့်သုံးရမယ်လို့ ယုံကြည်နေခဲ့ကြတာလေ။အခုတော့ ကျွန်တော်တို့ နိင်ငံသားများ၏မူလအခွင့်အရေး ဥပဒေပါပြဠာန်းချက်ကို နိင်ငံသားတွေ ပီသစွာ ငြိမ်းချမ်းစွာကျင့်သုံးခဲ့ပေမဲ့ တားမြစ်အမိန့်တွေကိုမလိုက်နာလို့ အမှုဖွင့်ခံနေရတာဟာ ဥပဒေအထက်မှာ အမိန့်ဆိုတာတွေက အထင်အရှားရှိနေသေးတယ်လို့ပဲ ပြောချင်ပါတော့တယ်ဗျာ။
မှတ်ချက်။ ။ကျွန်တော်တို့ စစ်ချက်ပေးရတဲ့မြို့နယ်တော်တော်များများကလဲ တာဝန်နဲ့အထက်အမိန့်အရပါဗျာ လို့ပြောကြ တယ်လေ။ကျွန်တော်တို့ ခွင်လွှတ်နိင်ပါတယ်။ဒါပေမဲ့ ဥပဒေတွေ ပုံပျက်လာမှကြိုတော့ ခွင့်မပြုနိင်ပါဘူးဗျာ။ဘယ်လောက်များ ဥပဒေတွေပုံပျက်ချင်လာချင်ပြီလဲဆိုကျွန်တော်ရယ်၊အန်ကယ်ဦးဝင်းချီုရယ်ကို မေလ(၃၁)ရက်နေ့၊ဇွန်လ(၁)ရက်နေ့၊ဇွန်လ(၄/၅)ရက်နေ့တွေမှာ အိုးအိမ်ရုံးရှေ့မှာ ဆန္ဒပြခဲ့လို့ဆိုပြီးဇန်လ(၆)ရက်နေ့မှာအမှုဖွင့်ထားတာကိုပါ၊ စက်တင်ဘ(၂၃)ရက်နေ့မှာမှအမှုထပ်ပြီး ငြိမ်းချမ်းရေးနေ့အစစ်ခံမှုနဲ့အတူ အပိုအစစ်ခံခဲ့ရပါတယ်။ပုဒ်မကလဲ (၁၈)ပါပဲ...
ကျွန်တော်တို့ကတော့ မြန်မာပြည်ရဲ့ ဥပဒေစိုးမိုးနိင်မှုအတွက် အရမ်းကိုရင်လေးပြီး တော်တော်ကိုရှက်မိပါတယ်ဗျာ။ စဉ်းစားကြည့်ကြပါ။ကျွန်တော်တို့ကို အမှုဖွင့်တဲ့ပ်ုမ(၁၈)ဆိုတာက ဇူလိုင်လ(၅)ရက်နေ့မှာအသက်ဝင်တယ်ဆိုတာကို ဇူလိုင်လ(၆)ရက်နေ့သတင်းစာတွေမှာ စပြီးပါရှိ လူထုသိရှိရတာ၊ကျွန်တော်တို့ကို ဥပဒေအသက်မ၀င်ခင် ဇွန်လ(၆)ရက်နေ့ထဲက ဒီဥပဒေနဲ့အမှုဖွင့် ထားတယ်ဆိုတော့ကာ ဥပဒေတွေအသက်မ၀င်မှီထဲက လူထုဆီမရောက်မှီကတည်းက အာဏာသက်ဝင်မယ်ဆိုတာကိုအာဏာပိုင်တွေကကြိုသိနေရတာလား၊၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နောက်ကြောင်းပြန်ဥပဒေသက်ရောက်ခြင်းမရှိစေရဘူးဆိုတဲ့ ဥပဒေပါအခွင့်အရေးက ပြည်သူတွေအတွက်တော့ အသုံးမ၀င်ဘူးလား၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းပြောင်းတင်းတင်းဖောက်ပြန်အမှုဖွင့်ခံနေရတဲ့ဒီလူတွေကဥပဒေကိုဖောက်ဖျတ်တာလား၊ ဥပဒေကိုဖောက်ဖျတ်ပြီးအမိန့်အတိုင်းလုပ်နေသူတွေက ဖောက်ဖျတ်တာလား...ပြည်သူလူထုတစ်ရပ်လုံးဝိုင်းစဉ်းစားအဖြေရှာပေးကြအုန်းဗျာ.......
သေချာတာကတော့ ဥပဒေအထက်မှာ အမိန့်ညွှန်ကြားချက်တွေရှိနေသေးတယ်ဆိုတာပါပဲ.........
လေးစားလျှက်ကိုဝေဠု(ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်တာဝန်ခံ ကျောင်းသားလူငယ်)

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...