" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

Wordpress Use in Our Computer ကို မိမိရဲ့ ကွန်ပျူတာမှာ သုံးမယ်

ဘလော့တွေ ရေးတဲ့အခါမှာ လူအများစု သုံးကြတာ ဂူးဂဲလ်က အခမဲ့ပေးတဲ့ blogspot ပါ။ ၀ဘ်စာမျက်နှာ တွေ ရေးတဲ့အခါမှာတော့  joomla ကို လူကြိုက် ပိုများကြပြန်ရော။ အဲ … ခုနောက်ပိုင်း မှာတော့  Wordpress ကလည်း လူသုံးများ လူကြိုက်များ လာခဲ့ပါပြီ။
အခု ဒီပို့စ်မှာ Wordpress ကို ကိုယ့်ကွန်ပြူတာထဲမှာ သုံးလို့ရအောင် (အင်တာနက် မရှိဘဲ offline သုံးနိုင်အောင်) ဘယ်လိုလုပ်ရမလဲ ဆိုတာကို ရှင်းပြချင်ပါတယ်။
ပထမဦးဆုံး xampp lite ဆော့ဝဲကို ဒေါင်းလုတ်ယူထားပါ။ အောက်မှာဖော်ပြထားတဲ့ လိပ်စာက တဆင့် နောက်ဆုံးဗားရှင်းကို ဒေါင်းလုတ်ယူနိုင်ပါတယ်။ (ကျနော် နောက်ဆုံး တွေ့ခဲ့တာ ကတော့ ver 1.7.1 ပါ။)
http://www.apachefriends.org/en/xampp.html




ကျနော် လက်ရှိသုံးနေတဲ့ ver 1.6.7 ကို သုံးမယ်ဆိုရင်တော့ ဒီမှာ တိုက်ရိုက် ဒေါင်းလုတ် ရယူနိုင်ပါတယ်။
download 18.6 mb
Install
  1. ဒေါင်းလုတ်ရလာတဲ့ ဇစ်ဖိုင်ကို C: [primary drive] မှာ ထားပါ။ (Vista windows သုံးသူတွေကတော့ C: မဟုတ်တဲ့ အခြား drive ကို ရွေးပါ။ Vista’s User account control ရဲ့ တားဆီးမှုကို ရှောင်ရှားဖို့ ဖြစ်ပါတယ်။)
  2. ဇစ်ဖိုင်ကို double click လုပ်ပါ။
  3. xampplite ဆိုတဲ့ ဖိုလ်ဒါတခု ရလာပါမယ်။
  4. xampplite ဖိုလ်ဒါထဲက setup_xampp.bat ကို double click လုပ်ပြီး ခဏစောင့်ပါ။
  5. “you to have fun” စသဖြင့် ပြောတဲ့အခါ Enter ခေါက်ပေးပါ။
  6. xampp-control.exe ကို double click ပါ။ box တခုတက်လာပါမယ်။
  7. box ထဲက Apache နဲ့ My Sql တို့ဘေးက Start ခလုတ် ၂ခုကို ကလစ်လုပ်ပါ။ Running ဆိုပြီး အစိမ်းရောင် အောက်ခံလေးနဲ့ ပေါ်လာရင် အိုကေသွားပါပြီ။

Setup Data Base
  1. Browser တခုကိုဖွင့်ပါ။ (Firefox or IE or other)
  2. Browser’s address bar မှာ http://localhost/xampp/splash.php လို့ရိုက်ထည့်ပြီး Enter ခေါက်ပေးပါ။ Language ရွေးဖို့ စာမျက်နှာတက်လာရင် နှစ်သက်ရာတခုကို ရွေးလိုက်ပါ။
  3. နောက်ထပ်တက်လာတဲ့ စာမျက်နှာမှာ ဘယ်ဘယ်မှာရှိတဲ့ phpMyAdmin ဆိုတာကို ရှာပြီး ကလစ်လုပ်ပါ။
  4. phpMyAdmin စာမျက်နှာတက်လာရင် ကိုယ်နှစ်သက်တဲ့အမည်တခုနဲ့ (ဥပမာ- abcxyz) Data Base တည်ဆောက်လိုက်ပါ။



Wordpress Install
  1. www.wordpress.org ကိုဖွင့်ပါ။ Wordpress zip file နောက်ဆုံးဗားရှင်းကို ဒေါင်းလုတ်ယူပါ။
  2. ဇစ်ဖိုင်ကိုဖြည်လိုက်ပါ။ ဖိုလ်ဒါတခုရလာပါမယ်။
  3. ဖိုလ်ဒါထဲက wp-config-sample.php ဖိုင်ကို right click > open with > notepad နဲ့ ဖွင့်လိုက်ပါ။ အဲဒီထဲက define ကုတ် ၄ခုကို ပြင်ပေးရပါမယ်။ အောက်မှာပြထားတဲ့အတိုင်း ပြင်ပေးပါ။ ‘ur desire name’ နေရာမှာ အပေါ်ကပေးခဲ့တဲ့ Data Base အမည်အတိုင်းပေးရပါမယ်။ (ဥပမာ- abcxyz)define(‘DB_NAME’, ‘ur desire name’); // The name of the database
    define(‘DB_USER’, ‘root’); // Your MySQL username
    define(‘DB_PASSWORD’, ”); // …and password
    define(‘DB_HOST’, ‘localhost’); // 99% chance you won’t need to change this value
  4. ပြင်ပြီးသွားရင် Save As > wp-config.php နာမည်နဲ့ မူရင်း ဖိုလ်ဒါထဲမှာဘဲ သိမ်းပေးပါ။
  5. Wordpress ဖိုလ်ဒါကို နာမည်ပြောင်းပေးပါ။ အပေါ်ကပေးခဲ့တဲ့ နာမည်အတိုင်း ပြောင်းပါ (ဥပမာ- abcxyz)။
  6. နာမည်ပြောင်းပြီးရင် ဖိုလ်ဒါတခုလုံးကို C:xampplitehtdocs ဖိုလ်ဒါထဲ ထည့်ပေးပါ။ (Vista အတွက်ကတော့ C: အစား အခြားတခုဖြစ်ပါမယ်။)
  7. Browser တခုခုကိုဖွင့်ပြီး address bar မှာ http://localhost/ur desire name/wp-admin/install.php လို့ရေးထည့်ပြီး Enter ခေါက်ပေးပါ။ (ur desire name မှာ အပေါ်က ပေးခဲတဲ့နာမည်ထည့်ပေးရပါမယ်။)
  8. Blog title, Email ထည့်ပေးပါ။
  9. Install Wordpress ကို ကလစ်ပါ။
  10. ပေးလာတဲ့ Password ကို Copy လုပ်ထားပါ။
  11. Login ၀င်ပါ။
  12. admin ကိုကလစ်ပြီး အောက်ဆုံးနားမှာရှိတဲ့ New Password နေရာမှာ ကိုယ်ကြိုက်တဲ့ ပတ်စ်ဝါဒ်တခု ပြောင်းပေးပါ။ Update Profile ကိုကလစ်ပါ။ နောက်ပိုင်းကျရင် အဲဒီပတ်စ်ဝါဒ်နဲ့ ၀င်ရပါမယ်။
ပြီးပြည့်စုံသွားပါပြီ။
အမှားအယွင်း Error တခုခုတက်လာခဲ့ရင် အပေါ်ကအဆင့်အားလုံးကို တဆင့်ခြင်း ပြန်ဖတ်ပြီး ပြန်စစ်ဆေးပါ။ အမှားတခုခုရှိခဲ့လို့ ဖြစ်ပါမယ်။
Sub-directory
စာမျက်နှာအခွဲတခု ဘယ်လိုလုပ်ယူမလဲကြည့်ရအောင်။
(ကျနော်တို့အနေနဲ့ ကိုယ့်ရဲ့ ဘလော့/၀ဘ်ကို ဘာသာစကား ၂မျိုးနဲ့ထားချင်တယ်ဆိုပါစို့။ အများအားဖြင့်တော့ www.abcxyz.org မှာက English လို။ www.abcxyz.org/bur မှာက မြန်မာလို … အဲသလိုခွဲချင်တယ်ဆိုရင် ဘယ်လိုခွဲရလဲဆိုတာ … )
  1. xampplitehtdocs ဖိုလ်ဒါထဲထည့်ထားခဲ့တဲ့ abcxyz ဖိုလ်ဒါတခုလုံးကို ကော်ပီကူးပြီး တနေရာရာမှာ ထားပါ။
  2. အဲဒီဖိုလ်ဒါထဲက wp-config.php ကို notepad နဲ့ဖွင့်ပြီး $table_prefix =‘wp_’; // နေရာမှာ wp_ နောက်မှာ ကိုယ်လိုချင်တဲ့အမည်တခုထည့်ပေးပါ။ ဥပမာ- wp_eng
    // You can have multiple installations in one database if you give each a unique prefix
    $table_prefix = ‘wp_eng’; // Only numbers, letters, and underscores please!
  3. ဖိုလ်ဒါတခုလုံးကို eng လို့အမည်ပြောင်းပြီး xampplitehtdocsabcxyz ဖိုလ်ဒါထဲ ထည့်ပေးပါ။
  4. Browser တခုကိုဖွင့်ပြီး http://www.abcxyz.org/eng/wp-admin/install.php လို့ ရိုက်ထည့် … Enter ခေါက်ပေးပါ။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...