အတိတ်ဆိုတာ ရှိလည်းရှိတယ်။ရှိတယ်ဆိုတာကိုလည်း ဂုဏ်ယူရတယ်။အတိတ်ဆိုတဲ့လှေကားထစ်ရှိလို့သာပစ္စုပ္ပန်ဆိုတဲ့လှေကားထစ်ကိုတက်နိုင်တာဖြစ်ပါတယ်။ဒါကြေင့်
အတိတ်ကိုတော့မျက်ကွယ်ပြုဖို့လည်းမကြိုးစားစေချင်ဘူး။အတိတ်ကိုချေဖျောက်ဖျက်ဆီးပစ်ဖို့လည်းမကြိုးစားစေ
ချင်ဘူး။မနေ့ကရှိ့ လို့ဒီနေ့ ရှိနေနိုင်ကြတာပါ
(လူထုဒေါ်အမာရေး.. မြန်မာ့မဟာဂီတ....မှ ၁၉၈၉ ဇွန်)
ချစ်ကြည့်ရေးပေါ်အောင်တည်ဆောက်မယ်ဆိုရင်အချင်းချင်းသိနားလည်ရေးပေါ်မှာအခြေခံခိုင်မြဲမယ်ဆိုတာလည်း
တွေ့လာပါမယ်။ပြည်သူအချင်းချင်းသိနားလည်ရေးအတွက်အကောင်းဆုံးနည်းတစ်နည်းကတော့ စာပေကတစ်ဆင့်တည်ဆောက်ပေးမှုပဲဖြစ်ပါတယ်။
(လူထုဒေါ်အမာပြန်ဆိုသော....ထိုင်းဝတ္ထုတိုများ....၁၉၉၂ ဒီဇင်ဘာ)
သိနားလည်ရင်ချစ်ကြည်တယ်။ချစ်ကြည်ရင်ငြိမ်းချမ်းတယ်။ငြိမ်းချမ်းရင်သာယာစိုပြေ၀ပြောပါတယ်။စာပေကတစ်
ဆင့်သိနားလည်ကြပါစို့
(လူထုဒေါ်အမာ ပြန်ဆိုသော....ထိုင်းဝတ္ထုတိုများ....၁၉၉၂ ဒီဇင်ဘာ)
လူတိုင်းမှာအားရှိတယ်။ဒီလုပ်အားကိုအမျိုးသားထူထောင်ရေးဘက်မှာပေးရမယ်။ပေးတာနဲ့ အမျှမျှတတဲ့ဝင်ငွေရှိမယ်လို့အာမခံချက်ရှိပြီးတဲ့နောက်မမှန်ကန်တဲ့နည်းနဲ့မတရားယူလိုတဲ့လောဘကိုနှိမ်နှင်းရင်အောင်မြင်မှာမုချပါပဲ။
(ရွှေဒေါင်းတောင်ဆောင်းပါးများ စာမျက်နှာ 100 မှ ၊ ၁၉၇၅ ဇူလိုင် )
မြန်မာတွေကိုးကွယ်တဲ့ဘာသာရေးကလည်းသစ္စာရှာရမှာ၊စည်းရုံးရာမှာ၊အကျင့်စာရိတ္တကောင်းစေရာမှာအများ
ကြီးအထောက်အကူပြုတဲ့ဘာသာတရား။အကျိုးအကြောင်းဆင်ခြင်တုံတရားကိုဗုဒ္ဓဘာသာအများကြီးမွေးပေးပါတယ်
(ဆရာကြီးသခင်ကိုယ်တောင်မှိုင်း စာမျက်နှာ 24 မှ၊ ၁၉၇၆ စက်တင်ဘာ)
သားတို့သမီးတို့ ကိုအမေပြောချင်တာက ကိုယ့်စိတ်ထဲမှာမတော်မှန်းသိတဲ့အပြစ်တစ်ခုကိုမကျူးလွန်မိစေနဲ့၊မကျူးလွန်အောင်ချူပ်တည်းလို့ ဖြစ်စေ၊
ရှောင်ရှားလို့ြ့ဖစ်စေနေလိုက်ကြပါ။မဟုတ်ရင် ကိုယ့်လိပ်ပြာက ကိုယ့်ကိုပြန်နှောင့်ယှက်တာဟာ မူလကျူးလွန်မိတာနဲ့မက အလွန်ဝန်လေးနေတက်တယ်။
(ကိုဗဟိန်းသို့စကားကြွေး ....မြားနတ်မောင်မဂ္ဂဇင်း အမှတ်၇၄ ၁၉၉၈ ဇူလိုင်)
No comments:
Post a Comment
အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com