" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

Policy Question And Answer


မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး ရန်ကုန်မြို့မှာ ပံျ့နှံ့ခဲ့တဲ့ ''ဒီမိုကရေစီ နိုင်ငံတော်သစ် အတွက်အမေ စုဖြေစေချင်သောမေးခွန်း များ'' ခေါင်းစဉ်နဲ့ ဗီဒီယိုခွေ တစ်ခွေ ပံျ့နှံ့ခဲ့ပါတယ်။ အခွေမှာ အမေစု ငယ်စဉ်က ရှားပါး ပုံများနဲ့ ပြည်သူတွေ မသိခဲ့တဲ့ အမေစုရဲ့ဘဝ ဖြစ်စဉ်တွေကို မီးမောင်းထိုးပြ ထားလို့ ရန်ကုန်မှ တစ်ဆင့် မန္တလေး၊ မော်လမြိုင်၊ ပုသိမ်စတဲ့ မြို့ကြီး များဆီသို့ ဆက်လက်ပံျ့နှံ့ ခဲ့ပါတယ်။ အခွေမှာ အမေစု အတွက် မေးခွန်း ၂၁ ခုပါဝင်ပြီး အဖြေများကို ပြန်လည်ဖြေဆိုပြီး ပေးပို့ရန် အတွက် Email လိပ်စာ ၂ ခု ပါဝင်ပါတယ်။ ဒီမေးခွန်းတွေ ကို ဖြေဆိုပြီး အကောင်းဆုံးဖြေဆို နိုင်သူ များကို ဆုငွေများ ချီးမြှင့်မယ်လို့ အခွေမှာ ထည့်သွင်း ဖော်ပြ ထားပါတယ်။

၎င်း ဗွီစီဒီ ထဲတွင် ဒေါ်အောင်ဆန်း စုကြည်ငယ်ဘဝ ဖြစ်ရပ်မှန် ရှားပါးတဲ့ ဓာတ်ပုံများ ပါဝင်ပြီး ကိုယ်ရေးကိုယ်တာ ကိစ္စများနှင့် ဒေါ်အောင်ဆန်း စုကြည်၏ အကျင့် သိက္ခာကိုထိခိုက် နိုင်သည့် မေးခွန်းများ ဖြစ်သဖြင့် ဒေါ်အောင်ဆန်း စုကြည်ကို ထောက်ခံသူ များ အတွက် စိတ်ဆိုး ဒေါသ ထွက်ခဲ့ကြကြောင်း သိရှိရ ပါတယ်။

အခွေ ပံျ့နှံ့ပြီး မတ်လ ၂၂ ရက်နေ့ မှာ ပြည်သူများမှ စိတ်ဝင်စား စွာဖြင့် အဖြေများ စတင်ပေးပို့ လာပါတယ်။ ဖြေဆိုသူ ၁ဝ၃၁ ဦး ရှိခဲ့ပြီး ဖြေဆိုသူများ ထဲမှ NLD ပြန်ကြားရေး တာဝန်ခံ တစ်ဦး ဖြစ်နိုင်ချေ ရှိတဲ့ အဖြေများ ကို ပြန်ကြားပေး ခဲ့တဲ့ အဖြေကို အကောင်းဆုံး အဖြစ် ဖော်ပြပေးလိုက်ပါတယ်။

မေးခွန်း ( ၁ )။ နိုင်ငံခြားမှာ အနှစ်(၃ဝ)နီးပါးနေခဲ့ တုန်းက မြန်မာနိုင်ငံနှင့် လူထုအတွက် ဘာလုပ်ပေး ခဲ့သလဲ၊
အဖြေ ။ တစ်ခုခုလုပ်ပေးနိုင်ဖို့ ပညာသင်နေပါတယ်။

မေးခွန်း ( ၂ )။ ယောကျာ်းယူခဲ့တဲ့နေရာမှာ အမျိုးဂုဏ်၊ ဇာတိဂုဏ်မစောင့်ထိန်းဘဲ ဘာဖြစ်လို့ မြန်မာတွေကို ကျွန်ပြုခဲ့တဲ့ ဗြိတိန် နိုင်ငံသား ကို ယူရတာလဲ ၊
အဖြေ ။ ကျွန်ပြုခဲ့တာ Micheal Aris မဟုတ်လို့ပါ။

မေးခွန်း ( ၃ )။ အင်္ဂလိပ်လူမျိုး ကိုယူခဲ့တဲ့ အတွက် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျိုး ဆက်တိမ်ကော သွားတာ ဘယ်သူ့မှာ တာဝန်ရှိသလဲ ၊

မေးခွန်း ( ၄ )။ အမျိုးသားဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ မြန်မာမျိုးဆက်ပျောက် ကွယ်မှု အတွက် ဒေါ်အောင်ဆန်း စုကြည် ဘယ်လို စဉ်းစား ထားပါသလဲ ၊

အဖြေ(၃/၄) ။ မျိုးဆက် မတိမ်ကောပါ၊ သား ၂ ယောက် ရှိပါတယ်၊ အမေစုတိုင်းပြည်အတွက် စတေးနေ ချိန်တွင် မြန်မာ
community risks တို့အား လက်တွဲခေါ်ရန် လိုသည်။

မေးခွန်း ( ၅ )။ ဒေါ်အောင်ဆန်း စုကြည်ရဲ့သား ဗိုလ်ချုပ်အောင်ဆန်း ရဲ့မြေးတွေက ဘာကြောင့် မြန်မာစကား တစ်ခွန်းမှမပြောတတ်တာလဲ ၊
အဖြေ ။ မြန်မာစကား ပြောတတ်ပါသည်၊ ကျွမ်းကျွမ်း ကျင်ကျင်ပြောနိုင်အောင် မြန်မာ community ထဲ ဆွဲခေါ်လိုက်ပါ။

မေးခွန်း ( ၆ )။ ဒေါ်အောင်ဆန်းစုကြည်ကို အတုယူပြီး အမျိုးဂုဏ်ကို မစောင့်ပဲ ဒီနေ့လူငယ်တွေ နိုင်ငံခြားသားကို လက်ထပ်ယူခြင်း ပြဿနာကို ဘယ်လိုဖြေရှင်းပေးမှာလဲ ၊
အဖြေ ။ အမေစုကို အတုယူတယ်လို့ သူတို့ကပြောပါ သလား ၊ globalisation ၏ အကျိုး ဆက်သာ ဖြစ်ပါသည်။ တိုင်းပြည်ကောင်း၍ နိုင်ငံခြား သွားစရာ မလိုရင် ဖြေရှင်းပြီးဖြစ်သွားပါလိမ့်မည်။

မေးခွန်း ( ၇ )။ အမေစု ကိုယ်တိုင် ရွေးချယ်ပေးခဲ့တဲ့ NLD လွှတ်တော် ကိုယ်စားလှယ် စန္ဒာမင်းနဲ့ ကိုဌေးကြွယ်တို့ (၈-၂-၂ဝ၁၂ မှ ၁ဝ-၂-၂ဝ၁၂ ထိ) ပုဂံဟိုတယ် အခန်းနံပါတ် (၂၁၁)မှာ living together နေတာကို သိပြီးပြီလား ၊
အဖြေ ။ တိုင်းပြည်အတွက် အလုပ်လုပ်ပေးနိုင်ရင် personal issue များအား စဉ်းစားရန် မလိုပါ။

မေးခွန်း ( ၈ )။ နိုင်ငံခြားသားတွေနဲ့တွေ့ချိန်မှာ ဒေါ်အောင်ဆန်း စုကြည် ဘာကြောင့် လက်အုပ်ချီရှိခိုး ရပါသလဲ၊ လက်အုပ်ချီရှိခိုးတာ မြန်မာ့ ယဉ်ကျေးမှုလား၊ ဗိုလ်ချုပ်အောင်ဆန်းကရော နိုင်ငံခြားသားတွေနဲ့ တွေ့ချိန်မှာ လက်အုပ်ချီခဲ့တာလား၊
အဖြေ ။ လက်အုပ်ချီခြင်းသည် နှုတ်ဆက်ခြင်းဖြစ်သည် ဆိုသည်မှာ စစ်အစိုးရ ဗိုလ်ချုပ်ကြီး များထံမှ အတုယူခြင်း ဖြစ်ပါလိမ့်မည်။

မေးခွန်း ( ၉ )။ ဆင်းရဲတွင်း နက်နေသည့် ပြည်သူ လူထုကို အလုပ်အကိုင် အခွင့်အလမ်း မရှာပေးဘဲ ပါတီရံပုံငွေ အတွက် ဓာတ်ပုံရောင်းစားနေတာ ပြည်သူ လူထုအတွက် အပိုကုန်ကျငွေ မဖြစ်ဘူးလား၊
အဖြေ ။ ပြည်ခိုင်ဖြိုးကဲ့သို့ ပြည်သူ့ ပိုက်ဆံများ ခိုးယူခြင်း မရှိသဖြင့် ရန်ပုံငွေ ရှာရခြင်း ဖြစ်ပါသည်။ ရန်ပုံငွေမရှိလျှင် ပါတီ မရပ်တည်နိုင်ပါ။

မေးခွန်း ( ၁ဝ )။ ဘုန်းကြီးတွေ ဒေါ်အောင်ဆန်း စုကြည်ဓာတ်ပုံကို သင်္ကန်း ထိပ်မှာချိတ်ပြီး ဆန္ဒပြ တာကို တစ်ခြားဘာသာ ဝင်တွေ အထင်အမြင်သေးမှာ ကို ဒေါ်အောင် ဆန်းစုကြည် စိတ်မပူဘူးလား၊
အဖြေ ။ စိတ်မပူဟုမည်သူပြော နိုင် သနည်း။ ကိုယ်ပိုင် ဆန္ဒအရ လုပ်ကြခြင်းဖြစ်သည်။

မေးခွန်း ( ၁၁ )။ တိုင်းပြည်ကောင်းစား ဖို့အတွက် ဘာမဆို လုပ်မယ်လို့ ပါးစပ်ကပြောပြီး စီးပွားရေး ပိတ်ဆို့မှုကို ဆက်လက်ပိတ်ဆို့ဖို့ပြောနေတာ ဘာကြောင့်လဲ ၊
အဖြေ ။
sanction သည် targeted sanction ဖြစ်သည်။ မပြောပါက စစ်ဗိုလ်ချုပ်များသာ ချမ်းသာ သည်ထက် ချမ်းသာနေမည်။

မေးခွန်း ( ၁၂ )။ ၂ဝဝ၈ ခုနှစ် အခြေခံ ဥပဒေအရ မဲမပေးဘဲ နေခွင့်ရှိတယ်လို့ အော်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က အခုကျတော့ NLD ကို မဲပေးပါ၊ မဲပေးပါ လို့ အော်နေတာ ဘာကြောင့်လဲ ၊
အဖြေ ။ အမေပြောပြီးသား ဖြစ်သည်၊ ပြန်ရှာပါ။

မေးခွန်း ( ၁၃ )။ စည်းမဲ့ကမ်းမဲ့ မင်းမဲ့စရိုက်ဖြစ်နေတဲ့ မသိနားမလည်တဲ့ ပြည်သူတွေကို မထိန်းသိမ်းဘဲ မင်းမဲ့စရိုက်ဆန်ဆန် လမ်းမပေါ် တက်လာတဲ့သူတွေကို မိမိကို ထောက်ခံသူတွေအဖြစ် အမေစု ထင်နေတာလား ၊
အဖြေ ။ ယာဉ်ထိန်းရဲများ အလုံအလောက် ချပေးလိုက်ပါ။

မေးခွန်း ( ၁၄ )။ ပြည်သူတွေ ကို ဥပဒေ စိုးမိုးရေး တရားပဲဟောနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဥပဒေကို မလိုက်နာဘဲ လမ်းဖြတ်သန်းခွန် မပေးဘဲ ဥပဒေချိုးဖောက်ခဲ့တာ ဘာကြောင့်လဲ ၊
အဖြေ ။ မည်သည့်လွှတ်တော် ကိုယ်စားလှယ်/ ကိုယ်စား လှယ်လောင်းများက ပေးနေသနည်း။ မပေးဟု မည်သူပြောသနည်း။

မေးခွန်း ( ၁၅ )။ အမေစုကို ချစ်တယ်၊ ဒေါ်အောင်ဆန်း စုကြည်ကိုချစ်တယ်ဆိုပြီး ဘာလို့ ဂျင်ဂလိနဲ့ ဝိုင်းဆော်ကြတာလဲ ၊
အဖြေ ။ ချစ်သည်ပြောသူများက ဆော်သလား၊

မေးခွန်း ( ၁၆ )။ မိန်းမ ၃ ယောက်ပဲ ရှိတဲ့ နေအိမ်မှာ အင်းလျားကန်ကို ရေကူးလာတဲ့ ယောကျာ်းအရင့်အမာကြီး နဲ့ ၂ ရက် အ တူတူနေပြီး ဘာလုပ်ကြပါသလဲ ၊
အဖြေ ။ ကိုယ့်စိတ်နဲ့နှိုင်းမေးနေသလား။

မေးခွန်း ( ၁၇ )။ ပုပ်ရဟန်းမင်းကြီးကို ဒူးလေးတုပ် လက်အုပ်ချီတဲ့ အမေစု ဗုဒ္ဓဘာသာတွေ အထွဋ်အမြတ်ထားတဲ့ ဗုဒ္ဓစွယ်တော်ရှင်မြတ် ကြွလာချိန်မှာ တစ်ကြိမ်တစ်ခါမှ မဖူးတာ ဘာကြောင့်လဲ၊
အဖြေ ။ ကိုယ်ကျိုး ထည့် မစဉ်းစား နိုင်သေး ၍ဖြစ်သည်။

မေးခွန်း ( ၁၈ )။ ဗုဒ္ဓဘာသာမှန်ရင် မန္တလေးကိုရောက်တိုင်း မဟာမြတ်မုနိ ဘုရားကြီးကို မဖူးဘဲ မနေနိုင်ပါဘူး။ အမေစု မဟာမြတ် မုနိဖူးဘို့ မေ့သွားတယ်ထင်တယ် ၊
အဖြေ ။ ဘုရားဖူး ထွက်နေခြင်း မဟုတ်ပါ။

မေးခွန်း ( ၁၉ )။ ဒီမိုကရေစီနိုင်ငံမှာ လွတ်လပ်စွာ ပြောဆို ခွင့်ရှိတယ်၊ လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိတယ်ဆိုပြီး ကိုယ်ကျတော့ သူများကို လျှောက်ပြောနေပြီး မိမိခံစားချက်အတိုင်း လွတ်လပ်စွာပြောတဲ့ ငါးမင်းဆွေ ကို တရားစွဲတာ ဘာကြောင့်လဲ ၊
အဖြေ ။ Democracy ၏အဓိပ္ပာယ်ကို ပြန်ဖတ်ပါ။

မေးခွန်း ( ၂ဝ )။ စစ်ပွဲ ရပ်ဆိုင်းခြင်း အပါအဝင် လူမျိုးနွယ် စုတွေရဲ့ တိုက်ခိုက်မှု များကို ရပ်ဆိုင်းအောင် လုပ်ဆောင်မှု မရှိဘဲ ဘာကြောင့်ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရ ရတာလဲ ၊
အဖြေ ။ စစ်တပ်က ဆက်မတိုက်လျှင် စစ်ပွဲများ ရပ်သွားပါမည်။

မေးခွန်း ( ၂၁ )။ ၁၉၉၇-၁၉၉၈ ခုနှစ်တုန်းက မမနဲ့မောင်လေး တက္ကသိုလ်ရိပ်သာလမ်း၊ အိမ်အောက်ထပ် ကွန်ပျူတာရုံးခန်းအတွင်း ကော်ဇော ခင်းပြီး ချစ်ရည်လူးခဲ့တဲ့ ဇာတ်လမ်းမှာ မောင်လေးက ဘယ်သူလဲဆိုတာ ဖွင့်ဟဝန်ခံရဲပါသလား ၊
- မျက်မြင်တွေ့ရှိသူတွေက ဖော်ထုတ်ရင် ဘယ်လိုငြင်းမလဲ ၊
- မောင်လေးက ဖော်ကောင် လုပ်ရင် စိတ်ဆိုးမှာလား ၊
- မောင်လေးရဲ့ မိန်းမက တရားစွဲရင် ရင်ဆိုင်ဖြေရှင်းမှာလား ၊

အဖြေ ။ ခင်ဗျား မျက်စိနဲ့တွေ့ခဲ့သလား ။

ဒီလိုပြည်သူတွေ အမှန်သိအောင် ဖြေကြားပေးသည့် NLD ပြန်ကြားရေးတာဝန်ခံ များအား အထူးကျေးဇူးတင်ရှိပါသည်။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...